Saturday, June 5, 2021

လက်ပန်းတောင်းထက်ဆိုးတဲ့ရန်ကုန်မြို့သစ် ရဲ့ အကြံအဖန်



      NYDC ရဲ့ CEO ဦးသိမ်းဝေ က ပြောသွားပါတယ် ။ ရန်ကုန်မြို့သစ်ရဲ့ ရေရောင်းချမှု ၊ရေဆိုးစွန့်ပစ်သန့်စင်မှု ၊ စက်မှုဇုန်ရောင်းချမှု ၊ နေအိမ်ရောင်းချမှုတွေ နဲ့ ငွေကြေးကောက်ခံမှုတွေကို CCCC သို့မဟုတ် ရွေးချယ်ခံ ကုမ္ပဏီနဲ့ YBDC ရဲ့  Joint Verture ကုမ္ပဏီတို့က ကောက်ခံပါမယ် ။ 

     ဦးသိန်းစိန်လက်ထက်တုန်းက မြန်မာ့စေတနာမြို့သစ် ဆိုတဲ့ ကုမ္ပဏီကို တင်ဒါမခေါ်ပဲ ချပေးခဲ့လို့ ရန်ကုန်ဝန်ချုပ် ဦးမြင့်ဆွေကို အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ် ။ ယခု ဖြိုးမင်းသိန်း လက်ထက်မှာလည်း CCCC ကုမ္ပဏီကို တင်ဒါမခေါ်ပဲ ချပေးခဲ့ပြန်တယ် ။ 

    ယခင်အစိုးရလက်ထက်တုန်းက လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီရဲ့ နောက်မှာလည်း  CCCC ကုမ္ပဏီကပဲ ကြိုးကိုင်ခဲ့တာပါလို့ ဦးသိမ်းဝေက ပြောခဲ့ပါတယ် ။ 

    ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ အချက်အခြာကျလှတဲ့ နေရာမှာ ဧက 168000 ထိ ကျယ်ဝန်းလှပါတယ် ။ တန်ဖိုး US $ 5 ဘီလီယံ သတ်မှတ်ထားပါတယ် ။ ဖြိုးမင်းသိန်းရဲ့ လုပ်ပိုင်ခွင့်ဟာ ဥပဒေအရ US $ 5 သန်းထက် ပိုကြီးတဲ့ စီမံကိန်းတွေအတွက် ဆုံးဖြတ်လို့ မရပါဘူး ။ သူကတော့ အဲဒီဥပဒေကို ဖောက်ဖျက်ပြီး US $ 5 ဘီလီယံတန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ တွေ့ရပါတယ် ။ 

    CCCC ဟာ တရုတ်အစိုးရပိုင် ဖြစ်ပြီး ယခင်ကရော ယခုအစိုးရလက်ထက်မှာပါ ဒီစီမံကိန်းကို ဘာကြောင့် အသဲအသန် လုပ်ချင်နေပါသလဲ ? လေ့လာကြည့်ပါ ။ 

     လုပ်ခွင့်ရ ကုမ္ပဏီဟာ ကနဦး အရင်းအဖြစ် US$ 1680 သန်း ရင်းနှီး မြှပ်နှံမယ် ။ အဲဒီအရင်းအပေါ်မှာ IRR (အတိုး) 13 % သတ်မှတ်ထားပါတယ် ။ အဲဒီ အတိုး 13% နဲ့ အရင်း US$1680 ပေါင်းပြီး အရင်းကျေကာလ ၁၅ နှစ် သတ်မှတ်ထားပါတယ် ။ 

     အဲဒီလို သတ်မှတ်ကာလမှာ အတိုး IRR 13 % နဲ့ အရင်း US$1680 မရမချင်း CCCC ကုမ္ပဏီကနေ ဝင်ငွေရဲ့  95% ရယူပြီး နိုင်ငံတော်က 5% သာ ရပါမယ် ။

    အရင်​ကျပြီးနောက်မှာတော့ CCCC က 75 % ရယူပြီး  မြေဧက 168000 ပေးထားရတဲ့ နိုင်ငံတော်က 25 % ပဲ ရပါမယ် ။
တိုင်းပြည်ရဲ့ အချက်အခြာမြေနေရာ မှာ ပေးထားရပြီး အချုပ်အခြာ ထိပါးခံနေရတာလည်း သတိထားရပါမယ် ။ 

     နမူနာ ရှိပါတယ် ။ သီရိလင်္ကာမြို့သစ်စီမံကိန်းမှာလည်း ဒီ CCCC ကုမ္ပဏီကပဲ 2014 က စလုပ်ပြီး အရင်း US$ 15 ဘီလီယံနဲ့ လုပ်ကြပါတယ် ။ ယခုဆိုရင် CCCC ရဲ့ မတော်မတရား စာချုပ်ကြောင့် သူတို့လည်း အချုပ်အခြာကို စိုးရိမ်နေကြရတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ် ။ 

    သေချာတာ တခုကတော့ မြန်မာပြည်မှာ တရုတ်ကုမ္ပဏီ CCCC ကနေ သူ့ရဲ့ ကုမ္ပဏီ မြို့ပြဥပဒေနဲ့ ထိမ်းချုပ်ထားမယ့် ရန်ကုန်မြို့သစ် လိုးဝ မလိုအပ်သေးပါဘူး ။ 

      စီမံကိန်းအပေါ်ကနေ  မျှော်မှန်းလို့ မရအောင် များပြားလှတဲ့ အကျိုးအမြတ်တွေ မျှော်လင့်ချက်ရှိနေတဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ YNDC ကတော့ အကောင်းမြင်ဝါဒနဲ့ ဒီလိုတွက်ပြပါတယ် ။ 

- အရင်းကျေကာလ ၁၅ နှစ်အတွင်း အလုပ်အကိုင်ပေါင်း ၂  သန်းရလာမယ်လို့ ဆိုပါတယ် ။ ဘယ်ကအလုပ်အကိုင်တွေလည်းဆိုတော့ စက်မှုဇုံမှာ နိုင်ငံခြားက ရင်နှီးမြှပ်နှံမှု အသစ်တွေ ဝင်လာရင် တဲ့ ။ 

- မြေရောင်းရမယ် ၊ စက်မှုဇုံထောင်မယ် ၊ အလုပ်တွေရမယ် ၊အဲဒီအခါ  CCCC က လုပ် ၆ မျိုးထဲက ၃ မျိုးက ဝင်ငွေရလာပြီး အမြတ်တွေ ပေါ်လာမယ်လို့ ဆိုပါတယ် ။ 

     အကယ်၍ ရင်နှီးမြှပ်နှံမှုတွေ ဝင်မလာခဲ့သော် မဖွံ့ဖြိုးနိုင်ပါ ။ မဖွံ့ဖြိုးလျှင် J V ခွဲတန်းမှ တဧက သိန်း ၃၀၀၀ မှ သိန်း ၆၀၀၀ ကြားတန်ဖိုးရှိ မြေများတွင် ဝယ်ယူနေထိုင်မည့် မြန်မာနိုင်ငံသား အနည်းသာရှိပါ့မယ် ။ 

   ထိုအခါ အရင်း US $ 1680 သန်း နဲ့ အတိုး IRR အတွက် အရင်းကြေကာလ ၁၅ နှစ်နဲ့ မရနိုင်တော့ပါဘူး ။ အဲဒါမရမချင်း ဆယ်စုနှစ်များစွာ CCCC က 95 % ယူနေမှာပါ ။ 

   လုပ်သား ၂ သန်းဆိုတာကလည်း အိပ်မက်ပါပဲ ။ တရုတ်တွေက သူတို့ အလုပ်သမားကို သူတို့ကခေါ်လာမှာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရင်းနှီးမြပ်နှံမှု ဥပဒေမှာ ၆ နှစ်အတွင်း စုစုပေါင်း အလုပ်သမားရဲ့  75 % ကို မြန်မာနိုင်ငံသားများအား ခန့်ထားရမယ် ဆိုတဲ့အချက်ကို အစိုးရက ပယ်ဖျက်ထားလို့ ဖြစ်ပါတယ် ။

   ဒီလေါက်ကြီးတဲ့ စီမံကိန်းမှာ ကနဦးကာလ အတွက် အလုပ်သမား ၅၀၀၀ လိုပါမယ် ။ အလုပ်သမား ၁ ဦးကို မိသားစု ၄ ဦးရှိပါက လူဦးရေ ၂၀၀၀၀ ရှိပါမယ် ။ အဲဒီလူတွေအတွက် နေအိမ်စီမံကိန်း မပါရှိပါဘူး ။ ဒီတော့ ကျူး ၂၀၀၀၀ တိုးလာဖွယ်ရှိပါတယ် ။ 

   YNDC  ဟာ စီမံကိန်းမစသေးမီပဲ သူတို့ထုတ်ထားတဲ့ ၁၀ ဘီလီယံရဲ့  12•38 % ကို သုံးပြီးဖြစ်နေပပြီ ။ 

    တရုတ်သမ္မတခရီးစဥ်မှာ ဒီမြိူ့သစ်စီမံကိန်းကို အင်တိုက်အားတိုက် ဖော်ဆောင်မယ်လို့ ပြောသွားပါတယ် ။ 

   မမျှတတဲ့ ခွဲဝေမှုများအတွက် လွှတ်တော်မှာ ဆွေနွေးရပါမယ် ။ သဘောတူညီချက် ၃၃ ချက်ထဲမှာ ပါပေမယ့် ပယ်ဖျက်လို့ ( ပြင်ဆင်လို့ ရသေးတဲ့ အဆင့်ထဲမှာ ရှိပါသေးတယ်) 

    ယခင်က လက်ပန်းတောင်းတောင် စာချုပ်ဟာ နိုင်ငံတော်အတွက် နစ်နာနေတယ်လို့ ဝေဖန်ခဲ့သူများ ယခု အစိုးရဖြစ်ချိန်မှာ လက်ပန်းတောင်းတောင် စာချုပ်ထက် ပိုမိုနစ်နာစေမယ့် ရန်ကုန်မြို့သစ်စာချုပ်ကို ဘာကြောင့် ချုပ်ဆိုဖို့ အားထုတ်နေပါသလဲ ? 

   နိဂုံးချုပ် ပြောရမယ်ဆိုရင် ယခင်က လက်ပန်းတောင်းတောင်စာချုပ်အား ဝေဖန်နေခဲ့မှုသည် နိုင်ငံတော်နဲ့ ပြည်သူအတွက်မဟုတ်ပဲ မိမိမရလို့ ဝေဖန်ခြင်း ဖြစ်ပြီး ယခု ရန်ကုန်မြို့သစ်မြေနေရာ ဧက 168000 အား မမျှတသည့် စာချုပ်ချုပ်ဆိုရန် အားထုတ်နေခြင်းသည် မိမိတို့ ကိုယ်ကျိုးစီးပွါး အတွက် အကျိုးအမြတ်ရနေခြင်းကြောင့်ဆိုတာ ပေါ်လွင်နေပါတယ် ။ 

              နစက ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန နဲ့ မြဝတီ တို့ကနေ ဒီလို တိကျမှန်ကန်တဲ့ အချက်အလက်တွေ နဲ့  NLD ရဲ့ ယုတ်မာခဲ့မှုတွေကို ပြည်သူများအား အသိပေးသင့်ပါပြီ ။ မယောင်ရာဆီလူး တံတားဖွင့်ပွဲ ဘုရားပင့်ပွဲ သတင်းတွေနဲ့ တင်းတိမ်မနေကြပါနဲ့ ။ ဒီလူယုတ်မာ NUG တွေ အသက်ငင်နေပါပြီ ။ 

            မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...