Saturday, June 12, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (23)



          နာမည်ကျော် သန္တိသုခ ကျောင်းတိုက်ကြီးရဲ့ ရာဇဝင်က ဦးခင်ညွှန့်က စတာပါပဲ ။ ကမ္ဘာပတ်ပြီး သာသနာပြုနေတဲ့ ပီနန်ဆရာတော်ကြီး အတွက် ကျောင်းမြေနေရာ ဦးခင်ညွှန့် လှူပေးတယ် ။ နောက် ခရိုနီတွေဆီက အလှူခံပေးပြီး ကျောင်းဆောက်ဖို့ မတည်ပေးခဲ့တယ် ။ 

     အမည်ပေါက်က ပီနန်ဆရာတော်ကြီးပဲ ဖြစ်ပါတယ် ။ ဦးခင်ညွှန့် မတည်ပေးသွားတဲ့ ငွေရယ် ဆရာတော်ကြီး လုံ့လစိုက်ထိုက်တော်မူပြီး ရလာတဲ့ အလှူငွေတွေ နဲ့ ခမ်းနားလှတဲ့ ကျောင်းတော်ကြီး ဖြစ်လာပါတယ် ။ 

       ကျောင်းတော်ကြီး စည်ကားသိုက်မြိုက်လာချိန် မှာ ကျောင်းဝန်းအတွင်း အလှူမဂ်လာများ ကျင်းပလာရာကနေ လက်ထပ်မဂ်လာပွဲများ ၊ ရုပ်ရှင်ဆက်တင် များ အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာရတော့ ဝင်ငွေလည်း မထင်မှတ်လောက်အောင် ကောင်းလာပါတယ် ။ 

     ပီနန်ဆရာတော်ကြီးက ကမ္ဘာပတ်နေရလို့ ရံဖန်ရံခါမှသာ သန္တိသုခကျောင်းတော်ကြီးမှာ သီတင်းသုံးပါတယ် ။ လွဲအပ်ထားတဲ့ တပည့်ဆရာတော်တွေကပဲ စောင့်ရှောက်ထားပါတယ် ။ 

       ဆရာတော်ကြီး မရှိတုန်းကို သာသနာရေးဝန်ကြီးဌာနက ယခု သန္တိသုခကျောင်းတော်ကြီးသည် ဦးခင်ညွှန့်မှ သံဃာအား ရည်ညွှန်း၍ လှူဒါန်းထားခြင်းကြောင့် နိုင်ငံတော် သံဃနာယက အဖွဲ့၏ စီမံမှုအောက်တွင် ထားရှိရမည် ဆိုပြီး စာထုတ်လာပါတယ် ။

     အဲဒါကြောင့် ပီနန်ဆရာတော်ကြီးက ဦးသိန်းစိန်အား ဤပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုရာ ဦးသိန်းစိန်က အရှင်ဘုရား စိတ်ချမ်းသာစွာ သီတင်းသုံးပါ လို့ လျှောက်ထားခဲ့ပါတယ် ။ သာဝန်ကို ဆက်လက်မလုပ်ဆောင်ဖို့ တားမြစ်ခဲ့ကြောင်း ကြားသိရပါတယ် ။ 

     သာဝန်တို့ဟာ အဲဒီအချိန်မှာ ဦးရွှေမန်း အုပ်စုက အမာခံတွေ ဖြစ်နေပါပြီ ။ သူတို့ဟာ ဒါးထက်တဲ့ ဦးရွှေမန်း အားကိုးပြီး အနေအေးတဲ့ ဦးသိန်းစိန် စကားကို ဖယ်ရှားကာ ညဥ့်နက်သန်းခေါင်ကြီး အင်အားသုံး ဝင်စီးကာ ပီနန်ဆရာတော်ကြီးရဲ့ တပည့် သံဃာ ၅ ပါးကို ဖမ်းဆီးပြီး ကျောင်းကြီးကို သိမ်းပိုက်လိုက်ပါတယ် ။

      သံဃနာယက ဦးဆောင်ဆရာတော်ကြီးတွေကလည်း သိမ်းပိုက်တာကို လက်ခံကြသတဲ့ ။ လက်လွန်ခြေလွန် ဖြစ်ပြီးမှ ဦးသိန်းစိန်သိသွားရပါတယ် ။ သံဃနာယက ဆရာတော်ကြီးတွေကပါ သာဝန်အုပ်စုနဲ့ အလိုတူ အလိုပါ ဖြစ်နေတဲ့ အတွက် ဦးသိန်းစိန် ဘာလုပ်ရမှန်း မသိပဲ ဖြစ်နေပါတယ် ။ 

      သံဃာများနဲ့ ထိပ်တိုက်တွေ့လေ့ မရှိတဲ့ ဦးသိန်းစိန်ဟာ သူ့စကားကို အလေးမထားတဲ့ သာဝန်အား ထင်ရှားသော သိန်း ၁၀၀ ခန့်အလွဲသုံးစားမှု နဲ့ တရားစွဲ ​ထောင်ချခြင်းဖြင့် မကျေနပ်ချက်ကို ပြသခဲ့ပါတယ် ။ 

       အဲဒီပြဿနာကို သံဃနာယက ဆရာတော်ကြီးများနဲ့ အတိုက်အခံ မပြုဝံ့ပဲ ဆက်လက်မျှောထားရာမှ ပြည်သူတွေက ဦးသိန်းစိန်လက်ချက်ပဲ ဟု စွတ်စွဲပြီး ပါတီကိုပါ မုန်းတီးခဲ့ကြပါတယ် ။ စွတ်စွဲသူတို့ ၌ အပြစ်မရှိပါဘူး မပွင့်လင်း မပြတ်သားခဲ့တဲ့ ဦးသိန်းစိန် အပြစ်ပါပဲ ။ 

        ဦးသိန်းစိန်ဟာ နိုင်ငံအတွက် အကျိုးများမည် ဆိုလျှင် အားကြိုးမာန်တက် ဆောင်ရွက်လေ့ရှိပါတယ် ။ သူ့လက်ထက်မှာ တိုင်းပြည်အတွက် ပြည်သူအားလုံးကို အရှင်လတ်လတ် နတ်ပြည်သို့ ပို့ပေးနိုင်မယ့် ကိစ္စကြီး တခု ဖြစ်လာခဲ့ပါတယ် ။ 

        ယခင်က ကျနော် အသေးစိတ် အပိုင်း ၁၂ ပိုင်းနဲ့ အသေးစိတ် ရေးပြခဲ့ဖူးတဲ့ ပုံပြင်ဒဏ္ဍာရီ ဆန်လှတဲ့ ရင်သပ်ရှု​မောဖွယ် ဖြစ်ရပ်ဆန်း အကြောင်း မဖတ်ဖူးသူများအား အနည်းငယ် ပြန်ပြောပြချင်ပါတယ် ။ 

       ယခုအကြောင်းအရာတွေဟာ ပုံပြင်မဟုတ်ပါဖူး ၊ ယနေ့တိုင် သက်ရှိထင်ရှား ရှိနေသေးသော လူပုဂ္ဂိုလ်တွေ များစွာ ရှိနေပါသေးတယ် ။ 

        ဦးသန်းရွှေလက်ထက်မှာ ကရင်ပြည်နယ်ထဲက အင်မတန်ကြီးမားတဲ့ သိုက်ကြီးတခုကို ကရင်လူမျိုးတွေ တူးဖော်ကြပါတယ် ။ ကရင်တွေရဲ့ ရိုးရာနည်း အပါအဝင် အဆင့်မြင့်သိုက်ဆရာတွေနဲ့ တူးဖော်တဲ့ အတွက် ဧရာမ သိုက်ကြီးကို သူတို့ တူးဖော်ရရှိကြပါတယ် ။ 

        ကရင်တွေက ဘယ်မှာ ရောင်းချရမှန်း မသိကြလို့ သူတို့မိတ်ဆွေဟောင်း ရှိရာ တောင်ငူကို လာရောက်ပြီး ပတ္တမြားတလုံး ရောင်းချကြပါတယ် ။ ဝယ်ယူပေးမယ့် သူတွေကလည်း ကရင်တွေယူလာတဲ့ သိုက်ထဲက ပစ္စည်းတခုကိုတောင် တန်ဖိုးဖြတ် မပေးချေနိုင်ပါဘူး ။   

      သူတို့ လက်ထဲရှိနေတဲ့ စိန်ကဒ်တွေ နဲ့ စရံသဘော ပေးချေပြီး ပစ္စည်းယူထားလိုက်ပါတယ် ။ ရောင်းချပြီးမှ ပစ္စည်းဖိုး ပေးကြဖို့ ကရင်တွေကလည်း သဘောတူပြီး ယုံကြည်စွာ ထားခဲ့ကြပါတယ် ။ 

       သူတို့ထားခဲ့တဲ့ ပတ္တမြားကို ကျောက်မျက်ဦးစီးမှူး နဲ့ ဆက်သွယ်ပြီး ရောင်းချစေခဲ့ရာ မခန့်မှန်းထားတဲ့ တန်ဖိုးကို ရရှိခဲ့ကြပါတယ် ။ 

       ငွေရလာတာ နဲ့ သူတို့ဟာ မူလပိုင်ရှင်တွေ ဖြစ်တဲ့ ကရင်တွေဆီကို လက်ကျန်ငွေပေးကြပါတယ် ။ ကရင်တွေလည်း ယုံကြည်သွားကြပြီး သိုက်ထဲက ပစ္စည်းတွေကို ထပ်မံထုတ်ပေးပြီး ရောင်းချစေပါတယ် ။ သူတို့ ထုတ်ပေးတဲ့ ပစ္စည်းတွေထဲမှာ အင်မတန် တန်ဖိုးကြီးတဲ့ အကန်ပတ္တမြားတွေ ပါနေပါတယ် ။ 

     မိတ်ဆွေသစ်တွေ သိကြဖို့ ဗဟုသုတ ပြောမှ ရပါမယ် ။ ကျနော်တို့ ကြားဖူးထားတဲ့ ပတ္တမြားငမောက်ဆိုတာ အမာဆင့် ၉ အောက်ရှိတဲ့ ပတ္တမြားပါ ။ ရေနီ ဂွမ်းစွဲ အဆင့်ပါပဲ ။ သူ့ပေါက်စျေးက တကလပ်ကို ဒေါ်လာ တစ်သန်းစွန်းစွန်း ရှိပါမယ် ။ 

     ယခု ပြောတဲ့ အကန် ပတ္တမြားဆိုတာက အလင်းတန်းတွေဟာ အမှောင်ထုထဲမှာ ဆယ်ပေ ခန့်အထိ ဖြာထွက်နေတတ်ပါတယ် ။ အမာဆင့်ကလဲ 9.3 ကနေ 9.9 အထိ ရှိကြပါတယ် ။ သူ့စျေးနှုံးက အလင်းဖြာတဲ့ စကေး တစ်ပေ ရှိရင် တကလပ်ကို ဒေါ်လာ ၅ သန်းပါ ။ ဆယ်ပေကန်ရင် တကလပ်ကို ​ဒေါ်လာ သန်း ၅၀ အထက် တန်ပါတယ် ။ 

         အဲဒီလောက် တန်ကြေးကြီးတဲ့ ပတ္တမြားတွေကို ဝယ်နိုင်သူတွေကတော့ အာရပ်ကမ္ဘာက စော်ဘွားတွေပဲ ဖြစ်ပါတယ် ။ အဲဒီတော့ သူတို့ဟာ ချိတ်ဆက်ပြီး ပြင်ပ တိုင်းပြည်မှာ အရောင်း အဝယ် လုပ်ကြပါတယ် ။ 

        ပထမဆုံး ရောင်းတဲ့ ပတ္တမြားက ၃၆ ဘီလီယံ (ကျနော် မှတ်မိသလောက်နော် ယခင် ပို့စ် ရှာမရလို့ပါ)  ရပါတယ် ။ ပြည်ပဘဏ်ကနေ နိုင်ငံခြားငွေ အချို့တဝက် လွှဲတော့ ထုတ်မရတော့ပါဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့က တရားဝင် နိုင်ငံခြားကုန်သွယ်မှုကနေ နိုင်ငံခြားငွေ အခွန်ဆောင်ထားခြင်း မရှိလို့ပါပဲ ။ 

     ပထမအရစ်ထဲက ဒေါ်လာ 76 သန်းလောက် ထုတ်ယူဖို့တောင် အခက်အခဲ ဖြစ်နေကြပါပြီ ။ နောက်ဆုံး မတတ်သာပဲ အစိုးရကို ဖွင့်ပြောရပါတယ် ။ စစ်အာဏာရှင်ကြီးက ဘာပြောသလဲ ဆိုတော့ မြန်မာတွေ မနစ်နာစေနဲ့ တရားဝင်ဖြစ်အောင် လုပ်ပေးလိုက် တဲ့ ။ 

       ဒါတောင်မှ ဗဟိုဘဏ်ကနေ အဆင့်ဆင့် ရစ်နေလို့ နှစ်ပေါက်အောင် စောင့်နေရသေးတယ် ။ နောက်ဆုံးတော့ လူကြီးတွေ ကူညီလို့ သူတို့ငွေတွေ ထုတ်ခွင့် ရသွားပါတယ် ။ ဒီအတိုင်းတော့ မပေးပါဘူး ငွေထားဖို့ သီးသန့် လုံခြုံတဲ့ ငွေတိုက်တခု တည်ဆောက်ခိုင်းပါတယ် ။ 

     ငွေတိုက်ဆောက်ပေးတဲ့ ကံထရိုက်က ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဝါဝါဝင်းရွှေ ဖြစ်ပါတယ် ။ ငွေတိုက်ကို လူကြီးတွေကိုယ်တိုင် စစ်ဆေးပြီး မှ ငွေတွေ ရွှေ့ပြောင်းကြပါတယ် ။ အဲဒီငွေတွေကို အချိုးကျခွဲဝေဖို့ လူစုံတက်စုံ နဲ့ ငွေတိုက်ဖွင့်တဲ့ ရက်မှာပဲ မူလသိုက်ရဲ့ အစွမ်းကို မြင်တွေ့ကြရပါပြီ ။ 

         ဒေါ်ဝါဝါဝင်းရွှေ ၊ ပစ္စည်းရှင် နောလေးဖော တို့ မူးမေ့သွားကြပြီး ဆေးရုံပို့ရပါတယ် ။ ကျန်တဲ့လူတွေ အားလုံး ပိုပြီး အံ့သြသွားကြရတာကတော့ ပိုးဟပ်တကောင် ဝင်မရအောင် စနစ်တကျ အလုံခြုံဆုံး တည်ဆောက်ထားတဲ့ ငွေတိုက်ထဲကနေ မည်းနက်နေတဲ့ အကောင် ၃ ကောင်က.......

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...