Monday, June 7, 2021

အာဏာမက်သူ ဘယ်သူလဲ



        ကိုစိုးတယောက် မနက်လင်းတာနဲ့ စပ်ဖြီးဖြီးနဲ့ ရောက်လာတာပါပဲ ။ လက်ဖက်ရည်ဆိုင်ရောက်တော့ 

"ဟေ့ ကောင် ဒီတခါ မင်းအကောင့် ကျတာ ဟိုဖက် ဒီဖက် တွယ်လို့ဖြစ်မယ် ကွ '' 

"ဘာဖြစ်လို့လဲ ဗျ ''

"မင်းက ငါ့ကို ရွဲ့ပြီး ဟိုပုံတင်တဲ့သူက ဘာဖြစ်လို့ ဒီပုံတင်တဲ့ သူက ဘာဖြစ်လို့ နဲ့ ဖဲ့တာကိုးကွ ။ နှစ်ဖက်လုံးက အဲလိုလူတွေချည်းလေ မင်းကို ဒီတခါ တက်ညီလက်ညီ ဆော်လိုက်တာ နေမှာ 😁😁😁😁''

"ပေါက်ကရ ပြောပြီ မဆိုင်ပါဘူး ဗျာ ဒီအချိန်ဆို ကျနေကြ ကလန်ဒါ အတိုင်း ကျသွားတာပါ ''

"အေး ဒီနေ့တော့ မင်းကို မေးမယ် ကွာ ပြည်သူတွေ ပြောနေတဲ့ အာဏာရူးတယ် အာဏာမက်တယ် ဆိုတဲ့ ကိစ္စကို မင်းဘယ်လိုမြင်သလဲ ကွ ''

"ဘယ်သူ့ကို ရည်ညွှန်းတာလည်း ဗျ '' 

"ထင်ရှားတဲ့ သူတွေဆိုရင် ဦးနေဝင်း ၊ ဦးသန်းရွှေ ၊ ဒေါ်စုကြည် နဲ့ အခု တပ်ချုပ်ကြီး တို့ လေးယောက် ဘယ်သူက အာဏာရူးသလဲ ပြောကြည့်ကွာ ''

"အင်း သမိုင်းကြောင်း အရ သက်သေနဲ့ ပြောနိုင်မှ ဖြစ်မယ့် ကိစ္စဗျ ''

"အေးပြောစမ်း ကွာ ''

"ပထမဆုံး ဦးနေဝင်း ပေါ့လေ သူအာဏာသိမ်းတယ် OK အာဏာရူးလို့ သိမ်းရတာလား ဆိုတော့လည်း သိမ်းစဥ်ကာလ နိုင်ငံရေး အခင်းအကျင်းအရ သိမ်းမှ ဖြစ်မယ့် အနေအထားလို့ သုံးသပ်ရတယ် ဗျ ''

"အေး သိမ်းပြီးတော့ကောကွာ ''

"အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့တာ ငြင်းမရပါဘူး သို့သော် အာဏာရမ္မက် အလွန်တပ်မက်ရူးသွပ်တယ်လို့ မပြောနိုင်ဖူး ဗျ ''

"ဟကောင် ၂၆ နှစ်လုံးကွာ နောက်ပြီး ၈၈ တော်လှန်ရေးမှ ပြုတ်သွားတာလေ ''

"ခင်ဗျားက လေ့လာမှု အားနည်းတာကိုးဗျ ၈၈ မတိုင်ခင်ကတည်းက မဆလအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ဆို ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းကြမယ်လို့ တရားဝင် ပြောဖူးပါ့ ဗျာ ''

"ပုံပြင် မပြောနဲ့နော် သက်သေနဲ့ ပြော ''

"၁၉၈၀ -၈၁ တုန်းက မဆလ နဲ့ KIA တို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့ KIA က နိုင်ငံရေးထဲဝင်ပြီး ယှဥ်ပြိုင်မယ် ဒါပေမယ့် မဆလ ပါတီလည်း မဝင်နိုင်ဖူး ပါတီစုံလုပ်ပေးရင် ငြိမ်းချမ်းရေး ယူပြီး ရွေးကောက်ပွဲဝင်မယ်လို့ ပြောတယ် ဗျ ''

"ဦးနေဝင်းက ဘောင်းဘီဇစ် ဖြဲမပြဖူး လား ''

"ဟဲ ဟဲ မဆလအစိုးရက ငြိမ်းချမ်းရေးရမယ်ဆိုရင် ပါတီစနစ် ပြောင်းပေးမယ်လို့ တထိုင်တည်း အဖြေပေးလိုက်တယ် ဗျ ''

"ဟိုက်....ဒါဆို KIA က..... ''

"မဖြစ်နိုင်တာ တောင်းဆိုမိတာကို လိုက်လျောပေးတဲ့ မဆလပါတီ နဲ့ ဦးနေဝင်းတို့ ရဲ့ အဖြေကြောင့် အံ့သြတုန်လှုပ် သွားကြတာပေါ့ ဗျာ ''

"ဟားးးးးသူတို့ မပြောနဲ့ ငါတောင် အံ့သြသွားပါ့ ကွာ ''

"ကဲ အဲဒါ တချက် နောက်ပြီး ဦနေဝင်းက ၈၈ ကြောင့် ပြုတ်တာ မဟုတ်ဖူး သူ့ဘာသာ နှုတ်ထွက်သွားတာ သူဆက်ပြီး အာဏာရူးလို့ အုပ်ချုပ်ချင်ရင် စောမောင်ရေ တွယ်စမ်းကွာ ဆိုရင် ခင်ဗျား မှီပါတယ် ၈၈ အထွေထွေသပိတ်ကြီး ဘယ်နှစ်ရက် ဖြိုခွဲရလို့ လဲ ဗျာ ''

"ဒီတော့ ဦးနေဝင်း က.... ''

"အာဏာတယောက်ထဲ ကိုင်ထားရလို့ သြဇာကြီးခဲ့ပေမယ့် လူတွေ အပုပ်နေသလောက် အာဏာမရူးဖူး ဗျ သူ့စိတ်ထဲမှာ တိုင်းပြည်အတွက် လိုအပ်လာရင် စွန့်လွတ်နိုင်တယ် ဆိုတာ KIA နဲ့ ဆွေးနွေးပွဲရယ် ၈၈ မတိုင်ခင် အာဏာစွန့်နိုင်တာရယ် က သက်သေပဲ လက်ခံတာ မခံတာကတော့ ခင်ဗျားရဲ့ ကျိုးကြောင်းဆင်ခြင်ဥာက် အတိမ်အနက်အပေါ် မူတည်ပါလိမ့်မယ် ''

"အင်းးးလက်မခံရင်လည်း ဥာဏ်တိမ်ရာရောက်အောင် အတော်ပြောတတ်တဲ့ ပခန်းသား ကွာ ကဲ ဦးသန်းရွှေ ကရော ''

"ဦးသန်းရွှေကလည်း တချက်ပဲ ကြည့်လေ သူလျှမ်းလျှမ်းတောက်နေစဥ်မှာပဲ ဒီမိုကရေစီ အုတ်မြစ်ကို စနစ်တကျ တည်ဆောက်တယ် ။ အာဏာစွန့်ဖို့ အချိန်ယူပြင်ဆင်ပြီးမှ ငြိမ်းငြိမ်းချမ်းချမ်း သက်သက်သာသာ လွှဲပေးခဲ့တာ အာဏာရူးလို့ စွတ်စွဲလို့ သင့်ပါမလား ဗျာ ''

"အေးပါ  အေးပါ  ဒေါ်စုကြည်ကရော ''

"မျက်မြင် ပူပူနွေးနွေး ဗျာ ၂၀၂၀ မဲခိုးပွဲက သူအာဏာမက်လို့ ဖြစ်လာတာလေ ''

"နေပါအုံး ကွာ မဲခိုးတဲ့ စွတ်စွဲချက်တွေ ထွက်နေပေမယ့် တဖက်သက်ပြောနေတယ်လို့ ဝေဖန်နေတာကရော ''

"ခင်ဗျား တူမလေး ကျနော့်အိမ်ထဲ ဝင်လာတယ် ၊ ပြန်ထွက်တာ ဘယ်သူမှ မတွေ့လိုက်ဖူး ခင်ဗျားသတင်းရလို့ လာရှာတယ် ကျနော်က မရှိဘူး မသိဖူး အရှာမခံနိုင်ဖူး ဆိုရင်.......''

"မင်း မဟုတ်တာ လုပ်ထားလို့ပေါ့ကွ လိပ်ပြာလုံရင် အရှာခံရဲရမှာပေါ့ ''

"ဒါပဲလေ မဲခိုးတယ် စွတ်စွဲခံရရင် ဖြေရှင်းလေ မဖြေရှင်းရင် ကဲ......''

"အေးပါကွာ ကြားထဲက ငါ့တူမ ဘဝပျက်ပါ့မယ် ထားပါတော့ အခု တပ်ချုပ်ကြီးကရော ''

"သူအာဏာရယူထားတာကလည်း အားလုံးသိနေတာပဲ လိုအပ်လို့ လုပ်တယ်ဆိုတာ သိသာနေတာပဲ ၊ ရှေ့ရှောက် သူ့ရဲ့ ဆောင်ရွက်ချက်တွေကို အစအဆုံး ကြည့်ပြီးမှသာ အာဏာရူးလား အာဏာမက်သလား ဆိုတာ ကောက်ချက်ချရမယ်လေ အခုချိန်မှာ မင်းသားက စင်ပေါ်မှာ ကနေတုန်း တီးလုံးဆုံး ကကွက်ပြီးမှ ကောင်းမကောင်း ဝေဖန်ရမှာ ဗျ ''

"ကောင်းတယ် ကွာ ဟုတ် ဟုတ် မဟုတ် ဟုတ် မင်းကတော့ တကယ့် လော်ဘီပဲ😁😁😁😁''

"မသာကြီး လာမေးပြီး ဖောက်လာပြီ ပြန်တော့ ဗျာ...''

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...