Friday, June 4, 2021

အာဏာစက်



        အာဏာစက်ဆိုတာ ခွဲဝေသုံးစွဲတတ်ရတယ် ။ ဒီလူကြီးတွေခေတ်က ဒီလူကြီးတွေကို အရပ်ထဲက ပဲပြုတ်သည် နဲ့ ဆိုက်ကားသမားက အစ ကြားဖူးကြတယ်။မီဒီယာနည်းပညာ မဖွံ့ဖြိုး ပေမယ့် သူတို့ သတင်းတွေကို လူ လူချင်း သယ်ဆောင်ပေးခဲ့ကြတယ် ။ 

        ဦစောမောင် ၊ ဦသန်းရွှေလောက်ပဲ သိခဲ့ကြတာ မဟုတ်ဖူး ။ ဒီတော့ တနိုင်ငံလုံး အေးချမ်းတယ် ။ 

     အခု ခင်ဗျားတို့ ဘယ်လူကြီးရဲ့လုပ်ဆောင်ချက်က ဘယ်လိုကွာ ဆိုတာမျိုး ကြားဖူးပြီလား ။ 

     လော်ဘီတွေ ဖွနေတဲ့လိုင်းပေါ်က သတင်းမဟုတ်ပဲ အရပ်ထဲက လက်လုပ်လက်စားတွေ မေးကြည့်ကြစမ်းပါအုံး ။ မင်းအောင်လှိုင် ကလွဲရင် ဒုချုပ်ကြီးတောင် မသိတဲ့သူတွေ အများကြီး ပဲ ။ 

      အရပ်သားတွေ ပါနေလို့ တဲ့ ။ ကောင်းပြီ အဲဒီ အရပ်သားတွေထဲက ဘယ်သူ စွမ်းစွမ်းတမံ လုပ်ပြနေသလဲ  ? ဦးသိန်းညွှန့်ကြီး သာမန် အမတ်ဘဝမှာ လက်စောင်းထက်တာ အားလုံးအသိပါပဲ ။ အခု အမတ်မင်းထက် အာဏာပါဝါ အများကြီး ပိုသာတဲ့ နစက လူကြီးဖြစ်နေပြီ သူဘာတွေ လုပ်ပြနိုင်ပြီလဲ ။ 

     အေး တိုင်းပြည် အေးချမ်းသာယာ ခဲ့တဲ့ အခြေအနေ ရဲ့ အာဏာပါဝါ ခွဲဝေမှု နဲ့ ယခု တိုင်းပြည်ဆူပူနေတဲ့ အာဏာပါဝါ ခွဲဝေမှု စနစ် ဘာကွာသလဲ ဆိုတာ အဲဒါပဲ ။ 

      ခင်ဗျားတို့ စစ်တိုင်းမှူးနာမည်တွေ ၊ နစက လူကြီးတွေရဲ့ နာမည်တွေ လက်လုပ်လက်စား ပြည်သူ့ပါးစပ်ဖျား ရောက်လာပြီ ဆိုမှသာ အေးချမ်းပါလိမ့်မယ် ။

           မျိုးဝင်း

(အေးချမ်းသာယာစဥ်က လူတိုင်းသိကြတဲ့ အပျံစား ဗိုလ်ချုပ်ကြီးများကို တမ်းတ မှန်းဆ ဦးညွှတ်လျှက်...... )

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...