Wednesday, June 2, 2021

ဒါတွေသိဖို့ လိုပါတယ်


          ကျောင်းတွေ ဖွင့်ပါပြီ ။ ဆယ်တန်းကျောင်းသားတွေ ကျောင်းအပ်ကြတယ် ။ ဗလာစာအုပ် ၁ ဒါဇင် နဲ့  ခဲတံ ၂ ချောင်း ဘောလ်ပင် ၂ ချောင်းစီ ပေးကာတယ် ။ 

     ကျောင်းတက်ပြီး ၂ ရက်​မြောက်မှာ ​​ပေးထားတဲ့ စာအုပ် ၁ ဒါဇင်ကို ပြန်တောင်းပါတယ် ။ 

      သင်ခန်းစာသင်တော့လည်း အဂ်လိပ်ဆရာက နောက်ဆုံးအပိုဒ်က စပြီး သင်ပေးနေတယ် ။
(ပုံမှန် သင်ရိုးအတိုင်းဆိုလျှင် ပထမ တလ ဘယ်အခန်းထိ ၊ နောက်တလ ဘယ်အခန်းထိ ဆိုပြီး စနစ်တကျ ရေးဆွဲလေ့ ရှိပါတယ် ၊ ယခုနှစ်မှ ဘာကြောင့် ပြောင်းပြန် သင်နေပါသလဲ)

        ဒါက ရန်ကုန်တိုင်း တွံ့တေးမြို့နယ်က ကံဘဲ့ အထက ကျောင်းမှာ ဖြစ်နေတဲ့ ပြဿနာ ။ 

ဘာ့ကြောင့် 

....ပေးထားတဲ့ စာအုပ် ၁ ဒါဇင် ပြန်တောင်းရတာလဲ? 

....ဘယ်သူက ပြန်တောင်းခိုင်းတာလဲ ?

....အထက ကျောင်းအုပ်ကလား မြို့နယ် ပညာရေးမှူးကလား 

.... သင်ခန်းစာ ပြောင်းပြန်သင်နေတဲ့ အဂ်လိပ်စာပြ ဆရာကို နားမလည်ဖူး သင်ရိုးညွှန်ကြားချက် ပြောင်းပြန်ပြောင်းထားလို့လား သူ့သဘောနဲ့သူ ရွဲ့ပြီး သင်တာလား 

       အဲဒါက ကျောင်းတကျောင်းမှာ ဖြစ်နေတဲ့ ပြဿနာပဲ ။ နောက် တကျောင်းက ပျဥ်းမနား သကြားစက်က ၅ တန်း ကျောင်းသား ကို ဝလုံး နဲ့ ကကြီး ကနေ ပြန်စသင်သတဲ့ ။ သင်ရိုးမှာ သတ်မှတ်ပြီးသားကို တမင်လုပ်နေတာ အရေးယူရပါ့မယ် ။

      နောက် ကျောင်းမအပ်လဲ ရတယ် ပြောနေတဲ့ ဆရာတွေ ရှိနေတယ် ၊ ဘယ်လို အရေးယူကြမှာလဲ ။ 

      စိတ်သဘောထား ပြည့််ဝကြောင်း ကမ္ဘာသိအောင် လုပ်ပြနေတဲ့  နကစ ရဲ့ မူဝါဒ အရ ယခုလို ကျောင်းတွေမှာ ဗွက်ပေါက်နေတာပါပဲ ။ 

       CDM တွေကို ဖိတ်ခေါ်မှု အပေါ် ၂ သီးစား လူယုတ်မာများ ဝင်လာစေပြီး လုပ်ငန်းခွင် လည်ပတ်နေရတာ Non CDM တွေကို သတ်နေတာပါပဲ ။ 

      ယခုကိစ္စတွေအတွက် အရေးယူခြင်း မယူခြင်းဟာ နစက ကိစ္စပဲ ဖြစ်ပါတယ် ။ ကျနော်တို့ကတော့ သိအောင် တင်ပြရမယ့် တာဝန်ရှိတယ်လို့ ယူဆပြီး တင်ပြလိုက်ပါတယ် ။

     နောက် ဂန့်ဂေါကိစ္စဆိုရင် ထွေအုပ် နဲ့ ရဲတွေမှာ အပြည့်အဝ တာဝန်ရှိပါတယ် ။ သူတို့ကို သတင်းကြိုပေးတယ် ၊ လိုင်းပေါ်ကနေလည်း သတိပေးကြတယ် သိသိနဲ့ လွှတ်ပေးကြတာပါ ။ 

     မြို့နယ် အတော်များများက ထွေအုပ် နဲ့ ရဲ တွေဟာ NLD အမာခံတွေ နဲ့ ပေါင်းစားနေကြတာ ကြာပါပြီ ။ သိထားသမျှ မြို့နယ်တွေကိုလည်း စစ်ရုံးကို သတင်းပို့ထားပါတယ် ။ ထွေအုပ်  နဲ့ ရဲ ကို ပြည်သူတွေက မယုံကြည်ကြပါဘူး ။

     အားလုံးကို ကုလားဖန်ထိုး ချိန်းပစ်ကြပါတော့ ၊ ဒီနယ် ဒီလူတွေဟာ ဒီချိတ်တွေနဲ့ လုပ်စားပြီး နစက ကို အကျပ်ရိုက်အောင် လုပ်နေကြအုံးမှာပါပဲ ။ 

    ရဲ အတော်များများက တပ်မတော်က တပ်မတော်မှ မိုးကျရွှေကိုယ်များ သူတို့ဆီ လာပြီး ဗိုလ်ကျလိမ့်မယ် နစက အာဏာသက်ရှည်ရင် ငါတို့ မလွယ်ဖူး အခုနေ စားလို့ရတာ စားထားကြဆိုပြီး တိုင်းပြည်ဖျက်နေတာပါ ။ 

       ဒါတွေဟာ လက်ရှိမြေပြင် ဖြစ်ရပ်မှန်များပါပဲ ။ ထွေအုပ် နဲ့ ရဲကို ဒီအတိုင်း ထားနေသရွှေ့ မင်းအောင်လှိုင် နိဗ္ဗာန်ရောက်တဲ့အထိ တိုင်းပြည် မငြိမ်းချမ်းနိုင်ပါဘူး ။ သာမန်အရပ်သားတွေ သိနေတာကို အထက်က မသိလို့ပါဆိုပြီး ဆင်ခြေမပေးပါနဲ့ ။

        မီဒီယာခေတ် သတင်းခေတ်ကြီးမှာ အထက်ကလူတွေက မသိပါဘူးဆိုရင် ခင်ဗျားတို့ နိုင်ငံအုပ်ချုပ်ပြီး ထမင်းစားမနေပါနဲ့ ရှက်တတ်ပါစေ ။

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...