Saturday, June 12, 2021

တိုင်းပြည်အနာဂါတ်ရဲ့ မျှော်လင့်ချက် (1) (ကိုကြီးမျိုး)


       ယခုရေးသားမယ့် အချက်တွေဟာ Zaw Win ACC မှ 31-7-2018 နေ့ကရေးသားတင်ပြခဲ့တဲ့ သမိုင်းဝင် အချက်အလက်တွေ ဖြစ်ပါတယ် ။ သက်ရှိထင်ရှားရှိနေသူ အများအပြားကျန်ရှိနေသေးတဲ့ အဖြစ်တွေမို့ ယုံကြည်သင့်တဲ့ ကိစ္စအဖြစ် ကျနော်က ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ် ။ 

       ဦးအေးချို (ခ) ဦးခင်မောင်ချို (ISN 137214) နဲ့  ဦးကျော်ဝင်း (၁၄ /ညတန {နိုင်}၀၉၃၄၄၀ ) တို့ရဲ့ စွန့်စားခန်းတွေ အံ့မခန်း အတွေ့အကြုံတွေ နဲ့ မရေတွက်နိုင်တဲ့ ငွေကြေးကဏ္ဍအရှုပ်တော်ကို ယခုလို လေ့လာ တွေ့ရှိခဲ့ရပါတယ် ။ 

  ( ကာယကံရှင်များရဲ့ မှတ်တမ်းဟာ ဒိုင်ယာရီ ရေးတဲ့ ပုံစံဖြစ်နေလို့ ကျနော်နည်း နဲ့ ကျနော်ပြန်လည် ပြင်ဆင်ရေးသားလိုက်ပါတယ် ။ မူလရေးသူနဲ့ ဆက်သွယ်မရလို့ ကြားလူကတဆင့် ခွင့်ပြုချက်တောင်းလိုက်ရပါတယ် )

           အောင်မိသားစု သတ္တုရှာဖွေရေး အဖွဲ့တွင် တာဝန်ခံ ဦးကျော်ဝင်း နဲ့ ပညာရှင် ဦးအေးချိုတို့ဟာ အလွန်ရင်းနှီးကြတဲ့ မိတ်ဆွေများ ဖြစ်ကြပါတယ် ။ သူတို့ နှစ်ဦးလုံးဟာ စိတ်တူ ကိုယ်တူ ဝါသနာတူ 1989 မှ 1991 အထိ သံတောင်မြို့နယ် တခွင် ပြဲပြဲစင်အောင် ရှာဖွေထုတ်လုပ်ခဲ့ကြပါတယ် ။ 

      1991 မှာပဲ ဖက်စပ် ၂ သတ္တုထုတ်လုပ်ရေး ပျဉ်းမနား စီမံကိန်း ရဲ့  ပေါင်းလောင်းဒေသရှိ လုပ်ကွက် (၂ ၂) (၂၃) (၂၅) သုံးကွက်ကို လိုင်စင်ယူပြီး ထုတ်လုပ်ခဲ့ကြပါတယ် ။ တောထဲ တောင်ပေါ် အခက်အခဲပေါင်းစုံ ကြားတွေထဲမှာ သူတို့ နှစ်ဦးရဲ့  ခင်မင်ရင်းနှီးမှုကလည်း ညီရင်းအကို မက နီးကပ်လာရပါတယ် ။ 

        ဒီလို  လက်တွဲလုပ်ကိုင်လာရင်း 18-12-1994  မှာ လွယ်ဆောင်ထောက် ဒေသရှိ ကျားပါးစပ်ရတနာမြေ ( vip 10) လုပ်ကွက်ကို ရရှိအောင် အားထုတ်ခဲ့ကြပါတယ် ။ ငွေရှင် နဲ့ ဦးအေးချိုတို့ဟာ အပြန်အလှန် ယုံကြည်ရင်းနှီးကြတဲ့ အတွက် ရရှိလာမယ့် အကျိုးအမြတ်အတွက် 50 % စီ ခွဲဝေခံစားကြဖို့ သဘောတူထားကြပါတယ် ။ 

        အားထည့်ပြီး ကျိုးစားဆောက်ရွက်ကြရာမှာ 2-1-1995 တွင် VIP 10 ရှိ လုပ်ကွက်  11 ကွက်အား ရရှိခဲ့ပါတယ် ။ တကွက်လျှင် ကျပ်သိန်း 350 ပေးချေရပြီး ဦးအေးချို နဲ့ ဦးကျော်ဝင်းတို့က 11 ကွက်စာ အကျိုးဆောင်ခ ကျပ်သိန်း 240 ရရှိခဲ့ပါတယ် ။ 

       ယူနီဗာဆယ်လ်ဘဏ် နဲ့ တာချီဘိုင်ကုမ္ပဏီ မှ ဦးမစ်ကီးတို့ဟာ ပေးချေရန် ငွေသားကုန်သွားသဖြင့် ကျန်ငွေ သိန်း 590 အတွက် ဘယ်လ်ဂျီယံ စိန်ကဒ် ၃ ခု နဲ့ တန်ဖိုးသင့်ပြီး ပေးချေခဲ့ကြပါတယ် ။ 

        ဦးအေးချို နဲ့ ဦးကျော်ဝင်းတို့ရဲ့ ပွဲခကလည်း စိန်ထည်ဖြစ်နေတော့ ငွေသားဖော်ဖို့ လိုက်လံရောင်းချကြပေမယ့်  အဆင်မပြေဖြစ်နေခဲ့ရပါတယ် ။

           အဲဒီလို စိန် ၃ ကဒ်နဲ့ လည်ထွက်နေတုန်း 15-3-1995 မှာ ဧည့်ကောင်းဆောင်ကောင်းတွေ ရောက်လာကြပါတယ် ။ ဧည်တွေကတော့ ဒုံဇရစ် ငရုပ်ကောင်းမြောင်က  စောမိုးခိုင် ( နော်လေးဖော ရဲ့ အကိုဝမ်းကွဲ) နဲ့ ဖာသာတစ်ဦး ဖြစ်ပါတယ် ။ သူတို့က ဦးအေးချို ကရင်ပြည်နယ်ဖက်မှာ စလင်းရှာဖွေ ထုတ်လုပ်ခဲ့စဉ်က ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ် ။

           သူတို့နဲ့ အတူပါလာတာကတော့ ဂမ္ဘရ ပုံပြင် တွေထဲက အကန်ပတ္တမြား ၂ လုံးပဲ ဖြစ်ပါတယ် ။ ကာရက်ချိန်ကတော့ 237 နဲ့ 185 ကာရက် ရှိကြပါတယ် ။ အရောင်းအဝယ်လုပ်ကြဖို့ ဦးအေးချိုတို့နဲ့ တိုင်ပင်ကြပါတယ် ။ 

      ဦးအေးချိုကလည်း သူ့ဆရာ ကျောက်မျက်ညွှန်မှူး ဦးခင်မောင်ဇော် နဲ့ ချိတ်ဆက်ပြီး အရောင်းအဝယ် လုပ်ဖို့ စီစဉ်ကြပါတော့တယ် ။ ပြီးတော့ ဦးအေးချိုတို့က ဖာသာ နဲ့ စောမိုးခိုင်တို့ကို စရံအဖြစ် စိန် ၃ ကဒ်ပေးပြီး ပတ္တမြားတွေ ယူထားကြပါတယ် ။ 

     ယုံကြည်စိတ်ချမှုရှိတဲ့ အတွက် ပတ္တမြားတွေကို ထားခဲ့ပြီး စိန်တွေကို တောင်ငူမှာ ရောင်းချမယ်ဆိုပြီး ဖာသာတို့လည်း ပြန်သွားကြပါတယ် ။ စိန်တွေကို တောင်ငူမှာ ရောင်းမရလို့ တောင်ကြီးထိ တက်ရောင်းကြရပါတယ် ။ 

         13-4-1995 မှာ ဦးခင်မောင်ဇော်က သူ့တပည့် ဦးမောင်မောင်ဇော်အား တောင်ကြီးသို့ သွားပြီး ငွေယူခိုင်းပါတယ် ။ တပတ် နှစ်ပတ်ကြာသည်အထိ ပြန်မလာပါဘူး ။ ဒါပေမယ့် မူလစီစဉ်ထားသလို ပတ္တမြား ၂ လုံး ရောင်းချခဲ့ရာ မူလညှိနှိုင်းစျေး အတိုင်းစောမိုးခိုင်အား စိန်ကဒ် ၁၀၀ ပေးချေးနိုင်ခဲ့ပါတယ် ။ ဦးအေးချိုတို့ကတော့ စိန်ကဒ် ၂၀၀ လက်ဝယ်ရရှိခဲ့ပါတယ် ။ 

      ဦးအေးချိုတို့ရဲ့ ကံကြမ္မာ မျက်နှာသာပေးမှုဟာ အံ့သြဖွယ်ရာပါပဲ ။ မကုန်ခမ်းနိုင်လှတဲ့ ကံကောင်းမှုတွေဟာ ဦးအေးချိုတို့ဆီကို ရေတမံကျိုးသလို တားမရဆီးမရ ဒလဟော စီးဝင်လာပြန်ပါပြီ ။ 

       အဲဒါကတော့ စိန်ကဒ် ၁၀၀ နဲ့ ဇာတိမြေကို ပြန်သွားတဲ့ စောမိုးခိုင်ဟာ သူ့ဆွေမျိုးတွေ တပြုံကြီး နဲ့ တပတ်အကြာမှာ ပြန်ရောက်လာတာပါပဲ ။ 

       သူတို့နဲ့အတူ ပတ္တမြားများ ၊ ပတ္တမြားလည်ဆွဲ ၊ နီလာလည်ဆွဲ တွေနဲ့အတူ စိန်တုံး အကြီးတတုံးလည်း ပါလာကြပါတယ် ။ ဦးအေးချိုလည်း သူရထားတဲ့ စိန်ကဒ် ၂၀၀ ကို အရင်းပြုပြီး ဝယ်ထားလိုက်ပြန်ပါတယ် ။ အချိုးကျပေးမယ်လို့လည်း ဦးကျော်ဝင်းကို ကတိထပ်ပြုပါတယ် ။ 

    အံ့သြစရာ ကောင်းတာက ဦးအေးချိုဟာ အဲဒီအချိန်အထိ တဲကလေးနဲ့နေထိုင်နေရပြီး ဦးကျော်ဝင်းကတော့ အမအိမ်မှာ ကပ်နေရတာပါပဲ ။ 

     ပစ္စည်းတွေ လုံခြုံရေးအတွက် သူတို့အတွက် ယုံကြည်အားကိုးရတဲ့ ဦးခင်မောင်ဇော်ရဲ့ အိမ်မှာ အပ်နှံထိမ်းသိမ်းခဲ့ရပါတယ် ။ 

      30-41995 နေ့မှာ တောင်ငူပြန်ရောက်နေတဲ့ ဖာသာ နဲ့ တောင်ကြီးကို ငွေသွားယူတဲ့ မောင်မောင်ဇော်တို့ဆီက ဖုန်းဆက်လာပါတယ် ။ ငွေတွေရလာပြီ တဲ့ ။ 

     ကံကြမ္မာရဲ့  လှည့်စားမှုက တောင်ငူကို ပြန်ရောက်နေတဲ့ ဖာသာတို့အပေါ် ရက်စက်လေပြီ ။ ဖြစ်ပုံက ........?

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...