Tuesday, June 29, 2021

ပျားရည်ခါးတဲ့ လ

တချိန်တုန်းက ကြိုတင် ဝေဖန်ခဲ့ပါတယ် ၊ အနီတွေ ဆွေ့ဆွေ့ခုန် ဝင်ဆဲနေကြတာ မြင်မကောင်းဖူး ၊ အခု ဘာတွေ ဖြစ်နေပြီလဲ.. ?

      အမှန်တရားဟာ ရံဖန်ရံခါ နောက်ကျတတ်ပေမယ့် ပျောက်ပျက်သွားတတ်တဲ့ အရာ မဟုတ်ဖူးဆိုတာ သိကြဖို့ ရှယ်ပေးလိုက်ပါတယ် ။

ပျားရည်ခါးတဲ့ လ 
============

      နိုင်ငံတကာကို အားကိုး နိုင်ငံတကာကို ဗန်းပြ နိုင်ငံတကာကို ကျွန်ခံ နေတဲ့ ဘုံကျွန်စိတ် နဲ့ NLD ပါတီရဲ့ အလိမ်အညာတွေလည်း နိုင်ငံတကာက သိကုန်ကြပါပြီ ။

      ယဥ်ကျေးမှု ပေတံအရ အနောက်အုပ်စုတွေက လူလိမ်ဆိုရင် သူတို့ အသိုင်းအဝိုင်းမှာ လက်မခံကြပါဘူး ။ လူတယောက်ကို ပါတ်ဝန်းကျင်က မင်းဟာလူလိမ်ပဲ လို့ သတ်မှတ်လိုက်ပြီဆိုရင် အဲဒီလူဟာ ဒီဝန်းကျင်မှာ သေသူလို ဖြစ်သွားပါတယ် ။ 

     သာရေး နာရေး ရပ်ရေး ရွာရေး စီးပွါးရေး ပညာရေး အစရှိသဖြင့် ဘယ်နေရာမှကို အဖက်မလုပ်တော့ပဲ ကျဥ်ထားလိုက်ကြလေ့ ရှိပါတယ် ။ 

      ဒေါ်စုကြည် အာဏာမရခင်မှာ အလွန်အထင်ကြီးခဲ့ကြတဲ့ အနောက်အုပ်စုဟာ ယခု အခါ အာဏာရပြီးနောက် သူမ လိမ်ညာတာတွေကို သိရှိပြီးနောက် သူတို့ရဲ့နိုင်ငံရေး ရည်မှန်းအတွက် အစိုးရမူဝါဒဖော်ဆောင်ရန် ရံဖန်ရံခါထောက်ခံခြင်းများမှ အပ ဘယ်သူကမှ နှစ်လိုခြင်း မရှိတော့ပါဘူး ။ 

      ပထမဆုံး လူလိမ်အဖြစ် သတ်မှတ်လိုက်ကြတာက ကုလသမဂ္ဂစင်မြင့်မှာ မိန့်ခွန်းပြောစဥ်က ဖြစ်ပါတယ် ။ ဒေါ်စုကြည်ဟာ သူမကိုယ်ကို သူမ ဒုတိယ သမ္မတပါဆိုပြီး လိမ်ညာခဲ့ပါတယ် ။ ကုလလို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးရာ နေရာကြီးမှာ မျက်နှာပြောင်တိုက် လိမ်ညာခဲ့တာနော် ပြည်တွင်းက မုသားစကားတွေလောက်တော့ သနားတယ် ။

     အဲလိုလိမ်ညာခဲ့တာကို ပြည်ပမီဒီယာတွေက အစဖော်လို့ နိုင်ငံတကာက သိသွားတော့ အခုထိ ကုလအစည်းအဝေးကို သွားမတက်ရဲတော့ဘူး ။ 

      ပြောပါလိမ့်မယ် အတိုင်ပင်ခံပဲကွာ သမ္မတအထက်ကရာထူးပဲ ဒုသမ္မ​တလို့ ဘာလို့ပြောမှာလဲ ပေါ့ ။ အတိုင်ပင်ခံဆိုတာ တကယ်တမ်းကြတော့ ကမ္ဘာပေါ်မှာ အကြံပေးအဆင့်ကို ပြောတာပါ ။ ကုလစင်မြင့်ပေါ်တက်ခွင့်မရှိတဲ့ ဘောင်မဝင် တန်းမဝင် ရာထူးပါ ။ ဒါကြောင့် သမ္မတဖြစ်ချင်လွန်းလို့ ၅၉ (စ) ဇွတ်ပြင်ချင်နေတာပါ ။ 

     အဲလို တာထွက်မလှတဲ့အပြင် ဒီမိုကရေစီအော်ပြီး အာဏာရှင်လုပ်ရပ်တွေကြောင့် အနောက်အုပ်စုကလည်း အာရုံနောက်လာကြပါပြီ ။ 

     ယခုရွေးကောက်ပွဲကာလမှာတော့ အဆိုးဆုံးပါပဲ ။ မရိုးသားမှု ကြိုတင်ကြံစဥ်မှု ပွင့်လင်းမြင်သာမှု မရှိခြင်းတွေကြောင့် ပိုးစိုးပက်စက် ဝေဖန်ကြပါတယ် ။ fb က  ဝေဖန်တာမဟုတ်တော့ ပိတ်ပင်လို့ မရတော့ဘူးလေ 😁😁

       The Economist က ဝေဖန်မှုတွေက ရစရာမရှိအောင် ဖြစ်နေလို့ ကန့်ကွက်စာ ပို့ထားရသတဲ့ ။ 

      Washigton Post ကတော့ ပိုပြီးရှင်းပါတယ် ။ အောင်ပွဲခံနေကြတဲ့ အနီတွေကို ကြည့်ပြီး တိုင်းပြည် အစိတ်အပိုင်းတွေ ကွဲထွက်သွားပြီး ပြိုကွဲသွားမှာကိုတောင် မသိကြပဲ အောင်ပွဲခံနေကြတဲ့ ငပိန်းတွေ တဲ့ ။ 

      Nikkei Asia ကတော့ စီပွါးရေး နဲ့ ပတ်သပ်တဲ့ ပြည်ပရင်းနှီးမြှပ်နှံသူတွေဟာ ဒေါ်စုကြည် အာဏာဆက်ရနေသရွှေ့ လာကြမှာ မဟုတ်ဖူး လို့ ရေးထားပါတယ် ။ 

         နောက်ပြီး အင်မတန်ဂုဏ်ယူနေတဲ့ နိုလ်ဘယ်ဆုကိုတောင် မှားယွင်းပေးခဲ့မိသူ ၆ ဦးရှိတယ် ဆိုပြီး ဒေါ်စုကြည်ကိုပါ အဲဒီ ၆ဦးစာရင်းထဲထည့်ထားပါတယ် ။ ပြောချင်တာက မတန်မရာ ပေးမိပါတယ်လို့ ဆိုလိုသဗျ ။ 

          ဒေါ်စုကြည်အပေါ် နိုင်ငံတကာ ရဲ့ မျှော်လင့်ချက် ရေချိန်အမြင်တွေဟာ နိမ့်ကျလာနေပါပြီ ။ ယခုလို ရုပ်ပျက် ဆင်းပျက် မဲခိုးမှုတွေ ထင်ရှားပေါ်လွင်လာတော့ ပိုဆိုးပြီပေါ့ ။ သိက္ခာပျက် နိုင်ငံရေးသမား အဖြစ် ရှုမြင်သုံးသပ်ပြီး နောက်ဆက်တွဲ ဝေဖန်မှုတွေ ဆက်လာကြတော့မှာပါ ။ 

       ရွေးကောက်ပွဲ အနိုင်ရတာကို ဂုဏ်ယူပါတယ်ဆိုပြီး စာထုတ်ကြတဲ့အပေါ် သံခင်းတမန်ခင်း လုပ်ငန်းလို့သာ သဘောထား ဆောင်ရွက်တတ်ကြတာ ထုံးစံပါပဲ ။ 

    ကဲ ဒေါ်စုကြည်ရဲ့ ပျားရည်ခါးမဲ့လတွေ လာပါပြီ ဗျာ ။

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...