Thursday, June 3, 2021

လာပြန်ပြီ ဒူ......ဟူ.......ဟူ..........



           ကိုစိုးတယောက် အိမ်ရောက်လာပြီး စကားပြောပြန်ပြီ ။ ရေနွေးကြမ်း နဲ့ လက်ဖက်သုတ် စားရင်း လေကန်ကြတာပေါ့ ။

"ငမျိုးရေး မင်းက အခု ပုံပြင်တွေ အတော် ပြန်ရေး နေပါလား ဟ''

"သြော် ကျိုးကြောင်း တိုက်ဆိုင်တော့လည်း ပြန်ရေးမိတာပေါ့ ကိုကြီးစိုးရာ ''

"ကဲ ထားပါကွာ ငါသိချင်တာက အခု အုပ်ချုပ်ရေး နဲ့  NLD အုပ်ချုပ်ရေး ဘယ်ဟာက ပိုဆိုးနေသလဲ ကွ ''

"အင်း အားလုံးအသိပဲ ဗျာ နစက လက်ထက်မှာ ပြည်သူတွေ မလုံခြုံကြဖူး တသက်လုံး တကမ္ဘာလုံး ဘယ်မှာ မှ မရှိတဲ့ ကလေးတွေ စာသင်ကျောင်း ဗုံးခွဲနေတဲ့ အယုတ်မာဆုံး GZ တွေကြောင့် ဒီ နစက ခေတ်က ပိုဆိုတယ်ပေါ့ဗျာ ''

"ဒါတွေက ဘာကွာလို့ လဲ ''

"NLD အုပ်ချုပ်စဥ်က ကျန်တဲ့ သူတွေက အာဏာရမ္မက် ရှိချင်ရှိမယ် ဒါပေမယ့် ပြည်သူကို ချနင်းပြီး ဆူပူအောင်လုပ် ၊ အစိုးရ ပြုတ် ပြီးရော ဆိုတဲ့ အောက်တန်းစားစိတ် မရှိကြလို့ပေါ့ ''

"ဟမ် ဒါဆို NLD ကျတော့ ငါ အာဏာရဖို့ ပြည်သူတွေ ဆေးမကုနဲ့ ငတ်ချင် ငတ်ကြပါစေ စျေးမရောင်းနဲ့ အလုပ်ထွက်ကြ ၊ စာမတတ်လည်း ကိစ္စမရှိဘူး ငါတို့အာဏာရဖို့ အရေးကြီးတယ် ဆိုတဲ့ ရက်စက်ယုတ်မာတဲ့ လူတွေကြောင့်ပေါ့ ''

"သေချာတာပေါ့ ''

"ဒါကို နစက ကနေ တည်ငြိမ်အောင် ဘာလို့ မလုပ်နိုင်သေးတာလဲ ကွ ''

"မောင်းဆရာ မှားပြီး ခေါ်မိသလို ဖြစ်နေလို့ပါ ''

"ဟေ ဘယ်လို မောင်းဆရာ မှားတာလဲ ကွ ''

"ဂေါင်းကွဲ နတ်ပွဲ သိတယ်မဟုတ်လား ကိုစိုးရ '' 

"သြော် မြို့ နဲ့ ကပ်နေတဲ့ ရွာ သိတာပေါ့ ဟ ''

"အင်း တနှစ်မှာ နတ်ဆိုင်းတီးခါနီး ကျမှ မောင်းဝိုင်းတီးတဲ့ မောင်းဆရာက ဖျားနာပြီး မတီးနိုင်တော့ဖူး ''

"ဒီတော့...''

"မြင်းခြံမြို့ပေါ်က ဇတ်တွေ ၊ ဆိုင်းတွေကလည်း မရှိကြတော့ဖူး ရာသီချိန်ကိုး ဗျ ''

"အေး မောင်းဆရာတွေ အပြင်ရောက်ကုန်ပြီပေါ့ ဘာဆက်ဖြစ်လဲ ''

"ဂေါင်းကွဲက မီးသတ်ခေါင်းဆောင် ကိုမြင့်နိုင်က သူ မောင်းဆရာ တယောက် သိတယ် တဲ့ ချောင်းဒေါင်း မြောက်ရွာ မှာ နေတာ မနက်ကကို အတူလက်ဖက်ရည် သောက်ခဲ့သတဲ့ ''

"သြော် ဒီတော့ ချောင်းဒေါင်းကလည်း သိပ်မဝေးတော့ သွားခေါ်မှာပေါ့ ''

"ဟုတ်ပါ့ အပြေးအလွှားပါပဲ ချောင်းဒေါင်းက မောင်းဆရာကို ခေါ်လာရတာပေါ့ ''

"အင်း ရောက်လာတော့ ''

"ပထမဆုံး ထမင်းကောင်းကောင်း ကျွေးရတာပေါ့ တီးနေရင်း ဗိုက်ဆာရင် စားမရဘူး လေ ''

"အေး စားသောက်ပြီးတော့..''

"စားသောက်ပြီးတော့ ကဲ မောင်းဆရာ အချိန်က နောက်ကျနေပြီ တီးကျစို့ ဆိုပြီး နတ်ကွင်း သွားကြတာပေါ့ ''

"တော်သေးတာပေါ့ မြင့်နိုင်ကယ်လို့ ''

"နေစမ်းပါအုံး ဗျာ ဆက်ပြောမယ် မောင်းဆရာကို ကြေးနောင်မောင်းဝိုင်းထဲ ဝင်ခိုင်းတော့ ကြောင်စီစီလေး ကြည့်နေတယ် ဗျ ''

"ဟ ဘာဖြစ်လို့လဲ ကွ ''

"သူက မေးတယ် ကျနော်တီးရမှာ ဒီမောင်းလား တဲ့ ''

"အေး ဟုတ်တယ်လေ ''
(ရွာလူကြီးက ဖြေတာပါ)

"ဟာ ဒီမောင်းဆို မတီးတတ်ဖူး ဗျ ''

"ဟမ် မင်းက မောင်းဆရာဆို မင်းရွာမှာ တီးနေကျဆို မြင့်နိုင်က အဲလို ပြောတာလေ ''

"ဟုတ်တယ်လေ ကျနော့်ရွာမှာတော့ ကျနော်တီးနေကျပဲ ဒါပေမယ့် ဒီမောင်း မဟုတ်ဖူး ဗျ ''

"ဟေ ဘယ်မောင်းလဲ ကွ ''

"သူကြီးအိမ်က ဒူ... ဟူ...ဟူ.......ဆိုတဲ့ မောင်းပဲ တီးတတ်တာ ဗျ ''

"ဟားးးးးးသေစမ်းကွာ မြင့်နိုင်ရေ   မင်းပင့်လာတဲ့ မောင်းဆရာ ပြန်ပို့လိုက်ဟ စားသောက်လဲ ပြီးသွားပြီ အမလေးကွာ ဖြစ်ရလေခြင်း ဒူ...ဟူ.....ဟူ..... နဲ့ လာတွေ့ နေရတယ်လို့ ''

(သူကြီးလည်း ညည်းညူမဆုံးသေးဖူး ကိုမြင့်နိုင်လည်း မောင်းဆရာ ခေါ်ထုတ်ပြီး ပြန်ပို့လေရဲ့ )

  " ဟားးးးအဲဒါ တကယ့် ဖြစ်ရပ် ပဲ ကွ ​နေပါ အုံး အဲဒါနဲ့  နစက နိုင်နင်းအောင် မအုပ်ချုပ်တာ နဲ့ ဘာဆိုင်လဲ ဟ "

"သြော် ကျုပ်တို့ အဖြစ်ကလည်း အရေးကြီးလို့ ငှားလာတဲ့ မောင်းဆရာက ဒူ...ဟူ...ဟူ.... ဆရာ ဖြစ်နေသလားလို့ လေ ''

"လုပ်ပြန်ပဟ ပြန်စေချင် ရိုးရိုးပြော လခွမ်း မင်းက အခုတလော အမှုတွဲ တွဲ နေတယ် လစ်ပြီဟေ့   သွေးတိုးနေပါတယ် ဆိုမှ...''

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...