......ရွှေပြည်သာ Q စင်တာကို ရွှေပြည်သာ ကြက်ခြေနီ လူငယ်တွေက ၂၀၂၀ ကတည်းက ကိုယ့်စားရိတ်နဲ့ကို တတ်စွမ်းရှိသရွှေ့ အပင်ပန်းခံ ဖွင့်လှစ်ပေးခဲ့ကြတယ် ။
ပရဟိတ မှန်သမျှ သူ့လက်အောက်ဝင်ရမယ်ဆိုတဲ့ ဒေါ်စုကြည်ရဲ့ လက်ဝါးကြီးအောက်မူဝါဒ နဲ့ ကြုံခဲ့ရပေမယ့် ဒေါ်စုကြည် ဘာတခုမှ မကူညီခဲ့ဖူး ။ ယခု နစက အစိုးရ လက်ထက် မှာလည်း ကြိုတင်ပြင်ဆင်နေကြပြီး အစိုးရက ဘာတခုမှ အကူညီမပေးသေးဖူး ။
ရွှေပြည်သာ ကြက်ခြေနီအဖွဲ့ရဲ့ စေတနာသန့်သန့်ကို လိုင်းပေါ်ကနေ နစက နဲ့ တွဲဖက်ပြီး အပုပ်ချပြနေတဲ့ လူယုတ်မာတွေကြောင့် ရွှေပြည်သာ ကြက်ခြေနီအဖွဲ့ စိတ်မကောင်း ဖြစ်နေရတယ် ။
အနီလူယုတ်မာတွေက COVID ကိစ္စ နဲ့ ပတ်သက်ပြီး ဆန် ဆီ မဖြစ်သလောက် လှူခဲ့တာရယ် ၊ နိုင်ငံတကာ အကူအညီတွေ နဲ့ ပြည်သူကို မဖြစ်သလောက် ကူညီပြီး အလုံးလိုက် အခဲလိုက် ခိုးကြတာကို ဂုဏ်ယူပြောနေကြပါတယ် ။
NLD အစိုးရက ပြည်သူကို ပေးခဲ့တဲ့ ဝေဒနာ နဲ့ စေတနာ ဘယ်ဖက်က အလေးသာမလဲ ဖတ်ကြည့်ပါ ။
NLD တက်လာပြီးမှ အခြေခံလူတန်းစားများပါ မလွတ်တမ်း အသစ်ပေးဆောင်ရသော အခွန်များကိုပဲ တွက်ပါ့မယ် ။
ဝယ်ယူစားသောက်ခွန် 5 % ပဲ ဦးစွာ တွက်ပါ ။ အိမ်ထောင်စု တစုကို တလ အနည်းဆုံး နှစ်သိန်း နဲ့ တွက်ပါ ။ အခွန်အသစ် တလ တသောင်း ကျပါတယ် ။
အခွန်သစ် တလ = 10000
တနှစ် = 120000
၅ နှစ် = 600000
NLD အစိုးရ လက်ထက် အခွန်သစ် အတွက် အိမ်ထောင်စုတိုင်း ၆ သိန်းစီ ပေးခဲ့ကြရပါပြီ ။
နောက်သိသာစွာ ပိုပေးခဲ့ရတဲ့ မီတာကြေး ။ အိမ်ထောင်စု တခုဟာ ပျမ်းမျှ ၅၀၀၀ ကျပ် ပိုဆောင်ရပါမယ် ။ အလွန်ဆင်းရဲသော အဆင့်နဲ့ တွက်တာပါ ။
မီတာကြေးတလ = 5000
တနှစ် = 60000
5 နှစ် = 300000
မီတာကြေး သက်သက် NLD လက်ထက် ပိုကုန်သွားတာ 300000 ကျပ် ဖြစ်ပါတယ် ။
အခြား လုပ်ငန်းရှင်တွေ အတွက် တိုးလာတဲ့ အခွန်တွေ ၊ တောင်သူတွေအတွက် တိုးလာတဲ့ မြေခွန် ရေခွန် ၊ ယာဥ်မောင်းလိုင်စင်က အစ အသေးစိတ်တွက်ပြရရင် ခင်ဗျားတို့ ငိုချင်သွားပါ့မယ် ။ အဲဒီ အထွေထွေ အတွက် ပျမ်းမျှ ငါးနှစ်စာ တသိန်း ထားမယ် ဗျာ ။
ဝယ်ယူခွန် 600000
မီတာကြေး 300000
အထွေထွေ 100000
Total. 1000000
အကုန်ပေါင်းရင် ဆယ်သိန်း ရှိပါတယ် ။ အဲဒါ ပြည်သူတွေ တသက်လုံးက မပေးဆောင်ခဲ့ရတဲ့ အခွန်သစ်တွေ အနေနဲ့ ပြည်သူတွေဆီကို ဒါးပြ တိုက်ယူခဲ့ကြတာပါ ပဲ ။
ကဲ Covid ဖြစ်လို့ ပြန်ပေးတဲ့ ထောက်ပံ့မှု စုစုပေါင်း တသိန်း မပြည့်ဖူး ။ အိမ်ထောင်စုတိုင်းလည်း မရဖူး ။ အနီအုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်ပြေသူတွေပဲ ရကြတယ် ။ ရာခိုင်နှုံးအားဖြင့် 20 % ဝန်းကျင်ပဲ ရှိမယ် ။
Q စင်တာ ဝင်ကြတယ် ။ ပရဟိတတွေက နေရာစီစဥ်ပေးရတယ် ။ အလှူရှင်တွေက စားစရာ လှူကြတယ် ။ NLD အစိုးရက နိုင်ငံတကာ အထောက်အပံ့တွေကို Q တဦးအတွက် ခြောက်သိန်းလောက် သုံးပါတယ် ဆိုပြီး ပေါ်တင်ခိုးကြတယ် ။
ကိုင်း NLD ပါတီရဲ့ စေတနာက ဒါပါပဲ ။ သူတို့ ပြည်သူတွေအပေါ် ပေးခဲ့တဲ့ ဝေဒနာ နဲ့ စေတနာ ဘယ်အရာက အလေးသာခဲ့သလဲ စဥ်းစားကြည့်ကြပါ ။
မျိုးဝင်း
(ရွှေပြည်သာ ကြက်ခြေနီ အဖွဲ့ နဲ့ အခြားအရပ်ရပ်ရှိ ဖြူစင်သော ပရဟိတများ အောင်မြင်ကြပါစေ)
No comments:
Post a Comment