Monday, June 7, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ပြေဆေး (17)



         ပိုက်လိုင်းတွေ အတွက် မြန်မာဖက်ကနေ ထည့်ဝင်တဲ့ အချိုး ကတော့ 

ရေနံပိုက်လိုင်း
--------------
တရုတ် SEAP.   50.9 %
မြန်မာ  MOGE.  49.1 %

သဘာဝဓာတ်ငွေ့ပိုက်လိုင်း
-------------------------
တရုတ်     CNPC.    50.9 %

ကိုရီးယားဒေဝူး       25.04 %

ကိုရီးယား KOAAS.  4.17 %

အိန္ဒိယ.     ONGC.     8.34 %

အိန္ဒိယ.      GAIL.        4.17 %

မြန်မာ        ONGE.      7.36 %

          အဲဒီအချိုးအရ ရင်းနှီးမြှပ်နှံမှု ခွဲတမ်းရပါမယ် ။ အဲဒီမြှပ်နှံမှုအတွက် 2010 တုန်းက တရုတ်ဘဏ်ကနေ ယူရို 86.16 ချေးခဲ့ရတယ် ။ ကြွေးဆပ်ကာလ  ရောက်တော့ တိုးရင်း 103.64 ပြန်ဆပ်ရတာကို လွှတ်တော်မှာ NLD တွေ ကျယ်ကျယ်လောင်လောင် အပြစ်တင်ခဲ့ကြတာ ကြားဖူးကြမှာပါ ။ 

တနှစ်ကို ဒေါ်လာ 1.5 ဘီလီယံရဖို့ အရင်းနှီး 86.16 ချေးခဲ့ရတာကိုပဲ အပြစ်မြင်နေတဲ့ တဖက်ပိတ် အောက်တန်းစားစိတ်ဓာတ်ကို မြင်အောင် ကြည့်ကြပါ ။

   ကောင်းပြီ မြေငှားခ အတွက် ကြည့်ပါ ။ နှစ်စဥ် $ 13.81 သန်းရပါမယ် ။ ရေနံစိမ်း တတန်ဖြတ်သွားရင် တဒေါ်လာရပါမယ် ။ သဘာဝဓာတ်ငွေ့ဖြတ်သန်းခ ကုဗပနဲ့ တွက်ယူပါတယ် မှတ်တမ်းမရှိတော့လို့ အတိအကျ မရေးနိုင်တာ ကျနော်ညံ့ဖျင်းမှုပါ ။

        နှစ်စဥ် မြန်မာအတွက် လိုအပ်တဲ့ ရေနံစိမ်းတန် နှစ်သန်း နဲ့ သဘာဝဓာတ်ငွေ့ နှစ် ဘီလီယံ ကုဗပ ဝယ်ခွင့်ရှိပါတယ် ။ 
(သယ်ယူစရိတ် ဘယ်​ေ ာက်သက်သာသွားသလဲ တွက်ကြည့်ပါ)

        အဲဒီ လုပ်ငန်းတွေဟာ 2013 ဇွန်လမှာ ပြီးသွားပါတယ် ။ 

28-7-2013 မှာ ဓာတ်ငွေ့ စမ်းပို့ပါပြီ ။ 

ရေနံပိုက်လိုင်း 30-1-2015 မှ စတင်ပို့ခဲ့ပါပြီ ။ 

        အစိုးရအပြောင်းအလဲ နဲ့ အခြား ပြဿနာ တွေကြောင့် 12-4-2017 ရောက်မှ စီမံကိန်းတခုလုံး စတင်လည်ပတ်နိုင်ပါတယ် ။ 

         မြန်မာက လက်ရှိ သဘာဝဓာတ်ငွေ့ ကုဗပ သန်း ၁၀၀ နေ့စဥ် သုံးနေပါတယ် ။ 

     2019 ဇူလှိုင်အထိ ရေနံတန်ချိန် 1.9 သန်း နဲ့ သဘာဝဓာတ်ငွေ့ ကုဗပပေ 20 ဘီလီယံ တင်ပို့ထားပါပြီ ။ 

      ယခုဆိုလျှင် ၆ လအတွင်း ရေနံတန်ချိန် ၅ သန်း နဲ့  သဘာဝဓာတ်ငွေ့ အများအပြား တင်ပို့ထားပါပြီ ။

       ဒီစီမံကိန်းကနေ မြေယာလျှော်ကြေးတွေ အသံမကြားရအောင် ပေးခဲ့ကြပါတယ် ။ ရရှိသူ ဒေသခံ အများစု ကျေနပ်ခဲ့ကြပေမယ့် မြှောက်ထိုးပင့်ကော်တွေကတော့ ရှိခဲ့တာပါပဲ ။ 

     တပ်မတော် နဲ့ ဦးသိန်းစိန်တို့ကို ဒီ ပိုက်လိုင်း နှစ်ခု နဲ့ ပတ်သက်ပြီး နိုင်ငံရေး ထိုးနှက်ချက် အကြီးအကျယ် လုပ်ခဲ့ပြပေမယ့် သူတို့ မခံစားရပါဘူး ။ တကယ်ခံစားခဲ့တာ NLD အစိုးရပဲ ဖြစ်နေတာ ရက်စွဲ သမိုင်းတွေက သက်သေပါပဲ ။ 

       တပ်မတော်အကြီးအကဲတွေက တိုင်းပြည်အတွက် တည်ဆောက်ရေးတွေ လုပ်ကိုင်ကြရာမှာ အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးပြီး တိုင်းပြည်ကို ဖွံ့ဖြိုးမှု မရှိအောင် လှုံ့ဆော်နေကြတာဟာ အနောက်အုပ်စုရဲ့ အလိုကျ NLD ကဆောင်ရွက်ပေးနေကြတာပါပဲ ။

         အဲဒါတွေက အများပြောနေကြတဲ့ ပိုက်လိုင်းကိစ္စတွေပါပဲ ။ နောက် အရေးကြီးတဲ့ မြင်းခြံ သံမဏိစက်ရုံ ပိတ်ထားတဲ့ ကိစ္စ ပြောချင်ပါတယ် ။ မူလက လူသိနည်းတဲ့ မြင်းခြံ သံမဏိစက်ရုံကြီး အကြောင်းကို အကြွေးဆပ်ရမယ့် စာရင်းထွက်လာမှ တနေ့ကို တိုးရင်းပေါင်း ကျပ်ငွေ သိန်း ၅၀၀၀ ဆပ်ရတော့မယ် ဘာညာ နဲ့ လွှတ်တော်မှာ ထအော်လို့ လူပြောများခဲ့တာပါ ။ 

      သံမဏိစက်ရုံကြီးဟာ မူလတုန်းက ဘရွှေရဲ့ ပြည်ပအားကိုးရမှု လျော့ချရေး စီမံကိန်းထဲက အကြီးစား သံမဏိစီမံကိန်းကြီး ဖြစ်ပါတယ် ။ 

        မြင်းခြံမြို့နယ် ဆားခါး ကျေးရွာ အနီးရှိ မြေဧက 547.2 ဧကပေါ်မှာ တည်ဆောက်ထားတဲ့ သံမဏိစက်ရုံကြီးဟာ မူလတုန်းက MEC မှ ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်ပါတယ် ။ အရင်း ယူရို 1117 သန်းရှိပါတယ် ။ 

       စတင်ချိန်က နေပြည်တော်တည်ဆောက်ချိန်နဲ့ မတိမ်းမယိမ်း 2004 က စတင်ခဲ့တာပါ ။ မူလ ကောလဟာလများအရ နေပြည်တော် အရံဒေသအဖြစ် သတ်မှတ်ထားသလိုလို ကြားခဲ့ကြပါတယ် ။ 

      MEC နဲ့ အီတလီကုမ္ပဏီ Danienli Co:Ltd နဲ့ တည်ဆောက်ခဲ့ပါတယ် ။ ပထမဆုံး ထုတ်လုပ်တဲ့ နှစ်မှာ သံရည်ကြို မီးဖို ၂ လုံးနဲ့  လေးထောင့်သံမဏိတုံးများနဲ့ သံမဏိအပြားများ စမ်းထုတ်ကြပါတယ် ။ 

      Steel Billet တန် တသိန်းခွဲ နဲ့ Steel Slab တန် တသိန်းခွဲ ထုတ်လုပ်ပြီး တနှစ်ထက် တနှစ် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ် ။ 

     ကြီးမားလှတဲ့ လုပ်ငန်းကြီး ဖြစ်လို့ ကုန်ကြမ်းအတွက်ပါ ရေရှည်ကိုက်အောင် စီစဥ်ကြပါတယ် ။ ဒါကြောင့် ပင်းပက် မှာ သံရိုင်းထုတ်ဖို့ ရုရှားနည်းပညာ နဲ့ စက်ရုံတည်ပါတယ် ။ 

     ရုရှားနည်းက ကမ္ဘာမှာ မသုံးရသေးတဲ့ သံကျောက်ကနေ သံပြန်ထုတ်တဲ့ နည်းပညာပါပဲ ။ ရှမ်းတောင်မှာ အလွန်ပေါတဲ့ သံကျောက်ကုန်ကြမ်းကနေ သံရိုင်းထုတ်မယ် ၊ မြင်းခြံကို ပို့ပြီး သံမဏိအဖြစ် အဆင့်မြှင့်ကြမယ်ဆိုပြီး ရည်ရွယ်ကြပါတယ် ။ 

     လုပ်ငန်းပမာဏ အကြီးကြီးတွေဆိုတော့ အချိန်ယူလုပ်ကြရရင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီး စနစ်ပြောင်းသွားပါတယ် ။ ဒီမိုကရေစီစနစ်ဖြစ်လို့ ဒီလောက်ကြီးတဲ့ လုပ်ငန်းကြီးကို ဝန်ကြီးဌာန လေးခုလောက်ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေမှာ ဖြစ်လို့ 1-10-2012 မှာပဲ စက်မှု ၁ ကနေ လွှဲပြောင်းရယူလိုက်ပါတယ် ။ 

     ရရန် ပေးရန် ငွေကြေးကိစ္စများကို စက်မှု  ၁ ကနေ အမွေဆက်ခံချိန်မှာ မြင်းခြံသံမဏိ စက်ရုံကြီးက Steel Billet 130mm × 130mm × 12mm နဲ့ Steel Slab 90mm × !200mm × 9 mm များ ထုတ်လုပ်နေပါပြီ ။ 

       ယင်း နမူနာ သံမဏိများကို အမေရိကန် အခြေစိုက် BCI Co:Ltd ကနေ ထွက်သလောက်ယူမယ်ဆိုပြီး စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာပါပြီ ။ မော်တော်ယဥ်အဟောင်းတွေ အရည်ကြိုပစ်တာ မှတ်မိကြမှာပါ ။ 

   မြန်မာ့စက်မှု သမိုင်းကတော့ သစ်ဆန်းလာပါပြီ ။ အလွန်ပေါများတဲ့ သံကျောက်ရိုင်းတွေကနေ ပင်းပက်က သံရိုင်းထုတ်မယ် ။ ထွက်လာတဲ့ သံရိုင်းကို မြင်းခြံသံမဏိစက်ရုံကနေ အဆင့်မြှင့် သံမဏိထုတ်မယ် ။ ပြီးရင် ထွက်သမျှ စျေးကောင်းပေးဝယ်မယ့် ဝယ်လက်နဲ့လည်း ချိတ်မိပြီ ။

    ဘရွှေကြီး မျှော်မှန်းထားတဲ့ ပြည်တွင်းသုံးရန်မက ပြည်ပငွေပါ ရှာပေးနိုင်မယ့် စက်ရုံကြီး ၂ ခုရဲ့ အနာဂါတ်ဟာ လှပနေပြီလို့ သုံးသပ် ပျော်ရွှင်နေကြချိန်မှာပဲ အဖျက်အမှောင့်တို့ ဝင်လာပါချေပြီ ။ 

    အဖျက်အမှောင့်က တခြားမဟုတ်ဖူး မြန်မာပြည်တိုးတက်မှာ မလိုလားတဲ့ အနောက်အုပ်စု နဲ့ သူတို့ရဲ့ ငွေဝယ်ကျွန်  NLD တွေကြောင့် ပဲ ဖြစ်ပါတယ် ။ 

     NLD တွေ ဘယ်လို ယုတ်မာကြသလဲ ကြည့်ပါ ။ 2017 ဧပြီလ မှာ ကျင်းပတဲ့ လွှတ်တော်ကနေ အံ့သြဖွယ် စက်ဆုပ်ဖွယ် မယုံကြည်နိုင်ဖွယ် ပညာမဲ့သော ယုတ်မာကောက်ကျစ်သော ဆုံးဖြတ်ချက်ကို NLD အမတ်ယုတ်တွေ ညီညာဖျဖျ ဆုံးဖြတ်လိုက်ပါတယ် ။ အဲဒါကတော့ မြန်မာ့အနာဂါတ်မျှော်လင့်ချက်ကို ပက်စက်ယုတ်မာစွာ လုပ်ကြံလိုက်တဲ့..........

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...