Tuesday, June 1, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (9)



           ဗကပ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ တပ်မတော်က အာဏာသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဥက္ကဌကြီး ဗသိန်းတင်ကို ဝေဖန်ကြတာက 

"ဥက္ကဌကြီးကို ပြောသားပဲ မြန်မြန်လက်ဦးမှုယူပါဆိုတော့ အေးအေးဆေးဆေးပါ ကျုပ်တို့လက်ထဲမှာ ဂျိုကာလေးကောင်လုံး ကိုင်ထားတယ် အချိန်မရွေးပိုကာဒေါင်းလို့ ရနေပြီ ၊ သမဂ္ဂတွေ အနယ်မယ်အရပ်ရပ်က သပိတ်စခန်းတွေမှာ ကေဒါတွေ အုပ်စီးထားပြီ နဲ့ ပြောခဲ့ပြီး အခု ဂျိုကာမရှိတဲ့လူက ကြားဖြတ်ဒေါင်းသွားပြီ ဘယ်လို လုပ်ကြမလဲ ''

       အစရှိသည်ဖြင့် ဝေဖန်​ပြစ်တင်ကြပါတယ် ။ 

(ဒီဆွေးနွေးပွဲ Video တိတ်ခွေကို အချိန်နဲ့ တပြေးညီ ရအောင် ယူထားခဲ့တဲ့ အဲဒီခေတ် ဦးခင်ညွှန့်ရဲ့ ထောက်လှမ်းရေးကွန်ယက်က လန့်စရာပါပဲ ၊ ပေါ်လစ်ဗျူရို အစည်းအဝေးဆိုတာ တကယ့်ထိပ်သီးတွေပဲ တက်ရတဲ့ တံခါးပိတ်ဆွေးနွေးပွဲပါ)

        ဦးစောမောင်ဟာ အာဏာသိမ်းပြီ ဆိုတာ နဲ့ သူ့ရဲ့ စစ်တိုင်းမှူးတွေကို အပြတ်အမိန့်ပေးလိုက်ပါတယ် ။ 19-9-1988 မှာ မြန်မာတနိုင်ငံလုံး ဘယ်သပိတ်စခန်းမှ မမြင်ချင်ဖူး ၊ လိုအပ်တဲ့ အင်အားသုံး ပြဿနာဖြစ်ရင် ငါတာဝန်ယူတယ် ဆိုပြီး တိကျပြတ်သား ရှင်းလင်းတဲ့ အမိန့် ညွှန်ကြားချက် ထုတ်ပေးလိုက်ပါတယ် ။ 

        ရန်ကုန် တမြို့ထဲတင် အဲဒီ 19-9-1988 နေ့က လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ် ။ တနိုင်ငံလုံး လူလေးထောင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ် ။ 

       ဦးစောမောင် ညွှန်ကြားချက် အတိုင်း စစ်တိုင်းမှူး အသီးသီးဟာ 19-9-1988 တရက်ထဲနဲ့ သပိတ်စခန်း အားလုံးကို အပြတ်ရှင်းနိုင်ခဲ့ပါတယ် ။ တနည်းအားဖြင့် ပြောရမယ် ဆိုရင် ၂၄ နာရီ အတွင်း ဟုန်းဟုန်းကြွနေတဲ့ သပိတ်စခန်းအားလုံး ဆေးလိပ်မီး သေးနဲ့ပန်းလိုက်သလို ရှဲကနဲ ငြိမ်းသွားရပါတော့တယ် ။ 

         ဦးစောမောင်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေကိုလည်း ထည့်မတွက်ပါဘူး ။ အနောက်အုပ်စုရဲ့ ပွစိပွစိ ပြောနေတဲ့ အနေအထားကို စစ်သားပီပီ 

"မကျေနပ်တဲ့ နိုင်ငံက သံရုံးတွေ အခုပိတ်ပြီး ပြန်ကြပါ ပြည်တွင်းရေးကို ဝင်မစွက်ပါနဲ့ ''

       အဲသလို ခပ်တင်းတင်း ပြောလိုက်တော့ ဇီးရွက်လောက် ရှိတဲ့ နိုင်ငံကနေ အဆင့် ၁ အမေရိကန် အထိ ဘယ်သူမှ မပြန်ကြပါဘူး ။ 

        ဦးစောမောင်က ရွေးကောက်ပွဲ လုပ်ပေးမယ် ၊ နိုင်သူကို အာဏာအပ်မယ် သူတို့ စစ်တန်းလျှား ပြန်မယ်လို့ ကြေညာခဲ့ပြီး ပါတီထောင်ဖို့ ကြေညာချက်ထုတ်ခဲ့ပါတယ် ။ 

      တောခိုသွားတဲ့ ကျောင်းသူ ကျောင်းသား အများအပြားဟာ တောထဲမှာ သင်တန်းတက်နေကြပါပြီ ။ ဦးစောမောင် ပါတီထောင်ခိုင်းတော့ စစ်အစိုးရကို ဆန့်ကျင်ပါမယ် ဆိုတဲ့ NLD နောက်တနေ့ သွားပြီး ပါတီ မှတ်ပုံတင်တော့တာပါပဲ ။ အာဏာရမ္မက်ကို မြင်အောင်ကြည့်နော် ။ ဒါ ငြင်းမရတဲ့ သမိုင်းဖြစ်စဥ်တွေပါ ။ 

       တောထဲက ကျောင်းသားတွေဟာ ABSDF ထောင်ပြီး သူပုန်ထသလို မြို့ပေါ်က NLD ပါတီ နဲ့ လည်း အဆက်အသွယ် မပျက်ခဲ့ပါဖူး ။ ဒေါ်စုကြည်ကိုယ်တိုင် မြှောက်ပေးခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို ကာယကံရှင် ABSDF ဟောင်းတွေ ဖွင့်ချခဲ့တာ သမိုင်းတွေပါပဲ ။ 

        နဝတ အစိုးရဟာ အာဏာရယူစမှ မဆလ ဆီက ပြောင်သလင်းခါနေတဲ့ ဗဟိုဘဏ် နဲ့ အရံဒေါ်လာ ၈ သန်းပဲ ရှိပါတော့တယ် ။ ဒါကို သိလို့ BBC တို့က နဝတ အစိုးရသည် တပတ်ထက် ပိုမခံဖူး ဆိုကာ ပြောခဲ့ကြခြင်း ဖြစ်ပါတယ် ။ 

          ဒါကတော့ မြန်မာ့တပ်မတော်ရဲ့ ရေဗူးပေါက်တာ မလိုချင်ဖူး ရေပါတာပဲ လိုချင်တယ် ဆိုတဲ့ မူအရ ကြံရည်ဖန်ရည် ကောင်းကောင်းနဲ့ အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းကို အထင်သေးပြီး ပြောခဲ့ခြင်း ဖြစ်ပါတယ် ။ 

         ဦးစောမောင်ဟာ စစ်တိုင်းမှူးတွေကို မိမိအပိုင် အတွင်း အခွန် ဘယ်လောက်ရအောင် ကောက်ပါဆိုပြီး အမိန့်ပေးလိုက်ပါတယ် ။ တိုင်းမှူးတွေကလည်း မိမိတို့ ချမ်းသာသမျှကို တရားဝင် ထုတ်ဖော်ပြောကြားရမယ် ၊ သတ်မှတ်ခွန် ဆောင်ရမယ် လျော့ပြောတာ စစ်ဆေးလို့ ပေါ်ပေါက်ရင် အားလုံးပြည်သူပိုင် သိမ်းမယ် ဆိုပြီး ကြေညာချက် ထုတ်ပြန်ပါတယ် ။

      မဆလခေတ်မှာ သိုသိပ်စွာ ချမ်းသာခဲ့ကြသော သူဌေးများဟာ သူတို့ ကြွယ်ဝမှုကို အသီးသီးကြေငြာရင်း အခွန်ဆောင်ကြပါတယ် ။ ပြည်တွင်းအတွက် အတော်လုံလောက်တဲ့ အနေအထား ရသွားပါတယ် ။ ဒေါ်လာကတော့ လိုအပ်နေတုန်းပါပဲ ။ 

      ဒီတော့ လတ်တလော ဖြေရှင်းဖို့ ဒေါ်လာရမယ့် နည်းလမ်းဖြစ်တဲ့ ဂျပန်ရှိ မြန်မာသံရုံး မြေနေရာကို တဝက်ခြမ်း ရောင်းလိုက်တာပါပဲ ။ ကျနော် အမှတ်မမှားရင် ဒေါ်လာ သန်း ၃၀၀ ကျော် ရတယ်လို့ သိရပါတယ် ။ 

      အဲဒီခေတ် ငွေကြေးတန်ဖိုးအရ အတော်လေး တောင့်တင်းသွားပြီလို့ ဆိုရပါမယ် ။ ဦးစောမောင်ဟာ အဲဒီခေတ် CDM ဝန်ထမ်းတွေကို စာတစောင်ပဲ ထုတ်ပါတယ် ၊ ဘယ်နေ့ နောက်ဆုံး ရုံးတက်ပါ ဒါပဲ ရေးတယ် အဆင်ပြေတာပါပဲ ။ 

         ယန္တယားအားလုံး လည်ပတ်ပြီ ဆိုတာ နဲ့ မြို့ကြီးတွေကို သန့်ရှင်းရေး စလုပ်တယ် ။ လမ်းတွေကို စနစ်တကျ ပြန်ချဲ့တယ် ။ မဆလခေတ် တလျှောက်လုံး တွန့်လိမ်ကွေးကောက်နေအောင် ဟိုဖက် ဒီဖက် လမ်းမြေခိုးထားတဲ့ အဆောက်အဦးတွေ ဖြိုချပစ်တယ် ။ 

      မြို့ကြီးတွေက လမ်းမကြီးတွေဟာ ဖြူးဖြောင့်လာပါပြီ ။ ဘုန်းကြီးကျောင်း မလွတ်လည်း ဖယ်ပေးရတာပါပဲ ။ သွေးတိုးစမ်း သပိတ်တွေကတော့ ထောက်လှမ်းရေးလက်စာ မိကြတာပါပဲ ။ 

      အရပ်ထဲက ခိုး ဆိုး နှိုက် ရိုက် ဆိုတဲ့ ကလေကဝတွေ ထောင်ထဲသွားကြပေတော့ပဲ ။ ရိုးရိုးသွားရတာ မဟုတ်ဖူး ရဲဘက်စခန်းမှာ အ​သေထွက် ထွက်သွားကြရတာဗျာ ။ ထောင်ကျပြီဆို ပြန်မ​ရောက်တဲ့ လူမိုက်က များပါတယ် ။

..,. .အဲဒီအချိန်မှာ အရှေ့​မြောက်​ဒေသက ဗကပ တို့ တစခန်းထလာပါတယ် ။ မိုင်းယမ်းကို အလုံးအရင်းနဲ့ ဝင်တိုက်ကြပါတယ် ။ 

          တချိန်ထဲမှာပဲ KNU တို့က မဲသဝေါကို ဝင်တိုက်ပါတယ် ။ 
မြန်မာ့တပ်မတော်ဟာ အင်မတန် အန္တရာယ်များတဲ့ စစ်ပွဲကြီး ၂ ခုကို ဆင်နွဲရပါပြီ ။ 

          တဖက်မှာ တရုတ်ရဲ့ ထောက်ပံ့မှု နဲ့ လူသူလက်နက်အင်အား အပြည့်အလျှံနဲ့ ဗကပ ကို ရင်ဆိုင်ရသလို  တဖက်မှာလည်း အနောက်အုပ်စုရဲ့ နည်းပညာ လက်နက်ခဲယမ်း အကူအညီ ဖောဖောသီသီ ရထားတဲ့ ထိုင်းနောက်ခံ KNU တို့နဲ့ တိုက်ရပါပြီ ။ 

           မဆလ ခေတ် ငွေကြေးချို့တဲ့ခဲ့ရတဲ့ မြန်မာ့တပ်မတော်ကတော့ လက်နက်ကြီးကျည်မလုံလောက်တော့ပါဘူး ။ တလုံးပစ်ဖို့ တိုင်းမှူးဆီကတဆင့် ကကကြည်း အထိ ခွင့်ပြုမိန့်တောင်း ပစ်ခတ်နေရတဲ့ အခြေအနေပါပဲ ။ 

            နောက်ဆုံး လက်နက်ကြီးကျည် ကုန်ခါနီးမှာ တရုတ်သံအမတ် မစ္စချန်ဘောင်လီက စက်ာပူက လီကွမ်ယူ နဲ့ ချိတ်ဆက်ကာ စက်ာပူရှိ ဒိတ်လွန် 81 mm ဗုံးသီးများအား မြန်မာ့တပ်မတော်သို့ ဖျက်ဆီးရန် ဖျက်ဆီးခ တလုံး တဒေါ်လာ နှုံးဖြင့် လုပ်ငန်း အပ်နှံလိုက်သည် ဆိုပြီး  81 mm ဗုံးသီး တသိန်း နဲ့ ဒေါ်လာ တသိန်း ကူညီလိုက်ပါတယ် ။ 

       အဲဒီကျမှ 81 mm ဗုံးသီးမိုး ရွာချပြီး အနိုင်ရခဲ့တာ ပုံပြင်မဟုတ်တဲ့ သမိုင်းမှန်တွေပါပဲ ။ မြန်မာ့မြေပုံ ပြောင်းသွားနိုင်တဲ့ တိုက်ပွဲကြီးတွေ လို့ ဦးစောမောင် ပြောခဲ့တာ မမှားသလို မြန်မာ့မြေကို တလက္မအထိ မခံဖူးလို့ ကြွေးကြော်ခဲ့တာ အဲလို သမိုင်းရှိခဲ့လို့ဆိုတာ လူငယ်တွေ မသိနိုင်ခဲ့ပါဘူး ။

        TV တွေ ပေါလာပြီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဆိုတဲ့ ၈၈ ခေါင်းဖြတ်နေတဲ့ လူရမ်းကားတွေအကြောင်း ပြသပေးခဲ့တာ အဲဒီခေတ်ကပါပဲ ။ ထက်ထက်မိုးဦးရဲ့ ပန် ပန် ပန် ရွေကြော်ငြာ စောင့်ကြည့်ခဲ့ရတဲ့ ကာလများ ဖြစ်ပါတယ် ။ 

        ရွေးကောက်ပွဲ အတွက် ပြင်ဆင်ကြပါပြီ ။ အဓိကပြိုင်ဖက် တစည နဲ့ NLD တို့ အားပြိုင်ကြပါပြီ ။ တစညက စပါးနှံ ၊ NLD က ခမောက် ရပ်ရွာတွေထဲမှာ ထုံးစံအတိုင်း ကွဲကြ ပြဲကြ ပေါ့ ။ ဒေါ်စုကြည်ယောကျ်ားဟာ နိုင်ငံခြားသား ဖြစ်နေလို့ ရွေးကောက်ပွဲမှာ ဝင်ပါလို့ မရခဲ့ပါဘူး ။ 

           ဥက္ကဌ ဦးကြည်မောင်ကပဲ နိုင်အောင် ပြိုင်ဆိုင်ခဲ့ရပါတယ် ။ နိုင်ငံရေး သံဝေဂ ယူစရာ ရှိတာက တစည ပါပဲ ။ တချိန်တုန်းက တပါတီထဲ ကြီးစိုးစဥ်က အနိုင်ကျင့် ဆက်ဆံခဲ့သူတွေကို ပြည်သူတွေက ဘယ်ကြည်ဖြူတော့မလဲ ဗျာ ။ 

        အဲဒါလည်း ဘယ်သူမပြု မိမိမှုပဲပေါ့လေ ။ ဒီလိုနဲ့ ၉၀ ရွေးကောက်ပွဲဟာ တရားမျှတ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။ 

        ရွေးကောက်ပွဲနိုင်သွားတဲ့ NLD ဟာ အာဏာလွှဲပြောင်းခြင်း မရှိသေးခင်မှာပဲ အင်တာဗျူးတွေမှာ တပ်မတော် အကြီးအကဲတွေကို နုရင်ဘတ်ခုံရုံးပို့ရမယ် တို့ ဘာတို့ လေသံပစ်လာကြပါတယ် ။ 

       တပ်မတော်ကလည်း အာဏာမရခင်ကတည်းက အဲလို ရန်ပြုမယ့် စကားတွေကို ပြောနေတဲ့ NLD ကို မယုံကြည်သေးပါဘူး ။ ဦးစောမောင်ကလည်း အာဏာလွှဲမယ်ချည်း ပြောနေပါတယ် ။ ဒါနဲ့ ဥာဏ်များတဲ့ ဦးခင်ညွှန့်က ယခုဆိုလျှင် မြန်မာနိုင်ငံမှာ အုပ်ချုပ်ဖို့ အခြေခံဥပဒေ မရှိသေးကာကြောင်း ထို့ကြောင့် ခြေ / ဥ ဆွဲပြီးမှ အာဏာလွှသင့်ကြောင်း ပြောပါတယ် ၊၊

      ဦးစောမောင်က အာဏာရ နိုင်ငံရေးသမားတွေ ဆွဲလိမ့်မယ် ဆိုတဲ့ မူကို လက်ကိုင်ထားပါတယ် ။ အဲလိုဆွဲရင် သူ့ပါတီအတွက် အားသာနေမယ့် ဥပဒေတွေ ဆွဲသွားမှာပဲ လို့ ယုတ္တိဗေဒကျကျ ပြောပေမယ့် ညှိမရတဲ့ ဦး​စောမောင်ကို  ဦးသန်းရွှေ နဲ့ ဦးခင်ညွှနိ့တို့က ဖြုတ်ချပစ်ပါတယ် ။ 

        နောက်မြန်မာပြည်ကို ခပ်ကြမ်းကြမ်းကိုင်ပါတော့တယ် ။ လမ်း တံတား ဆည်မြောင်း တာတမံ လျှပ်စစ်စက်ရုံ တွေ လုပ်ပေးပါတယ် ။ အဲဒီအချိန်မှာ ဘူဒိုဇာတို့ မြေသယ်ကားတို့ကိုတောင် ဒုံးတင်စနစ် ပြောင်းလဲ သုံးနိုင်တယ် ဆိုပြီး ပိတ်ပင်ထားပါတယ် ။ 

      ပိတ်တော့ ဘာဖြစ်သလဲ ဦးသန်းရွှေက မဖြစ်ဖြစ်အောင် လုပိတာပါပဲ ။ အဲဒါကတော့ တအိမ်တယောက် လုပ်အားပေးခေါ်ပြီး လုပ်ခိုင်းတာပါပဲ ။ မင်းတို့ဒေသ ဖွံ့ဖြိုးဖို့ မင်းတို့လည်း လုပ်ကြရမယ် ပြီးသွားရင် ဒီဒေသပဲ အကျိုးကျေးဇူးခံစားရမှာ ဆိုပြီး ခိုင်းပါတော့တယ် ။ 

          ပင်ပန်းစွာ လုပ်ငန်းပြီးမြောက်အောင် လုပ်အားပေးကြရတော့ ပြည်သူတွေ ညည်းညူကြပါတယ် ။ ဒါပေမယ့် အဲဒီအချိန်က ပေးဆပ်ခဲ့ရတဲ့ ချွေးတွေဟာ ယနေ့ ပင့်ကူအိမ်သဖွယ် ဖြစ်ထွန်းလာတဲ့ လမ်းပန်းဆက်သွယိရေး ဆည်မြောင်းတာတမံ နဲ့ လျှပ်စစ်စက်ရုံတွေရဲ့ အကျိုးကို ခံစားနေရမှပဲ ဦးသန်းရွှေပြောခဲ့တာ ဟုတ်သားပဲလို့ တွေးမိပါတော့တယ် ။ 

       နောက်ထပ် ဦးသန်းရွှေ ဘာတွေ လုပ်သလဲ  ၊ ဗိုလ်ချုပ်တွေ ဘယ်လို ချမ်းသာကုန်သလဲ လေ့လာကြပါစို့........

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...