Saturday, June 5, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (15)



         ဦးနေဝင်းရဲ့ နောက်ဆုံးခရီးကို မပြောခင် ဦးသန်းရွှေ နဲ့ ဦးနေဝင်းတို့ ဆက်ဆံရေးကို ပထမဆုံး ပြန်လေ့လာရပါမယ် ။ 

        ဦးစောမောင်ကာလ အပြီး ဦးသန်းရွှေ တက်ခါစမှာ ဦးနေဝင်းရဲ့ သြဇာဟာ တပ်မတော်မှာ များစွာ ကျန်နေပါသေးတယ် ။ ဦးသန်းရွှေဟာ မူလတုန်းက ဦးနေဝင်းအပေါ် ရိုကျိုးစွာ ဆက်ဆံခဲ့ပါတယ် ။ 

      ကာလကြာလာတဲ့အခါ သြဇာအာဏာ ခိုင်မြဲလာပြီးနောက် သူသည်သာ ပထမဆိုတာကို ပြသခဲ့ပါတယ် ။ 1997 မှာ ဦးနေဝင်းဟာ အင်ဒိုကို အလည်သွားဖို့ စီစဥ်ထားရာမှာ ဦးသန်းရွှေ ပိတ်ပင်ထားလို့ မသွားနိုင်ခဲ့ပါဘူး ။ အကြိမ်များစွာ ခွင့်ပြုချက် တောင်းပြီးမှသာ ခွင့်ပြုခဲ့ပယတယ် ။

         ဦးနေဝင်း သားမက် နဲ့ မြေးတွေကလည်း နဝတကို မကျေနပ်ကြတော့ပါဘူး ။ နေ့စဥ် TV သတင်းတွေမှာ ဝံ့ကြွားစွာ လှုပ်ရှားနေတဲ့ ဦးခင်ညွှန့်တို့ဆိုတာ တချိန်က သူတို့ကို ဂုတ်ပေါ်တင် ထိမ်းကျောင်းလာတဲ့ သူတို့အဖိုးရဲ့ တပည့်တွေကိုးးးမနာလိုစိတ်ခေါ်မလား မသိဖူး အဖိုးစွန့်ထားတဲ့ အာဏာကို သူ့မြေးတွေက ပြန်ယူဖို့ စီစဥ်ကြပါတယ် ။

     သူ့အဖိုးရဲ့ သြဇာခံတွေကို စည်းရုံးခဲ့ပြီး ယခု ကြံ့ခိုင်ရေး ဥက္ကဌ ဦးသန်းဌေးကို စည်းရုံးတော့ ဦးသန်းဌေးက ဦးသန်းရွှေကို သတင်းပို့လို့ အားလုံး အင်းစိန် ရောက်ကုန်တာပါပဲ ။

(အဲဒီ ရန်ငြိုးကြောင့် ၂၀၂၁ မဲခိုးပွဲမှာ ဦးသန်းဌေးတို့ ကန့်ကွက်တာကို အေးနေဝင်းတို့က လှောင်ပြောင်ခဲ့ကြတာပါ)

       1999 မှာ ဖြစ်ခဲ့တဲ့ သူတို့ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ အပြီးမှာ သားအဖ တတွေလုံး အင်းစိန်ရောက်သွားပြီး ဦးနေဝင်း နဲ့ ဒေါ်ခင်စန္ဒာဝင်းတို့ နှစ်ယောက်ပဲ အကျယ်ချုပ်နဲ့ နေကြရပယတယ် ။ 

        ဦးနေဝင်းဟာ ဗိုလ်ကြီးသိန်းလှိုင် နဲ့ ထောက်လှမ်းရေးဗိုလ်မှူး ဘိုဘို တို့နဲ့ ပဲ အချိန်ဖြုန်းခဲ့ကြရပါတယ် ။ 5-12-2002 မှာပဲ ဦးနေဝင်းဟာ AD 6 လမ်းရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ရပါတယ် ။ 

      သူ့ရဲ့ နာရေးကို မိတ်ဆွေဟောင်း ဦးအောင်ကြီး နဲ့ မိတ်ဆွေ အနည်းငယ်ပဲ တက်ရောက်ခဲ့ကြပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရ အဖွဲ့ဝင်တွေ တယောက်မှ မတက်ကြပါဘူး ။ ဦးသန်းရွှေက မတက်ကြနဲ့လို့ ပြောမှာတော့ မဟုတ်ပါဖူး ဒါပေမယ့် ကမ်းနားသစ်ပင်တွေ ရဲ့ သဘာဝအရ မသွားရဲကြတာပါ ။ 

      အရေးကြီးတဲ့ အရိုးပြာကို အထိမ်းအမှတ် အဖြစ် ချန်မထားတဲ့ ကိစ္စက ဦးသန်းရွှေနဲ့ မဆိုင်ပါဘူး ။ အဲဒါ ဦးနေဝင်းရဲ့ နောက်ဆုံးဆန္ဒအရ မှာကြားခဲ့လို့ ဒေါ်ခင်စန္ဒာဝင်း နဲ့ ဗိုလ်ကြီးသိန်းလှိုင်တို့က ဆောင်ရွက်ခဲ့ကြတာပါ ။

     ဦးနေဝင်းက သူသေခဲ့ရင် သူ့အလောင်းကို ၂၄ နာရီး မီးသဂြ်ိုလ်ပြီး အရိုးပြာကို လှိုင်မြစ်ထဲမှာ မျှောပေးပါလို့ အတိအကျ မှာကြားခဲ့လို့ အဲဒီလို ဆောင်ရွက်ခဲ့ကြတာပါ ။ ဦးသန်းရွှေက စစ်သဘော် တစီး နဲ့ ထောက်လှန်းရေးတပ်မှ ဗိုလ်ချုပ်ခင်အောင်ကို စေလွှတ်ပြီး အမိန့်ပြန်တမ်း ထုတ်ပေးစေခဲ့ပါတယ် ။ 

      ဒီနေရာမှာ ဦးနေဝင်းဟာ သူ့ကို အကျယ်ချုပ်ထားခြင်း အပေါ် ဦးသန်းရွှေအား စိတ်နာစကား မပြောကြားခဲ့ပါဖူး ။ ဗိုလ်ကြီးသိန်းလှိုင်ရေးထားတဲ့ နောက်ဆုံးနေ့များ စာတွေမှာ ဖတ်ကြည့်လို့ သိနိုင်ပါနယ် ။ စောမောင် လိုအပ်ရင် ငါတို့ကို ထောင်ထဲထည့်ကွ လို့ ပြောခဲ့တဲ့ ဦးနေဝင်းဟာ သူ့မြေးတွေ ပြစ်မှုကြောင့် သူဒီလိုခံရတာကို ကောင်းစွာ နားလည်ပြီး ဖြစ်မှာပါ ။ 

       ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တပ်မတော်ပြိုကွဲရေးအတွက် အခုထိ သွေးထိုးနေကြဆဲပါပဲ ။ ကျနော့်အထင် ဒီလုပ်ရပ်အတွက် ဦးသန်းရွှေရော ဦးနေဝင်းပါ တယောက်အပေါ် တယောက် အငြိုးအတေး မထားကြပဲ တိုင်းပြည်အတွက် လိုအပ်လို့ လုပ်ရတာ ဖြစ်ကြောင်း နားလည်မှု အပြန်အလှန်ရှိကြမယ်လို့ ယုံကြည်ပါတယ် ။ နမူနာကောင်းကတော့ ၂ ဦးလုံးရဲ့ တပည့်ကြီး ဦးခင်ညွှန့်ကို ကြည့်ပေါ့ ဗျာ ။ 

         ဦးသန်းရွှေ နဲ့ ပတ်သက်ပြီး တပ်မတော်တရပ်လုံးကို အပုပ်ချ ပြောဆိုလို့ မပြီးနိုင်သေးတဲ့ ၊ မြစ်ဆုံဆည် ၊ ဝမ်ပေါင် ၊ ရေနံ သဘာဝ ပိုက်လိုင်း နဲ့ မြင်းခြံ သံမဏိ စက်ရုံတွေ လို ကြီးမားတဲ့ စီမံကိန်းကြီးတွေရဲ့ အကြောင်းကိုလည်း အကြမ်းဖျင်း ရှင်းချင်ပါတယ် ။

      ပထမဆုံး နာမည်ကြီး မြစ်ဆုံပြဿနာ က စပြောပါမယ် ။ မြစ်ဆုံစီမံကိန်း စတင်စဥ်က နအဖ စစ်အစိုးရဆိုတော့ ဘယ်သူမှ နားရွက်မခတ်ရဲ့ကြပါဘူး ။ 

       စတင်ဖြစ်ပုံကို လေ့လာကြည့်ပါ ။ တရုတ် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်း တင်ပြကြပါတယ် ။ 2009 မှာ စာချုပ်လက်မှတ်ထိုးပြီး အကောင်အထည် ဖော်ကြပါတယ် ။ 

         ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့ အချိန်မှာ ဦးသန်းရွှေဟာ ၂၀၀၈ ခြေ / ဥ ကို ရေးဆွဲ အတည်ပြုပြီးပါပြီ ။ မြစ်ဆုံအတွက် သူတို့စဥ်းစားသွားကြတာ ရိုးရိုးလေးပါပဲ ၊ မြန်မာပြည်က လျှပ်စစ်လိုနေတယ် ဒီတော့ လျှပ်စစ်ထုတ်ရမယ်ဆိုပြီး လုပ်ကြတာပါပဲ ။ 

      ဦးသန်းရွှေရဲ့ လျှပ်စစ်စီမံကိန်းအရ မဂ္ဂါဝပ် ၂၀၀၀၀ အထိ ထုတ်ဖို့ ရည်ရွယ်ပါတယ် ၊ ဒါကြောင့် မြစ်ဆုံကို လုပ်ကြတာပါပဲ ။ ဦးသန်းရွှေဟာ အာဏာစွန့်ဖို့ ဆုံးဖြတ်ပြီးဖြစ်လို့ မြစ်ဆုံရဲ့ အကျိုးအမြတ်ကို သူတို့ရရှိလိမ့်မယ်လို့ မတွေးပါဘူး ။နောင်လာနောင်သားတွေ အတွက် ရည်ရွယ်ခဲ့ကြတာပါပဲ ။ 

       ကောင်းပါပြီ သဘာဝ ဘေးအန္တရာယ်တို့ ဘာတို့ ဆိုတာတွေက တည်ဆောက်ဆဲကာလကြမှ ကျယ်လောင်စွာ အော်လာကြတဲ့ ကိစ္စတွေပါပဲ ။ အလွန် အဆိုးမြင်ဝါဒီများကနေ တပ်မတော် အပုပ်ချရေး ဦးတည် ဟောပြောလာကြသလို နိုင်ငံတိုးတက်မှာကို မလိုလားတဲ့ အနောက်အုပ်စုတွေကလည်း ဘေးတီးပေးနေကြပါတယ် ။ 

     မြသ်ဆုံကြီး လုပ်လိုက်ရင် အခုပဲ ဧရာဝတီမြစ်ကြီး ပျောက်သွားမယ် ၊ ဆည်ကျိုးရင် တနိုင်လုံး ရေကြီးပြီး သေကုန်မယ် ၊ ဧရာဝတီမြစ်ဝှမ်းက လူတွေ နေ့ခြင်းညခြင်း ငတ်ကုန်မယ် နဲ့ စီးဝါးကိုက် ခြောက်လှန့်ပါတော့ တယ် ။ 

     အကောင်းမြင်ဝါဒ ဖက်က လုံလောက်တဲ့ လျှပ်စစ်ရလာမှာ တို့ ၊ မြစ်ရေကို ထိမ်းထားနိုင်လို့ ရေကြီးရေလျှံဖြစ်နေကြ သဘာဝဘေးကို ထိမ်းပေးပြီး မြစ်ရေနည်းတဲ့ နွေကာလမှာ ဆည်ရေနဲ့ သက့်တင့်စွာ ရေစူးတိုအောင် ထိမ်းပေးနိုင်တာတို့ ဘယ်သူမှ မပြောကြပါဘူး ။ 

(ကျနော်ဆိုလိုတာက နှစ်ဖက်အမြင်နဲ့ ကြည့်ရှုခွင့် မပေးကြပဲ မိမိမြင်စေချင်တဲ့ ရှုထောင့်မှသာ အတင်းဓမ္မ ကြည့်စေခဲ့တဲ့ ပြည်တွင်း ပြည်ပ မီဒီယာအင်အားစုရဲ့ အ​​နေအထား ကို သတိပြုမိအောင်ပါ )

       သိပ်ပြီး အခြောက်အလှန့် ကောင်းလွန်းတော့ မြစ်ဆုံ ဆန့်ကျင်ရေးအတွက် နိဒါန်းပျိုးထားသူတွေဟာ ဘရွှေ လက်ထက်မှာ နားရွက်မခတ်ရဲပဲ 2011 ဦးသိန်းစိန် လက်ထက်မှာ ဇောင်းထလာပါတော့တယ် ။ 

     မြစ်ဆုံဟာ မူလရည်ရွယ်ချက် တိုင်းပြည်ဖွံ့ဖြိုးရေးမှ တပ်မတော်ခေါင်းဆောင်ကြီးများ ဧရာဝတီကို ရောင်းစားသွားပြတယ်လို့ ဝါဒကောင်းစွာ ဖြန့်ကြပါတယ် ။ ဒီမိုကရေစီ သားပေါက် ဦးသိန်းစိန်ဟာ ပြည်သူမ​ကြိုက်ရင် မလုပ်ပါဖူး ဆိုကာ ရပ်နားခဲ့ပါတယ် ။ အံ့သြစရာကောင်းတာက မြစ်ဆုံစာချုပ်ကို ချပြပြီး ရှင်းလင်းရကောင်း မသိပဲ လက်နက်ချခဲ့တဲ့ ဦးသိန်းစိန် အစိုးရ ရဲ့ ညံ့ဖျင်းမှုကိုပါပဲ ။ 

      ဒေါ်စုကြည်ဟာ မြစ်ဆုံကို သူအာဏာရလာရင် ဗိုလ်ချုပ်တွေ ဘယ်လိုရောင်းစားသွားတယ် ဆိုတာ ပြည်သူတွေကို ဦးဆုံးချပြမယ် ဆိုပြီး တွန်းတိုက် ဖိနှိပ် စည်းရုံးခဲ့ပါတယ် ။ သူမ သိထားတာက မြစ်ဆုံစာချုပ်မှာ နအဖ ဗိုလ်ချုပ်ကြီးတွေဟာ လာဘ်စားပြီး ထွက်သမျှ လျှပ်စစ်ရဲ့ 10 % နဲ့ တရုတ်ကို အလကားပေးလိုက်တယ် ဆိုပြီး သိထားတာပါ ။ 

     သူမလည်း အာဏာရလာရော မြစ်ဆုံစာချုပ်ကို ကြည့်ပြီး ဖင်ကြားခဲညှပ်နေပါတော့တယ် ။စာချုပ်ဟာ သူသိထားတဲ့ ကလေးပေါက်စ အသိနဲ့ ချုပ်ထားတာ မဟုတ်ပါဖူး ။ ကဲ ဖတ်ကြည့်ကြပါ ။

၁ ။ ထွက်သမျှ လျှပ်စစ်၏ 10 % free ရရှိပါမယ် ။ 

၂ ။ ကုန်သွယ်ခွန်     10 %

၃. ။ အမြတ်ခွန်        10 %

၄. ။ မြေငှားရမ်းခ.    15 %

၅. ။ လျှပ်စစ်ရောင်းရန်ကျန် 90 % မှ စရိတ်နုတ်ပြီး အသားတင်အမြတ် ၏ 55 % 

        ကဲ အဲဒီလောက် ကောင်းတဲ့စာချုပ်ကို သိသွားတဲ့ ဒေါ်စုကြည် ပြည်သူကို ချမပြရဲတော့ပါဘူး ။ 

    သူကိုယ်တိုင် ဧရာဝတီကို ကယ်တင်ပါ  ဘာညာ နဲ့ စာတမ်းတွေထုတ်ပြီး အပုပ်ချခဲ့သမျှ ၊ စစ်ဗိုလ်ချုပ်တွေ ဧရာဝတီကို ရောင်းစားတာပါ ဘာညာ နဲ့  မသိပဲ ဝေဖန်ခဲ့သမျှ သူအရှက်ကွဲရပေလိမ့်မည် ။ 

    အဲဒါကြောင့် ဒေါ်စုကြည်ဟာ သူ့သက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံနဲ့ပတ်သက်ပြီး ယနေ့တိုင် ရူးချင်ယောင် ဆောင်နေတော့တာပါပဲ ။ 

     ဒီလိုစာချုပ်က ဟုတ်ကော ဟုတ်ရဲ့လားလို့ မေးကြမှာပါ ။ ဟုတ်ကဲ့ ဒီစာချုပ်ဟာ လှို့ဝှက်ထိပ်တန်း လက်နက်အရောင်းအဝယ် စာချုပ်လိုမဟုတ်ပါဘူး ။ လျှပ်စစ်ဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ စီမံဝန်ကြီးဌာန နဲ့ သမ္မတရုံးဝန်ကြီးဌာန လေးခုမှာ ကိုယ်စီရှိနေကြပါတယ် ။

     နောက် ဧရာဝတီမြစ်ဆုံအတွက် တရုတ်ကို လျှော်ကြေးပေးရမယ်ဆိုတဲ့ အချက်ကလည်း လုံးဝမဟုတ်ပါဖူး ။ နိုင်ငံရေး ဖိန့်လုံးတွေသာ ဖြစ်ပါတယ် ။ 

        ဒါတွေကို ကျနော်ရမ်းသမ်းရေးနေတာ မဟုတ်ပါဖူး ၊ မြစ်ဆုံစာချုပ်ကို လက်မှတ်ထိုးခဲ့ကြရတဲ့ ဦးသိန်းစိန်လက်ထက် လျှပ်စစ် ဒုဝန်ကြီး ဦးလူမော်သာထွေး ကိုယ်တိုင် (လက်မှတ်ထိုးစဥ်က ညွှန်ချုပ်) BBC အင်တာဗျူးမှာ ဖြေဆိုထားတာပါ ။ 

      ကဲ မြစ်ဆုံစာချုပ်အရ မြန်မာနိုင်ငံဟာ နှစ် ၅၀ အတွင်း ဒေါ်လာ ၅၄ ဘီလီယံ ရမည်ဖြစ်ကြောင်း CPI က အာမခံထားပါတယ် ။ 

     အကယ်၍ မြန်မာပြည်က လျှပ်စစ်ဝယ်မည်ဆိုလျှင် ကျန် 90 % မှ ကြိုက်သလောက် ဝယ်ယူနိုင်သည်တဲ့ ။ 

        အဲဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော် ဗိုလိချုပ်ကြီးတွေဟာ ဧရာဝတီကို ရောင်းစားသလား ဆိုတာ ချင့်ချိန်နိုင်ပါပြီ ။ 

      ကောင်းပါပြီ ဧရာဝတီပြီတော့ နာမည်ကြီး ဝမ်ပေါင်ကြေးနီ အကြောင်း ဆက်ပြောပါမယ် ။ 

     ဝမ်ပေါင်ရဲ့ သမိုင်းကြောင်းက ဒီလိုပါ.........

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...