Monday, May 24, 2021

မတူကွဲပြားမှု နဲ့ ငြိမ်းချမ်းရေး



       ဖက်ဒရယ် ဆိုတဲ့ စကားလုံးက ဗဟိုအစိုးရရဲ့ ​အုပ်ချုပ်မှုအောက်မှာ ပြည်နယ်တွေက ကိုယ့်နယ်ကို စီမံအုပ်ချုပ်ရတဲ့ စနစ် ။ ဗဟိုအစိုးရက ဥပဒေပြုတယ် ။ ပြည်နယ်တခုမှာ ပြဿနာ ဖြစ်ပေါ်ခြင်း ၊ ကျူးကျော်ရန်စခြင်း ခံရပါက ဗဟိုအစိုးရက ကျနိပြည်နယ်များနဲ့ စုပေါင်းအားနဲ့ စုစည်းကာကွယ်ပေးရမယ့် တာဝန်ရှိတယ် ။ ပြည်နယ်အစိုးရတွေက ဥပဒေကို ကျော်လွနိပြီး မိမိတိုင်းရင်းသားတွေ အပေါ် နိုင်ထက်စီးနင်း ပြုမူလာရင် ဗဟိုအစိုးရက တရားမျှတအောင် ဆောင်ရွက်ပေးမယ် ။ 

   ကွန်ဖက်ဒရိတ် စနစ်ဆိုတာ ပြည်နယ်တွေက ကိုယ့်နယ်ကို အုပ်ချုပ်မယ် ၊ ကိုယ်ပိုင်ဥပဒေပြုမယ် ၊ ကိုယ့်ပိုင်စစ်တပ်ဖွဲ့မယ် ၊ ဗဟိုအစိုးက ဝင်ရောက်စွတ်ဖက်ခွင့် မရှိသလောက် သြဇာအာဏာ အကုန်နီးပါး ရယူထားမယ် ။

      ရှင်းအောင် ပြောရမယ်ဆိုရင် ဖက်ဒရယ်စနစ်သည် ဗဝိုအစိုးရမှာ ငြဇာအာဏာ အများစု ရှိတဲ့ စနစ်ဖြစ်တယ် ။

    ကွန်ဖက်ဒရိတ်စနစ်ကတော့ ပြည်မယ်တွေကပဲ ငြဇာအာဏာကြီးပြီး ဗဟိုအစိုးရဆိုတာ စည်းမျည်းခံဘုခံ အဆင့်ပဲ ထားချင်တဲ့ အနေအထားပါ ။ 

    ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ရတဲ့ အဓိက အချက်ကတော့ တိုင်းရင်းသားတွေက ဖက်ဒရယ်ပါ ပြောပြီး ကွန်ဖက်ဒရိတ်အဆင့်ထိ လက်ကုန်နှိုက်ယူချင်နေကြတယ် ။ 

       အစိုးရကလည်း ပြည်ထောင်စုကြီး ချက်ခြင်းပြိုကွဲ ချိနဲ့သွားနိုင်တဲ့ ကွန်ဖက်ဒရိတ်ကို မပေးနိုင်ဘူး ။ ဖက်ဒရယ်တောင် ရာနှုံးပြည့် မပေးချင်သေးဖူး ။ 

       ဒီတော့ သူပုန်ထကြတယ် ။ အစိုးရက သူပုန်တွေကို လိုက်လည်း မလိုက်လျောနိုင်ဖူး ၊ ပြတ်ပြတ်သားသား နှိမ်နင်းပါလား ဆိုတော့လည်း တိုင်းရင်းသားခြင်း ဘာညာနဲ့ ကြောင်ချီးမူဝါဒ ချထားတယ် ။

      ဒီလိုနဲ့ နှစိ ၇၀ ကျော်အထိ အမြစ်မပျက်တဲ့ ပြည်တွင်းစစ်နဲ့ပဲ ပြည်သူတွေ ဆင်ရဲနေကြရတယ် ။ သေနတ်ကိုင်ထားသူတွေ ချမ်းသာကုန်တယ် ။ 

     ဒီပုံနဲ့ နောက်ဘဝအထိ ငြိမ်းချမ်းရေး မရဖူး ။ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတိကို မကွဲပြားတဲ့ နိုင်ငံရေးသမားတွေက လွှတ်တော်တက်ဆွေးနွေးနေကြသရွှေ့၊ ရန် / ငါ မပြတ်တဲ့ မူဝါဒတွေ ရှင်သန်နေသရွှေ့ ငြိမ်းချမ်းရေးက ရွှေ​ပြည်တော်မျှော်တိုင်းဝေး ပါပဲ ။

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...