Sunday, June 6, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (16)



          လက်ပန်းတောင်စီမံကိန်းက ဟိုတုန်းကတည်းက ရှိခဲ့တာပါ ။ တချိန်တုန်းက လက်ပန်းတောင်းတောင် နားလေးမှာ စပယ်တောင် ဆိုတာ ရှိခဲ့ပါတယ် ။ 

     စံပယ်တောင် နဲ့ လက်ပန်းတောင်းတောင် ကို ပထမဆုံး စမ်းသပ်ထုတ်လုပ်ဖို့ လမ်းဖောက်ခဲ့တာ အိုင်ဟိုဗင့် ကုမ္ပဏီဖြစ်ပါတယ် ။ အိုင်ဟိုဗင့် ကုမ္ပဏီဟာ စံပယ်တောင်မှာ ကြေးနီ စထုတ်တော့ ဘာသံမှ မကြားခဲ့ရပါဖူး ။ 

 - စစ်အစိုးရလက်ထက်ဖြစ်ခြင်း

 - လျှော်ကြေးစနစ် မှန်ကန်ခြင်း

 - ထုတ်လုပ်မှု စနစ် မှန်ကန်ခြင်း 

   တွေကြောင့် စံပယ်တောင်ကုန်သွားတဲ့ အထိ လူသူမသိလိုက်ရပဲထုတ်လုပ်သွားနိုင်ခဲ့ပါတယ် ။ နိုင်ငံရေး အပြောင်းအလဲကြောင့် အိုင်ဟိုဗင့်ဟာ လက်ပန်းတောင်းတောင်ကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး ။ 

     အဲဒီမှာပဲ ထိုခေတ်ထိုအခါက ခြေစွာနေတဲ့ ဦးပိုင်ကုမ္ပဏီက လက်ပန်းတောင်မှ ကြေးနီထုတ်လုပ်ရန် ခွင့်​ပြုချက်လျှောက်ထားပါတယ် ။ ရလည်းရပါတယ် ။ တကယ်ထုတ်မယ်ဆိုတော့ ဦးပိုင်ကုမ္ပဏီမှာ လုံလောက်တဲ့ နည်းပညာ နဲ့ လုံလောက်တဲ့ အရင်းအနှီး မရှိပါဘူး ။ 

        ကြေးနီထုတ်တယ်ဆိုတာ သာမန် ရွှေထုတ်သလို ဧက ၂၀ လောက်နဲ့  တပိုင်တနိုင် လုပ်လို့ ရနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး ။ ဧကပေါင်း ထောင်သောင်းချီပြီး လျှောက်ထား ထုတ်လုပ်ရတာမျိုးပါ ။ အင်မတန်ကြီးတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ် ။ 

        ဒီတော့ ဦးပိုင်ဟာ ပါတနာရှာရင်း ဝမ်ပေါင်ကုမ္ပဏီနဲ့ ချိတ်မိသွားပါတယ် ။ ဝမ်ပေါင်ကလည်း တရုတ်အစိုးရပိုင် ဖြစ်ပါတယ် ။ 

       အဲဒီလို ချိတ်ဆက်ရင်း ခေတ်ကာလအပြောင်း ဦးသိန်းစိန် အတက် လုပ်ငန်းကစနေပြီ နိုင်ငံရေးသမားတွေ သွေးထိုးမှုကလည်း စတင်လာပါပြီ ။ 

     သဘာဝပါတ်ဝန်းကျင် ဘာညာကွိကွတွေ နဲ့ ဒေသခံတွေကို မြှောက်ပေးလာပါတယ် ။ ဒေသခံ အများစုဟာ အိုင်ဟိုဗင့်ကုမ္ပဏီ လက်ထက်ကတည်းက ကြေးချက်ရောင်းစားလာကြတာ ကြာခဲ့ပါပြီ ။ ကုမ္ပဏီစွန့်ပစ်မြေထဲကနေ ကြေးဆက်ထုတ်လို့ ရပါသေးတယ် ။ 

         ဒါပေမယ့် ဒီမိုကရေစီခေတ်အပြောင်း ၂၀၀၈ အသက်ဝင်လာချိန်မှာ မြေယာလျှော်ကြေးတွေ ဘာတွေ ဆူညံလာပါတယ် ။ ကျနော့်အထင်ကတော့ အဲဒီအချိန်မှာ ဦးပိုင် နဲ့  ဝမ်ပေါင်တို့ကလည်း အနိုင်ကျင့် ဗိုလ်ကျပြီး မြေသိမ်းထားတာတွေ ရှိပါလိမ့်မယ် ။ ပုံကြီးချဲ့ ခံရတယ်ဆိုတာ ကိုယ့်ဆီမှာ ပုံသေးသေး ရှိနေလို့ပါ ။ 

     အဲဒီလိုနဲ့ လုပ်ငန်းစတင်တဲ့ အချိန်မှာပဲ ဒေသခံတွေကို သွေးထိုးပြီး သပိတ်မှောက်လာကြပါပြီ ။ ဦးသိန်းစိန်အစိုးရကလည်း ဒီမိုကရေစီသာ ပြောနေတာ သူလည်း ဒီစနစ် နဲ့ အုပ်ချုပ်ဖူးတာ မရှိတော့ ယောင်နန လုပ်ရင်း ကြိုးစားညှိနှိုင်းကြပါတယ် ။

      ဒါပေမယ့် သွေးထိုးမှုတွေ နားယောင်သွားရင် ဖြေထုတ်ဖို့ ခက်ခဲသွားပါပြီ ။ နိုင်ငံအနှံ့အပြားက တက်ကြွလှုပ်ရှားသူတွေ လက်ပန်းတောင်းဒေသကို အုပ်လိုက်ချီတက်လာပြီး ပူးပေါင်း သပိတ်မှောက်ပါတော့တယ် ။ 

      သံဃာတွေ ပါလာတာက နာမည်ကျော် လယ်တီသိမ်ရှိနေတဲ့ အတွက် သာသနာကိစ္စအတွက် ကူညီပါလို့ နိုင်ငံရေးသမားတွေ တောင်းဆိုကြလို့ ပါလာတာပါ ။ အဲဒီမှာပဲ ကျော်မကောင်း ကြားမကောင်း မီးလောင်ဗုံးကိစ္စ ဖြစ်လာပါတယ် ။

       ဦးသိန်းစိန် အစိုးရလည်း အူကြောင်ကြောင်နဲ့ ဘာလုပ်ရမှန်း မသိတော့ပါဘူး ။ ဥပဒေအရ အစိုးရလုပ်တာ မှန်ပေမယ့် ရလာဒ်က မကောင်းတော့ပါဘူး ၊၊ ဦးသိန်းစိန်လည်း ကောလဟာလကို မရှင်းတတ်ပါဘူး ။ ကောလဟာလက ပြည်သူတွေကို စိတ်ပျက်စေခဲ့ပါတယ် ။ ဘာလဲ ဆိုတော့ လက်ပန်းတောင်က ထွက်လာတဲ့ ကြေးကို ဝမ်ပေါင် နဲ့ ဦးပိုင်က 90 % ယူပြီး အစိုးရက 10 % ပဲ ရတယ်ဆိုတဲ့ မြစ်ဆုံခွဲတမ်း ကောလဟာလပါပဲ ။ 

      အစိုးရတွေက အဲသလောက် ညံ့ပါ့မလားဗျာ ။ သတ္တုတွင်း ဥပဒေနားမလည်တဲ့ သာမန်ပြည်သူတွေကတော့ ယုံကြည်ကြတာပေါ့ ။ အမှန်က အဲဒါ မဟုတ်ပါဘူး ။ လက်ပန်းတောင်းတောင် စီမံကိန်းရဲ့ စာချုပ်က

Production Shaning Contract (PSC) စနစ်ပါ ။ 

     အဲဒီစနစ်အရ မြေပိုင်အစိုးရ နဲ့အရင်းနှီးပိုင်တို့ ခွဲဝေမှု အချိုး

နိုင်ငံတော်     51 %
ဝမ်ပေါင်        30 %
ဦးပိုင်             19 %

        အဲဒီအချိုးအတိုင်း ထွက်သမျှ ကြေးနီတွေကို ခွဲဝေယူကြပါတယ် ။ ဒီနေရာမှာ ဦးပိုင်က ဘယ်လိုပါလာရတာလဲ ဆိုတော့ ဦးပိုင်သည် လုပ်ငန်းစတင်လျှောက်ထားသူ မူလမြေပိုင် အမည်ပေါက် ဖြစ်ပြီး အရင်းတစိတ်တပိုင်း ထည့်ဝင်ထားသည့် အတွက် ဝမ်ပေါင် ရရှိမည့် 49 % မှ ခွဲဝေရရှိသူ ဖြစ်ပါတယ် ။ နိုင်ငံတော်၏ ခွဲတမ်း 51 % သည်ကား မည်သူကိုမျှ ခွဲဝေပေးစရာ မလိုပါဘူး ။ 

       ဒီနေရာမှာ PSC စနစ်အရ ထွက်လာတဲ့ ကုန်ချော၏ 51 % အား ရယူခံစားပြီး ဖြစ်တဲ့ အတွက် သတ္တုတွင်း ဥပဒေအရ မြေယာငှားရမ်းခအား စတိသဘောမျှသာ သတ်မှတ်ရပါတယ် ၊ အဲလို မဟုတ်ရင် ပူးပေါင်းလုပ်မည့် ကုမ္ပဏီ မရှိနိုင်ပါဘူး ။

     ဒီစနစ် ဒီဥပဒေကို နားမလည်ပဲ NLD လွှတ်တော်မှာ မြေငှားခ နည်းနေကြောင်း အဆိုတင်သွင်းခဲ့သေးတဲ့ အမတ်မင်းရဲ့ ဗဟုသုတကလည်း အံ့သြစရာပါပဲ ။ 

      ပြဿနာဆီ ပြန်သွားကြပါစို့ ။ သံဃာတွေ မီးလောင်ခံရတော့ လက်စများသွားပြီ ဆိုကာ ဦးသိန်းစိန် အစိုးရမှ ဝန်ကြီးများကိုယ်တိုင် တိုင်းသိပြည်သိ ကန်တော့တောင်းပန်ကြပါတယ် ။ ကျနော့်တသက်မှာ အစိုးရက တောင်းပန်တာ ဒီတကြိမ်ပဲ တွေ့ဖူးပါတယ် ။ နောက်တော့ ဦးသိန်းစိန်ဟာ လက်ပန်းတောင်းတောင် ပြဿနာကို ဒေါ်စုကြည်ထံ လွှဲပေးပါတယ် ။ 

        ဥပဒေနဲ့ ကိုက်ညီနေခြင်း ၊ တရားမျှတသော ခွဲဝေမှုစနစ်တို့ကြောင့် ဒေါ်စုကြည်က ဆက်လုပ်ဖို့ အကြံပေးပါတယ် (ဒါတောင် စာချုပ်ကို ဒေါ်စုကြည်ကြောင့် ပြင်ပေးရလို့ ခွဲတမ်းရလာသယောင် ပြောကြပါသေးတယ် ၊ စာချုပ်ပြင်ဖို့ အဲသလောက် လွယ်မလားဗျာ)

       မြေယာလျှော်ကြေး သီးနှံလျှော်ကြေး တွေ တိုးမြှင့်သတ်မှတ်ပြီး ပေးလျှော်စေခြင်း ၊ လယ်တီသိမ်အား ရွှေ့ပြောင်းရန် အကြံပေးခြင်းများအား ဒေါ်စုကြည် ဆောင်ရွက်ခဲ့ပါတယ် ။ ဒါတွေကို ဦးသိန်းစိန်ရဲ့ ခပ်ညံ့ညံ့ပြန်ကြားရေး ဌာနက ပြည်သူတွေ သိအောင် မပြောကြားနိုင်ခဲ့ပါဖူး ။

      အဲလိုနဲ့ လက်ပန်းတောင်းတောင်ရဲ့ အသီးအပွင့်တွေကို အားပါးတရ စားသုံးခွင့်ဟာ NLD လက်ထက်မှ စတင်ခံစားခဲ့ရတယ် ဆိုတာကိုတော့ သိရှိသူပြည်သူ အတော်နည်းသွားပါပြီ ။ 

        အဲဒါတွေက ကြံ့ခိုင်ရေးပါတီကို လူမုန်းသွားအောင် တိုက်ခိုက်တဲ့ အထဲမှာ အရေးပါတဲ့ လက်ပန်းတောင်းတောင် ဖြစ်စဥ်တွေပါပဲ ။ မီဒီယာ အလွန်ညံ့ဖျင်းခဲ့လို့ အမှန်တရားကို သိရှိခဲ့သူ မရှိသလောက်ဖြစ်ခဲ့ရပါတယ် ။ 

        တပ်မတော်ကို အပုပ်ချခဲ့တဲ့ အထဲမှာ မြစ်ဆုံ နဲ့ လက်ပန်းတောင်းပြီးရင် အရေးကြီးတဲ့ ရေနံပိုက်လိုင်းကိစ္စ ပြောကြရပါမယ် ။ မြန်မာပြည်ကို ခါးဖြတ်ရောင်းစားတယ်တို့ ဘာတို့ အလွန်အကျူး တင်စားပြီး တပ်မတော်ကို အပုပ်ချရ ပြီးရောဆိုတဲ့ ကိစ္စရဲ့ အမှန်တရားက ဒီလိုပါ ။ 

       တရုတ်ဟာ သူ့ရဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရာမှာ ရှည်လျှားပြီး အန္တရာယ်များတဲ့ မလက္ကာရေလက်ကြားကနေ တင်ပို့နေရပါတယ် ။ အဲဒီရေလက်ကြားကို ပိတ်ထားရင် လောင်စာပြဿနာ တက်မှာ သေချာပါတယ် ။ 

       မြန်မာကနေ ပိုက်လိုင်းနဲ့ သွယ်ရင် ကီလို 1200 (မိုင် ၇၅၀) ပဲ ရှိလို့ လမ်းတိုပြီး အန္တရာယ်ကင်းမယ် ။ 

     ပိုက်လိုင်းအတွက် ငွေသုံးခြင်းဖြင့် မြန်မာအတွက်လည်း အနောက်က ဖိအားကို ကူညီ​ဖြေလျော့ပေးလာနိုင်မယ် (တရုတ်ရဲ့ မဟာဗျူဟာ ကြားခံနိုင်ငံအဖြစ်)

        မြန်မာ့တပ်မတော်ရဲ့ ပိုက်လိုင်းအပေါ် အကာအကွယ်ပေးနိုင်မှုကို ယုံကြည်ရတယ် ။ 

       စစ်တွေ ကူမင်း ရထားလမ်းစီမံချက်ရှိနေလို့ တချက်ခုတ် နှစ်ချက်ပြတ် ဖြစ်နေလို့ ကုန်ကျစရိတ် သက်သာမယ် ။

     တရုတ်တွေက အဲဒီလို တွက်ချက်ပြီး 2007 မှာ ပိုက်လိုင်းကိစ္စ အဆိုပြုကြတယ် ။ 

      2-11-2008 အကြမ်းဖျင်း သဘောတူတယ် ။ 

     2008 ဒီဇင်ဘာမှာ မြန်မာလုပ်ကွက် A1 နဲ့ A3 က ဓာတ်ငွေ့ကို ဒေဝူးကုမ္ပဏီမှ တရုတ်ကို တင်ပို့ရန် လက်မှတ်ထိုး ။

      16-6-2009 မှာ နားလည်မှု စာချွန်ထိုး ။

      31-10-2009 မှာ မဒေးကျွန်းဖွင့်ပွဲ လုပ်ခဲ့ ။ 

     2011 ဇွန်လမှာ အသေးစိတ် ရှယ်ယာ လက်မှတ်ထိုးကြတယ် ၊ ဝန်ကြီးချုပ်ဦးသိန်းစိန် နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့ တက်ရောက်ခဲ့တယ် ။ 

          မြန်မာအစိုးရ နဲ့ တရုတ်တို့ရဲ့ ပိုက်လိုင်း ကိစ္စအတွက် မြေယာလျှော်ကြေး ၊ သီးနှံလျှော်ကြေး ၊ ရှယ်ယာကိစ္စ ၊ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ဖြတ်သန်းခ ၊ အစရှိတဲ့ အသေးစိတ်ကိစ္စတွေမှာ မြန်မာတွေ နစ်နာခဲ့ကြရသလား ။ 

      စစ်ဗိုလ်ချုပ်ကြီးတွေ လာဘ်စားပြီး တရုတ်အလိုကျ လုပ်ပေးခဲ့ကြသလား ဆိုတာ လေ့လာကြည့်ကြပါစို့ ဗျာ ။ 

     ပိုက်လိုင်းဟာ ကီလို 800 (မိုင် ၅၀၀)  ရှိပါတယ် ။ ရခိုင် ၊ မန္တလေး ၊ မကွေးတိုင်းရှိ မြို့နယ် ၂၂ မြို့နယ်ကို ဖြတ်သွားရပါတယ် ။ 

       ပိုက်လိုင်း ၂ ခုရဲ့ ကုန်ကျစရိတ်က 2.54 ဘီလီယံ ရှိပါတယ် ။ 

     ရေနံပိုက်လိုင်းက $ 1.5 ဘီလီယံ ကုန်ပြီး တနှစ်ကို တန်ချိန် ၂၂ သန်း တင်ပို့ပါမယ် ။ အရှည်က 771 ကီလို (မိုင် ၄၈၀) ။ 

       သဘာဝဓာတ်ငွေ့ပိုက်လိုင်းက $ 1.04 ဘီလီယံကုန်ကျပြီး တရုတ် မြန်မာ ကိုရီးယား အိန္ဒိယ လေးနိုင်ငံ အစုရှယ်ယာ ထည့်ထားရတယ် ။ အရှည်က 793 ကီလို (မိုင် ၅၀၀ ခန့်) ရှိပါတယ် ။ 

       ကဲ မြန်မာပြည်ကို ရရှလာမယ့် ဝင်ငွေကို ပြန်ကြည့်ကြပါစို့ ။ ဒီစီမံကိန်းကနေ တနှစ်ကို ဒေါ်လာ 1.5 ဘီလီယံ ရမယ်လို့ တရုတ်ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ 

     ကောင်းပြီ ဘယ်ကဏ္ဍတွေက ရလာမှာလည်း ကြည့်ကြပါစို့......

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...