Sunday, June 13, 2021

တိုင်းပြည်အနာဂါတ် ရဲ့ မျှော်လင့်ချက် (7)



      ငွေတွေထုတ်ဖို့ ကြိုးစားရာမှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာကျပ်ငွေ သိန်း ၇၀၀ သာ ထုတ်ပေးပါတယ် ။ 

      23-6-1999 မှာ FEC နဲ့ လဲရန် USD 1 သန်းအား ဦးဥာဏ်ထွန်းက ထုတ်ပေးလိုက်ပါတယ် ။ 28-6-1999 မှာ FEC ရလာပြီး မြန်မာကျပ်ငွေ 340 ကျပ်နှုံးနဲ့ လဲပေးဖို့ စီစဉ်ကြပါတယ် ။ 

      ကိုကျော်ဝင်းဟာ ဆွစ်ဘဏ်က သူ့အမွေစု ဒေါ်လာ 1 ဘီလီယံအတွက် တံဆိပ်ခေါင်းတပ်ပြီး စာချုပ်ရပါအုံးမယ် ။ လက်ထဲငွေမရှိသေးတော့ မလုပ်နိုင်ပါဘူး ။ 
သူကသာ မလုပ်နိုင်သေးတာပါ မခင်အေးလှိုင် နဲ့ မသန္တာဖြူတို့ကတော့ 2-7-1999 မှာပဲ ဆွစ်ဇာလန်သို့ ချီတက်သွားကြပါပြီ ။

       9-7-1999 မှာ ငွေရပြီး 11 ရက်နေ့မှာ သုံးလို့ရပါပြီ ။ 15-7-1999 မှာ ဦးဥာဏ်ထွန်း နဲ့ ဦးအေးချိုတို့ကို နိုင်ငံတော်က ထပ်မံတွေ့ဆုံပြီး မိမိတို့ ငွေစာရင်းများအား 20-7-1999 နေ့နောက်ဆုံးထား၍ ဘဏ်သို့ အပ်နှံရန် စေခိုင်းပါတယ် ။ 

      ဒလ စီမံကိန်းအတွက် စစ်ဆေးခဲ့ကြပေမယ့် နောင်မှာ မလုပ်ဖြစ်ခဲ့ကြတော့ပါဘူး ။

       ဒီလိုနဲ့  အချိန်တွေ ကုန်လာပြီး 10-2-2005 ခုနှစ်မှာ ဦးအေးချိုဟာ ဦးရွှေခိုင် ဆိုသူအား 

- စင်္ကာပူ Citi Bank 963831/119

-အိန္ဒိယCity union797284-503/106

-အိန္ဒိယ Reserve 51196 / 003 

        အစရှိတဲ့ ဘဏ် များမှာ ပူးတွဲပါ ငွေစာရင်း အမှတ်များနဲ့ စုစုပေါင်း USD 65 ဘီလီယံကို အမည်ပေါက် စာရင်းပေးသွင်းခဲ့ပါတယ် ။ 

        27-6-2005 မှာ ဦးရွှေခိုင်တို့ရဲ့  Ocean Banner Co.Ltd မှာ ဦးအေးချိုက နာယက ဖြစ်လာပါတယ် ။ ဦးအေးချို ဟာ USD 65 ဘီလီယံ အပြင် သူပိုင်သမျှ အားလုံးကို ဦးရွှေခိုင်အား လွှဲပြောင်းပေးပါတယ် ။ အသိသက်သေတွေကတော့ ဒေါ်အေမီဝင်း ၊ ဦးအောင်အောင်ခင် နဲ့ ဦးအောင်ဇော်ခင်တို့ လက်မှတ်ထိုးခဲ့ပါတယ်။

      ထို့အပြင် Haristed Co.Ltd အတွက် သုံးရန် USD 50 သန်းကိုလည်း ဦးရွှေခိုင် လိုသလို သုံးရန် ရန်ကုန်မြို့ ဘဏ်စာရင်း ( 433/ 3-05) ဖြင့် လွှဲအပ်ခဲ့ပါတယ် ။ 

        အဲဒီနောက် ဦးအေးချိုဟာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဦးရန်နိုင်ထွန်းအား အင်္ဂလန်ရှိ Barclays Bank (UK) မှာ USD 45 ဘီလီယံကို (MF - 007560) နဲ့ အမည်ပေါက်ပေးသွင်းခဲ့ပါတယ် ။ 

      9-11-2006 မှာတော့ ဦးအေးချိုဟာ Ocean Banner နဲ့ Smart Power Int'l တို့ ပူးပေါင်းပြီး အလုပ်လုပ်ဖို့အတွက် ဝန်ထမ်းများ စီစစ်လေ့လာ ရွေးချယ်ဖို့ ဒေါ်အေမီဝင်းကို ဘဏ္ဍာရေး အဖွဲ့ လူကြီးခန့်ကာ တာဝန်ပေးပါတယ် ။ 

      25-11-2006 မှာ ဦးရွှေခိုင်က ဒေါ်အေမီဝင်းထံ USD 50 သန်းလွဲပေးခဲ့ပါတယ် ။ 

      20-3-2007 မှာ ဦးအေးချိုက ဦးရွှေခိုင်ထံ USD 5 သန်းလွဲပေးပါတယ် ။

          ဦးအေးချိုတယောက် ဒေါ်လာတွေ ဘီလီယံ ဆယ်နဲ့ ချီပြီး အလွှဲအပြောင်းတွေ လုပ်နေချိန်မှာ မြန်မာပြည်က တနှစ်လုံး ထုတ်ကုန်က မဖြစ်သလောက်လေးပဲ ရှိနေပါတယ် ။ 

      ကမ္ဘာပတ်ပြီး ဒေါ်လာဘီလီယံနဲ့ ချီပြီး လုပ်ငန်းလုပ်နေတဲ့ လူသူမသိတဲ့ မြန်မာပြည်က သူဌေးကြီး ဦးအေးချို အတွက် ဘုရားသိုက်က ခွင့်ပြုထားတဲ့ ပျားရည်ဆမ်းကာလ ကုန်ဆုံးသွားပါပြီ ။

     ကမ္ဘာပတ်သုံးနေတဲ့ ငွေတွေအတွက် နိုင်ငံတော်ကနေ ဦးအေးချို နဲ့ ကိုကျော်ဝင်းတို့ ၂ ဦးအား ပြည်ပအလုပ်အကိုင်ဆိုင်ရာ ပုဒ်မ ၂၆ နဲ့ တရားစွဲလိုက်ပါပြီ ။ 

      (တကယ်တမ်းကျတော့ ဦးအေးချိုတို့ရဲ့ နိုင်ငံတော်ကို အသိပေးထားတဲ့ ပမာဏဟာ သူတို့ အမှန်ရထားတာ နဲ့ နှိုင်းယှဉ်ရင် ဧရာဝတီမြစ်ရေ နဲ့ နွားခြေရာခွက်ထဲကရေ ပမာဏလောက် ကွာနေတာ နိုင်ငံတော်က သိသွားလို့ပဲ ဖြစ်ပါတယ် ။) 

        ဦးအေးချိုဟာ သက်သေခံ စာရွက်စာတမ်းမူရင်းတွေကို ဦးရန်နိုင်ထွန်းထံ ပေးအပ်ထားလိုက်ပါတယ် ။ သူတို့ နှစ်ဦးကို ပုဒ်မ ၂၄၉ / ၂၅၀ / ၂၅၁ / ၀၇ နဲ့ စွဲချက်တင်ပြီး ထောင် ၁၅ နှစ် ချလိုက်ပါတယ် ။ ( သူတို့ကို သိုက်က ပြစ်ဒဏ်ခတ်ပြီလို့ နှစ်ဦးလုံး ယုံကြည်နေကြပါတယ်)

         ဦးအေးချိုတို့ ထောင်ကျနေစဉ်မှာပဲ စာရွက်စာတမ်းတွေ သိမ်းထားရတဲ့ ဦးရန်နိုင်ထွန်းက သူ့မိန်းမဆီ အပ်ထားခဲ့ပြီး ကနေဒါကို ထွက်ပြေးသွားပါတယ် ။ သမီးဖြစ်သူ မချိုငယ်ထွေးလည်း မြိုင်ကြီးငူမှာ ငီလရှင်ဝတ်ပြီး ရှောင်တိမ်းနေတာတောင် မကြာခဏ ခေါ်စစ်ဆေးနေလို့ ကင်ညာသို့ ထွက်ပြေးသွားပါတယ် ။ 

      ထောင်ကျနေတဲ့ ကိုကျော်ဝင်း နဲ့ ဦးအေးချိုတို့မှာ ထောင်ကျရုံ ပြစ်ဒဏ်နဲ့ သိုက်ရဲ့ ဆုံးမခြင်း အမှု ပြီးသွားဖို့ မျှော်လင့် ခဲ့ကြပေမယ့် အငြိုးကြီးတဲ့ သိုက်နန်းရှင်တွေက...............?

မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...