Thursday, June 17, 2021

အတွေ့အကြုံ အတွေးအကြံ


        ယခု တတိယအကြိမ်မြောက် ပြန်တင်လိုက်တဲ့ ပြုံယမ်း ဆောင်းပါးရှည် နဲ့ ဦးနေဝင်းရဲ့ နောက်ဆုံးနေ့များ ဆောင်းပါးရှည်တွေကို မူရင်းရေးသူ ဆရာ မြင့်အောင်ကျော် နဲ့ မိတ်ဆက်ပေးတာ မိတ်ဆွေကြီး ရဲဝင့်ခန့်အောင် ပါ ။ 

     သူက ကိုမျိုးရေ ဒါလေးတွေ ပြန်ရေးပေးပါ ဆိုပြီး လင့် ချပြတာပါ ။ အလွန်ရှားပါးတဲ့ အကြောင်းအရာတွေမို့ ဆရာမြင့်အောင်ကျော်ကို ပြန်လည်ပြင်ဆင် ရေးသားခွင့်ပြုပါရန် ခွင့်တောင်းတော့ ဆရာကလည်း တပ်မတော်ရဲ့ ဂုဏ်ကို လူသိများစေချင်တဲ့ စေတနာ နဲ့ ကြည်ဖြူစွာ ခွင့်ပြုပေးပါတယ် ။ 

     ကျနော်လည်း ဆရာတိတိကျကျ ပြည့်ပြည့်စုံစုံ ရေးထားတဲ့ စစ်တမ်းရှည်ကြီးထဲနေ ထုတ်နှုတ်ရေးသားခဲ့ပါတယ် ၊ ဘာသာပြန်ပြီး ပို့စ် တခုစာ အတွက် ကျနော် အနည်းဆုံး အချိန် လေးနာရီလောက် ယူရပါတယ် ။ ဖုန်းတလုံးထဲသာ ရှိသေးချိန်ဖြစ်လို့ စာအုပ်ထဲ ပြန်ချရေးပြီးမှ စာပြန်ရိုက်ရတာကိုး ။ မူရင်းဆရာ ဘယ်လောက်ပင်ပန်းရှာမလဲ တွေးကြည့်ကြပါ ။ 

       လက်နက်ရဖို့ လွယ်ခဲ့သလား ပို့စ်အတွက် မူရင်းဆရာကို ဆက်မရလို့ ပြန်ရေးပြီးမှ ခရက်ဒစ်ပေးရင်း တောင်းပန်ခဲ့ပါတယ် ။ သူကလည်း ကျေနပ်ပါတယ် တဲ့ တိမ်ဦးလေပြေ ဆိုတဲ့ အကောင့်နဲ့ အကြောင်းပြန်တယ် ။

..... ကျနော်တွေ့တုန်းက အကောင့်နာမည်က မြန်မာပြည်သား တဲ့ ။ နောက်မှ သိရတာ လောက်ကိုင်မှာ လေယာဥ်ပစ်ဒုံးနဲ့ အပစ်ခံရတာကို A5 လို ခေတ်မမှီ နဲ့ လေယာဥ်ဟောင်းနဲ့ ရအောင် ရှောင်ထွက်နိုင်ခဲ့တဲ့ သူရဲကောင်း လေယာဥ်မှူးတဲ့ ။

......တိုင်းပြည်ရဲ့အနာဂါတ် ဆိုတဲ့ ဆွစ်ဘဏ်က ငွေတွေအကြောင်းကိုလည်း ကျနော်ဖတ်ရတော့ သူရေးထားတာ မှတ်တမ်းစာပုံစံ ဖြစ်နေလို့ အချက်အလက်အမှန်တွေ မပြင်ဆင်ပဲ ဖတ်ကောင်းအောင် စိတ်ဝင်စားအောင် ပြန်လည်ရေးသားခဲ့ပါတယ် ။

           ကျနော်သိလို့ တတ်လို့ မဟုတ်ပါဘူး အဲလို ပုဂ္ဂိုလ်တွေ ရဲ့ ခိုင်မာတဲ့ စာတွေကို ရှာဖွေရေးသားရတာပါ ။ သတင်း နဲ့ ပတ်သက်တဲ့ ကောက်ချက်ကတော့ ကိုယ်နှစ်သက်သလို တွေးမိသလို ရေးတာပါပဲ ။ 

         ဓာတ်ပုံတွေ ကာတွန်းတွေ ကတော့ လိုင်းပေါ်က တွေ့သမျှ save ပြီး ပြန်တင်ပါတယ် ၊ ခွင့်မတောင်းဖူး publish နဲ့ တင်ထားတာ တချက် နောက်တချက်က ကာတွန်းဆိုလည်း မူရင်းဆရာ အမည်ပါပြီးသား မို့ မလိုအပ်ဖူး ယူဆတာရယ် ကျနော်လည်း စီးပွားဖြစ် တင်နေသူ မဟုတ်တာကြောင့် ပါပဲ ။ 

      ဓာတ်ပုံတွေ ပြုပြင်ထားတာ ဘာညာ ကျနော် မသိပါဖူး ၊ လိုင်းပေါ်တွေ့လို့ အဆင်ပြေမယ် ထင်တာ တွဲတင်ပါတယ် ၊ ဓာတ်ပုံနဲ့ ပါတ်သက်ပြီး ကျနော် အငြင်းမပွားလိုပါဘူး ၊ စာကိုပဲ အဓိက ထားပါတယ် ။ 

         ရှယ်မရ လို့ မန့်နေသူတွေ ကော်ပီယူကြပါဗျာ ၊ ခရက်ဒစ် မပေးလဲ ပြဿနာ မရှိပါဖူး ။ တပုဒ်လုံး ဖြစ်စေ တပိုင်းတစ ဖြစ်စေ နှစ်သက်သလို သုံးနိုင်ပါတယ် ။ အများပြည်သူကြား ပြန့်နှံ့ဖို့ပဲ ရည်ရွယ်ပါတယ် ။ 

         အကောင့်ပျက်တာ စိတ်မညစ်ပေမယ့် အဖိုးတန် မန့်တွေ အတွက် နှမျှောမိပါတယ် ။ သမိုင်းဆိုင်ရာ အဖိုးတန် မန့်တွေ ပါတတ်ပါတယ် ။ အထူးသဖြင့် ကျနော်လွဲမှားနေတဲ့ အချက်တွေကို ဖြည့်စွက်ပြင်ဆင်ပေးတဲ့ မန့်တွေပါပဲ ။ ကျေးဇူးတင်ပါတယ် ။

         ဒါက သူတပါးစာကို ယူပြီး ပြန်လည်ရေးသားတဲ့ အပေါ်က ကျနော့်သဘောထားပါ ။ အတွေ့အကြုံအရ မူရင်းဆရာတွေရဲ့ အားထုတ်မှုကို လေးစားစွာ အသိအမှတ်ပြုပါတယ် ။ 

      နောက် ရေးသားခဲ့တဲ့ ပို့စ်တွေမှာ ကျနော့်အတွေ့အကြုံတွေထဲကနေ ပြောချင်တဲ့ အချက်တွေ နဲ့ ကိုက်ညီအောင် အတွေးအကြံ ထည့်ပြီး ရေးရတာ ကျနော် ဝါသနာ ပါပါတယ် ။ စာသင်စဥ်ကလည်း ဒီလို ကိုယ်တွေ့လေးတွေ နဲ့ ရီစရာတွေ ထည့်ပြီး နမူနာပေး သင်ကြားတာက ကလေးတွေကို တက်ကြွ စိတ်ဝင်စားစေခဲ့တာ သိခဲ့လို့ပါပဲ ။ 

          အဖြူထည်လူငယ် များလည်း အဆုံးသတ်ဖို့ သိပ်မလိုတော့ပါဘူး ။ ကျနော် ရေးဖူးတဲ့ ငယ်ဘဝ အကြောင်း သတိရစရာလေးတွေက ဆယ်တန်းကျောင်းသား ဘဝ မှာ မပြီးသေးပဲ ကျန်နေပါတယ် ။ နှမျှောစရာ ကောင်းတာက ရေးပြီးသားတွေ ဘယ်မှ ရှာမရတော့ပါပဲ ။ 

       ပညာရှာ တကယ်သူတောင်းစား လက်ကျန် ဖြတ်ရပါအုံးမယ် ။ အဲဒီ လက်ကျန် နှစ်ခု အကြွေးကျန်နေသေးတာ မမေ့ပါဘူး ဗျာ ။ နိုင်ငံရေး ဖြစ်တည်မှုလေးတွေ အချိန်ကိုက် ရေးသားရင်း အချိန်ရတာ နဲ့ အပုဒ်ရှည် နှစ်ပုဒ် ရဲ့ အကြွေး ဆပ်ပါအုံးမယ် ။

      မေ့နေလို့ ဗျာ သရဲဖမ်းတာကတော့ အပိုင်း ၉၃ ရောက်နေပြီ ၊ စာအုပ်ထုတ်ဖို့ မူကြမ်းထုတ်ချိန်မှာ COVID မွှေလို့ ရပ်ထားရပါတယ် ။ အဲဒီ အကြွေးလည်း ကျန်သေးတယ် ဗျ 😁😁😁

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...