Wednesday, June 2, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (12)



         သေတ္တာရဲ့ အောက်ခြေက ဝင်းကနဲ မြင်လိုက်ရတာက ရွှေပြားတွေ ဖြစ်ပါတယ် ။ အဲဒီ အချိန်က ကျောက်ပုထိုးရွှေတွင်း ရွှေအများဆုံး ထွက်နေချိန်မို့ ရွှေလောက်တော့ နိုင်ငံတော် လူကြီးမင်းတွေ ရင်မခုန်ကြပါဘူး ။

       ရွှေပြားပြီးတော့ အားလုံး ပါးစပ်ပြဲသွားရလောက်တဲ့ အချောထည် အရည်အသွေးမြင့် ပတ္တမြားတွေပါပဲ ၊ ပတ္တမြားပြီးတော့ ရွှေပြားထပ်တွေ့ပါတယ် ။ ရွှေပြားအောက်မှ အရည်ပြည့် ကျောက်စိမ်းအချောထည် ၊ ပြီးတော့ နီလာများ တွေ့ရပါတယ် ။

      အားလုံး တွင်းထွက်ပစ္စည်း အချောထည်များဟာ မြန်မာ့မြေက ထွက်လာတဲ့ မြန်မာ့ရတနာ ပစ္စည်း အစစ်တွေပါပဲ ။ ဗိုလ်ချုပ်ကြီးတွေ ခြေတုန်လက်တုန် ကိုင်ကြည့်နေရတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး နဲ့  အရွယ်အစား ၊ များပြားလှတဲ့ အရေအတွက်ကို မျက်စိထဲ ပြန်မြင်လာအောင် မြင်ယောင်ကြည့်စမ်းပါဗျာ ။ 

      ကျောက်မျက်ပြပွဲတွေ အမြဲလုပ်နေပြီး အကောင်းဆုံးဆိုတဲ့ ရတနာတွေကို မြင်တွေ့နေကြ ဗိုလ်ချုပ်ကြီးတွေ အံ့သြရတဲ့ ရတနာတွေ ဆိုတော့ ခန့်မှန်းကြည့်လို့ ရနိုင်ပါပြီ ။ 

       အားလုံးကို စားပွဲရှည်ကြီးပေါ်မှာ တင်ပြီး စနစ်တကျ စာရင်းသွင်းကြပါတယ် ။ ပြီးတာနဲ့ ဦးသန်းရွှေက ပြောသတဲ့ ။ 

"ကဲ ဒီလို တိုင်းပြည်ရဲ့ ရတနာတွေကို ရအောင် လုပ်ပေးခဲ့ကြတဲ့ ငါ့သားတွေကို ကျေးဇူးတင်တယ် ကွာ ၊ အထူးသဖြင့် ဗိုလ်မှူးကြီးမြင့်ဦးကိုလည်း ကျေးဇူးတင်တယ် ၊ ပြီးတော့ မင်းတို့ ငါတို့ဟာ ဒီရတနာတွေကို ကိုယ်ကျိုးသုံးလို့ မရဖူး တိုင်းပြည်အတွက် လုပ်စရာ​တွေ အများကြီး ရှိနေသေးတဲ့ အတွက် ငါ့သားတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ပဲ ပြောနိုင်တယ်ကွာ ကဲ ပြန်လို့ ရကြပါပြီ ''

        အဲဒီလို ပြောလို့ ပြန်လာကြရသတဲ့ ။ ရတနာပုံကြီး ကြည့်ပြီး လိုချင်နေကြမှာတော့ သေချာတာပေါ့ ။ ဒါနဲ့ ဗိုလ်မှူးကြီး မြင့်ဦးကို မေးကြည့်တာပေါ့ ဗိုလ်မှူးကြီးကလည်း အစအဆုံး လုပ်ပေးခဲ့ရတာပဲ ပတ္တမြားလေး တလုံးလောက်တော့ မတောင်းခဲ့ဘူးလား လို့ မေးမိပါတယ် ။ 

      မင်းကလဲ သူက တိုင်းပြည်အတွက်လို့ ပြောနေမှတော့ ကျနော့် တလုံးလောက်ပေးပါ သွားပြောရင် ပါးရိုက်လွှတ်မှာပေါ့ ငါကတော့ လိုချင်တာပေါ့ မပြောရဲဖူးကွ လို့ ပြောပါတယ် ။ 

       ကျနော်ထပ်ပြီး အတွန့်တက်မေးတာပေါ့ ဒါဆို အဲဒီလို ပြောပြီး ဦးသန်းရွှေက တယောက်ထဲ ကြိတ်သွားတာ မဖြစ်နိုင်ဖူးလား လို့ မေးမိပါတယ် ။

     အေး ငါလည်း အဲလိုတွေးမိတာပဲ ဒါပေမယ့် မဖြစ်နိုင်ဖူးကွ ၊ သေတ္တာ​ကို ဖွင့်နေတဲ့ အကြိမ်တိုင်း ဗိုလ်ချုပ်တွေခေါ်ထားလေ့ရှိသလို အခြားအရာရှိတွေလည်း ပါတယ် ကွ ။ သူမရိုးမသား လုပ်ချင်ရင် သူ့အိမ်မှာ သူတယောက်ထဲ ရှိတုန်း ဖောက်ခိုင်းလည်း ရတာပဲ ကွ ၊ အခုဟာက တဖွဲ့လုံးရှေ့မှာ ဖောက်ပြီး စာရင်းသွင်း မှတ်တမ်းယူထားတော့ ဒီအပေါ်မှာတော့ မယူလောက်ဖူး ကွ ဒီပြင်နေရာက ယူချင် ယူပါလိမ့်မယ် လို့ ဖြေရှာပါတယ် ။ 

     အဲဒီလို ​ဖြေလို့ ဗိုလ်မှူးကြီး မြင့်ဦးကို ငဖားကြီးလို့ မပြောနဲ့ဦးဗျ ။ သူက ဦးခင်ညွှန့်တပည့်ရင်းနော် ဦးသန်းရွှေကို သေအောင်မုန်းတီးသူဗျ ၊ ကျနော်နဲ့ တွေ့ဆုံမေးမြန်းမိကြတာ ၂၀၁၅ ဥွီးသိန်းလက်ထက်နော် ဘယ်သူ့ ဘယ်သူကိုမှ ကြောက်စရာ မလိုတော့တဲ့ ခေတ်မှာ သူ အမှန်အတိုင်း သုံးသပ်ပြတာ ဗျ ။ 

       နဝတ အတွက် အဲဒီရတနာတွေ ရလာပြီး ၊ သဘာဝ ဓာတ်ငွေ့တွေလည်း ထွက်လာပြီ ဆိုတော့ နိုင်ငံအနှံ့ မြို့သစ်တည်တာတွေ လုပ်ကြပါတယ် ။ ယနေ့ စည်ကားနေတဲ့ လှိုင်သာယာဆိုတာ အဲဒီ အချိန်က ဇတ်နဲ့ကူးရတဲ့ ရွှံနွံအပြည့်နဲ့ အနေအထားပဲ ရှိပါသေးတယ် ။ 

          ဦးတင်ဦးတို့ လျှမ်းလျှမ်းတောက်ချိန်မှာ ဧရာဝတီတိုင်းအတွက် သူလုပ်ပေးခဲ့တာ အလွန်ထိရောက်ပါတယ် ။ လမ်းပန်းဆက်သွယ်ရေး ဆက်ခဲလှတဲ့ ချောင်းကြို ချောင်ကြား ပေါများလှတဲ့ ဧရာဝတီတိုင်းမှာ ကားလမ်းတွေဖောက် တံတားတွေ ဆောက်ပေးခဲ့လို့ ယခုလို ဖွံ့ဖြိုးလာတာပါ ။ 

           တတိုင်းပြည်လုံး လမ်းဖောက် ၊ တံတားဆောက် ၊ ဆည်မြောင်း တာတမံ လုပ်နဲ့ အလုပ်အကိုင်တွေလည်း အင်မတန်ပေါများ လာပါတယ် ။ ကုန်စျေးနှုံး တက်လာတာ မှန်ပေမယ့် ဝင်ငွေတိုးလာတဲ့ အတွက် ပြည်သူတွေ ပျော်ရွှင်ခဲ့ကြရပါတယ် ။ 

         ယခင် မဆလခေတ်က ဇိမ်ခံပစ္စည်း ရှားပါးလွန်းလို့ ရေဒီယိုက လာတဲ့ ဘောလုံးပွဲ စုနားထောင်ရတဲ့ အခြေအနေကနေ အိမ်တိုင်းနီးပါး ကိုယ်ပိုင် TV တွေ ဖြစ်လာပါပြီ ။ ယခင်က ဖီးဆင့် စက်ဘီးစီးနိုင်သူကို ငေးကြည့်ရတဲ့ ဘဝတွေက ဆိုင်ကယ်ကိုယ်စီ ဖြစ်လာပါပြီ ။ 

      ယခင်က ခရမ်းချဥ်သီးလောက် လင်းတဲ့ လျှပ်စစ်မီးဟာ ထိန်ထိန်​ငြီးလာပါပြီ ။ စက်မှုဇုံအသီးသီးမှာလည်း လုပ်ငန်းတွေလည်ပတ်လာပါပြီ ။ ဘိလပ်ရေလောက် စပက်ကရင်လောက် သောက်ခဲ့လာရာကနေ ပက်စီ နဲ့ ကိုကာကိုလာကို ပြည်တွင်းမှာ ဖောဖောသီသီ ရလာပေပြီ ။ 

      တိုးတက်မှုတွေ အရှိန်မြှင့်ဖို့ ဦးသန်းရွှေဟာ မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ကို အကြီးအကျယ် ကြေညာပါတော့တယ် ။ နယ်ပယ်အသီးသီးရဲ့ ပြောင်းလဲတိုးတက်မှုတွေကြောင့် ပြည်သူတွေ ပျော်ရွှင်ခဲ့ရချေပြီ ။ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်တွေ အာဏာလွှဲမပေးတာတွေ ပြည်သူတွေ စိတ်မဝင်စားကြတော့ဖူး ။

     တချက်တချက် ထပြီး ဂယောင်လိုက်နေတဲ့ နိုင်ငံရေးသမားတွေကို ဦးသန်းရွှေ ပယ်ပယ်နယ်နယ် အရေခွံခွာနေတာလည်း စိတ်မဝင်စားတော့ပါဖူး ။ ထမင်းဝနေရင် နိုင်ငံရေးကို ပြည်သူတွေ အာရုံမလာကြတာ ထုံးစံပါပဲ ။ 

      အဲဒါကို သိနေတဲ့ လူယုတ်မာ နိုင်ငံရေး သမားတွေဟာ ပြည်သူတွေ ငတ်ပြတ်ဆင်းရဲ နေအောင် ယုတ်မာစွာ လုပ်ဆောင်လာကြပါတယ် ။ ဒေါ်စုကြည်ဟာ သူ့ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အမေရိကန် နဲ့ လင်ပါနိုင်ငံတော် အဂ်လန်ကို တောင်းဆိုပါတယ် ။ စီးပွားရေး ပိတ်ဆို့ပေးပါ တဲ့ ။ 

        မြန်မာပြည်ကို ဒုက္ခပေးဖို့ အတွက် လက်မနှေးတဲ့ အကုသိုလ်တိုင်းပြည်တွေကလည်း ချက်ခြင်း အကောင်အထည် ဖော်ပါတယ် ။ မြန်မာပြည်နဲ့ စီးပွားရေး ဆက်ဆံတဲ့ နိုင်ငံ သူတို့နဲ့ စီးပွားရေး မလုပ်ရ ဆိုပြီး ကြေညာပါတော့တယ် ။

       အမေရိကန် ကုမ္ပဏီတွေ နဲ့ အနောက်အုပ်စု ကုမ္ပဏီတွေဟာ ညည်းညူပြီး ပြန်သွားရပါတော့တယ် ။ စက်ရုံ အလုပ်ရုံတွေ ပိတ်ပြီး ပြန်ကြတဲ့ အတွက် အရှိန်ရစ မြန်မာ့စီးပွားရေးဟာ မြင်းဇာတ်ကြိုးဆောင့်ဆွဲသလို့ တုန့်ကနဲ ဖြစ်သွားရပါတော့တယ် ။ 

       အထည်ချုပ်စက်ရုံတွေ ပိတ်လိုက်တော့ မိန်းမပျို အတော်များများဟာ ပျက်စီးကုန်ပါတယ် ။ နယ်ရှိ သူမတို့မိသားစုတွေ စားဝတ်နေရေးအတွက် ရိုးသားစွာ လုပ်ကိုင်စားသောက်မရတော့လို့ ဒီလို ပြည့်တန်ဆာ ဖြစ်ကုန်ရတာပါ ပဲ ။ တရားခံအစစ်က ဒေါ်စုကြည်ပါ သမိုင်းကို လိမ်လို့ရရင်လည်း လိမ်ညာမှုဟာ ရေရှည်မခံပါဘူး အချိန်တန်ရင် အမှန်တရားကသာ လွှမ်းမိုးသွားမှာပါ ။ 

          ဒီနေရာမှာ နဝတကို ဆန်ကျင်တဲ့ သူခြင်းအတူတူ တိုင်းပြည်နဲ့ လူမျိုးကို အမှန်ချစ်တဲ့ လူတယောက်အကြောင်း ပြောပြချင်ပါတယ် ။ နှိုင်းယှဥ်ကြည့်ကြဖို့ပါ ။ 

        ဒေါ်မြမြဝင်းဆိုတဲ့ အမျိုးသမီးဟာ စစ်အစိုးရကို မကြိုက်လို့ ဂျပန်ကို ထွက်သွားတယ် ။ မောင်ပန်းမွှေး နဲ့ ရွှေယမင်းဦး ဆိုတဲ့ သား နဲ့ သမီး ရှိပါတယ် ။ ဂျပန်မှာ ကိုယ်ပိုင်စီးပွားရေး နဲ့ အဆင်ပြေနေတဲ့ ဒေါ်မြမြဝင်းဆီကို ပြည်ပြေးတွေ လာဆက်သွယ်တယ် ။ 

        BAIJ ဆိုတဲ့ အဖွဲ့ ဖွဲ့ကြတယ် ၊ နောက်တော့ MAIJ ဖြစ်လာတယ်ပေါ့ ။ မူလက အဖွဲ့ဝင် ၁၀၀၀ လောက်နဲ့ အကြမ်းမဖက်နည်းဖြင့် မြန်မာပြည်ကောင်းစားရေး ကြွေးကြော်သံနဲ့ စစ်အစိုးရ ကို ဆန့်ကျင်ခဲ့တယ် ။ 

     အဲဒီထဲကနေ အကြမ်းဖက်မှ ရမယ်ဆိုပြီး လူ ၁၀၀ လောက် ခွဲထွက်သွားတယ် ။ အတွင်းရေးမှူး ၁ ဦးတင်ဦး အိမ်မှာ ပေါက်ကွဲပြီး သူ့သမီးသေဆုံးခဲ့တဲ့ ဂျပန်က ပါဆယ်ဗုံး ဆိုတာ အဲဒီ ခွဲထွက် အုပ်စုလက်ချက်ဖြစ်ကြောင်း ဒေါ်မြမြဝင်းက ပြောခဲ့ပါတယ် ။

      စစ်အစိုးရကို ဆန့်ကျင်နေတဲ့ ဒေါ်မြမြဝင်းတို့ ရဲ့ MAIJ ကို ဖိတ်ခေါ်တယ် ။ တိုးတက်မှုတွေကို ပြလိုက်တယ် ။ ကျေနပ်သွားတဲ့ ဒေါ်မြမြဝင်းဟာ ဂျပန်ကို ရောက်တော့ သူ့မိတ်ဆွေ ဂျပန်အမတ်တွေကတဆင့် မြန်မာပြည်ကို မူလတန်းကျောင်းဆောင်တွေ လှူပေးဖို့ လွှတ်တော်မှာ တောင်းဆိုခိုင်းပါတယ် ။ 

     မူလတန်းကျောင်းဆောင် ၆၅၀ လှူဒါန်းပေးဖို့ လွှတ်တော်ဆုံးဖြတ် လိုက်ပါတယ် ။ အဲဒါကိုပဲ ဒေါ်စုကြည်က မလှူပါနဲ့ နဝတကို ပြည်သူတွေ အထင်မကြီးစေချင်ဖူး ဆိုပြီး ပိတ်ပင်ခဲ့လို့ ကျောင်းဆောင် ၆၅၀ ဟာ ဗီယက်နမ်ကို ရောက်သွားရပါတယ် ။ 

     မသိသေးသူတွေ အံ့သြစေလောက်တဲ့ ဒေါ်စုကြည်ရဲ့ ပြည်သူအပေါ် ယုတ်မာမှုများဟာ ဒီထက်ဆိုးလာပါတယ် ။ AIDS ရောဂါသယ်တွေ အတွက် အခမဲ့ ပေးနေတဲ့ ဆေးဝါးတွေကို မပေးဖို့ သူပဲ တားမြစ်ခဲ့တာပါ ။ AIDS ဝေဒနာရှင်ပေါင်းများစွာဟာ အသက်ဆုံးပါးခဲ့ရပါတယ် ။ 

     ဒါတွေဟာ လီဆယ်လုပ်ကြံထားတာ တခုမှ မပါ ပါဘူး ။ တိုင်းပြည် နဲ့ ပြည်သူအပေါ် ဘယ်သူက တကယ်ချစ်တယ်ဆိုတာ စစ်အစိုးရကို ဆန့်ကျင်သူ အမျိုးသမီး နှစ်ယောက်ကိုပဲ နှိုင်းယှဥ်ကြည့်ပါက အဖြူအမဲ သဲကွဲပါလိမ့်မယ် ။ 

      ကဲ နိုင်ငံတော်ရဲ့ ဖြစ်စဥ်တွေကို ပြန်ကြည့်ကြပါစို့ဗျာ ။ အဲဒီလို အဖက်ဖက်က ပိတ်ဆို့ထားလို့ အရှိန်ပျက်သွားတာဟာ နဝတ ရဲ့ ရည်မှန်းချက်တွေ လုပ်ဆောင်ချက်တွေကို မဟန့်တားနိုင်ပါဘူး ။ နဝတ လက်ထဲမှာ အထက်က ပြောထားတဲ့ ရတနာပစ္စည်း အများအပြားရယ် သဘာဝဓာတ်ငွေ့က ဝင်ငွေရယ် ရှိနေတာကိုး ။ 

        အဲဒီအချိန်မှာ ဦးသန်းရွှေဟာ ပြည်ပအားကိုးနေရတဲ့ ကဏ္ဍတွေကို လျော့ချဖို့ အားထုတ်ပါတော့တယ် ။ လက်နက်ခဲယမ်းအတွက် ကိုယ်ပိုင်ထုတ်ရန် ၊ တိုက်ခိုက်ရေး ယာဥ် ကုန်းကြောင်း ရေကြောင်း လေကြောင်း အားလုံး ပြည်တွင်းမှာပဲ ထုတ်နိုင်ရန် ရည်မှန်းလာပါတယ် ။ 

     အဲဒီမှာပဲ ယနေ့တိုင် လှောင်ပြောင်နေ​ကြတဲ့ ကြက်ဆူစီမံကိန်း ဖြစ်လာရတာပါပဲ ။ တကယ်တန်းကျတော့ ​ကြက်ဆူစီမံကိန်း ဆိုတာ တမင်အရူးထခြင်း မဟုတ်ပါဖူး ။ သူ့နောက်ကွယ်မှာ တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ ကာကွယ်ရေး စီမံချက်ကြီး ရှိပါတယ် ။ 

      အဲဒါတွေကို မသိတဲ့ သာမန်အရပ်သား ပညာမဲ့ ပြည်သူတွေဟာ နိုင်ငံရေးသမားတွေရဲ့ အောက်လုံးထိုး လှောင်ပြောင်မှုတွေကို အမှန်ထင် မိမိမဖြစ်စလောက် ပေးဆပ်လိုက်ရတဲ့ ချွေးတပေါက်အတွက် မပြီးဆုံးနိုင်ပဲ နာကျည်းပြနေတာ ရီစရာပါပဲ ။ 

     ကြက်ဆူစီမံကိန်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကတော့............?

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...