Saturday, June 12, 2021

နိုင်ငံတော်အတွက် အသက်ကယ်ဆေး (နိဒါန်းပျိုး)


           ကျနော် ဒီအကြောင်းကို အရိပ်အမြွက် ရေးဖူးပါတယ် ။ သူရဲဖမ်းဖြစ်ရပ်မှန်တွေထဲမှာ ထည့်ရေးထားပါတယ်။ အခုမှပဲ မိတ်ဆွေတယောက် ပို့ပေးလို့ ပိုပြီး တိကျပြည့်စုံတဲ့ အချက်အလက်တွေ နဲ့ တင်ပြနိုင်ပါပြီ ။ 

        ကျနော်ရေးခဲ့တဲ့ ဂမ္ဘီရပစ္စည်းတွေရဲ့ တန်ဖိုးတွေနဲ့ ပတ်သပ်ပြီး မယုံကြည်ကြသူများ နဲ့ ရှိကော ရှိလို့လား ? ဟုတ်ကော ဟုတ်လို့လား ဆိုတဲ့ မေးခွန်းတွေ အတွက် အဖြေကို သက်သေနဲ့ တကွ ပြနိုင်ပါပြီ ။ 

      4-5-2016 တုန်းက ဦးစိန်အောင် ဆိုတဲ့ အမွေဆက်ခံသူ တဦးဟာ လူသုံးဦးပိုင်တဲ့ ပြည်ကဘဏ်အပ်နှံငွေတွေကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ပါတယ် ။ ငွေကြေးပမာဏကတော့ USD  ဘီလီယံပေါင်း များစွာဖြစ်ပါတယ် ။ တနိုင်ငံလုံး ဟုန်းကနဲ ချမ်းသာနိုင်မယ့် ပမာဏပါပဲ ။ 

       ဟုတ်မဟုတ် အစိုးရကလည်း ပြည်ပဘဏ်တွေဆီကို အတည်ပြုစစ်ဆေးပြီးပါပြီ ။ ဟုတ်မှန်ကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ကြားဖူးခဲ့ရပါတယ် ။ 

        အဲဒီငွေတွေ ထုတ်ယူပြီးပြီလား ? ဘာတွေ လုပ်ထားသလဲ ? 

       ငွေပမာဏကို ကိုယ့်ဘာသာ ပေါင်းကြည့်ကြပါတော့ ။ မြန်မာပြည်အကြွေးတင်နေတာ အဲဒီ ပမာဏနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်ဖိုးလောက်ပဲ ရှိပါတယ် ။ 

     ကဲ လေ့လာကြည့်ကြပါဗျာ ။
                     

                       ၂၀၁၆၊မေလ(၄)ရက်

အကြောင်းအရာ။  အမွေဆက်ခံသူဦးစိန်အောင်မှ ပြည်သူ့ဘဏ္ဍာအဖြစ် နိုင်ငံတော်သမ္မတထံလွှဲပြောင်းပေးအပ်ခြင်းနှင့်ကော်မတီတစ် ရပ်ဖွဲ့စည်း ပေးပါရန်တင်ပြခြင်း။
================================
၁။၂၀၁၆၊မတ်လ(၃)ရက်နေ့တွင် ပူးတွဲပါ ငွေများအား

 - ပြည် ထောင် စု လွှတ် တော် ၊

 - အမျိုးသား  လွှတ်တော်နှင့်

 - ပြည်သူ့လွှတ်တော်၊

         လွှတ်တော် သုံးရပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂။အမွေဆက်ခံသူဦးစိန်အောင်သည်၊၎င်းသက်  ရှိထင်ရှားရှိစဉ်အထိသာထိုငွေများကိုထုတ်ယူ နိုင် ခွင့်ရှိမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်၎င်း၏ တာဝန်အား ကျေပွန်စွာဖြင့် ထမ်းဆောင် သွားလိုကြောင်းသို့မဟုတ်ပါက၎င်းနှင့် ၎င်း၏  မိသားစု အပါအဝင် နိုင်ငံတော် အတွက်စေတနာမှန်ဖြင့် ကူညီဆောင်ရွက်ပေးနေသည့် ပုဂ္ဂိုလ်အချို့တို့ အပေါ် မမျှော်လင့်သောဘေးအန္တရာယ်များကြုံတွေ့လာရပါကနိုင် ငံတော်အတွက်ဆုံးရှုံးမှုကြီးတစ် ရပ်ဖြစ်သွားရမည်ကို စိုး ရိမ်မိကြောင်း။

၃။သို့ဖြစ်ပါ၍ ကွယ်လွန်သွားကြပြီဖြစ်သောအလှူရှင်များ၏ဆန္ဒနှင့်အညီ နိုင်ငံတော်၏ အကျိုးအား ဆောင်ရွက်နိုင်ရန်၊နိုင်ငံတော်မှ ဖွဲ့စည်းပေးသော  ကော်မတီ တစ်ရပ်၏ ရှေ့မှောက်တွင် အဆိုပါ နိုင်ငံခြားငွေများနှင့် ပတ်သက်သည့် သက်သေခံစာ ရွက်စာတမ်းမျာအား၎င်းအနေဖြင့်လက်ရောက်လွှဲပြောင်းပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးပါ ရန်တင်ပြလာခဲ့ပါသည်။

၄။၎င်းအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံ လွှဲအပ်သည့်တင်ပြစာအား၊ ရန်ကုန်ဗဟိုစာတိုက်ကြီးမှတစ်ဆင့်တရားဝင်မှတ်ပုံတင်၍ ယနေ့ပေးပို့လိုက် ပြီဖြစ်ပါသည်။

၅။အမွေဆက်ခံသူ  ဦးစိန်အောင် မှ ယ နေ့  ပေးပို့လိုက်သောနိုင်ငံတော်သမ္မတကြီးထံလွှဲအပ်တင်ပြစာအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်လေးစားစွာဖြင့်ထပ်မံပေးပို့တင်ပြအပ်ပါသည်။

မိတ်တူကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
ပြည်ထောင်စုလွှတ်တော်ရုံး
အမျိုးသားလွှတ်တော်ရုံး
ပြည်သူ့လွှတ်တော်ရုံး
ပြည်ထောင်စုတရားသူကြီးချုပ်ရုံး
ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပူးတွဲပါ
******
~နိုင်ငံတော်သမ္မတထံလွှဲအပ်စာ(၄-၅-၂၀၁၆)

~လွှတ်တော်သုံးရပ်ထံလွှဲအပ်စာ(၃-၃-၂၀၁၆)

~ဦးကျော်ဝင်း (ကွယ်လွန်) ၏ 

      USD26,000,000,000,000

Gold CDS Certificate(Swiss Bank)
  

~ဦးအေးချို၏ (ကွယ်လွန်) 

USD 8,000,000,000,000
  
Gold CDS Certificate(Swiss Bank)
  
~ဦးရန်နိုင်ထွန်း (ယခုထိရှိဆဲ)

 USD 45,000,000,000

 Promissory Note(Barclays Bank)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...