ရုရှားနိုင်ငံအနေနဲ့ မြန်မာပြည်ကို စစ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး အကူညီပေးခဲ့တာ များလှပါပြီ ။ ယခု အရေးကြီးတဲ့ စစ်ဘက်သုံး ရေယာဥ်အကြီးစား ဆိပ်ကမ်း အသုံးပြုခွင့် သဘောစာချုပ် ချုပ်ဆိုခဲ့ပြတာ သူဘာပြန်လိုချင်သလဲလို့ တွေးစရာတွေလည်း ရှိနေပါတယ် ။
ရုရှားအတွက် ကမ္ဘာ့မြောက်ခြမ်း နဲ့ တောင်ဖက်ခြမ်းကို ကူးလူးဆက်ဆံနိုင်ဖို့ အိန္ဒိယ သမုဒ္ဒရာ နဲ့ ပစိဖိတ် ဒေသရှိ ဆိပ်ကမ်းတခုကို သုံးစွဲခွင့် ရလိုက်တာဟာ အလွန် တန်ဖိုးကြီးပါတယ် ။
အမေရိကန် နဲ့ တရုတ် အားပြိုင်မှု ကြားထဲမှာ ညှပ်နေတဲ့ မြန်မာပြည်ဟာ တတိယအင်အားစု ရုရှားကိုပါ ကစားကွက်ထဲ ထိုးသွင်းလိုက်တဲ့ အတွက် တုန့်ပြန်မှုတွေကတော့ စောင့်ကြည့်ရပါအုံး မယ် ။
လာအိုက ရုရှားလေတပ် နဲ့ မြန်မာက ရေတပ် ဆိပ်ကမ်း တို့ဟာ ချိတ်ဆက်မိမိ မြန်မာပြည်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ် ။
ရုရှားအတွက် မဟာမိတ်ရှာရင်း အင်အားဖြန့်ကျက်ရာမှာ အရှေ့တောင်အာရှ အတွက် မြန်မာ နဲ့ ဗီယက်နမ်ကို လက်တွဲနိုင်ခြင်းဟာ သူတို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်လို့ ယူဆပြီး မြန်မာပြည်ကို ကူညီကြတာပါ ပဲ ။
နောက်တချက်ကတော့ မမြင်ရတဲ့ သံယောဇဥ်ကြောင့် ကူညီခြင်းလို့လဲ ယူဆပါတယ် ။ ဘာကြောင့်လဲ ဆိုရင် မြန်မာစစ်ဖက်အရာရှိတွေ ရုရှားမှာ သက်တန်းပေါင်းစုံ တက်နေကြတာ နှစ်ပေါင်း အစိတ်လောက် ရှိပါပြီ ။
နိုင်ငံပေါင်းများစွာ လက်ခံသင်ကြားပေးနေတဲ့ အထဲမှာ ရုရှားဆရာတွေဟာ မြန်မာလူမျိုးတွေကို အတော်လေး ချစ်ခင် သံယောဇဥ် ကြီးတယ်လို့ ကြားသိရပါတယ် ။
ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံကြောင့်ပါပဲ ။ ဆရာဆိုရင် ဘုရားစင်ပေါ်တင် ကိုးကွယ်ကြတဲ့ လူမျိုး ၊ ခင်ပွန်းကြီး ဆယ်ပါးကို မပစ်မှားဖို့ ဆိုဆုံးမလေ့ ရှိတဲ့ လူမျိုးတွေ ဖြစ်လေတော့ ရုရှားဆရာတွေ အပေါ် ရိုသေလေးစားစွာ ဆက်ဆံကြမှာ သေချာပါတယ် ။
ကိုယ့်ကို အလေးထား ဂရုတစိုက် ဆက်ဆံတတ်တဲ့ တပည့်တွေကို ဆရာတွေက ပိုပြီး ချစ်ခင်ကြတာ သေချာပါတယ် ။ ဆရာတပည့် အဆင့်ထက် ပိုမိုနွေးထွေးတဲ့ မေတ္တာအရင်းခံ ဆက်ဆံရေးကြောင့် မြန်မာ့တပ်မတော် ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့ ဒီလို သြဇာကြီးတဲ့ ဆရာတွေက တိုက်တွန်းကြမှာ သေချာပါတယ် ။
ကာလတခု ဖြတ်သန်းပြီးချိန်မှာ အစေဆုံး ရုရှားပြန်တွေ ထိပ်တန်းရာထူးတွေ ရနေသလို ၊ ကျောင်းနေဖက် ရုရှား အရာရှိတွေ နဲ့ ဆရာတွေကလည်း ပိုမိုကြီးမားတဲ့ သြဇာအာဏာရ ထိပ်တန်း ပုဂ္ဂိုလ်တွေ ဖြစ်နေကြမှာပါပဲ ။
အဲဒီလို သမိုင်းကြောင်းတွေကြောင့်သာ ဒီကနေ့လို အခြေအနေထိ တိုးတက်လာတဲ့ စစ်ရေးမဟာမိတ် အဆင့်ထိ ရောက်လာရတာပါ ။ ယုံကြည်မှု နဲ့ မေတ္တာတရား ဆိုတာ ဝယ်ယူလို့ မရနိုင်ပါဘူး ။
မြန်မာပြည်အတွက် အရှေ့မြောက် တရုတ်နယ်စပ်က ကချင် ၊ ဝ ၊ ကိုးကန့် အတွက် လိုရမယ်ရ SAVE ဖြစ်အောင် စီစဥ်ထားလျှင် စိတ်ပူစရာ မလိုတော့ပါဘူး ။
မျိုးဝင်း
No comments:
Post a Comment