Wednesday, June 2, 2021

အဖြူထည် လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (11)



         သူနာပြုကျောင်းသူလေးတွေဟာ ဘယ်သူမှ မထင်မှတ်ပဲ ကြိုဆိုနေရာကနေ လမ်းပိတ်ဆန္ဒပြလိုက်တော့ တာဝန်ရှိ ကျောင်းအုပ်ကြီး နဲ့ အခြားအရာရှိတွေ အင်မတန် တုန်လှုပ်သွားကြပါတယ် ။ တန်ခိုးထွားလှတဲ့ ဦးခင်ညွှန့်ကတော့ ဘာလုပ်ရမှန်းမသိ ပျာယာခတ်နေသူတွေကို လက်ကာပြပြီး သူနာပြုလေးတွေဆီကို အေးအေးဆေးဆေး သွားပါတယ် ။ 

        သမီးတို့ ဘာဖြစ်လို့လဲ ဘဘကိုပြော မကြောက်နဲ့လို့ အားပေးစကား ပြောရင်း မေးပါတယ် ။ သူနာပြုစာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ထားတဲ့ ပြဿနာကနေ သူတို့ အခက်အခဲ တွေ အားလုံး တင်ပြကြပါတယ် ။ 

        ဦးခင်ညွှန့်ဟာ တထိုင်တည်း ဖြေရှင်းမသွားပေမယ့် အားလုံးသော တင်ပြချက်များကို မှတ်တမ်းယူပါတယ် ။ နောက် သူက ကျောင်းအုပ်ကြီးနဲ့တကွ ကျန်းမာရေးဝန်ကြီးကို သူနာပြုတွေ ရှေ့မှာပဲ တိကျစွာ မှာကြားပါတယ် ။ သူပြန်သွားရင်လည်း ဒီကလေးတွေကို အရေးယူမှု လုံးဝ မလုပ်ရဖူး ဆိုပြီး ကာကွယ်ပေးသွားပါတယ် ။ 

       ကားပေါ်မှာပဲ တင်ပြလွှာကို ဖတ်ရှုပြီး တောင်းဆိုချက်တွေကို လိုက်လျှောပေးလို့ အဆင်ပြေခဲ့ရပါတယ် ။ သူနာပြုတွေလည်း အရေးယူမခံကြရပါဘူး ။ 
(ယနေ့ထိ စစ်အာဏာရှင် အဖြစ်စွတ်စွဲနေတဲ့ ဦးခင်ညွှန့်ရဲ့ ဆန္ဒပြခြင်းအပေါ် တုန့်ပြန်မှုက အဲလိုပါပဲ)

          တရားမျှတမှုအတွက် ဆောင်ရွက်ပေးခဲ့တာတွေကတော့ မရေတွက်နိုင်ပါဖူး ။ တခါက အမျိုးသမီးတယောက် စာရွက်လေးကိုင်ပြီး လူအုပ်ကြီးကို တိုးခွေ့လာနေတော့ လုံခြုံရေးတွေက တားထားတယ် ။ မျက်စိလျှင်တဲ့ ဦးခင်ညွှန့်က လှမ်းပြောတယ် လွှတ်လိုက်ကွ တိုင်စာလာပေးတာ လို့ ဆိုမှ သွားခိုင်းလိုက်တယ် ။

      စာကိုယူပြီး ပါးစပ်က အကျိုးအကြောင်း မေးတော့ သူမရဲ့ ယောကျ်ားကို မှားယွင်းဖမ်းဆီပြီး ထောင်နှစ်ရှည် ချထားလို့ တိုင်တာပါလို့ ပြောပါတယ် ။ ဦးခင်ညွှန့်ဟာ တိုင်စာကို ကားပေါ်မှာပဲ ဖတ်ပါတယ် ။ ပြီးတာနဲ့ အဲဒီဒေသက နယ်ခံထောက်လှမ်းရေးဆီ ဒီဖြစ်စဉ်ကို အမှန်တိုင်း စုံစမ်းတင်ပြစေပါတယ် ။ 

       တိုင်စာပါအတိုင်း တရားသူကြီး ၊ ရဲ နဲ့ တရားလိုတို့ ပူးပေါင်းကြံစည်ထားတာ ပေါ်သွားပါတယ် ။ ထိုသူလည်း ချက်ခြင်းလွတ်သွားပါတယ် ။ ဒါပုံပြင်မဟုတ်ဖူး အဲဒီလူနဲ့ အတူထောင်ထဲမှာ ဆုံခဲ့ရတဲ့ ရှစ်ပူး တယောက်က အံ့သြစွာ ပြောခဲ့တာပါ ။ 

           ဦးတင်ဦးကတော့ ရှင်းပါတယ် ။ စစ်ဆေးမယ့်မြို့ကိုရောက်ပြီဆိုရင် မြို့ခံတွေ သူ့နောက်လိုက်ခဲ့ပေတော့ ပဲ ။ ကြိုတင်ပြင်ဆင်ထားတဲ့ လမ်းကြောင်းကနေ ဘယ်တော့မှ မသွားဖူး ။ မဟုတ်တာ လုပ်မိတဲ့ စည်ပင်တွေ ပြုတ်ပေါင်းများလှပေါ့ ။ လိမ်မရတဲ့ ခေါင်းဆောင်တွေပါပဲ ။ 

         ပြည်သူတွေအပေါ် နှိပ်စက်သတဲ့ ၊ ဂုတ်သွေးစုတ်သတဲ့ ကဲ ကြည့်အုံး တခုပြောချင်သေးတယ် ။ အဲဒီခေတ်က ဝန်ထမ်းတွေကို ဆယ်လစာ ငွေထုတ်ချေးတယ် ။ ပြန်မဆပ်ခိုင်းသေးဖူး ။ 

     အစည်းအဝေးတခုမှာ ငွေချေးထားတဲ့ ဝန်ထမ်းတွေ အဆင်ပြေကြသလား မေးတော့ ဖားယားပြီး ဖြေကြသတဲ့ ။ အပိုဝင်ငွေ ရနေလို့ အလွန်အဆင်ပြေကြောင်းပေါ့ ။ ဒါဆို အကြွေးပြန်ဆပ်ခိုင်းတော့ ဆိုပြီး လစာတွေထဲက အချိုးကျ ဖြတ်ဖို့ ပြောပါတယ် ။ 

      ယခု နာမည်ကြီးနေတဲ့ သူ့သားမက် ဖို့လပြည့်အဖေ နေစိုးမောင်က ဝန်ထမ်းတွေအဆင်မပြေသေးကြောင်း ပြောသတဲ့ ။ ဒါနဲ့ ချေးငွေ မဖြတ်သေးနဲ့ ဆိုပြီး ပြန်ပြောလို့ အချို့ဝန်ထမ်းတွေဆို ပင်စင်စားမှ အဖြတ်ခံကြရပါတယ် ။ ငွေကြေးဖောင်းပွ နှုံးနဲ့ ဆိုတော့ မဆပ်ကသလောက်ပါပဲ ။

       နဝတခေတ်က ခေါင်းဆောင်တွေက အဲလိုလူတွေ ဖြစ်ပါတယ် ။ တော်လှန်ပုန်ကန်သူတွေကို ဖမ်းဆီးတာ ၊ သူခိုး ဒမြတွေကို သတ်ပစ်တာ ၊ လူမိုက်တွေကို နှိမ်နင်းတာ အစရှိတဲ့ လုပ်ရပ်တွေ အတွက် သူတို့ကို ရက်စက်တယ်လို့ အပုပ်ချတဲ့ ဖက်က ရှုမြင်နိုင်သလို လူကောင်းသူကောင်းတွေ အေးချမ်းစွာ နေနိုင်ဖို့ လူ့အမှိုက်တွေ ရှင်းပေးတယ်လို့လဲ ရှုမြင်နိုင်တာပေါ့ လေ ။ 

       ကဲ ဒီကနေ့အထိ လူတွေ ပြောနေတဲ့ သယံဇာတ နဲ့ ခရိုနီတွေ ပေါ်ပေါက်လာပုံကို ပြောပါမယ် ။ နဝတ အစိုးရဟာ တိုင်းရင်းသားစစ်စစ် လုပ်ငန်းရှင်တွေထဲက အသက် ၄၀ ဝန်းကျင် လုပ်ငန်းရှင်တွေကို ခေါ်လိုက်ပါတယ် ။ 

      မဆလ တခေတ်လုံး ထိမ်းသိမ်းလာခဲ့တဲ့ မှိုင်းညှို့နေတဲ့ တောအုပ်ကြီးတွေကို လက်ညှိုးထိုးပြပြီး အထဲမှာ အပင်တွေ ညပ်သပ်နေပြီ ။ အခု ခုတ်လို့ ရမယ့် ကျွန်းပင်တွေကို အမှတ်အသား ပြထားတယ် ။ 

      မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်တွေ အဲဒီကျွန်းပင်တွေကို ခုတ်ကြပါ ။ တပင်ကို ငါးဒေါ်လာ သွင်းရမယ် ၊ လမ်းကိုယ့်ဘာသာ ဖောက်ရမယ် လို့ ပြောပါတယ် ။ 

     ကတ္တရာလမ်းဖောက်တာပဲ မြင်ဖူးတဲ့ လုပ်ငန်းရှင်တွေ တွန့်သွားကြပါတယ် ။ သူတို့က သစ်လောကသားတွေ မဟုတ်တော့ တန်ဖိုး မသိကြပါဘူး ။ အစိုးရ သွင်းဈေး တပင် ငါးဒေါ်လာဆိုတာ အလကားပေးတာပဲ ဗျ ။ 

        အဲဒီတုန်းက လုံးပတ် ၇ ပေကျော်မှ ခုတ်ခွင့်ပြုတာပါ ။ ကျွန်းတပင်ကို ပျမ်းမျှ ၂ တန် ရှိပါမယ် ။ တတန်ကို ကျပ်ငွေ ၂၅၀၀ ပဲ ကျသင့်ပါတယ် ။ ခုတ်ဆွဲစုပုံ ၊ လမ်းဖောက် ၊ ကားခ ၊ အတင်အချ စရိတ် အားလုံးပေါင်း တတန်ကို တသောင်း မကုန်လောက်ပါဖူး ။ 

       အဲဒီကာလက ကျွန်းဈေး ကျနော် မမှီပေမယ့် Export ဆိုရင် တတန် ၂ သိန်လောက် ရှိနိုင်မယ်လို့ ထင်ပါတယ် ။ ကဲ တွေးကြည့်ကြပါ ဘယ်လောက်မြတ်မလဲ ဆိုတာ ။ အဲဒီ အခွင့်အရေးကို တန်းတူပေးပေမယ့် စွန့်ဝံ့သူတို့ စားသွားလိုက်တာ ယနေ့ နံပါတ် ၁ လို့ ပြောရမယ့် ဦးတေဇတို့ အုပ်စုပါပဲ ။ 

        နောက် စိုးလျှပ်စစ်တို့ ဘာတို့ အစရှိတဲ့ မြန်မာလုပ်ငန်းရှင်တွေကို နဝတက မြေတောင်မြှောက်ပေးခဲ့ပါတယ် ။ 

         ဒီနေရာမှာ နဝတ ရဲ့ ဆောင်ပုဒ် မြန်မာ့စီးပွားရေး မြန်မာတိုင်းရင်းသားတို့လက်ဝယ် ရှိရေး ဆိုတာ ဦးသန်းရွှေကြီးက ကြားကောင်းအောင် ပြောခဲ့တာ မဟုတ်ပါဖူး ။ ခရိုနီတွေ ကြွယ်ဝလာကြသလို ကျွဲကူးရေပါ ဗိုလ်ချုပ်တွေလည်း ချမ်းသာလာကြပါတယ် ။ 

         အဲဒီနောက် သဘာဝဓာတ်ငွေ့ သိုက်တွေ တွေ့လိုက်တာဟာ ဦးသန်းရွှေကို မြင်းဂြိုလ်တပ်ပေးလိုက်တာပါပဲ ။ ဒေါ်လာစီးကြောင်းကြီး ရလိုက်တဲ့ ဦးသန်းရွှေ အတွက် အချိုပေါင်း သကာလောင်းတဲ့ ဖြစ်စဉ်လည်း ရှိလာပါတယ် ။ 

(ကျနော်ရဲ့ သူရဲဖမ်းသူများ မှာ တင်ပြဖူးပါတယ် ၊ မဖတ်ဖူးသူများအတွက် စတိမျှ ပြန်လည် တင်ပြပါရစေ)

       အဲဒါကတော့ ကရင်ပြည်နယ်ထဲမှာ အမျိုးအမည် မခွဲနိုင်တဲ့ သတ္တုသေတ္တာကြီး တလုံးတွေ့ထားကြောင်း ထောက်လှမ်းရေးသတင်းရရှိခဲ့ပါတယ် ။ ဦးခင်ညွှန့်ဟာ သူယုံကြည်ရတဲ့ ဗိုလ်မှူးကြီး မြင့်ဦးကို စေလွှတ်ပြီး သေတ္တာကြီးအား ရန်ကုန်သို့ သယ်ယူစေပါတယ် ။ 

         ရန်ကုန်ရောက်တော့ ဦးသန်ရွှေအိမ်မှာ သေတ္တာကြီးကို ဖွင့်ကြပါတယ် ။ သေတ္တာလုပ်ထားတဲ့ သတ္တုသားဟာ မာကျောလွန်းလို့ ဘယ်လိုမှ ဖွင့်မရပါဘူး ။ သောပါပေမယ့် သော့ကလည်း အဲဒီ သတ္တုသားပဲမို့ ဖွင့်မရပါဘူး ။ 

      ဗိုလ်မှူးကြီးမြင့်ဦး အပြောအရ ရှိသမျှ GE တပ် ကုန်သွားပြီ သေတ္တာက အရာမယွင်းပါဘူး တဲ့ ။ ဒါနဲ့ သတ္တုသား အမှုံအနည်းငယ် ရအောင် တံစဉ်းမျိုးစုံနဲ့ မနည်းတိုက်ယူပြီး အမှုံတွေကို စက်ာပူ ယူသွားပါတယ် ။ 

       စက်ာပူကလည်း ဖွင့်လို့မရနိုင်ဖူးပြောတယ် ။ ဒါပေမယ့် အစ္စရေးတွေဆီ လမ်းညွှန်တယ် ။ ဆက်သွားရတာပေါ့ အစ္စရေးကတော့ ဖွင့်နည်းကို သင်ပေးပြီး ဗိုလိမှူးကြီးမြင့်ဦးကို လိုတဲ့ ကရိယာတွေပါ ကူညီလိုက်ပါတယ် ။ 

         ဗိုလ်မှူးကြီးလည်း ရလာတဲ့ နည်းပညာနဲ့ စိတ်ဝင်စားဖွယ် သေတ္တာကြီးကို ဖွင့်ပါတော့တယ် ။ ပထမဆုံး သေတ္တာကြီးကို ပက်လက်လှန်လိုက်ပါတယ် ။ နောက် ဖင်ဖက်ကနေ စပြီး ဖွင့်ပါတယ် ။ 

       တိုင်းပြည်အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေ ပါနိုင်ကြောင်း တင်ပြထားတဲ့ စိတ်ဝင်စားဖွယ် သေတ္တာကြီးကို ဖွင့်နေရတဲ့ ဗိုလ်မှူးကြီးမြင့်ဦး ချွေးပြန်နေသလို ဘာတွေပါမလဲ ဆိုတာ စောင့်ကြည့်နေတဲ့ ဦးသန်းရွှေတို့ရဲ့ မျက်ဝန်းတွေမှာလည်း မီးဝင်းဝင်းတောက်နေကြပါပြီ ။ 

      တဖြေးဖြေး ပွင့်လာတဲ့ သေတ္တာကြီးရဲ့ ဖင်ပိုင်းဆီကနေ ဝင်းကနဲ စပြီးတွေ့လိုက်ရတာက.......... ?

(သရဲ ဖမ်းတုန်းကလည်း ဒီနေရာ ရောက်တော့ မှင်ကုန်သွားတယ် အခုလည်း တိုက်တိုက်ဆိုင်ဆိုင် မှင်ကုန်ပြန်ပြီ ညမထွက်ရ အမိန့်နဲ့ ဆိုတော့ ထွက်မရတော့ဘူး အဲဒါ အဘတွေ မကောင်းလို့😁😁)

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...