Sunday, June 6, 2021

ကြော်စားရမယ် ကြက်ဥများ



      တခါက လယ်သမားကြီး တဦးဟာ ကြက်မတွေက ဥတွေ စဥလာတော့ အနာဂါတ်အတွက် ပျော်ရွှင်နေသတဲ့ ။ 

     တနေ့ သူကိုးကွယ်တဲ့ ဘုန်းကြီး ကျန်းမာရေး မကောင်းလို့ ကြက်ဥနဲ့ လူနာ သွားမေးဖို့ မိန်းမက တိုက်တွန်းတော့ လယ်သမားကြီးက ကြက်ဥလေးတွေထဲမှာ အဖိုးတန်တဲ့ တိုက်ကြက်တွေ ပါလာနိုင်တယ် ။ အနာဂါတ်အတွက် အရေးပါနိုင်တယ် ၊ ဒါကြောင့် ကြက်မကြီးပဲ သတ်ပြီး စွတ်ပြုတ်လုပ် လှူလိုက်ပါလို့ ပြောပါတယ် ။ 

     အနားမှာ ရှိတဲ့ သားဖြစ်သူက ကြားတော့ 

"အဖေရာ တန်ဖိုးကြီး တိုက်​​ကြက်ဆိုတာ သူ့ဖအေကိုက တိုက်ကြက်မျိုးကောင်း ဖြစ်မှ ပေါက်မှာလေ ။ အဖေ့ကြက်မက လမ်းဘေး ကလေကချေ ကြက်လေ ကြက်လွင့်တွေနဲ့ ကမြင်းကျော ထလို့ ရထားတာ ဘယ်လိုလုပ် တိုက်ကြက်ပါလာမှာလဲ ။ နောက်ပြီး ကြက်ဥတွေလည်း အကောင်တိုင်း ပေါက်လာမယ် မထင်နဲ့ ပုပ်တဲ့ဥက ပုပ်အုံးမှာ ဆိုတော့ အနာဂါတ်အတွက် မသေချာတဲ့ ကြက်ဥမျှော်လင့်ပြီး ပစ္စုပ္ပန်မှာ အကျိုးပြုနေတဲ့ ကြက်မတော့ မသတ်ပါနဲ့ အဖေရာ ၊ ကြက်မရှိရင် ကြက်ဥရှိနေအုံးပါ ၊ အဖေ့ကြက်ဥတွေကမှ ကြော်စားရမယ့် ကြက်ဥတွေ ဗျ "

         ဟုတ်ကဲ့ အဲဒီ ပုံပြင်ထဲက လယ်သမား သားအဖလိုပဲ ကျနော်တို့လဲ သုံးသပ်သင့်ပါပြီ ။ ဒီကနေ့ GZ ဆိုပြီး တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ မျိုးဆက်ယုတ်တွေရယ် ၊ ကျောင်းသားသမဂ္ဂဆိုတဲ့ လူယုတ်မာ တောမရောက် တောင်မရောက် ကျောင်းသားတွေရယ်ကို ပြတ်သားစွာ ကိုင်တွယ်သင့်ပါတယ် ။ 

     ကျနော်တို့ နိုင်ငံမှာ ကျောင်းသားဆိုရင် အနာဂါတ်ခေါင်းဆောင်လောင်းတွေ အဖြစ် ရှုမြင်ပြီး ဦးစားပေးလေ့ ရှိပါတယ် ။ နိုင်ငံတိုင်း ဒီလို ဦးစားပေးလေ့ ရှိပေမယ့် မြန်မာပြည်က အခြားနိုင်ငံတွေထက် ပိုကို ပိုလွန်းပါတယ် ။ 

     ကျောင်းသားဆိုရင် ဥပဒေချိုးဖောက်တာကိုတောင် အရေးယူဖို့ တွန့်ဆုတ်နေကြပါတယ် ။ ဘာကြောင့်လည်းဆိုရင် သား သမီးခြင်း ကိုယ်ချင်းစာစိတ် နဲ့ သူတို့အနာဂါတ်လေး ပျက်ဆီးသွားမှာ စိုးရိမ်ကြလို့ပါပဲ ။ 

     ဒီလိုလုပ်လာကြတာ ကာလရှည်လာတော့ ကျောင်းသားဆိုတဲ့ လူငယ်တွေဟာ ဘဝင်မြင့်လာကြတယ် ။ ငါတို့သာ သိတယ် တတ်တယ် ၊ လူကြီးတွေ ခေတ်မမှီတော့ဖူး ၊ ဆရာတွေလည်း ငါတို့လောက် မတော်ကြဘူး ဆိုကာ ဘဝင်စိတ် ငယ်ထိတ်ရောက်ကုန်ကြတယ် ။ ဒီလိုဖြစ်အောင်လည်း လုပ်စား နိုင်ငံရေးသမားတွေက မြှောက်ပေးနေကြတာကိုး ။

      သူတို့က ကလေးတွေပဲ ဆိုပြီး ခွင့်လွှတ်ကြမှာလား?  ခွင့်ပြုထားသင့်သလား ကျနော် နမူနာ တခုပြောပါ့မယ် ။ 

      တောင်သမန်အင်းကို မြေဖို့ပြီး လမ်းဖောက်တော့ မြေသယ်ယာဥ်တွေ ရတနာတက္ကသိုလ်ရှေ့ ဖြတ်ကြတော့ ကျောင်းသားသမဂ္ဂက အဖွဲ့က တားကြတယ် ။ ယာဥ်တိုက်မှုဖြစ်နိုင်တယ် ဘာညာ ပေါ့ ။ 

       ဇော်မြင့်မောင်သမီး ရှယ်ယာပါထားတဲ့ တောင်သမန် မြေသူခိုးအဖွဲ့ကလည်း ဥပဒေဖောက်ဖျက်ပြီး အလျှင်အမြန် မြေခိုးနေရတော့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ညှိနှိုင်းကြရတယ် ။ 

      တလ ဆယ်သိန်း ပေးရတယ် ၊ ကျောင်းသားခေါင်းဆောင်တွေပဲ ခွဲယူကြမှာပေါ့ ၊ ဒီကြားထဲ အဲဒီ ခေါင်းဆောင်ကျောင်းသားတွေ တောင်းဆိုလို့ ဖာတပိုင်း မော်ဒယ်ဂဲလ် တွေ ခေါ်ပေးရသေးတယ် ။

      ဒီတော့ ဘာမှ မဟုတ်သေးတဲ့ ကျောင်းသားဘဝမှာတောင် လာဘ်စားတတ်ပြီ ၊ မိန်းမလိုက်စားနေပြီ ဆိုတဲ့ အမျိုးယုတ်တွေကို အနာဂါတ်အတွက် မျှော်လင့်ချက်ထားပြီး သက်ညှာရန် သင့် မသင့် တွေးကြပါ ။ 

     ယခုဆိုရင် ကျောင်းတွေဖွင့်ဖို့ စီစဥ်နေတော့ အဲဒီ ကျောင်းသားသမဂ္ဂ ဆိုတဲ့ လူယုတ်မာလေးတွေက ဆရာတွေကို ခြိမ်းခြောက်တယ် ၊ ရိုးသားတဲ့ကျောင်းသားတွေနဲ့ မိဘတွေကို ခြိမ်းခြောက်တယ် ။ 

      GZ ဆိုတဲ့ ရူးကြောင်ကြောင် ကြပ်မပြည့်တွေက သူများခိုင်းသမျှ လုပ်ကြရင်း တိုင်းပြည်ဖျက်နေကြတယ် ။ 

     ဆရာ ဆရာမ တွေ နဲ့ ဝန်ထမ်းတွေ ဆိုတာ ဘွဲ့ရအောင် ကြိုးစားခဲ့ရသူတွေချည်းပါပဲ ။ GZ နဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့ လူငယ်တွေက တောမရောက် တောင်မရောက် ဝေလေလေ အဆင့်တွေချည်းပါပဲ ။ 

      တနည်းအားဖြင့် ဝန်ထမ်းဆိုတာ သူ့တန်ဖိုးကို သတ်မှတ်ထားတဲ့ လေဘလ် တပ်ထားတဲ့ အဆင့်ဖြစ်နေကြပါပြီ ။ ကျောင်းသားသမဂ္ဂနဲ့ GZ ဆိုတာ သူတို့တန်ဖိုးကို သတ်မှတ်ဖို့ လေဘလ်တပ်မရသေးတဲ့ အဆင့်နိမ့် သတ္တဝါလေးပဲ ဖြစ်နေပါသေးတယ် ။ 

    အခု CDM နဲ့ ပတ်သက်ပြီး အဖိုးမတန်တဲ့ လူငယ်တွေ ခြိမ်းခြောက် အကျပ်ကိုင်နေတာကို ခံနေရတဲ့ တန်ဖိုးသတ်မှတ်ပြီးဖြစ်တဲ့ အဖိုးတန်ဝန်ထမ်းတွေက ကြောက်နေသေးတယ် ဆိုရင်ဖြင့် လွှဲမှားနေပါပြီ ။ 

    အထက်ပါ ပုံပြင်ထဲက ပညာမဲ့ လယ်သမားကြီးလို အဖိုးနည်းပါးသေးတဲ့ ကြက်ဥကို တန်ဖိုးထားပြီး သေချာပေါက် တန်ဖိုးရှိနေတဲ့ ကြက်မကြီးကို သတ်မယ်ဆိုရင်တော့ နစက စိတ်ကူးလွဲနေပါပြီ ။ 

     တကယ်တန်းကျတော့ ကျောင်းစာ စိတ်မဝင်စားပဲ နိုင်ငံရေးလုပ်နေကြတဲ့ ကျောင်းသား သမဂ္ဂနဲ့ GZ တွေဆိုတာ ကြက်ဖလေ ကြက်ဖလွင့်တွေ နဲ့ ညားပြီး ပေါက်လာတဲ့ ဥ တွေမို့ တန်ဖိုးကြီး တိုက်ကြက် ပေါက်လာမှာ မဟုတ်ပါဘူး ။ အဲဒီဥတွေက ​စောစောစီးစီး ကြော်စားရမယ့် ဥလေ ဥလွင့်တွေပါ ဗျာ ။ 

      မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...