Monday, June 7, 2021

မိတ္ထီလာ မှသည်


 .......ညနေ ၂: ၃၀ ခန့် ရွှေအုန်းပင်စားသောက်ဆိုင်ရှေ့ ဆယ်ပေခန့် မှာ ဗုံးတလုံးပေါက် ။ 

       ပေါက်ကွဲတဲ့ နေရာမှ ပေ ၂၀ ခန့်မှာ မပေါက်သေးတဲ့ တလုံးတွေ သတင်းပို့ ။ 

   ... ၂: ၄၅ တွင် စအရ ၉၁၁ မှ အဖွဲ့နှင့် ထီလာတပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မင်းဦး ပါ ရောက်ရှိ ။ 

        ဝန်းကျင်သို့စစ်ဆေးရာ ၅ ဧက အကျယ်ရှိ ရွှေအုန်းပင်ဝန်းအတွင်းမှ သံဃာနားနေဆောင်၏ အရှေ့ဖက် ပေ ၅၀ ခန့်တွင် အပေါ်မှ ထန်းလက်တဲ အသွင်ဖုန်းအုပ်ထားသော လှေခါး ၅ ဆင့် အကျယ် ၅ ပေ ၊ အမြင့် ၆ ပေ ရှိ ဘန်ကာ တွေ့ရှိပြီး အမျိုးသားတဦး ဦးခေါင်းပွင့် သေနေတာ တွေ့ ။ 

      ဆက်စပ်စစ်းဆေးမှု အရ လွန်ခဲ့သော ၂ လခန့်က ယင်းနေရာအား တည်ဆောက်ကြောင်း တရားထိုင်ရန်ဟု ဆိုင်ရှင်ပြည့်ဖြိုးကျော် (ခ) ပန်းချီ နှင့် ဇနီး ဝင်းစုကျော် (ခ) နီနီ တို့မှ လိမ်ပြောခဲ့ ။ 

    ဆိုင်ဝန်ထမ်းများ အလာမခံပဲ လူငယ် လူစိမ်း လေး ငါး ဦးနဲ့ ဝင် ထွက်နေကြကာ ယင်းလူငယ်များ စားရန် ထမင်းကိုပင် ဆိုင်ရှင်လင်မယားကိုယ်တိုင် ယူကျွေး၏ ။

     ဆက်လက်ဖော်ထုတ်ရာမှ အဆင်သင့် တပ်ဆင်ပြီး ဗုံး များအား မြေကြီးထဲ ထည့်မြှပ်နေရာမှ ပေါက်ကွဲမှု ဖြစ်ပြီး ပေါ်ပေါက်လာ၏ ။ 

      ပေါက်ကွဲပြီးချိန် ၂ : ၅၀ တွင် တရားခံဆိုင်ရှင် လင်မယား 5 /C 4704 တိုယိုတာ ကားဖြင့် ထွက်ပြေး ။ 

     မပေါက်ကွဲသေးသောမိုင်း ၂၀၀ ခန့် တွေ့ရှိပြီး ပေါက်ကွဲ သေဆုံးသူမှာ မိတ္ထီလာ နည်းပညာတက္ကသိုလ်ကျောင်းသား စိုးရန်နိုင်ဟု သတင်းတက်လာ ။ 

         ကဲအဲဒါတွေက အနီးစပ်ဆုံး မိတ္ထလာ ဖြစ်စဥ်တွေပါပဲ ဗျာ ။

......မြန်ပြည်အလယ်ကနေ ဖြသ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ယခင်ပေးခဲ့ဖူးတဲ့ သတင်းတွေ နဲ့ ချိတ်ဆက်ပြီး ဖော်ထုတ်သင့်ပါပြီ ။ ပေါ့ဆမနေသင့်ပါဖူး ။

.....ဇော်ဝေစိုးလို လူယုတ်မာက အဆိပ်ခတ်တဲ့ အကြောင်း ပြောင်ပြောင်တင်းတင်း ယုတ်ယုတ်မာမာ ပြောနေခြင်း နဲ့ အများပြည်သူ စားသောက်နေတဲ့ စားသောက်ဆိုင်ကြီးတွေက ဒီလိုလူတွေကို ထောက်ခံ အကြမ်းဖက်နေသရွှေ့ လမ်းခရီး ထမင်းစားဖို့တောင် စဥ်းစားစရာ ဖြစ်လာပါပြီ ။ 

.....ရွှေအုန်းပင်လို အနီ အမာခံဆိုင်တွေကို သတိပြုရတော့မယ့် အချက်ပေးသံပါပဲ ။ လုပ်ငန်းရှင် အနီရဲရဲတွေကို ရဲရဲတင်းတင်း ဇစ်မြစ် ဖော်ထုတ်သင့်ပါပြီ ။

(ဇာနည် ACC နဲ့ အခြား ယုံကြည်ရသည့် သတင်းဇစ်မြစ်များမှ စုပေါင်း တင်ပြခြင်း ဖြစ်ပါတယ်)

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...