ညနေစောင်းမှ ကိုစိုးရောက်လာလို့ စကားပြောရပြန်ပါတယ် ။
"ငမျိုးရေ မနက်က ပို့စ် ပျက်ရုံတင်မကဘူး မင်း page ပါ အဖျက်ခံရပြီ ဗျာ ''
"ဟုတ်တယ် မဆန်းပါဖူး ထပ်ဖွင့်မှာပေါ့ ဗျာ ''
"page လိုဟာမျိုး မကျအောင် လုပ်လို့ မရဖူးလား ကွ ''
"ရတယ်ဗျ ဒေါ်လာဆောင်ထားရင် တော်ရုံမကျဖူး ဒေါ်လာ ၂၀ ၊ ၃၀ လောက်ဆို ဖြုတ်မချတော့ဖူး ''
"သြော် အဲလိုလား နေအုံးကွ ငါ့ fri မဟုတ်ပဲ ဟိုကောင်ကွာ မကြညးဖူးတဲ့ အဆိုတော် သေသွားတာတွေ ခဏခဏ တက်နေတာ စိတ်ညစ်တယ် ကွ ''
"အဲဒါငွေပေးပြီး ဖြန့်ခိုင်းထားလို့ လေ နေပါအုံး မိုးချုပ်မှ ဘာစိတ်ကူးပေါက်ပြီး လာတာလဲ ''
"ဒီလိုကွ မင်းမနကိတင်တဲ့ ပို့စ် ကို ဖြုတ်ချတာ အကြောင်းရှိမယ်ကွ သူတို့ နောက်ကွယ်က လူတွေ ပါနေတာ ရိပ်မိကုန်မှာ စိုးလို့ ပိတ်တာလား လို့ မေးချင်တာ ကွ ''
"သူတို့ နောက်မှာ သူဌေးတွေ ရှိတာပေါ့ ဗျာ ''
"အေးကွ အဲဒါ ဘယ်လို ဖော်ထုတ်ရင် ကောင်းမလဲ မင်းစဥ်းစားမိသလား ''
"လုပ်ချင်ရင် လွယ်ပါတယ်ဗျာ ''
"ဟကောင် ဟုတ်မှလုပ်အုံး နောက်ကွယ်က လက်မည်း သူဌေးတွေ ဖော်ထုတ်နိုင်ရင် ထိရောက်မယ် ကွ ''
"ဒီ ရက်ပိုင်းမှာ ဖြူဖြူထွေး နဲ့ နေဆန်း ဆိုတဲ ဆယ်လီတွေ နဲ့ ကြေညာနေတဲ့ လုပ်ငန်းရှင်တွေ ထဲက လုပ်ငန်းတွေ ရပ်ပါပြီ ဆိုတဲ့ လုပ်ငန်းရှင် သူဌေးတွေကိုသာ ဖမ်းစစ်ကြည့်စမ်းပါ ဗျာ အဲဒီလူတွေပဲ NUG နဲ့ PDF ကို ပံ့ပိုးနေကြတာ ဗျ ''
"ဟိုက်....ဟုတ်သားပဲ ဟ ငါမတွေးမိဖူး သူတို့က တပ်မတော် ဆန့်ကျင်ရေး မလုပ်တဲ့ အနုပညာရှင်တွေ နဲ့ လက်မတွဲတော့ပါဘူး ဆိုတာက တပ်မတော်ကို မကျေနပ်တာလို့ ပြောနေတာ နဲ့ အတူတူပဲ ကိုး ''
"သေချာတာပေါ့ ကျုပ်သာ အာဏာပိုင်ဆို အဲဒီ လုပ်ငန်းရှင်တွေ ဆွဲစိပြီး ကိုင်လှုပ်လိုက်ရင် အမြစ်ပါ ကျွတ်ပါလာမယ် ''
"အေး ကွ အဲဒါသိဖို့ ရေးအုံး ကွ''
"အင်း အခုရေးတင်လိုက်မယ် ခင်ဗျားလည်း ပြန်တော့ မှောင်ရင်ကို ပစ်ချင်နေတာ နော် စနိုက်ပါမှန်ပြောင်းမှာ နာမည်ပေါ်တာ မဟုတ်ဖူး အဆော်ခံရလိမ့်မယ် ''
"အေး ပြန်ပြီဟေ့ ''
မျိုးဝင်း
No comments:
Post a Comment