Sunday, June 13, 2021

တိုင်းပြည်အနာဂါတ်ရဲ့ မျှော်လင့်ချက် (3)



       စုစုပေါင်း USD 137 ဘီလီယံ ရရှိခဲ့ကြပါတယ် ။ ဒီငွေတွေကိုလည်း ကုမ္ပဏီမရှိ လုပ်ငန်းမရှိနဲ့မို့ လက်ဝယ်ရယူဖို့ အခက်အခဲတွေနဲ့ ထပ်မံကြုံတွေ့ရပြန်ပါတယ် ။ 

     ထွက်ပေါက်ရှာတဲ့ အနေနဲ့ နော်လေးဖော နဲ့ မန္တမလေးက ပစ္စည်းထိမ်းပေးပြီး သေဆုံးသွားတဲ့ ကျောင်းဆရာကြီး ဦးခင်မောင်လတ် သမီးများဖြစ်တဲ့ မလှလှသိန်း နဲ့ မခင်အေးလှိုင်တို့ ၃ ဦးသားဟာ အောက်လမ်းနေ ယိုးဒယား ၊ မလေးရှား မှတဆင့် စင်္ကာပူကို ထွက်သွားကြပါတယ် ။ 

      ဘဏ်က ထောက်ပံ့ထားတဲ့ အတွက် စင်္ကာပူကနေ နော်လေးဖောက သူငွေပို့ပေးမယ် မြန်မာအစိုးရ နဲ့ ခွင့်ပြုချက်ရယူဖို့ ကြိုးစားကြပါလို့ သတင်းပေးလာမှ ဦးအေးချိုတို့ သိရပါတယ် ။ 

       ငွေကြေးလက်ခံခွင့် နဲ့ အလုပ်လုပ်ခွင့် တောင်းခံရာ နိုင်ငံတော်က ခွင့်ပြုခဲ့ပါတယ် ။ ဒါကြောင့် နော်လေးဖောက မြန်မာနိုင်ငံအရှေ့တောင်အာရှဘဏ်မှတဆင့် ပေးပို့ခဲ့ပါတယ် ။ 

     ဌာနဆိုင်ရာ အသီးသီးက ထောက်ခံချက်များ ပေးခဲ့ကြလို့ ဦးကျော်ဝင်းအား ကုမ္ပဏီထောင်ဖို့ ဦးအေးချိုက တာဝန်ပေးလိုက်ပါတယ် ။ 

         23-3-1998 မှာ ဦးအေးချို ၊ ဦးဥာဏ်ထွန်း တို့အား အထူးစုံစမ်းစစ်ဆေးအဖွဲ့နဲ့ စစ်ဆေးပြီး အီဂျစ်ရှေးဟောင်းပစ္စည်းများအား ပြန်လည်အပ်နှံပေးသဖြင့် ရရှိခဲ့သော ဆုကြေးဟု သတ်မှတ်၍ ခွင့်ပြုချက်ပေးခဲ့ပါတယ် ။ 

       6-4-1998 တွင် နော်လေးဖော နှင့် နိုင်ငံခြားဘဏ်တာဝန်ရှိ ပုဂ္ဂိုလ်များ နဲ့ ဆွေးနွေးပြီး ဒေါ်လာ 78 သန်း ပေးသွင်းရန် သဘောတူခဲ့ပါတယ် ။ သို့သော် ဌာနဆိုင်ရာ ပြဿနာများကြောင့် မရရှိခဲ့ပြန်ပါဘူး ။ 

       10-6-1998 တွင် ယင်းကိစ္စနှင့် ပတ်သပ်၍ ကမ္ဘာ့ဘဏ်မှ ပုဂ္ဂိုလ်များ လာမည်ဟု အကြောင်းကြားသောကြောင့် နိုင်ငံတော်မှ ဦးအေးချိုအား ခေါ်ယူတွေ့ဆုံဆွေးနွေးရပါတယ် ။ 

       1-7-1998 မှာ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးပြီး ခွင့်ပြုသွားပြန်ပါတယ် ။ ဒါပေမယ့် ကိစ္စအမျိုးမျိုး အကြောင်းပြပြီး ပညာပြနေလို့ ငွေမရဖြစ်နေလို့ ဦးဥာဏ်ထွန်းက စင်္ကာပူကို ထွက်သွားပါတယ် ။ ကျန်သူတွေ ဘယ်သူမှ မသိလိုက်ပဲ သူ ဖုန်းဆက်မှ သိကြပါတယ် ။ 

      17-9-1998 မှာ နော်လေးဖော ၊ ဦးဥာဏ်ထွန်း နဲ့ နိုင်ငံခြားဘဏ်အဖွဲ့ ဟာ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ဖြင့် မြန်မာပြည်သို့ လာပြီး အမွေခွဲတမ်းပြုလုပ်ကြပါတယ် ။ ဦးကျော်ဝင်းအတွက် ရပိုင်ခွင့်ကိုတော့ စင်္ကာပူဘဏ်မှာ စာရင်းဖွင့်ပေးထားတယ်လို့ ဦးအေးချိုက ပြောပြပါတယ် ။ 

        30-9-1998  မှာ ဦးဥာဏ်ထွန်းတို့ အဖွဲ့ စင်္ကာပူပြန်သွားကြပါတယ် ။ ဦးလှထွန်းလည်း လိုက်ပါသွားပါတယ် ။ 15-1-1999 မှာ မြန်မာပြည်သို့ ပြန်လာလျှင် ဘဏ်စာရွက် စာတမ်းများ ၊ GOLD CARD များပါ ယူခဲ့မယ်လို့ ပြောသွားကြပါတယ် ။

       ဦးအေးချို နဲ့ ဦးကျော်ဝင်းတို့ဟာ ဒလ သီရိရတနာ အဆင့်မြင့်စီမံကိန်းနဲ့ စက်မှုဇုံစီမံကိန်းတွေကို လုပ်ဆောင်ဖို့ လက်ခံလိုက်ပါတယ် ။ MICB သို့ USD 1 သန်းပေးသွင်းရပါမယ် ။ 

     28-11-1998 မှာ နော်လေးဖောထံမှ USD 5 သန်း ပေးပို့လာ၍ MICB သို့ 1 သန်းသွင်းလိုက်ကြပါတယ် ။ ကုမ္ပဏီကိုတော့ Rich Home Int'l Co.Ltd အဖြစ် အမည်ပေး ဖွဲ့စည်းခဲ့ပါတယ် ။

         စိတ်မကောင်းစရာ ဇာတ်လမ်းတခု ကြားရပါပြီ ။ စင်္ကာပူကို နော်လေးဖော နဲ့ ပါသွာတဲ့ ဆရာဦးခင်မောင်လတ်ရဲ့ သမီး အငယ်ဆုံး ( နောလေးဖော မောင်ရဲ့ ဇနီး ) အသတ်ခံလိုက်ရပါတယ် ။ အန္တရာယ် အငွေ့အသက်ကနေ အကောင်အထည် ပြလာတော့ အစီအစဉ်တွေ ထပ်ပြောင်းကြရပါပြီ ။  

      စင်္ကာပူ နဲ့ မလေးရှားမှာ ရှိတဲ့ ငွေတွေကို ဂျပန်သို့ ပြောင်းကြရပါတယ် ။ အဲဒီအချိန်မှာပဲ မြန်မာပြည်မှာလည်း အခွန် / ဘဏ္ဍာ ဝန်ကြီးဌာနကနေ ဦးအေးချိုရဲ့ ပါဝါတွေကို ဦးဥာဏ်ထွန်းထံ လွှဲပြောင်းခိုင်းလို့ ဦးအေးချိုလည်း မျက်ရည်ကျခဲ့ရတယ် လို့ ဆိုပါတယ် ။ 

       12-12-1998 မှာတော့ သူတပါးနိုင်ငံမှာ အသက်အန္တရာယ်ပေးရတဲ့ အထိ ဖြစ်လာလို့ နောလေးဖောတယောက် အမိနိုင်ငံကို ပြန်လာဖို့ နိုင်ငံတော်အစိုးရထံ ခွင့်တောင်းရာ ပြန်လာဖို့ ချက်ခြင်းပဲ ခွင့်ပြုခဲ့ပါတယ် ။ 

        23-12-1998 မှာ ပါဝင်ပတ်သပ်တဲ့ သက်ဆိုင်ရာ လူကြီးအားလုံး စုံလင်စွာနဲ့ USD 137 ဘီလီယံကို ခွဲတမ်းချခဲ့ကြပါတယ် ။ လောလောဆယ် သုံးစွဲရန် အင်းဝဘဏ်မှ FEC တစ်သန်းဖိုး မြန်မာငွေထုတ်ပေးမယ်လို့ ပြောပါတယ် ။ 

     24-12-1998 မှာ နော်လေးဖောတို့ရဲ့ ခရစ်စမတ်ပွဲကို ဦးအေးချို သွားခဲ့ပါတယ် ။ ဦးအေးချိုက ဦးကျော်ဝင်း အပါအဝင် ကုမ္ပဏီ ဒါရိုက်တာများ၏ ဓာတ်ပုံတွေကို နော်လေးဖောအား ပြသလိုက်သောအခါ နောလေးဖောတယောက် တစုံတယောက်သော သူရဲ့ ဓာတ်ပုံကို ကြည့်ပြီး အံ့အားသင့်နေမိပါတော့တယ်  ။  

     သူမထက်အံ့သြသွားရတာက ဓာတ်ပုံတွေ ယူလာပြီး ပြလိုက်တဲ့ ဦးအေးချိုပဲ ဖြစ်ပါတယ် ။ နော်လေးဖောက ဓာတ်ပုံထဲက တယောက်ကို လက်ညှိုးထိုးပြပြီး သူ့ကို ကျမ...........?

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...