Tuesday, June 1, 2021

ဦးဘဂျမ်း & မျိုးဝင်း



         တခါတုန်းက ဦးဘဂျမ်း ရဲ့ ကာတွန်းတွေဟာ ဒီနေ့အထိ မှန်နေတာ တွေ့ရတော့ သူငယ်ချင်းက ပြောတယ် ဗျ ။ ဦးဘဂျမ်းကြီး တော်လိုက်တာ ဒီနေ့အထိ သူ့ကာတွန်းတွေ သရော်ချက်တွေ မှန်နေတုန်း ပဲ လို့ ပြောပါတယ် ။

       ကျနော်က ပြောင်းပြန်တွေးယူရတာ ဝါသနာပါတော့ ဒီလို ပြန်ပြောလိုက်တယ် ဦးဘဂျမ်းတော်တာ မဟုတ်ဖူးကွ သူ့ခေတ် သူ့အခါတုန်းက ပြင်ရမယ့် ညဥ်ဆိုးတွေကို ပြင်စေချင်လို့ သရော်ခဲ့တာ ပဲ ကွ ဒါပေမယ့် အဲဒီ သဒ္ဓေဆိုး ညဥ်ဆိုးတွေကို အခုထိ မပြင်ကြသေးလို့ သူ့ကာတွန်း တွေ မှန်နေသေးတာ လို့ ဖြေခဲ့မိပါတယ် ။ 

      အဲလိုပါပဲ လွန်ခဲ့တဲ့ ငါး နှစ်အတွင် ပြုပြင်စေချင်လို့ ရေးခဲ့တာ နစက ခေတ်ထိ မှန်နေရင်တော့ သူလည်း ထိုနည်းလည်းကောင်း ပဲ လို့ ရှုမြင်ရမှာပါ ဗျာ ။ နမူနာ တပုဒ် ပြန်ရေးမယ်နော် ။ 

          မြင်းခြံမှာ ဗဟိုမီးသတ်က မျှော်စင်က အတော်မြင့်ပါတယ် ။ တနေ့ မျှော်စင်ပေါ်ကို သိပ်ပြီး ကျပ်မပြည့်တဲ့ အရံမီးသတ် လူသစ်လေး တက်ကြည့်နေပါတယ် ။ 

         မီးသတ်မျှော်စင်က လှေခါးတွေက ပတ်လည်ကနေ လှည့်တက်ရတာပါ ။ အပေါ်ဆုံးရောက်တော့ သူ အရှေ့ အနောက် တောင် မြောက် မကွဲတော့ဖူး မျက်စိလည်နေပြီ ။ 

        အဲဒီအချိန်မှာပဲ မီးသတ်ရုံးဖုန်းကို ဖုန်းခေါ်လာပါတယ် ။ မီးလောင်နေလို့ ဆိုပြီး ဖုန်းချသွားတယ် ။ ဘယ်နေရာ ဆိုတာ မမေးလိုက်ရဖူး ။ ဖုန်းတွေကလည်း နံပါတ်ပြန်ကြည့်မရတဲ့ ခေတ်ကိုး ။ 

      ဒါနဲ့ မျှော်စင်ပေါ်က အရံမီးသတ်ကို လှမ်းပြောတယ် မီးဘယ်နားလောင်သလဲ ကြည့်စမ်းဆိုတော့ ဒီကောင် လည့်ပတ်ကြည့်ပြီး မီးညွှန့်မြင်တော့ အော်ပြောတယ် မြို့အရှေ့ဖက် တဲ့ ။ 

      မီးသတ်ကား ၂ စီး ချက်ခြင်းပဲ အရှေ့ဖက်ခြမ်းက အမှတ် ၁၈ ရပ်ကွက်ဆီ မောင်းသွားကြတယ် ။ ဘာမှ မတွေ့တော့ ပြန်လှည့်လာတယ် ၊ အဲဒီအချိန် အစောက မီးသတင်းပေးတဲ့ ဖုန်း ပြန်ဝင်လာလို့ ဘယ်နားလဲ မေးရတယ် ။ မြို့ အနောက်မြောက်ဖက်က ဆယ်ကန်အင်း တဲ့ ။ 

        အမှိုက်ပုံ မီးဖြစ်နေလို့ တော်ပါသေးတယ် ။ အားလုံး စခန်းပြန်ရောက်တော့ မီးသတ်ဦးစီးက လူတွေ တန်းစီပြီး မေးပါတယ် ။ 

"ခုနက မျှော်စင်ပေါ်က ပြောတာ ဘယ်သူလဲ ကွ ''

"ကျနော် ပါ ''
(ကျပ်မပြည့်တဲ့ အရံမီးသတ်လေး ဖြေရတာပေါ့)

"နေပါအုံး မင်းက အနောက်​မြောက်ဖက် လောင်တာကို ဘာလို့ အရှေ့ဖက်လို့ ပြောတာလည်း ''

"ကျနော် မျက်စိလည်သွားလို့ပါ ''

"ဟေ အရှေ့ အနောက် မသိဖူးလား ကွ ''

"သိပါတယ် ဗိုလ်ကြီး ကျနော်က အပေါ်ကို တခါမှ မရောက်ဖူးလို့ တက်ကြည့်တော့ လှေခါးတွေက လှည့်ပတ်လိမ်တက် ခဲ့ရလို့ အပေါ်ရောက်တော့ အရှေ့အနောက် မသိတော့ပါဘူး ''

"ကောင်းကွာ ဒါဆို မင်းက ဘာလို့ အရှေ့ဖက်လို့ မသိပဲ ရမ်းပြောရတာလဲ ''

"သူများတွေရဲ့ အပေါ်စီးက ကြည့်နေရပြီး မသိဖူးပြောရရင် ရှက်စရာကောင်းလို့ ဖြီးချတာပါ ဗိုလ်ကြီး ''

" လခွမ်း ကောင်းရောကွာ ဟေ့ကောင်တွေ နောက်နောင် မျှောစင်ပေါ်ကို အရှေ့အနောက် မကွဲတဲ့ အူကြောင်ကြားတွေ မတက်စေနဲ့ ကွ သူညွှန်တဲ့အတိုင်း အောက်ကလူတွေ အဟုတ်မှတ်ပြီး လုပ်နေရတာ သေရောပေါ့  ကဲ ဒါပဲ တန်းဖြုတ် ''

       ကိုင်း အဲဒါ ဒေါ်စုကြည်အတွက် ရေးခဲ့တဲ့ မျိုးဝင်းရဲ့ ပို့စ် လေးပါ ။ အခုချိန်ထိ မှန်နေရင်တော့😁😁😁ပြောရဲပါပု😁😁

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...