Friday, June 18, 2021

သုံးသပ်ရမယ့် စွမ်းဆောင်ရည်



        ကျနော်တို့ ရပ်ကွက်ထဲမှာ ရေဆိုးတွေကို အမြဲတမ်း လမ်းမပေါ် သွန်တဲ့သူရှိတယ် ၊ ရေက အနံ့မကောင်းတဲ့ အပြင် လမ်းပေါ် ရွှဲနေအောင် သွန်တော့ လူတွေ ချော်လဲကြတယ် ။ 

       စျေးသွားစျေးလာတွေ ၊ ကျောင်းသွားကျောင်းလာ တွေ မကြာခဏ ချော်လဲ​ကြလို့ ရပ်ကွက် ဥက္ကဌ သွားတိုင်ကြတယ် ။ သူ့ကို လူမုန်းမှာ စိုးလို့တဲ့ ခေါ်ပြီး သတိမပေးဖူး ။ 

     တနေ့ သူ့မြေးမလေး အဲဒီအိမ်ရှေ့ ချော်လဲပြီး လက်ကျိုးသွားတယ် ။ ဒီတော့မှ အိမ်ရှင်ကို ခေါ်ပြီး နောက်မလုပ်ဖို့ တားတယ် ။ ကိုယ့်ထိမှ နာတတ်တဲ့ အဲဒီ လူကြီးယုတ် ကျုပ်တို့ ရပ်ကွက်ကို အုပ်ချုပ်ဖူးတယ် ။ 

        ပြည်သူတွေ ၊ ဆရာတွေ ၊ ဘုန်းကြီးတွေ အသတ်ခံနေရပြီ ။ အခု နမခ တပ်နယ်စျေးကြီး မီးရှို့ခံရပြီ ၊ လုံခြုံရေးယူနေတဲ့ စစ်ကား ဗုံးခွဲ ခံနေရပြီ ။ 

     နမခ တိုင်းမှူး နဲ့  စစ်ကိုင်းတိုင်းက လုံခြုံရေးတာဝန်ရှိသူတွေကို ပင်စင်ပေးပစ်ပါတော့ ဗျာ လုံးဝ စောက်သုံးမကျတာ များလွန်းနေပါပြီ ။ တကယ်က တပ်နယ်စျေး မရှို့ရဖူး ဗျ  စစ်တိုင်းမှူးကြီး ဝင်သတ်သွားရမှာပါ ။ 

.......လုံခြုံရေး အကျိုးပေါက်ဆုံး စစ်ကိုင်းတိုင်းဟာ ကျက်သရေကို မရှိတော့ပါဘူး ။ တိုင်းပြည်ကို ကျက်သရေတုန်း​စေတဲ့ တာဝန်ရှိသူတွေ မရှိသင့်တော့ဖူး ။ 

      ရန်ကုန် လုံခြုံ​​ရေးကား အဖြစ်ကတော့ ပေါ့ဆရင် ဖြစ်မှာပဲ ၊ နောက်တချက် လုံခြုံရေးတာဝန်ထမ်းဆောင်နေရတာ အလွန်ပင်ပန်းနေကြတာလည်း အဓိက အချက်ပါပဲ ။ ပင်ပန်းတာလည်း မပြောနဲ့လေ အလုပ်မဖြစ်တဲ့ ကင်းပတ်နေတာနဲ့ အချိန်ကုန်နေတာကိုး.. ။

      တလမ်းခြင်း တရပ်ကွက်ခြင်း ကွက်ပြည့်နင်းမရှာဖူး ။ ဧည့်စာရင်း စစ်သတဲ့ အိမ်ထဲ ဝင်မရှာရဲဖူး အပေါက်ကနေ လူစိမ်းရှိလား မေးတယ် မရှိဖူးဆိုတော့ ပြန်လှည့်လာကြတယ် ။ အဲလိုစစ်ရုံနဲ့ လပြွတ်တောင် မမိဖူး ။ 

        ကဲ တပ်နယ်စျေးလည်း မီးရှို့ခံရပြီ ၊ ရန်ကုန်မြို့လည်က စစ်ကားလည်း ဗုံးခွဲခံရပြီ ။ ရှေ့တန်းမှာ တိုက်တာ သေတာ မဆန်းဖူးနော် ။ 

      ကျနော်တို့ ရပ်ကွက်ဥက္ကဌမြေး ချော်လဲပြီး လက်ကျိုးတာနဲ့ တူနေပြီ ၊ ခပ်ညံ့ညံ့ ရပ်​ကျေးဥက္ကဌတောင် သူ့သွေးသားထိတော့ မခံနိုင်ပဲ ဆုံးမသတိပေးခဲ့တယ်နော် ။ 

     ကဲ တပ်ချုပ်ကြီး မင်းအောင်လှိုင် ခင်ဗျား ဘာဆက်လုပ်မှာလဲ ၊ ဒီလို လူယုတ်မာတွေကို တင်းတင်းပြတ်ပြတ် နှိမ်နင်းမှာလား ။ လေချိုသွေးပြီး ပြည်သူတွေကို သတ်ခွင့်ပေးအုံးမှာလား ။ ကြာရင် ခင်ဗျားကိုပါ ပြည်သူက ရွံလာပါလိမ်မယ် ။ အားမနာတမ်း ပြောရရင် အခုကို တော်တော်လေး ရွံနေကြပြီ ။ 

      ကျုပ်တို့က နှိုးဆွသလို ဖြစ်နေမှာ ဆိုးလို့ ပြင်းပြင်းထန်ထန် မဝေဖန်ကြပါဖူး ။ အမှန်တိုင်းပြောရရင် ပြည်သူတွေက တပ်မတော်ကို ချစ်သလောက် ခင်ဗျားကို အတော်လေး စောက်မြင်ကပ်နေကြပါပြီ ။ ဒီနေရာနဲ့ မထိုက်တန်တဲ့ လူအဖြစ် ရှုမြင်နေကြပါပြီ ။

 ပြတ်ပြတ်သားသား မလုပ်ရဲရင် ထွက်ပေးလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။ တိုင်းပြည်ရဲ့ အခြေအနေက စိတ်ရှည်လိမ္မာတဲ့ ခေါင်းဆောင်ထက် တိကျပြတ်သား ရဲရင့်တဲ့ ခေါင်းဆောင်မျိုး လိုအပ်နေပြီ ။ 

......ဒီလို အခြေအ​နေမှာ ပြင်း​​ပြင်းထန်ထန် ထိထိရောက်​ရောက် မနှိမ်နင်းဖူး ဆိုရင် ၊ တာဝန်မကျေတဲ့ လူညံ့တွေကို တာဝန်ဆက်ပေး​နေရင် ၊ သိပ်ကြောက်တတ်ရင် ၊ ခင်ဗျားနဲ့ ဒီကနေ့ မြန်မာနိုင်ငံ အ​ခြေအနေနဲ့ မကိုက်ညီပါဘူး ထွက်သွားချိန် တန်ပါပြီ ။

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...