Sunday, June 13, 2021

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (9)



      အကျိုးဆောင်ခ အပြင် ဘဏ်ရဲ့ များပြားစေ့စပ်လှတဲ့ စစ်တမ်းမေးခွန်းလွှာများ ဖြည့်ဆီးပေးရန် ဒေါ်အေမီဝင်း မစွမ်းနိုင်ပဲ ဖြစ်ခဲ့ရပြန်ပါတယ် ။ 

         သူတို့ ၂ ဦးနည်းတူပဲ ဦးအေးချိုရဲ့ အခြားမိတ်ဆွေတွေ ဖြစ်တဲ့ ဦးလှမြင့်နဲ့ဒေါ်သောင်းသောင်းတို့ကလည်း 2012 စက်တင်ဘာလဆန်း မှာ အင်္ဂလန် ဘာကလေဘဏ် ရှိ ဦးအေးချိုစာရင်းမှ ဒေါ်လာ 10•5 သန်းအား ထုတ်ပေးပါရန်ဆိုပြီး ဘဏ်ကို သွေးတိုးစမ်း လျှောက်လွှာတင်ခဲ့ပါတယ် ။ 

      ဘဏ်ရဲ့ သဘာပတိ Mr Michael Rake က လူကြီးမင်းတို့ တောင်းဆိုထားတဲ့ ဒေါ်လာ 10•5 သန်းကို ထုတ်ပေးဖို့ ကမ္ဘာ့ငွေကြေးဆိုင်ရာ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ညွှန်ကြားချက်ကို မိမိတို့ဘဏ်မှ လက်ခံရရှိထားပြီး ဖြစ်ကြောင်းနဲ့ မိမိတို့ဘဏ်ရဲ့ ငွေကြေးထုတ်ယူမှု အစီအစဉ်အသေးစိတ်ကို ပို့လိုက်ပါ့မယ် ဆိုပြီး အကြောင်းပြန်ပါတယ် ။ 

         ဒါပေမယ့် ဦးလှမြင့် နဲ့ ဒေါ်သောင်းသောင်းတို့လည်း ငွေရှိကြောင်းပဲ သိရပြီး ဘဏ်ကတောင်းဆိုချက်တွေကို ပြည့်စုံအောင် လုပ်မပေးနိုင်ခဲ့လို့ မရခဲ့ကြပါဘူး ။ 

        အဲလို ဦးအေးချိုရဲ့ မိတ်ဆွေ မြန်မာလူမျိုးတွေ ရွာလည်နေတုန်း ယခုထိ မြန်မာပြည်ကို ဒုက္ခပေးနေဆဲ 2013 ဇန္နဝါရီ လဆန်း ပိုင်းမှာ ဂျော့ဆိုးရော့ မြန်မာနိုင်ငံ ရောက်လာပါတယ် ။ 

        ဦးရွှေခိုင် ၊ ဒေါ်အေမီဝင်း တို့ရဲ့ ငွေကြေးထုတ်ယူရန် ကြိုးပမ်းမှု အရှုပ်တော်ပုံဟာ ဂျော့ဆိုးရော့ဆီ သတင်းရောက်သွားပါပြီ ။ ဂျော့ဆိုးရော့ဟာ မူလကတည်းက ဆွစ်ဘဏ်ရှိ အင်မတန်များပြားလှတဲ့ ငွေကြေးအပ်နှံမှု အကြောင်း သိထားပြီးသူလည်း ဖြစ်နေပါတယ် ။ 

       သူအစ ရှာမရဖြစ်ခဲ့ရတဲ့ ဆွစ်ဘဏ်ရှိ သူလူမသိတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဦးအေးချိုအကြောင်း ယခုသေဆုံးပြီးမှ သတင်းရသွားပါပြီ ။ ဒီတော့ သူဟာ ဦးအေးချိုရဲ့သား ကိုစိန်အောင်ကို အင်းလေးကန်သို့ ဖိတ်ခေါ်ပြီး ဆွေးနွေးပါတယ် ။      

         ဂျော့ဆိုးရော့ဟာ ကိုစိန်အောင်ကို ညှိနှိုင်းရာမှာ ဆွစ်ဘဏ်ရှိ အပ်ငွေများနဲ့ ပါတ်သပ်ပြီး မိမိကို လုပ်ခွင့်  General Power လွှဲပေးပါက ငွေအားလုံး ထုတ်ယူခွင့် မရသည့်တိုင် ဘဏ်တိုးများ ရအောင် ဆောင်ရွက်ပေးနိုင်ကြောင်း ၊ ဘဏ်တိုးတဝက်ကိုမူ သူ့အား ပေးရမယ်လို့ ပြောပါတယ် ။ 

           ကိုစိန်အောင်ကလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြန်ပြောခဲ့ပါတယ် ။ သူ့ဖခင် နဲ့ ကိုကျော်ဝင်းတို့ရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုပဲ အပ်နှံမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ 

      စိတ်မကောင်းစရာ အဖြစ်တွေလည်း ကိုစိန်အောင် ဆက်တိုက်ကြုံနေရတာကိုး ။ အဲဒါကတော့ သေဆုံးသွားပြီ ဖြစ်တဲ့ ကိုစိန်အောင်ရဲ့ ဖခင် ဦးအေးချိုက မကွတ်မလွတ်ဖြစ်ပြီး အဆက်မပြတ် အိပ်မက်တွေပေးပြီး သတိမပျက်သွားဖို့ နှိုးဆော်နေတာပါပဲ ။

          ဒီငွေတွေဟာ ဘုရားသိုက်က ရတနာတွေ ရောင်းချထားတာ ဖြစ်လို့ မသန့်ရှင်းကြောင်း ၊ ယခု ပြည်ပဘဏ်ရှိ ငွေကြေး အများအပြားဟာလည်း ရရှိထားသော ငွေများအား နိုင်ငံတော်သို့ အားလုံးမပြပဲ အနည်းငယ်သာစာရင်းပြ၍ အများအပြား ချန်ရစ်ထားသော ငွေများ ဖြစ်ကြောင်း ပြောပါတယ် ။ 

      ယခု မိမိတို့ပြုခဲ့သော အကုသိုလ်ကံကြောင့် မကျွတ်မလွတ် ဖြစ်နေရကြောင်း နဲ့ နိုင်ငံတော်သို့ အမြန်လှူဒါန်းပြီး မိမိတို့အတွက် ကောင်းမှုပြုနိုင်မှသာ ကောင်းရာမွန်ရာဘဝသို့ ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း ပြောပါတယ် ။

        သားဖြစ်သူ ကိုစိန်အောင်လည်း သူ့ဖခင်ဟာ သူ့အနားမှာ တလည်လည်နဲ့ ဒီကိစ္စကြ အထမြောက်အောင် ကူညီစောင့်ရောက်ပေးနေကြောင်း ကောင်းစွာသိပါတယ် ။ သူကလည်း ကြိုးစားနေတာပါပဲ ။ တခုခက်နေတာက သူ့လက်ထဲကို လိုအပ်နေသေးတဲ့ စာရွက်စာတမ်း အချို့ မရသေးတာပဲ ဖြစ်ပါတယ် ။ 

     ဒီနေရာမှာ ကိုစိန်အောင်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တင်ပြပါအုံးမယ် ။ ကိုကျော်ဝင်း နဲ့ ဦးအေးချိုတို့ အပ်နှံထားသော ဆွစ်ဘဏ်ရှိ ငွေကြေးများစွာအတွက်
ကမ္ဘာပေါ်မှာ နာမည်ကြီး ငွေကြေးအကျိုးဆောင်ကုမ္ပဏီဖြစ်တဲ့ Round Point Mortgage ကုမ္ပဏီနဲ့ ဆက်သွယ်လုပ်ကိုင်ခဲ့ပါတယ် ။ 

          ကိုကျော်ဝင်းရဲ့ ငွေစာရင်းအမှတ် ၅၃၁၀၀၇၈၆၈ အရ စုံစမ်းရာမှာ သမ္ဘာရင့် ကုမ္ပဏီကြီးပင် ၁၈ ကြိမ်လောက် ကြိုးစားကြည့်မှ ငွေရှိကြောင်း သိရပါတယ် ။ ဦးအေးချိုကတော့ အလွယ်တကူ သိရှိခဲ့ရပုံပါပဲ ။ 

     ဒီငွေကြေးအကျိုးဆောင် ကုမ္ပဏီရဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်များကြောင့် ဆွစ်ဘဏ်ကနေ ဒီလို တောင်းဆိုချက်တွေနဲ့ အကြောင်းပြန်လာပါတယ် ။

(က)ဦးအေးချို နဲ့ ကိုကျော်ဝင်း တို့ရဲ့ သေစာရင်း မူရင်း

(ခ) မိမိတို့ဘဏ်မှ ကိုကျော်ဝင်း နဲ့ ဦးအေးချိုတို့အား DNA စစ်ဆေးပြီး ထုတ်ပေးခဲ့သော သက်သေခံစာရွက် မူရင်း

(ဂ)အမွေဆက်ခံမယ့် သူရဲ့  DNA  တူညီကြောင်း သက်ရှိထင်ရှားမျိုးဆက်

     အဲဒါတွေ တောင်းဆိုခဲ့ပါတယ် ။ ကဲ ကိုစိန်အောင်ဆီမှာ ဘာသက်သေတွေ ရှိနေသလဲ ပြန်ကြည့်ရအောင်ဗျာ ။ 

       ဦးအေးချို ရဲ့ မိတ်ဆွေ စာရွက်စာတမ်းတွေ သိမ်းဆည်းပေးခဲ့သူ ဦးရန်နိုင်ထွန်းထံမှ မူရင်းသက်သေစာရွက်တွေက 

"အပ်နှံစာချုပ် ( CD )" 

Gold CDS Certificate

Promissory Note

    များအရ အပ်နှံထားတဲ့ စာရင်းတွေကတော့ 

1 = ကိုကျော်ဝင်း ဆွစ်ဘဏ်

    Depost Bank 531007868

    USD 26,000,000,000,000

2 = ဦးအေးချို  ဆွစ်ဘဏ်

    Deposit Bank 531007869

   USD 8,000,000,000,000

3 = ဦးရန်နိုင်ထွန်း Barclay Bank UK

    Series Number 067560

    USD 45,000,000,000

     အဲဒီစာရင်းတွေ  နဲ့ စာရွက်တွေကို ဓာတ်ပုံပဲ ရီုက်ယူထားခဲ့ရပြီး မူရင်းတွေကို ဦးရန်နိုင်ထွန်းထံမှာပဲ သိမ်းဆည်းထားခဲ့ပါတယ် ။ နိုင်ငံတော်သို့ တရားဝင်ပေးအပ်သည့် အချိန်ရောက်မှသာ နိုင်ငံတော်သို့ အပ်နှံပေးမယ်လို့ ပြောထားပါတယ် ။

     ကိုစိန်အောင်အတွက် အင်မတန်ခက်ခဲနေပါပြီ ။ ဂျော့ဆိုးရော့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီးနောက် သူ့အသက်အန္တရာယ်အတွက် လုံခြုံအောင် ပုန်းအောင်းရင်း ဘဝကို ပင်ပန်းစွာ ဖြတ်သန်းနေရတဲ့ အချိန်ဖြစ်ပါတယ် ။ 

     အသက်အန္တရာယ်ရှိလာတာတကြောင်း တမလွန်က ဖခင်ဖြစ်သူကလည်း  မကြာခဏ တိုက်တွန်းနေတာ တကြောင်းတို့ကြောင့် နိုင်ငံတော်ကို အသိပေးပြီး လွှဲအပ်နိုင်ဖို့ နိုင်ငံတော်အဆင့်ထိ ထိုးဖောက်နိုင်မယ့် ယုံကြည်စိတ်ရသူ မိတိဆွေကို ရှာဖွေရပါပြီ ။ 

     ကဲ ကိုစိန်အောင်တယောက် သမ္မတကြီး ဦးသိန်းစိန်ထံ .............?

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...