Tuesday, June 29, 2021

အမြတ်ဆုံးအလှူ



         Covid ပြဿ     နာ ဖြေရှင်းခန်းအတွက် NLD အစိုးရကြီး ဖြေရှင်းပေးနေတဲ့ နည်းလမ်းတွေဟာ အင်မတန် ခမ်းနားလှပါတယ် ။ 

       ပထမလှိုင်းမှာ နိုင်ငံတကာက ပတ်ပြီး အလှူခံတယ် ။ ပြည်တွင်းမှာလည်း ရသလောက်အလှူခံတယ် ။ ဒီလောက်နဲ့ ဘယ်ရမလဲ ပြည်သူတွေ အားကိုးနေတဲ့ ပရဟိတအဖွဲ့တွေပါ ဘွားတော်က ထမီနဲ့ အုပ်ပစ်ပြီး သူထဲ ထည့်လိုက်သေးတယ် ။ ဖွဲ့ ဖွဲ့ သမျှ ဥက္ကဌ တဲ့ ဟေ့..... ။ 

       ကဲ ပြည်သူကို ကူညီပြီ တအိမ်ထောင် ငွေ တသောင်းခွဲ ၊ ထောက်ပံ့ကြေးရမယ့်သူက သူတောင်းစားအဆင့်တောင် ကိုယ်ပိုင် ခွက် မရှိမှ ပေးမတဲ့ ။ ချွင်းချက်ကတော့ ဥက္ကဌ အမျိုးတွေ အားလုံး ရစေရမယ် ဆိုပဲ ။ 

           Q စင်တာအတွက်ကတော  ပရဟိတက အလှူရှင်တွေ ရှိရင်စား ၊ မရှိရင် လူတယောက် တရက် ၅၀၀၀ိ / ကိုင်း ပြီးမှ စာရင်းတင် ဘက်ဂျက်ဆွဲမယ် တယောက် ခြောက်သိန်း ဒါပဲ 😁😁

         ကိုင်း ရခိုင်မှာ ဖြစ်ပြီ ပွားပါစေ များပါစေ အစိုးရအတွက် အကျိုးပေးတဲ့ covid ကွဲ့ ။ ပြည်သူတွေ သေနေပြီလား ထားစမ်းပါ ရွေးကောက်ပွဲ မဲ ခိုးဖို့က အရေးကြီးတယ် ။ ရောဂါပြန့်ပြီလား ဘက်ဂျက်က အဆင်ပြေတယ် ။ 

.........Q ဝင်လို့ + ပြသလား စီဗစ်နဲ့ ဘာမီတွန်တိုက်လိုက်ပါ ပြီးတော့ သိန်း ၂၀ စာရင်းပြ လိုက် ။ 

........ဘာ သေတဲ့လူတွေ များနေပြီ ဟုတ်လား ။ ဟန်ကြလိုက်လေ တယောက်ကို သိန်း ၅၀ စာရင်းပြ ပွ ပဟဲ့ စောက်ကျိုးနဲ covid လာတာ နောက်ကျပါ့ ။ 

    မဲပေးမယ့် ငစနူလေးတွေ နဲနဲကျွေးလိုက်စမ်းပါ အုံး ။ ကတိပါပေးလိုက် နိုင်ရင် လေးသောင်း ပေးမဟဲ့ ။ ဘာ လေးသောင်းမရလို့ ဆူပူနေသလား တိုင်စာရေးပြီး ပို့ခိုင်း ချွေးသိပ် ပြီး အိပ်ကြပါစေ ၊၊

............မဲသူခိုး လုပ်ဇတ် မပေါ်အောင် အုပ်ကြီးတွေကို အဟုတ်မတီးနဲ့ ငနုံငအ ပြည်သူတွေကို လိမ်သာ လိမ် ထားဟ ။

      ကိုင်း တတိယလှိုင်းနဲ့ ထပ်ခြောက် အလှူငွေ ကောက်ကြအုံးစို့ ။ 

- အူကြောင်ကြောင် စစ်တပ်က သန်းတထောင်တဲ့လား ။ 

- အိုး ခရိုနီ / ပြာ တွေလည်း လာကြသဟ ။ 

- ဘာရယ်..  အမေ့်ကိုယ်ပိုင်ငွေ ဘယ်လောက်လှူမလဲ ဟုတ်စ မသာတွေ မေးစရာလား ငါ့ဟာငါတောင် ဝမ်းဆက်ဖိုး မနည်းရှာနေရတာ ။ 

         နိုင်ငံတော်က ဘွဲ့တံဆိပ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ လှူသူကလှူ မြိုင်နေတာပဲ ။ ဘာလဲ မင်းက ပုဇွန်လုံးလုပ်ပြီး ကန့်လန့်တိုက်နေတာလား ဆိုပြီး ဝေဖန်မလို့လား ။ မင်းမလှူပဲ အာချောင်နေတယ်လို့​ဝေဖန်မလို့ လား ။ 

      ဒီမယ် စိတ်ချ ကျုပ်ကလည်း လှူမှာပါ ။ ကျုပ်အလှူဟာ

 ၁ ။သူများတွေထက် ထူးခြားရမယ်

၂ ။ နိုင်ငံတော်အစိုးရအတွက် အလွန် အသုံးဝင်ရမယ်

၃ ။ NLD ပါတီရဲ့ သင်္ကေတလည်း ဖြစ်ရမယ်

၄ ။ ဘွဲ့တံဆိပ်အတွက် သူများတွေလို လျှောက်လွှာတင်ပြီးမှ ရယူဖို့ မလိုပဲ နိုင်ငံတော်ကိုယ်၌က လှိုက်လှဲစွာ ပေးအပ်မယ့် အလှူမျိုး ဖြစ်ရမယ် ဗျ ။ 

      ဘာလှူမှာလည်း ဟုတ်လား သူများတွေလို ငွေသန်းပေါင်း ထောင်သောင်းချီပြီး လှူစရာ မလိုပါဘူး နိုင်ငံတော်အတွက် အလွန်လိုအပ်နေတဲ့ ဒီပစ္စည်းတွေ လှူမှာ ဗျား ။

       လှူတတ်ပါစေ ချစ်မိတ်ဆွေ တို့

         မျိုးဝင်း

(NLD ရဲ့ covid plan ကြီး ပြန်သတိရကြဖို့...... 😁😁)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...