Sunday, May 30, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (3)



           မြန်မာပြည်ဟာ အဂ်လိပ်လက်အောက်ကနေ ဂျပန်လက်အောက် ရောက်သွားရပြန်ပါပြီ ။ သခင်သိန်းဖေမြင့်တို့ အုပ်စု နဲ့ ကွန်မြူနစ်တွေကတော့ ဖက်ဆစ်ကို တော်လှန်ဖို့ စတင် လှုပ်ရှားလာကြပါပြီ ။ 

       ဗိုလ်ချုပ်ဟာ တောင်ပြိုလက်ဝဲ ကုလားရွာမှာ ကုလားတယောက်ကို သူကိုယ်တိုင် သေဒဏ်ပေးပြီး ကိုယ်တိုင် ခုတ်သတ်ခဲ့ပါတယ် ။ မြန်မာ့ခေါင်းဆောင်တွေထဲမှာ ဖမ်းဆီပြီး သေဒဏ်ပေးတာ မဆန်းပေမယ့် ကိုယ်တိုင်သတ်ခဲ့တဲ့ ခေါင်းဆောင် မရှိသလောက် ရှားပါတယ် ။ 

         ဂျပန်ခေတ်မှာ ဒေါက်တာဘမော်က အဓိပတိရာထူး ဗိုလ်ချုပ်အောင်ဆန်းက စစ်သေနာပတိ ရာထူးနဲ့ အဆောင်အယောင် လစာ ရိက္ခာများ ရရှိခံစားနေကြရပါပြီ ။ ဗိုလ်ချုပ်ဟာ တော်လှန်ရေးကာလအတွင်း တို့ဗမာ အစည်းအရုံးထဲမှာ ဆင်းရဲစွာ နေခဲ့ရပေမယ့် ၁၉၄၂ မှ စတင်ပြီး ချမ်းသာလာပါပြီ ။ 

          အက်ျီ ၃ ထည်တို့ ၊ တမတ်တန်းက ရုပ်ရှင်ကြည့်တာတို့ ၊ ထမင်းကြမ်းကို ရဲဘော်တွေနဲ့ စားတာတို့ ဒေါ်စုကြည်ငယ်စဉ်က ခမဲပေးစရာ ရွှေတပဲသားဖိုး မရှိလို့ အမေ့ဆီ ပြန်တောင်းတာတို့ဟာ ဂျင်းတွေပါ ပဲ ။ ဆိုင်ရာ အခန်းမှာသဘာဝအောင် တွက်ချက်ပြပါမယ် ။ 

       ဂျပန်ခေတ်မှာ ဇိမ်ကျနေတဲ့ ဗိုလ်ချုပ်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် လှုပ်ရှားနေသူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ မသိတော့ပါဖူး ။ စိတ်မဝင်စားတော့ပါဘူး ။ ကျန်တဲ့ ရဲဘော်ရဲဘက်တွေဟာ စည်းရုံးမရတဲ့ ဗိုလ်ချုပ်ကို အရင်ဆုံး ပြန်သတ်ဖို့တောင် တိုက်တွန်းသူတွေ ရှိနေပါပြီ ။ 

      လျှမ်းလျှမ်းတောက် ဖြစ်နေတဲ့ စစ်သေနာပတိဗိုလ်ချုပ်ဟာ နေမကောင်းလို့ ဆေးရုံတက်ရင်း ဒေါ်ခင်ကြည် နဲ့ တွေ့ပြီး ဇွတ်အတင်း လက်ထပ်ဖို့ တောင်းဆိုပါတယ် ။ 

      ပြင်ပသတင်းတွေအရ ဆရာဝန်ကြီးရဲ့ ကီပင်လို့ နာမည်ကြီးနေတဲ့ ဒေါ်ခင်ကြည်ကို မယူဖို့ လူကြီးတွေက တားမြစ်ပေမယ့် မရပါဘူး ။ ဘယ်လောက်ထိ တဇွတ်ထိုးနိုင်သလဲ ဆိုရင် မြန်မာ ဗုဒ္ဓဘာသာတွေ မဂ်လာပွဲ ကျင်းပဖို့ ရှောင်ရှားလေ့ ရှိတဲ့ ဝါတွင်းကြီးကိုပဲ လက်ထပ်ပွဲ ကျင်းပပေးခဲ့ရပါတယ် ။ 

       ဒေါ်ခင်ကြည်နဲ့ တနှစ်ကလေးတယောက်ရပြီး ဇိမ်ကျနေတဲ့ ဗိုလ်ချုပ်ကို ရဲဘော်ရဲဘက်တွေက အစ ဂျပန်တော်လှန်ရေးမှာ စည်းရုံးမရရင် သတ်ပစ်ဖို့ အထိ ပြောဆိုလာတဲ့ အတွက် အကိုရင်းတွေ ဖြစ်တဲ့ ဦးဘဝင်း နဲ့ ဦးအောင်သန်းတို့က တိုက်တွန်းရပါတယ် ။ 

      အင်း မလုပ် အဲမလုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟာ ဖက်ဆစ်တော်လှန်ရေး သမားတွေ အဂ်လိပ်နဲ့ ပေါင်းပြီး တိုက်လာတာ မြန်မာပြည် အလယ်ပိုင်းက မြို့ကြီးတွေကို သိမ်းပိုက်ပြီးချိန်မှ သူတော်လှန်ဖို့ ဆုံးဖြတ်တာပါပဲ ။

       ဒီအကြောင်းတွေကို  သူ့အကိုရင်း ဦးအောင်သန်း ရေးသားခဲ့တဲ့ အောင်သန်းရဲ့ အောင်ဆန်း စာအုပ်မှာ တွေ့နိုင်ပါတယ် ။ 

       ဗိုလ်ချုပ်ကို စိတ်မရှည်လို့ ကြိုပြီး တော်လှန်ခဲ့တဲ့ ဗိုလ်မှူးကြီးဗထူး သမိုင်းကိုတော့ အခြေအနေအရ ဗိုလ်မှူးကြီးဗမှူးသည် မတ်လ ၂၇ ရက်နေ့အထိ မစောင့်နိုင်ပဲ တော်လှန်ရေးစတင်ခဲ့ရသည် ဆိုပြီး ဖာထေးထားတဲ့ သမိုင်းကိုပဲ ကျနော်တို့ သင်ခဲ့ကြရတာပါ ။ 

         ဖက်ဆစ်တော်လှန်ရေး အတွက် သခင်စိုးနဲ့ တွေ့ဆုံပူးပေါင်းခဲ့တဲ့ ဗိုလ်ချုပ်ဟာ အဂ်လိပ်ပြန်လာတော့လည်း ရှေ့ဆုံးကနေ ရဲရဲတောက်ခဲ့ပြန်ပါတယ် ။ 

     လူလည်အဂ်လိပ်တွေက သိတယ်ဗျ ။ အောင်ဆန်းသည် နိုင်ခြေရှိမှ လာပေါင်းတဲ့ သာပေါင်းပဲ ဆိုပြီး မူလက အရေးမလုပ်ခဲ့ပါဘူး ။ အရေးမလုပ်တဲ့ အပြင် ဖက်ဆစ်နဲ့ပူးပေါင်းတဲ့ အတွက် သေဒဏ်ပေးဖို့အထိ လုပ်ခဲ့ကြပါတယ် ။ 

       ဒါပေမယ့် ကျန်တဲ့ မြန်မာခေါင်းဆောင် သခင်စိုး ၊ သခင်သိန်းဖေမြင့်တို့က အာမခံလို့ တရားမစွဲတော့ပါဘူး ။ ဒါတောင်မှ သခင်ထွန်းအုပ်က တောင်ပြိုလက်ဝဲ ရွာ ကုလားကို ကိုယ်တိုင်သတ်ခဲ့လို့ လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါသေးတယ် ။ အခြေအနေအရ အမှုမမြောက်ခဲ့ပါဘူး ။ 

         အဂ်လိပ်ပြန်အဝင်မှာ နိုင်ငံရေး အင်အားစုတွေ အားလုံးပေါင်းပြီး ဖဆပလ ဖွဲ့စည်းခဲ့ပါတယ် ။ နိုင်ငံရေးလောကထဲ ဝင်သွားတဲ့ ဗိုလ်ချုပ်ဟာ ဦးအောင်ဆန်း ဖြစ်သွားပါပြီ ။ မြန်မာ့တပ်မတော်ကတော့ အဂ်လိပ်လက်အောက်မှာ ကျန်ရစ်ခဲ့ရပါတယ် ။ 

       အင်အားတောင့်တင်းတဲ့ ဖဆပလ တွေဟာ အဂ်လိပ်အုပ်လယချုပ်ရေးကို အမြဲနှောက်ယှက်ခဲ့ပါတယ် ။ လူထုအစည်းအဝေးတွေ လုပ်ကြပါတယ် ။ ပြည်သူတွေကလည်း ဖဆပလကို ထောက်ခံနေကြပါပြီ ။ 

 ......2-1-1947 မှာ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေး လုပ်တယ် ။ စက္ကူဖြူစီမံကိန်း အရ စစ်အတွင်းက ပျက်ဆီးခဲ့တာတွေကို ပြင်ဆင်ဖို့ မြန်မာတွေက ကျခံရမယ် ဆိုတာကို ကန့်ကွက်ခြင်း ၊ တနှစ်အတွင်း လွတ်လပ်ရေး ရ ရင်ရ မရ ရင် ချ ဆိုပြီး ဗိုလ်ချုပ်မိန့်ခွန်းပြောခဲ့တယ် ။ 

.....ပြည်သူကို ဗိုလ်ချုပ် ကတိပေးတာက ဖဆပလကို ဘုရင်ခံကောင်စီမှာ ပါအောင်ထောက်ခံပေးရင် (ဖိအားပေးရင်) တနှစ်အတွင်း လွတ်လပ်ရေး ရအောင် သူလုပ်ပေးမယ် ၊ စက္ကူဖြူစီမံချက်အရ အဂ်လိပ်ကို လျှော်ကြေးမပေးစေရဖူး လို့ ကတိပေးခဲ့ပါတယ် ။

        7-6-1946 မှာ ထန်းတပင် လယ်သမားသပိတ်ဖြစ်တယ် ။ နှိမ်နင်းတော့ သုံးဦးသေတယ် အများအပြား ဒဏ်ရာရကြတယ် ။ ဗိုလ်ချုပ်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး မိန့်ခွန်း ပြင်းထန်လို့ သူပုန်ထတော့မယ်လို့ ဘုရင်ခံဆာဒေါ်မန်စမစ် တွက်ဆခဲ့တယ် ။ 

     ဆူဆူပူပူများလာလို့ ဆာဒေါ်မန်စမစ် ပြုတ်သွားပြီး ဘုရင်ခံ အသစ်ရောက်လာတယ် ။ ဘုရင်ခံအသစ်က ဗိုလ်ချုပ်ကို ဘုရင်ခံအတိုင်ပင်ခံအဖြစ် ခန့်အပ်ပြီး အစိုးရဖွဲ့ခွင့်ပေးလို့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ ။ 

        ဗိုလ်ချုပ်ဟာ ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ရာထူးလက်ခံလာပြီး ဦးနုဆီကို သွားပါတယ် ။ ဦးနုရဲ့ စာကြည့်ခန်းထဲမှာ ဗိုလ်ချုပ်က စီကရက်သံဗူးနဲ့ ထည့်ထားတဲ့ ရွှေတွေကို (နို့ဆီဗူးခန့်) ပေးပါတယ် ။

      သူဟာ ဘုရင်ခံပေးတဲ့ ဝန်ကြီးချုပ်ရာထူးကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ၊ ဒီရွှေတွေကို ကိုကြီးနု သုံးချင်သုံးပါ မသုံးချင်လည်း ဖဆပလ ကို လှူပါဆိုပြီး ရွှေတဗူးထားသွားပါတယ် ။ 

     ပြောချင်ရာ ပြောပြီး ပြန်ထွက်သွားတဲ့ ဗိုလ်ချုပ်ကို အံ့သြပြီး ဦးနုလည်း ဘာမှ မပြောလိုက်နိုင်ပါဘူး ။ မှင်တက်လွန်းလို့ ရွှေဗူးတောင်မှ စာကြည့်ခန်းထဲကနေ နေရာရွှေ့ပြီး မသိမ်းခဲ့နိုင်ပါဘူး ။ ရာထူးအာဏာအတွက် ဘယ်သူ့မှ မတိုင်ပင်ပဲ လုပ်ချင်ရာ လုပ်ခဲ့တဲ့ အောင်ဆန်းကို နားမလည်မှု များစွာနဲ့ ကျန်ခဲ့ရပါတယ် ။ 

         ဒီနေရာမှာ ဦးစောအကြောင်း ပြောရပါမယ် ဒါမှဇတ်ရည်လည်ကြပါမယ် ။ ဦးစောကို ယုဂန္ဒာမှာ ဖမ်းဆီးထောင်ချထားရာကနေ သခင်လူငယ် တဖြစ်လဲ ဖဆပလ ကို ထိမ်းနိုင်မယ့် ဝါရင့်နိုင်ငံရေး သမားကို ရှာကြည့်တော့ သခင်ပေါက်စ ထောင်ခြောက်လ ဆိုပြီး စာချိုးရအောင် လက်သံပြောင်ခဲ့တဲ့ နန်းရင်းဝန်ဟောင်း ဦးစောကို ဘုရင်ခံက သတိရလာပါတယ် ။ 

      ဒါနဲ့ ဦးစောကို ထောင်က ထုတ်ပြီး မြန်မာ့နိုင်ငံရေးလောက မှာ ဗိုလ်ချုပ်ကို ယှဉ်ပြိုင်ဖို့ ကြံစည်ပါတယ် ။ ဒါကြောင့် ဗိုလ်ချုပ်ကို ဘုရင်ခံကောင်စီမှာ ဝန်ကြီးချုပ်ခန့်ထားသလို ဦးစောကိုလည်း ဘုရင်ခံကောင်စီမှာ အဖွဲ့ဝင်အဖြစ် ဘုရင်ခံက တိုက်ရိုက်ခန့်ထားခဲ့ပါတယ် ။ 

        ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ဟာ 21-1- 1947 မှာ အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။ စာချုပ်မှာ အရေးကြီးတဲ့ အချက်အချို့က

၁ ။ မြန်မာနိုင်ငံကို 1935 ကိုလိုနီအက်ဥပဒေအရ ရွေးချယ်တင်မြှောက်သော ဘုကင်ခံ အတိုင်ပင်ခံကော်မတီနဲ့ အုပ်ချုပ်ဖို့ သဘောတူခဲ့ပါတယ် ။

(2-1-1946 ရွှေတိဂုံအလယ်ပစ္စယံလူထု အစည်းအဝေးမှာ တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရ ရမယ် ဆိုတဲ့ လူထုကို ပေးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ကတိဟာ 27-1-1947 မှာ ပျက်သွားပါပြီ)

၂ ။ စာချုပ် နောက်ဆက်တွဲ ခ မှာ 

 1945-46.     87 သန်း ရွှေဒဂ်ါး

  1946-47.    75 သန်း ရွှေဒဂ်ါး
...............................................
     ပေါင်း       162 သန်း

     လျှော့ပေး    15. သနိး
   ......................................

       ကြွေးကျန်  147 သန်း 

       မြန်မာက ပေးလျှော်ဖို့ သဘောတူခဲ့ပါတယ် ။

(2-1-1946 မှာ လုံးဝမလျှော်ဖူးလို့ လူထုကို ပြောခဲ့တဲ့ ကတိစကားဟာ စာချုပ်နဲ့အတူ လေပေါ် အရုပ်ရေးပြခဲ့ပြန်ပါပြီ ။ လွတ်လပ်ရေး မရခင်ကတည်းက ရွှေဒဂ်ါးအကြွေး သန်းပေါင်း 147 သန်း တင်ခဲ့တဲ့ တိုင်းပြည်ဟာ အာရှမှာ အချမ်းသာဆုံးလို့ ယူဆနေရင်တော့ စိတ်ကျန်းမာရေး ဆေးရုံကြွပါ ၊ ဒါတောင် လက်ျာ ဖရီးမင်း စာချုပ် အကြွေး မပါသေးဘူး နော်)

       အဆိုးဆုံးက ဝန်ကြီးချုပ် ဖြစ်ချင်ဇောနဲ့ ဆယ်နှစ်အကြာမှာ တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့ ကတိစကားကို လွယ်လွယ်လေးပေးပြီး သူရာထူး ရရှိရေး အတွက် ဆောင်ရွက်သွားလို့ ယနေ့တိုင် ရှင်းမရတဲ့ ပြဿနာကြီး ဖြစ်ပြီး တတိုင်းပြည်လုံး စစ်ဘေးသင့်မဆုံးပဲ ဆင်းရဲနေကြရတာပါ ပဲ ။ 

      အဓိက ကျတဲ့ အဲဒီအချက်တွေကြောင့် အတူပါသွားတဲ့ အဖွဲ့ဝင် ဂဠုန်ဦးစော နဲ့ သခင်ဗစိန်တို့က လက်မှတ်မထိုးပဲ ပြန်ခဲ့ကြတာပါ ပဲ ။ 

      မြန်မာပြည် ပြန်ရောက်တော့ ဦးစောက သူလက်မှတ်မထိုးတဲ့ ကိစ္စကို ဒီလိုပြောခဲ့ပါတယ် ။ 

    အောင်ဆန်းဟာ လူထုကို ကတိပေးခဲ့သလို တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရဖို့ မတောင်းဆိုခဲ့ဖူး ( သူအာဏာရဖို့ပဲ လုပ်ခဲ့တယ် ) 

     လျှော်ကြေးမပေးဖူးလို့ လူထုကို ကတိပေးပြီးမှ သူ့ရာထူးအတွက် လျှော်ကြေးပေးခဲ့တယ် ဒါဟာ ကိုယ့်စားရိတ်နဲ့ကိုယ် ကျွန်ပြန်ခံတာပဲ ။ 

     နောင်ဆယ်နှစ်ကြာရင် ဖြစ်လာမှာကို မတွေးဆပဲ အာဏာရမက်နဲ့ ပင်လုံစာချုပ် ချုပ်ခဲ့တာ တိုင်းပြည်ပြိုကွဲမှာ သေချာလို့ သဘောမတူဘူး ။

    ဒါတွေကြောင့် သူတို့ လက်မှတ်မထိုးတာ လို့ ပြောဟောကြပါရောလား ။ 

    ဗိုလ်ချုပ်ကလည်း မင်းသားမလုပ်ရလို့ ပတ်မကြီးဖောက်တဲ့ နိုင်ငံရေးသမား ဘာညာ နဲ့ အောက်လုံးတွေနဲ့ ဦးစောကို ပြန်တိုက်ခိုက်တယ် ။ ကျောင်းတော်က ရန်ငြိုး ရန်စ လေးကနေ  ဗောင်းတော်လှံခ မယ့် ကိန်း ဆိုက်လာရတာပါပဲ ။ 

     ဒီလိုနဲ့ ဗိုလ်ချုပ်အာဏာရပြီး  1947-မေလ ထဲမှာပဲ လယ်သမားသပိတ်မှောက်ပွဲ ဖြစ်လာတယ် ။ ဝန်ကြီးချုပ်ဦးအောင်ဆန်းက ပြည်ထဲရေးဝန်ကြီးကို ပစ်ခိုင်းတယ် ။ မြန်မာခြင်း မပစ်နိုင်ဖူးလို့ ဝန်ကြီးက ငြင်းတော့ ချက်ခြင်းဖြုတ်ပစ်တယ် ။ 

     နောက် သူငယ်ချင်းဖြစ်တဲ့ ဦးကျော်ငြိမ်းကို ပြည်ထဲရေးဝန်ကြီး ခန့်တယ် ။ လယ်သမားသပိတ်ကိုလည်း ပုလိပ်နဲ့ မနှိမ်နင်းခိုင်းပဲ အမှတ် ၁၄ အထူးတပ်ဖွဲ့ နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ် ။ မြန်မာပြည်မှာ စစ်တပ်နဲ့ သပိတ်ကို နှိမ်နင်းတာ အဂ်လိပ်လက်ထက်မှာတောင် မရှိခဲ့ဖူး ။ ဗိုလ်ချုပ်အောင်းဆန်းက စပြီး လက်နက်မဲ့ လယ်သမားတွေကို စစ်တပ်နဲ့ ပစ်ခဲ့တာ သမိုင်းမှန်ပါပဲ ။ 

       နောက်ပြောသေးတယ် 
"အခုက ဦးကျော်ငြိမ်းမို့လို့ ခင်ဗျားတို့ ဒီလောက်နဲ့ ပြီးတာ ကျုပ်သာဆို ဒီထက်နာမယ် ''

     လို့ ထပ်မံခြိမ်းခြောက်ခဲ့ပါသေးတယ် ။ 

    ကဲ ဒီတပိုင်းကို ပြန်ပြီး ကောက်ချက်ချကြည့်ပါအုံး ။ အကြံပေးချင်တာက အစွဲကင်းကင်းနဲ့ ပြန်ဖတ်ကြည့်ပါ ။ 

၁ ။ ရွှေတိဂုံ အလယ်ပစ္စယံမှာ လူထုကို ပေးခဲ့တဲ့ ကတိစကား

၂ ။ အောင်းဆန်း အက်တလီစာချုပ်ပါ အချက်များ 

 ၃ ။ လယ်သမား သပိတ် ၂ ခုမှ အာဏာမရခင် ရပ်တည်ချက်နဲ့ အာဏာရပြီး ဆောင်ရွက်ချက် 

၄ ။ ဦးစောရဲ့ ပြောကြားချက်များ 

      ဘယ်သူ့ကို ယုံပြီး ဘယ်သူ့ကို မယုံသင့်တာလည်း ဆိုတာ ပင်ကိုယ်အသိဥာဏ်ဖွင့်ပြီး  မစို့မပို့ သိထားရတဲ့ သမိုင်းကို မြေလှန် ရေဆန်၍ စဉ်းစားနိုင်ရင် ခင်ဗျားတို့ အဖြေမှန် နဲ့ နီးပါပြီ ။

    ( မယုံကြည်သူများအတွက် ကြိုပြောချင်တာက ရွှေတိဂုံအလယ်ပစ္စယံလို မိန့်ခွန်း နဲ့ အောင်ဆန်းအက်တလီလို စာချုပ်မျိုးကိုတော့ မျိုးဝင်း လိမ်ညာလို့ မရဖူး ဆိုတာ သတိထားကြပါအုံး ဗျာ)


ဦးမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...