Friday, June 4, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (13)






           ကြက်ဆူစီမံကိန်းက ကမ္ဘာပေါ်မှာ ခေတ်စားလာနေတဲ့ ဘိုင်အိုဒီဇယ် ထုတ်လုပ်တဲ့ နည်းပညာအရ လိုသလောက် ထုတ်လုပ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ် ။ 

      လိုသလောက်ဆိုတာက သူက တွင်းထွက် ပစ္စည်း မဟုတ်တဲ့အတွက် ထုတ်လုပ်ရင်းကုန်ခမ်းသွားမယ့် ပြဿနာ မရှိဘူး ဆိုတဲ့ အားသာချက်ရှိပါတယ် ။ 

      နောက် ပြည်တွင်းမှာ ပေါများနေတဲ့ မြေလွတ်မြေရိုင်းတွေကနေ လိုအပ်သလောက် ထုတ်ယူနိုင်လို့ ပြည်ပပို့ကုန်အထိ မှန်းဆထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ် ။ 

     အရေးကြီးဆုံးက ပြည်ပနိုင်ငံများကနေ ဝယ်ယူမှီခိုနေရတဲ့ လောင်စာဆီ ပြဿနာဟာ အရေးအကြောင်း ကြီးငယ် ဖြစ်လာရင် မိမိတိုင်းပြည်အတွက် ဆိုးကျိုးပဲ ဖြစ်စေမှာပါ ။ 

(ဂျာမန်တို့ရဲ့ နာမည်ကျော် စစ်ဗိုလ်ချုပ် ရွန်းမဲလ် ဆိုတာ သဲကန္တရစစ်ပွဲ ဘုရင်ပဲ ၊ တင့် တိုက်ပွဲမှန်သမျှ သူ့ကို ယှဥ်နိုင်သူ မရှိခဲ့ဖူး ဒါပေမယ့် ထောက်ပို့စနစ် အားနည်းပြီး လောင်စာဆီ မရှိလို့ သူရှုံးနိမ့်ခဲ့ရတာ သင်ခန်းစာယူရပါမယ်)

       နောက်အရေးကြီးဆုံးက ဦးသန်းရွှေရဲ့ အနာဂါတ် တပ်မတော်အတွက် စစ်လေယာဥ် ၊ ရေယာဥ် နဲ့ မော်တော်ကားတွေ ဟာ အင်အားအများအပြားနဲ့ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ် ။ အဲဒီ စစ်ယာဥ် ယန္တယားတွေ အတွက် ပြည်ပလောင်စာကို မှီခိုနေရရင် ရွန်းမဲလ်လို ကြုံရမှာ သိနေလို့ နိုင်ငံတော် ကာကွယ်ရေးအတွက် ဇီဝလောင်စာ ထုတ်ဖို့ အရေးတကြီး စမ်းသပ်ခိုင်းတာ ဖြစ်ပါတယ် ။ 

       ဦးသန်းရွှေဟာ နိုင်ငံကာကွယ်ရေးအတွက် စိတ်အေးချင်လို့ တိုက်တိုက်တွန်းတွန်း လောဆော်တဲ့ အပေါ် လူယုတ်မာ ပညာရှင်ဆိုသူ အင်ဂျင်နီယာတွေ နဲ့ ဇီဝပညာရှင်တွေက ကလိမ်ကကျစ် လုပ်ပါတော့တယ် ။ 

        ကြက်ဆူကနေ လောင်စာရဖို့ တီထွင်စမ်းသပ်နေတာ အောင်မြင်လား အဆင်ပြေပြီလားနဲ့ မေးမြန်းနေမှုကို အမှန်အတိုင်း မပြောပဲနဲ့ ရပါပြီဆိုပြီး အကြောင်းပြန်ကြပါတယ် ။ 

       ဦးသန်းရွှေက ကိုယ်တိုင် ကြည့်မယ်ဆိုပြီး အကြောင်းပြန်ပါတယ် ။ ဒီမှာပဲ ပညာရှင်ဆိုသူတွေက လိမ်ကြပါပြီ ။ ကူဘိုတာအင်ဂျင်ရဲ့ ဆီကန်ကို အတွင်းကနေ ကန့်ထားလိုက်ပါတယ် ။ ဆီပိုက်လိုင်းဆင်းသွားတဲ့ အကန့်မှာ ဓာတ်ဆီ ကြိုထည့်ထားပါတယ် ။

       ဦးသန်းရွှေလာကြည့်တော့ ကြက်ဆူစေ့ကို ကြိတ်ပြီး ဆီထုတ်တယ် ၊ နောက်အဲဒီဆီကို ကန်တော့နဲ့ ဆီပိုက်လိုင်းမဆင်းတဲ့ အကန့်မှာ ထည့်ကြတယ် ။ အင်ဂျင် နှိုးပြတယ် အိုကေပဲ ဝုန်းကနဲ နိုးပါတယ် ။ နိုးမှာပေါ့ ဓာတ်ဆီအစစ်တွေကိုး ။ 

       အဲဒီ ဇီဝလေါင်စာ ပညာမတတ်တဲ့ ဦးသန်းရွှေကတော့ အဟုတ် မှတ်တာပေါ့ ။ ဝမ်းသာအားရ ပြန်သွားပြီး ကြက်ဆူ စီမံကိန်း စခိုင်းတော့တာပါ ပဲ ။ 

       သူခိုင်းပြီ ဆိုတော့ အားလုံးကလဲ လက်စွမ်းပြကြတော့တာပါပဲ ။ ကြက်ဆူက ခြံစည်းရိုး ကြက်ဆူ ဆိုတော့ အကြိုအကြား အကုန်စိုက်လို့ ရတာကိုး ။ လမ်းကြို လမ်းကြား ရပ်ကွက်အကြိုအကြား အပင်နှစ်ဆယ်ရ နှစ်ဆယ်စိုက် နဲ့ တနိုင်လုံး ဗွက်ပေါက်အောင် စိုက်ကြရတာပါပဲ ။

        ဒါပေမယ့် ထွက်လာတဲ့ ကြက်ဆူဆီကို တကယ် လုပ်ခိုင်းတော့ မဖြစ်ကြပါဖူး ။ မူလကတည်းက မဖြစ်ပဲနဲ့ လိမ်ထားကြတာကိုး ။ အဲဒီလိုနဲ့ ဟိုနေ့ ဖြစ်ပါမယ် ဒီနေ့ ဖြစ်ပါ့မယ် နဲ့ ကတိအထပ်ထပ်ပေးပြီး ဆက်လုပ်နေကြရင်း ရေစုန်မျှောခဲ့တာပါပဲ ။ 

       အံ့သြစရာကောင်းတာက လူငယ်တွေ ထင်နေတဲ့ သိပ်ရက်စက်တာပဲ ဆိုတဲ့ ဦးသန်းရွှေက သူ့ကို အဲဒီလို လိမ်ခဲ့တဲ့ ကြက်ဆူသမားတွေကို အရေးယူတဲ့ အသံ မကြားသိခဲ့ရပါဘူး ။ 

       သူ့စိတ်ထားက ခန့်မှန်းရ ခက်ပါတယ် ။ တခါက သူ့အိမ်မှာ အိမ်ဖော်ကလေးမလေးက သူ့အတွက် အချိုပွဲ လုပ်ထားတဲ့ သစ်သီးတွေ ခိုးစားသတဲ့ ။ ကျန်တဲ့မိသားစုက မြင်သွားတော့ အိမ်ဖော်မလေးကို ဆူပူကြိမ်းမောင်းနေတာ သိသွားပြီး ငေါက်မနေနဲ့ ဒီအရွယ်တွေဆိုတာ ဒီလိုပဲ တော်တော့ ဘာမှလဲ ဟုတ်တာ မဟုတ်ပဲနဲ့ လို့ ဟန့်တားသတဲ့ ။ 
(ဒါတွေကို ကျနော်ထွင်ပြောနေတာ မဟုတ်ပါဘူး ယခု ထမီခြုံနေတဲ့ ဖိုးလပြည့်အဖေ ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်ပါတယ်)

         ဦးသန်းရွှေဟာ ပြည်ပနိုင်ငံတွေထဲက မိမိနဲ့ အဆင်ပြေမယ့် မဟာမိတ်ကိုလည်း အကောင်းဆုံး ရွေးချယ်ခဲ့ပါတယ် ။ သူဟာ တရုတ်ကိုလည်း မလွှဲသာလို့ ဆက်ဆံနေရပေမယ့် မနှစ်သက်ပါဘူး ။ အမေရိကန်ဆို ပိုဆိုးတာပေါ့ ။

      သူသဘောကျတာက သူတပါး ပြည်တွင်းရေး မစွက်ဖက်တတ်တဲ့ ရုရှားကို မျက်စိကျနေတယ် ။ ရုရှားနဲ့ အဆင်ပြေအောင် ပေါင်းပြီး ရေရှည်စီမံကိန်းအတွက် တပ်မတော်က အရာရှိတွေကို ရုရှားမှာ ​​ခေတ်မှီ ပညာရပ် အသီးသီး သင်ကြားစေခဲ့ပါတယ် ။

         အဲဒီရေရှည်စီမံကိန်း အပြင် ဖြတ်လမ်းစီမံကိန်းကိုလည်း ချမှတ်လုပ်ဆောင်ခဲ့ပါတယ် ။ အဲဒီကာလတွေမှာ ဆက်ဒန်ဟူစိန် နဲ့ လစ်ဗျား ကဒါဖီ တို့ ရဲ့ ကျဆုံးမှုတွေကို သူကောင်းစွာ သင်ခန်းစာယူပါတယ် ။ အဲဒီခေါင်းဆောင်တွေဟာ အစုအဖွဲ့ နဲ့ ကွဲသွားပြီး တဦးခြင်း ဖြစ်နေလို့ အဖမ်းခံရတာ သူမြင်ပါတယ် ။ 

         အဓိကကျတဲ့ အဆက်အသွယ် ပျက်တောက်မှု အားနည်းချက်ကို သူတွက်ဆမိပါတယ် ။ ဒီတော့ အမေရိကန် ဒုက္ခပေးနိုင်တဲ့ နိုင်ငံထဲမှာ ပါနေလို့ သူက ကြိုတင်ပြင်ဆင်ပါတော့တယ် ။ 

  ..လူလိမ္မာသည် သူတပါး အမှားမှ သင်ခန်းစာ ယူ၏ ။

...လူမိုက်သည်ကား ကိုယ်တိုင်မှား မှ သင်ခန်းစာယူ၏ ။

....ပို၍ မိုက်သောသူတို့ကား ကိုယ်တ်ုင်မှားသော်လည်း သင်ခန်းစာ မယူ ။

    ဆိုတဲ့ နိတိအရဆိုလျှင် ဦးသန်းရွှေသည် လူလိမ္မာပင် ဖြစ်နေပါတော့သည် ။ 

      ဒီနေရာမှာ လူငယ်တွေကို ပြောချင်တာက အနီတွေ ဝါဒဖြန့်နေသလို ဦးသန်းရွှေဟာ ခေတ်ပညာ မတတ်ဖူးဆိုတာ လုံးဝ မှားပါတယ် ။ တတ်ရုံတင်မကဖူး ထူးချွန်တဲ့ စာရင်းထဲထိ ပါနေပါတယ် ။ ကျောက်ဆည်ခရိုင် တခုလုံး ဆယ်တန်းအောင်တာ တယောက်ပဲ ရှိတဲ့ နှစ်က အောင်ခဲ့တဲ့သူဟာ ဦးသန်းရွှေပါပဲ ။ လေ့လာနိုင်ပါစေ ။ 

 .....(OTS)ဆင်းပြီး ရုရှားကဘွဲ့လည်း ရထားသူပါ ။ အဂ်လိပ်စာ တော်မတော်တော့ မသိပါဘူး ဒေါ်စုကြည် ဗီယက်နမ်မှာ ကုက္ကိုပင် (raintree)မပေါင်းတတ်လို့ ခိုခိုထရီး ဆိုပြီး ဖြီးချခဲ့တာ လူသိများပါတယ် ။ ဦးသန်းရွှေ စစ်ရုံးထဲက အရာရှိကို ဓမ္မ နဲ့ ပါတ်သပ်ပြီး အဂ်လိပ်လို ပြန်ရှင်းပြတာ လူငယ်တွေသိရင် ဖျားသွားနိုင်ပါတယ် ။ 

      ​ကဲ ဦးသန်းရွှေက ဆက်ဒန် နဲ့ ကဒါဖီတို့ အမှားတွေကနေ ဘာတွေ သင်ခန်းစာ ယူပြီး ဘာတွေ ပြင်ဆင်မလဲ ကြည့်ပါ ။ သူဟာ ပထမဆုံး မြောက်ကိုးရီးယားကို ချိတ်ပါတယ် ။ မြောက်ကိုရီးယားဟာ နျူဓာတ်ပေါင်းဖို တည်ဆောက်ပေးသလို လှိုဏ်ခေါင်းတူးပေးတဲ့ နေရာမှာလည်း နာမည်ကြီးလှပါတယ် ။ 

      ဆီးရီးယားက နျူဓာတ်ပေါင်းဖို သူတို့လုပ်ပေးပြီး အဆုံးသတ်ခါနီးမှာ အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ် ။ အစ္စရေးနိုင်ငံထဲကို မှောင်ခိုသွင်းခဲ့တဲ့ ​မြေအောက်လှိုဏ်တွေဟာ မြောက်ကိုရီးယားတွေ အခကြေးငွေနဲ့ တူးပေးခဲ့တာပါ ၊ အလွန်လည်တဲ့ အစ္စရေးတွေ နှစ်များစွာကြာမှ သိသွားပါတယ် ။

       အဲလို ဇရှိတဲ့ မြောက်ကိုရီးယားတွေနဲ့ ပေါင်းပြီး ပထမဆုံး လှိုဏ်ခေါင်းတွေ တူးပါတယ် ။ ဟုတ်ကဲ့ ပါချီပါချဲ့ လှိုဏ်ခေါင်း မဟုတ်ပါဖူး ။ သံလိုက်စက်ကွင်း နည်းပညာနဲ့ တူးဖော်ရပြီး လှိုဏ်အတွင်းမှာ ဆက်သွယ်ရေး မပျက်အောင် နည်းပညာနဲ့ တူးရသလို အနုမြူဗုံးဒဏ် ခံနိုင်အောင်လည်း တည်ဆောက်ကြရပါတယ် ။ 

      အကြီးစား လှိုဏ်ခေါင်းတွေမှာ အစည်းဝေးခန်းမတွေ ယာဥ်လမ်းကြောင်းတွေ အဝင်အထွက် အတွက် တွက်ချက်ပြီး တည်ဆောက်ရပါတယ် ။ လှိုဏ်ခေါင်းပေါင်း ၆၀၀ ကျော် တူးခဲ့ရပါတယ် ။ 

      အသင့်အတင့် လှိုဏ်ခေါင်းတခု အတွက် ကုန်ကျစရိတ်က ဒေါ်လာသန်းပေါင်း ၂၄ သန်း ရှိပါတယ် ။ သစ္စာဖောက်တယောက် နဲ့ ပါသွားတဲ့ စာရွက်စာတမ်းတွေ အရ သိကြရတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ် ။ လျှို့ဝှက်စွာ လုပ်ထားလို့ ဘယ်သူမှ မဖော်ထုတ်ကြရပါဘူး ။ လူအင်အားများစွာ သုံးခဲ့ရတော့ အဖြစ်မှန်သိသူတွေ များစွာ ရှိနေပါသေးတယ် ။ 

       သယံဇာတတွေ ရောင်းပြီး ဗိုလ်ချုပ်တွေ ခိုးယူသွားတယ် ဆိုတာ အားလုံးမမှန်ပါဘူး ။ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြတာ လုပ်ပိုင်ခွင့်ကြောင့် ချမ်းသာကြတာပါ ။ သယံဇာတဖိုးနဲ့ အခွန်အတုတ် များစွာဟာ တိုင်းပြည် ကာကွယ်ရေး နဲ့ တည်ဆောက်ရေး အတွက် အမှန်တကယ် သုံးခဲ့ကြခြင်း ဖြစ်ပါတယ် ။ 

        ဦးသန်းရွှေဟာ လှိုဏ်ခေါင်းတူးပြီးတာ နဲ့ မြောက်ကိုရီးယားနဲ့ ပိုမိုဆက်ဆံလာပြီး သူအလွန်လိုချင်တဲ့ နျူထိပ်ဖူးတပ် ဒုံးပျံ နည်းပညာကို ရရှိအောင် ကြိုးစားပါတယ် ။ 

       အဲဒီအကြောင်းတွေကို ပြုံယမ်းမှ နေပြည်တော်အနာဂါတ်သို့ ဆိုပြီး ကျနော် ၁၀ ပိုင်း သီးသန့် ရေးဖူးပါတယ် ။ အထောက်အထား များစွာနဲ့ တင်ပြခဲ့လို့ အားပေးသူ များစွာ ရရှိခဲ့တာ သိသူတွေ ရှိပါတယ် ။ 

       ကောင်းပြီ အခုပြောခဲ့တဲ့ စစ်ရေး တည်ဆောက်မှုတွေဟာ လက်ဆွဲပြဖို့ ခက်ပါတယ် ။ လူငယ်တွေကို လက်တွေ့ပြလို့ရနေတဲ့ အချက်တွေ များစွာ ရှိနေပါတယ် ။ ဦးသန်းရွှေဟာ ကာကွယ်ရေးအတွက် တည်ဆောက်ခဲ့သလို အရပ်ဖက် အတွက်လည်း တည်ဆောက်မှု များစွာ ပြုလုပ်ပေးခဲ့ပါတယ် ။ 

      ဗိုလ်ချုပ်တွေ ချမ်းသာလာတာ အဲဒီအချိန်က ခေတ်စားခဲ့တဲ့ ကော်မရှင်စား စနစ်ကြောင့်ပါပဲ ။ သယံဇာတနဲ့ ပတ်သက်သူ အလွန်ရှားပါတယ် ။ လုပ်ငန်းတခုအတွက် တန်ဖိုးရဲ့ 10 % ကို ဗိုလ်ချုပ်တွေ ရကြပါတယ် ။ 

     တံတားတစင်းဟာ တင်ဒါ သိန်းပေါင်း ၅၀၀၀၀ ရမယ်ဆ်ုရင် လုပ်ရမယ့် ကံထရိုက်က 10 % ဖြသိတဲ့ သိန်း ၅၀၀၀ ပေးကြပါတယ် ။ လုပ်ပိုင်ခွင့်ရ ဗိုလ်ချုပ်တွေဟာ အစိုးရချပေးတဲ့ သိန်း ၅၀၀၀၀ သည် ငဖြူလုပ်လုပ် ငမဲလုပ်လုပ် ပေးရမှာပါပဲ ။ ငဖြူက သိန်း ၅၀၀၀၀ နဲ့ ဖြစ်အောင်လုပ်ပေးမယ် အဘကို သိန်း ၅၀၀၀ ပြန်ကန်တော့ပါ့မယ် ကျနော့်ကို လုပ်ခွင့်ပေးပါဆိုတော့ ပေးလိုက်တာပေါ့ ။ 

      အဲဒီခေတ်က တည်ဆောက်ခဲ့တဲ့ လုပ်ငန်းတွေ ဆက်ဖတ်ကြည့်ပါ ။ ကုန်ကျငွေတွေ တွက်ကြည့်ကြပါ ။ ဗိုလ်ချုပ်တွေ ရနိုင်မယ့် 10 % ကို တွေးကြည့်ပါ ရူးတောင် ရူးသွားလောက်ပါတယ် ။ 

     ကဲ ဦးသန်းရွှေ တည်ဆောက်ခဲ့သော လုပ်ငန်းများကို လေ့လာကြည့်ကြပါစို့ ။ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူအများ သိနေလို့ လိမ်ညာမရပဲ ဒီနေ့အထိ တွေ့မြင်နိုင်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ ကတော့........... ?

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...