Monday, June 14, 2021

တိုင်းပြည်အနာဂါတ်ရဲ့မျှော်လင့်ချက် (10)



           ကိုစိန်အောင်တယောက် သမ္မတကြီး ဦးသိန်းစိန်ထံ ဆက်သွယ်ရန် ကြိုးစားခဲ့ရာ မှ 22-2-2013 မှာ သူ့ရဲ့ သမ္မတထံ တင်ပြစာကို အောက်ပါအတိုင်း ထိရောက်စွာ ပေးပို့နိုင်ခဲ့ပါတယ် ။
                 
(က) နိုင်ငံတော်သမ္မတကြီး အား လေးစားကြည်ညိုကာ အားကိုးယုံကြည်စွာဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင်အထောက်အပံ့ဖြစ်စေနိုင်သော၊
တစ်နည်းအားဖြင့်နိုင်ငံတော်၏ချမ်းသာကြွယ်ဝမှုကိုဖြစ်စေနိုင်သော အရေးကြီးကိစ္စ တစ်ရပ်အနေနှင့်ကျွန်တော်ဦးစိန်အောင်မှရိုသေလေးစားစွာဖြင့်လျှောက်ထား တင်ပြအပ်ပါသည်။

( ခ ) ကျွန်တော်သည် နိုင်ငံသားစိစစ်ရေး အမှတ်၁၂/မဂတ(ပြု)၀၀၁၁၃၃ကိုင်ဆောင်ထားသူဦးစိန်အောင်ဖြစ်ပါသည်။ကျွန်တော်၏ဖခင်ဖြစ်သူမှာနိုင်ငံသား စိစစ်ရေးအမှတ် ISN ၁၃၇၂၁၄ကိုင်ဆောင်
သူဦးမောင်ချို(ခ)ဦးအေးချိုဖြစ်ပါသည်။ကျွန်တော့်ဖခင်မှာ(၂၄-၆-၂၀၀၈) ခုနှစ်တွင် အင်းစိန်အကျဉ်းထောင်၌ အထက်ပါနိုင်ငံခြားငွေများနှင့်ပတ်သက်၍ အပြစ်ဒဏ်ကျခံနေရာမှ ထောင်ဆေးရုံတွင် နာတာရှည်အဆုတ်ရောဂါနှင့်နှလုံးရောဂါတို့ကြောင့်ကွယ်လွန်သွားခဲ့ပါသည်။

( ဂ ) ထိုစဉ်ကကျွန်တော်မှာဖခင်ကြီးကွယ်လွန်ရခြင်းအကြောင်းအားသိရှိရသော်လည်းအဓိကကျလှသောအရေးကြီးသက်သေခံစာရွက်စာတမ်းအထောက်အထားများ မည်သည့်နေရာ တွင်ရှိသည်ကိုလုံးဝမသိရှိခဲ့ပါ။ဖခင်မှကျွန်တော့်အား ၎င်းသေဆုံးရမည်ကိုသိရှိခဲ့ပြီးကျွန်တော့်အားအပြစ်ဒဏ်မကျခံစေလိုသဖြင့်၊ ၎င်းငွေကြေးများ နှင့် သက်ဆိုင်
သောကိစ္စများအားမလှုပ်ရှားရန်၊လုံခြုံစွာနေထိုင်၍မိမိ၏အသက်ရှင်ရေးကိုသာဂရုစိုက်နေထိုင်ရန်၊အချိန်အခါ ရောက်လာလျှင် ထိုငွေများကို နိုင်ငံတော်သို့ လွှဲပြောင်းအပ်နှံရန်မှာကြားခဲ့ပြီးနောက်ဖခင်ကြီး
မှာကွယ်လွန်သွားခဲ့ပါသည်။

(ဃ) ကျွန်တော်သည် မိမိ၏အသက်အန္တရာယ်အတွက်လုံခြုံစွာရှောင်ပုန်းနေထိုင်ရင်းဆင်းရဲပင်ပန်းစွာရပ်တည်ခဲ့ရပါသည်။ ယခုအခါဖခင်ကြီး၏ဆွစ်
ဇာလန်နိုင်ငံပြည်ထောင်စုဘဏ်မှထုတ်ပေးသောပိုင်ရှင်၏မူရင်းစာရွက်စာတမ်းအထောက်အထားများအားကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး၊နိုင်ငံအတွင်းမှာပင် ထိန်းသိမ်းထားရှိပါသည်။ ထိုကိစ္စများကိုသိရှိ
သူများမှာ လောဘဇောဖြင့် ကျွန်တော့်အားရှာဖွေဆက်သွယ်နေကြသဖြင့်ကျွန်တော်တို့မိသားစုမှာရတက်မအေးစဖွယ် ခံစားနေရပါသည်။ ထိုသက်သေခံ အရေးကြီး စာရွက် စာတမ်းများ အား နိုင်ငံတော်သမ္မတကြီးထံအမြန်အပ်နှံကာ၊ကျွန်တော့်ဖ
ခင်ကြီး၏ ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့မိသားစု၏ အသက်အန္တရာယ် လုံခြုံရေး၊တိုင်းပြည်သာယာ ဝပြောရေးတို့ကို ဖြစ်စေ၍ အားလုံးငြိမ်းချမ်းမှုနှင့်ကောင်းမွန်သောအပြောင်းအလဲများကို ဖြစ်စေရန် အမြင်မှန်ရလျက် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။

( င ) ဆွစ်ဇာလန်ဘဏ်၏တောင်းဆိုချက်မှာဖခင်ဖြစ်သူ၏သေစာရင်းမူရင်း၊၎င်းတို့ဘဏ်မှဖခင်ကြီး၏ DNA  စစ်ဆေး၍ ထုတ်ပေးခဲ့သော အထောက်အထား စာရွက်စာတမ်းမူရင်း၊အမွေဆက်ခံည့်DNA တူညီစွာ စစ်ဆေးခံနိုင်သောသက်ရှိအမွေဆက်ခံသူတို့နှင့်နိုင်ငံတော်သမ္မတကြီး၏ ထောက်ခံချက်တို့ဖြင့်ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း ဆက်သွယ်စုံစမ်းပေးသူများ၏ပြောပြချက်အရ သိရှိရပါသည်။
ပုံစံတူဖြင့် လှုပ်ရှားနေသော ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ၊ပုဂ္ဂိုလ်များအနေနှင့်လည်း သက်ဆိုင်ရာ ဘဏ်သို့တောင်းဆိုမှုများရှိခဲ့ကြောင်း ကြားသိရပါသည်။

( စ ) ထို့အပြင် ထိုငွေများ၏ အရေးကြီးသက်သေခံစာရွက်စာတမ်းအထောက်အထား များကို ထိန်း
သိမ်းထားသူမှာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်၍ ၎င်းမှရုတ်တရက်ကွယ်လွန်သွားပါက ထိုသက်သေခံများ တင်ပြနိုင်ရေးမှာ အခက်အခဲ ကြုံရမည်ဖြစ်ပါသည်။၎င်းအပြင် အဆိုပါ သက်သေခံများအခြားသူများ လက်ဝယ်သို့ ရောက်ရှိသွားပါကလည်းမလိုလားအပ်သော (ဂျော့ခ်ျဆိုးရော့စ်ကဲ့သို့) နိုင်ငံခြားမှ ပတ်သက်ပါဝင်မှုများပါ ရှိလာနိုင်၍ ထိုသက်သေခံပစ္စည်းများကို နိုင်ငံတော်မှ လက်ဦးမှုရယူပြီး အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန်ယခုကဲ့သို့ထုတ်
ဖော်တင်ပြရခြင်းဖြစ်ပါသည်။

(ဦးစိန်အောင်)

      အဲဒီလို ကိုစိန်အောင်က တင်ပြပြီးတဲ့ နောက်တနေ့မှာပဲ သမ္မတထံ ဆက်သွယ်ပေးသူကလည်း ထပ်မံပြီး သမ္မတကြီး ဦးသန်းစိန်ထံ အစီရင်ခံတစောင်ကို 23-2-2013 မှာ တင်သွင်းခဲ့ပြန်ပါတယ် ။ 
အဲဒီစာကေတာ့

(က) ဆွစ်ဇာလန်နိုင်ငံ၊ ပြည်ထောင်စုဘဏ် တွင်အပ်နှံထားခဲ့ကြသောဦးကျော်ဝင်း၏ 
USD 26,000,000,000,000  ၏ သက်
သေခံ Gold C.D.S Certificate,   
ဦးအေးချို ၏
USD 8,000,000,000,000 ၏သက်သေခံGoldC.D.S Certificate တို့ နှင့်အတူ အင်္ဂလန်နိုင်ငံ
Barclays ဘဏ်တွင် အပ်နှံထားသော ဦးရန်နိုင်ထွန်း၏ USD 45,000,000,000 ၏ သက်သေခံPromissory Noteအားသက်ဆိုင်ရာကာယကံရှင်များ၏ဆန္ဒအရ နိုင်ငံတော်သမ္မတကြီးထံလာရောက်အပ်နှံ၍ ထိုငွေများအား နိုင်ငံတော်သို့ အ
မြန်ဆုံး လွှဲပြောင်းပေးအပ်လိုပါကြောင်း တင်ပြရခြင်းဖြစ်ပါသည်။

( ခ ) အထက်တင်ပြပါငွေများသည် (၁၉၉၅)ခုနှစ်ဝန်းကျင်ခန့်က၊ ကရင်ပြည်နယ်၊ ဒုံဇရစ်ဒေသနှင့်ပဲခူးတိုင်း၊ရွှေကျင်/မဒေါက် ဒေသတစ်ဝိုက်ရှိ ရှေး
ဟောင်းစေတီပုထိုးနှင့်သာသနိအဆောက်အအုံများမှပတ္တမြား(၂၇)လုံး၊ပတ္တမြားလည်ဆွဲ(၁)လုံးသာသနာပိုင် ပြည်တန်ပတ္တမြားကြီး(၁)လုံး၊ နီလာ
လည်ဆွဲ(၁)လုံး၊စိန်ကြီး(၁)လုံးတို့အား ရှာဖွေတူးဖော်သူ စောမိုးခိုင်နှင့် အဖွဲ့ထံမှ ဦကျော်ဝင်းနှင့် ဦးအေးချိုတို့လက်ခံရရှိခဲ့ပြီးပြည်ပနိုင်ငံများသို့ထွက်၍ရောင်းချရရှိထားသောငွေကြေးများဖြစ်ကြောင်သက်ဆိုင်ရာ ကာယကံရှင်များထံမှသိရှိရပါသည်။

( ဂ ) ဦးကျော်ဝင်းနှင့် ဦးအေးချိုတို့သည် (၂၀၀၈)ခုနှစ်ဝန်းကျင်ခန့်က အင်းစိန်အကျဉ်းထောင်တွင်အထက်ပါ နိုင်ငံခြားငွေများနှင့်ပတ်သက်၍အပြစ်ဒဏ် ကျခံနေရာမှ ထောင်ဆေးရုံတွင် အဆုတ်ရောဂါနှင့် နှလုံးရောဂါတို့ကြောင့် ကွယ်လွန်သွားခဲ့ကြပြီး၊ဘဏ်သက်သေခံမူရင်းစာရွက်စာတမ်းများကိုသူငယ်ချင်းဖြစ်သူဦးရန်နိုင်ထွန်းထံတိတ်တဆိတ်အပ်နှံထားခဲ့ရာမှဦးရန်နိုင်ထွန်းသည်ကနေဒါနိုင်ငံသို့ တိမ်းရှောင်သွားခဲ့ပါသည်။ဘဏ်မူရင်းစာရွက်စာတမ်းများကို ၎င်း၏ ဇနီးဖြစ်သူထံ အပ်နှံထားခဲ့ရာလူယုံဖြစ်သူ ဦးအောင်ခူး[၁၄/ဖပန(နိုင်)၁၁၁၀၃၆] မှ Scan မိတ္တူများအား တင်ပြလာခဲ့ပါသည်။

(ဃ) ကျွန်တော့်အနေဖြင့်အထက်ပါနိုင်ငံခြားငွေကြေးများကိုနိုင်ငံတော်သို့လွှဲပြောင်းပေးအပ်ခြင်းသည်သာအမှန်ကန်ဆုံးဖြစ်မည်ဟုခံယူသကဲ့သို့ကာယကံရှင် ဦးကျော်ဝင်းနှင့်ဦးအေးချိုတို့၏ဆန္ဒများနှင့်လည်း ကိုက်ညီနေပါသဖြင့် ယခုကဲ့သို့ပူး
ပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။သမ္မကြီးဆုံးမခဲ့ဖူးသည့်အတိုင်း အကျိုးရှိမယ်ဆိုရင် သေချာတာ၊ မသေချာတာထက်၊ အချိန်ဆွဲမထားပဲ၊အထက်အကြီးအကဲထံဦးစွာတင်ပြရခြင်းဖြစ်ပါသည်။

( င ) သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီး မှသက်ဆိုင်ရာ ကာယကံရှင်များ၏ ကြည်ညိုလေးစားယုံကြည်အားကိုးသည့်ဆန္ဒတို့နှင့်အညီ လမ်းညွှန်စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် ပူးတွဲပါသက်သေခံစာရွက်စာတမ်းများနှင့်
အတူတင်ပြအပ်ပါသည်။

    ဆိုပြီး ထပ်ဆင့်တင်ပြခဲ့ပါတယ် ။ သမ္မတကြီး ဦးသိန်းစိန်ဟာ သူ့လက်ထဲကို ရောက်ရှိလာတဲ့ တင်ပြစာ ၂ စောင် မြင်တွေလိုက်ရပြီးတာ နဲ့ ချက်ခြင်းပဲ ........?

     မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...