Friday, June 18, 2021

မျိုးဝင်းဖြေတယ်သံပါးစပ်


      သံပါးစပ်ဆိုတဲ့ အနီလော် မေးထားတဲ့ ကိစ္စတွေကို ပြန်ဖြေလိုက်ပါတယ် ။ တကယ်တော့ ဖြေစရာမလိုပါဘူး ။ သူပြောထားတာတွေက NLD မလုပ်ဖူး ဆိုတာနဲ့ ရောချပြီး NLD ပေါက်ကရ လုပ်နေတဲ့ သာသနာဖျက်လုပ်ငန်းတွေကို မှေးမှိန်ပျောက်ကွယ်သွားအောင် ဖာပြနေတဲ့ ဖာသည်လုပ်ငန်း ဖြစ်နေလို့ ပြန်ဖြေလိုက်ရခြင်း ဖြစ်ပါတယ် ။ 

၁ ။ ၁၉၉၀ ကျော်လောက်က မဟာမြတ်မုနိ ဝမ်းတော်ဖောက်ခဲ့ပြီး သံဃာတွေကို ဖမ်းဆီးခဲ့တာ NLD လား ?

(အေး ငါတို့သိထားတာကတော့ မဟာမြတ်မုနိရဲ့ ဝမ်းတော်က အက်ရာတွေ ဖြစ်ပေါ်လာလို့ ရေတော်ဆရာတော်ရဲ့ သတင်းပေးချက်အရ တမ္မဝတီဦးဝင်းမောင်တို့လို ပညာရှင်တွေနဲ့ ပြန်လည် ပြုပြင်ခဲ့ရတယ်လို့ သိခဲ့ရပါတယ် ။ သံဃာတွေအဖမ်းခံရတယ်ဆိုရင်လည်း နဝတ ခေတ်ဆိုတော့ ငြိမ်ဝပ်ပိပြားနေအောင် ဆောင်ရွက်နေရတဲ့ ကာလဆိုတော့ ဆန္ဒပြရင် ဖမ်းမှာပဲလေ ။ NLD က အဲဒီအချိန်မှာ အာဏာမှ မရှိတာ ဘယ်လုပ်ခွင့်ရမလဲကွ ။                                      

        ကဲဗျာ  အခု လုပ်ခွင့်လဲ ရလာရော ရွှေတိဂုံဘုရားက အလှူငွေတွေ ယူပြီး ချေးထားတယ် ။ ရွှေတိဂုံဘုရားက ရွှေတွေကို ပြည်သူ့ဆန္ဒမပါပဲ အတင်းခွါယူပြီး ပြုပြင်သလို ဘာလိုလိုနဲ့ ခိုးနေတယ် ။ ရွှေတိဂုံဘုရားပိုင် တိုက်တွေရောင်းဖို့ လေလံပစ်တယ် ။ လူကြားမကောင်းအောင် ရွှေတိဂုံဘုရားကြီးလည်း NLD လက်ထက်မှာ ဆင်းရဲသွားရပြီး ဘုရားပိုင် ကြေးပစ္စည်းအဟောင်းလေးတွေတောင် ဒန်အိုးဒန်ခွက်ရောင်းဝယ်တဲ့ ကုလားဆီ ရောင်းစားရတဲ့ ဘဝ ရောက်ခဲ့တာ NLD အစိုးရ လက်ထက်မြှဖစ်တာလေ ။ 

   ဗိုလ်တထောင်ဘုရားဆီက ဌာပနာထားတဲ့ ရွှေတွေတောင် အဆစ်ပါသွားသေးတယ် ။ )

၂ ။ ပခုက္ကူက ဓာတ်တိုင်မှာ သံဃာကို ကြိုးတုတ်ရိုက်ခဲ့တာ NLD ပါသလား ?

(အေးပါကွာ မင်းမေးခွန်းကို အခု NLD အစိုးရရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေတဲ့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ၊ သာသနာဖျက်ဝန်ကြီးအောင်ကို ၊ ပြောရေးလိမ်ခွင့်ရ ဦးဇော်ဌေး ၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ၊ နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း ၊ နောက်ပြီး ဒုတိယ ဝန်ကြီးတွေ နောက်ဆုံး အဂတိဦးအောင်ကြည်တို့ မေးကြည့်ပေါ့ အဲဒီအချိန်တုန်းက သူတို့ တာဝန်ထမ်းဆောင်နေချိန်လေ ။ အခုတော့ NLD တွေ ဖြစ်ပြီမို့ ဘာထူးမှာလဲကွ ။

     NLD အစိုးရလည်း အာဏာရလာရော သံဃာတွေကို ဝရမ်းထုတ်တယ် ၊ ထောင်ချတယ် ကဲ ရက်စက်ပါတယ်ဆိုတဲ့ စစ်အစိုးရထက် ပိုပြီး ယုတ်မာတာက ဗိုလ်တထောင်ဘုရားထဲက ဆင်းတုတော်ကို ကြိုးတုတ်ပြီး ခြေထောက် အင်္ဂတေလောင်းကာ နံနှိမ်ပြလိုက်တာ NLD အစိုးရပါ ဖာပါးစပ်ရယ်)

၃။ ရွှေဝါရောင်တုန်းက မေတ္တာပို့ပြီးအမျှဝေနေတဲ့ သံဃာတွေနဲ့ ဝန်းရံသူတွေကို ထောင်ချခဲ့တာ NLD လား ? 

(အဲဒီတုန်းက မင်းပြောသလို မေတ္တာပို့ရုံ ဆန္ဒပြကြတာ ၂ ပတ်လောက် ကြာတဲ့အထိ စစ်အစိုးရက ဘာမှ မလုပ်ပဲ စောင့်ကြည့်ခဲ့တယ် ။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးတို့ ဒီမိုကရေစီ ချက်ခြင်းပေးတို့ ၊ ဂယောင်ဂတမ်းတောင်းဆိုမှုတွေနဲ့ နိုင်ငံရေးကြောင်ဖားကြီးတွေ နောက်ကွယ်ကနေ လူလုံးပြထွက်လာမှ ဦးသန်းရွှေက အပိုင်သမလိုက်တာ 2010 အထိ တိုင်းပြည်လည်း အေးချမ်းသာယာလိုက်တာ လက်တွေ့ပါ ဖာပါးစပ်ရေ ။

   အေး NLD လည်း အာဏာရလာရော ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မန်းက သံဃာတွေကို ညကြီးမင်းကြီး ရိုက်နှက်ဖမ်းဆီးတာ VIDEO ဖိုင်တွေ အများကြီး ၊ ရွှေတိဂုံမှာ ဆန္ဒပြတဲ့ သံဃာတွေ ဖမ်းဆီးထောင်ချ ဝရမ်းကပ်ခဲ့တာလည်း NLD လက်ချက်ဆိုတာ ပြည်သူတွေ သိပါတယ် ကွာ)

၄ ။ အခု လိုင်းပေါ်ကနေ NLD အစိုးရက ဘာသာရေးကို နှိပ်ကွပ်နေပါတယ်ဆိုတဲ့ မျိုးချစ်တွေ အဲဒီအချိန်က ဘာလုပ်နေလဲ ? 

(အဲဒီအချိန်က နိုင်ငံရေးကြောင်ဖားကြီးတွေရဲ့  ထိုးကြွေးနေတဲ့ အနေအထားကို ကိုယ်တို့လို IQ မြင့်သူတွေက သိနေတော့ ဘာလုပ်ရမှာလဲကွာ ၊၊ တော်လှန်ရေးလုပ်တယ်ဆိုတာ ရှေ့ဆုံးက အူကြောင်ကြားတွေ သေကြပြီး နောက်တန်းက ကြောင်ဖားတွေ အာဏာယူကြတာ ထုံးစံကိုးကွ ။)

၅ ။ ငွေကြာယံကျောင်းတိုက်ကို ဝင်စီးဖို့ အမိန့်ပေးတာ NLD ပါသလား ? 

( မင်းတို့ NLD တွေက အဲဒီအချိန်တုန်းက ဘာသောက်ဆင့်ရှိလို့ အမိန့်ပေးနိုင်ရမှာလည်းကွ ။ အေး အခု မင်းတို့ဆီ ခြံခုန်ပြီး ထမိန်ခေါင်းပေါင်းနေတဲ့ အောင်ကို ကို မေးကြည့်ပေါ့ သူပါတယ်ကွ ။ 

    NLD အာဏာရလာတော့ကော ဘာတွေ လုပ်သလဲ လေ့လာပါအုံး ။ ပါးပါးလေးပါကွာ မဘသ လို အခိုင်အမာ ဗုဒ္ဓဘါသာအသင်းကြီးကို ဖျက်ဆီးပြီးတော့ သံဃာတွေကို သင်းခွဲတယ် ၊ မဟော်သဓာလို အခမဲ့ပညာသင်ကျောင်းတွေ ပိတ်ပင်တားဆီးတယ် ၊ ဘ/က လို ကျောင်းတွေ ပိတ်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးရုံလေး ပက်ပက်စက်စက် ခွေးကျင့်ခွေးကြံ ကြံစည်လုပ်ဆောင်နေတာပါပဲ)

၆ ။ ပိဋိကပ် ၃ ပုံဆောင် ဆရာတော် ထောင်ထဲမှာ ပျံလွန်တော်မူအောင် နှိပ်စက်ခဲ့တာ NLD မဟုတ်ဘူး

( အကြောင်းကြောင့် အကျိုးဖြစ်တာပါ ။ မိမိရဲ့ တရားအလုပ် မိမိအားထုတ်နေမယ်ဆိုရင်ဒီလို ဘယ်ကြုံရပါ့မလဲ ။ မကောင်းဆိုးဝါး NLD တွေနဲ့ ပေါင်းဖက်ခဲ့လို့ ကြမ္မာငင်ခဲ့ရရှာတာကြောင့် NLD မှာလည်း တာဝန်ရှိတာပါပဲ ။ မင်းတို့ အခု ပြောသလို ဘုန်းကြီးအလုပ် ဘုန်းကြီး မလုပ်ခဲ့လို့ပေါ့ ကွာ ။ 

     NLD အာဏာ ပါဝါတွေ ရလာတော့ကော သံဃာကို ဘယ်လို ဆက်ဆံနေပါလဲ ? မထောက်ခံရင် ဂတုံး တဲ့ ၊ သင်္ကန်းဝတ်တဲ့ နောက် ရန်ဟီးလီကို ဆဲလို့တဲ့ ဘုန်းကြီးပြန်ဆဲနေတာ NLD တွေပဲ ၊ ရိုဟင်ဂျာမရှိဘူးဆိုလို့ ဘုန်းကြီးဖမ်းပြီး ထောင်ချတာလည်း NLD တွေပဲ ၊ ကမ္ဘာကျော်ဆရာတော်ကို ပါတီအပေါ် အမှန်အတိုင်းဝေဖန်လို့ ပုဒ်မ ၁၂၄ နဲ့ တရားစွဲ ဝရမ်းထုတ်တာလည်း NLD အစိုးရ ပါပဲကွာ)

၇ ။ လယ်တီသိမ်ကို ဘူဒိုဇာနဲ့ ထိုးတာ NLD လား

( ကြေးနီစီမံကိန်းကြီး ဆက်ပြီး လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ဖို့ အာဏာ မင်းအမေလက်ထဲ ထည့်ပေးပြီးမှ မင်းအမေကိုယ်တိုင် ဆက်လုပ်သင့်ပါတယ်တဲ့ ။ လယ်တီသိမ်လည်း မလွတ်ရင် ဖျက်ပါဆိုပြီး ပြောခဲ့တာပါ ဖာပါးစပ်ရယ်)

၈ ။ လက်ပန်းတောင်းမှာ သံဃာတွေကို မီးသင်္ကန်းကပ်ခဲ့တာ NLD လား 

( အေးကွာ မှားခဲ့သူတွေက နိုင်ငံတော်အဆင့် နဲ့ သံဃာတွေကို ဝန်ချတောင်းပန်ခဲ့ကြပါတယ် ။ တရားခံ ဖော်ထုတ်စစ်ဆေးဖို့ မင်းအမေကို တာဝန်ပေးလိုက်ကာမှ မီးခိုးဗုံးပါဆိုပြီး ကူလိမ်ပေးလိုက်တော့ ယပြွတ်မွှတ်ကရော ဖြစ်တော့တာပါပဲ ကွာ)

၉ ။ ငွေ အတွက်နဲ့ ဘင်္ဂါလီတွေ ခိုးသွင်းတာ NLD လား 

( အေးဗျာ အာဏာ မရခင်က လုပ် မလုပ်မသိခဲ့ပေမယ့် အခု အာဏာလည်း ရလာကော အစိုးရလက်အောက်ခံ YBS ကားနဲ့ ခေါ်သွင်းလာတာတွေ ၊ NLD ပါတီ စီးပွါးရေးတာဝန်ခံက သင်္ဘောစီးလုံးလိုက် ခိုးသွင်းလာတာတွေတော့ တောက်လျှောက် မိထားပါပြီကွာ)

၁၀ ။ ဘင်္ဂါလီ ၅ သိန်းကျော် White Card ထုတ်းပေးတာ NLD လား 

( အေးကွ မင်းတို့ ချီးဖောက်ပြနေတဲ့ White Card ဆိုတာ 2015 မှာပဲ နိဂုံးချုပ်သွားပြီလေ ၊၊

    အခု NLD ဘက်ထက်မှပဲ White Card ထက် အခွင့်အရေးပိုပြီး များနေတဲ့ NVC Card တွေကို ခိုးဝင် သန်းပေါင်းများစွာအတွက် ထုတ်ပေးနေတယ်လေ ။ 

  ဒါတင်မကသေးဘူး ခိုးဝင်တွေအတွက် အိမ်တွေ လျှပ်စစ်မီး ရေ စာသင်ကျောင်း အပြင် ဆန် ၊ ဆီ ၊ဆား ရိက္ခာတွေ ၊ အလုပ်အကိုင်တွေ ၊ အရင်အနှီးတွေတောင် စီစဉ်ပေးနေပါရောလား ။ ဒါတွေကမွဲငတ်နေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အခွန်ငွေတွေနော် )

၁၁ ။ ဘင်္ဂါလီအမတ် ၃ ယောက် လွှတ်တော်ထဲ သွင်းလာတာ NLD လား 

(အေးကွ ဘာပဲပြောပြော အဲဒီအချိန်က ဒီကောင်တွေ ဇောင်းမထရဲဘူးကွ ။ 

  အခု NLD လက်ထက်မှာ ဘင်္ဂီါလီအမတ်တော့ မရှိဘူးကွ ။ NLD အမတ်တွေရဲ့ ဆရာအဖြစ် ကိုနီရှိနေတော့ NLD အမတ်မှန်သမျှ ဘင်္ဂါလီလို့ မှတ်ယူလို့ ရနေတာပဲလေ ။ အခု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ က ဘင် ၊ သာသနာရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန်က ဘင် ၊ လွှတ်တော်တခုလုံးကလည်း ဘင်အကျိုးသယ်ပိုးနေမှတော့ အမတ်လေး ၃  နေရာလောက် ဘာလုပ်ဖို့ လိုမလဲ ဖာပါးစပ်ရယ် )

၁၂ ။ မြစ်ဆုံ နဲ့ ရေနံပိုက်လိုင်းဘေးက မြေတွေ ရောင်းစားတာ NLD မဟုတ်ဘူး

( အေးကွ အဲဒါပြဿနာပဲ ။ ကဲ မင်းအမေကတိပေးခဲ့သလို မြစ်ဆုံစာချုပ် ချပြပြီးပြီလား ? နောက်ပြီး နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်ကို ဥပဒေက တားမြစ်ထားခဲ့တာ ၂၀၁၉ အထိ အကြုံးဝင်ဆဲပဲ ။ ဘယ်အချိန်က ရောင်းခဲ့သလဲ စာချုပ်ပြလေကွာ ။ အဲလို အပုပ်ချ ယုတ်မာနေတဲ့ မင်းတို့လို လော်တွေကြောင့် NLD ကို ရွံ့မုန်းနေကြတာပဲ ။ 

    NLD အစိုးရ မဖြစ်ခင်ကတည်းက အူဒင်အီးမေးဆိုပြီး ဟိုးဟိုးကျော်ပေါက်ကြားခဲ့တာ အခုထိ တရားဝင် မငြင်းသေးသလို စတင်သတင်းဖော်ထုတ်သူကိုလည်း အရေးယူတာ မမြင်သေးတော့ ဟုတ်နေသလိုလိုဖြစ်နေပြီကွ ။ ဒါထက်ဆိုးတာ ရခိုင်ကို ဒေါ်လာ သန်း ၄၇၀၀ နဲ့ ရောင်းစားထားပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်တာလည်း ပြန်မရှင်းသေးဘူးနော ။ ပြည်သူတွေ အမှန်အတိုင်းသိရအောင် မဟုတ်ရင်လည်းငြင်းပါ ။ စတင်သတင်းလွှင့်သူတွေကို အရေးယူပြဖို့ လိုနေပြီကွ ။ ဟုတ်နေလို့ ငြိမ်နေရင်တော့လည်း မတတ်နိုင်ဘူးလေ )

၁၃ ။ လယ်ယာတွေကို သိမ်းခဲ့တာ NLD မဟုတ်ဘူး 

( သူ့ခေတ်သူ့အခါက အခြေခံအဆောက်အအုံတွေအတွက် သိမ်းဆည်းခဲ့ကြတယ် ။ ဘေးထွက်ဆိုးကျိုးအဖြစ် ကိုယ်ကျိုးရှာမှုတွေ ရောယှက်ခဲ့တယ် ။ OK လက်ခံပါတယ်  ။ နစ်နာခဲ့ရသူတွေအတွက် ပြန်ပေးနိုင်တာတွေ ပြန်ပေးစေခဲ့တာ USDP လက်ထက်ကတည်းကပါပဲ ။ 

    NLD အစိုးရလက်ထက်မှာလည်း ပြန်ပေးဖို့ မြေယာတွေ အများကြီး တပ်မတော်က စွန့်လွှတ်ထားပေမယ့် NLD အစိုးရက လူပါးဝပြီး ပြန်မပေးသေးတဲ့ မြေတွေ အများကြီးရှိနေပါသေးတယ် ။ သိသလောက် ပြောပြလိုက်ရင် ရူးတောင်သွားအုံးမယ် ဖာပါးစပ်ရေ)

      ကဲ မင်းမေးချင်တာတွေ ရှိသေးရင်လည်း ကြိုက်သလောက် မိုက်သလောက်မေးပေတော့ ။ အဆင်သင့် စောင့်မျှော်နေပါတယ် ။

     မျိုးဝင်း

(တချိန်တုန်းက NLD အာဏာရှိစဥ်ကတည်းက အဲသလို ဆော်ခဲ့ဖူးပါတယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...