Friday, June 4, 2021

လက်စလက်န



        ကိုစိုးတယောက် နေ့လည်ကျမှ ရောက်လာလို့ အိမ်မှာပဲ လေကန်ကြရပါတယ် ။ 

"ငမျိုးရေ သေနတ်သံတွေက ပိုပြီး များလာသလား လို့ ''

"မများပါဖူး ဗျ ဘာဖြစ်လို့လဲ ''

"အူပါ့ ကွာ ပစ်ခတ်နေတဲ့ အသံ များနေတာ ပြောချင်တာ မဟုတ်ဖူး ကွ သေနတ်တွေ ဟိုကမိ ဒီကမိ ဖြစ်နေတာကို ပြောနေတာ ''

"အင်းးးး ဒီလို လက်နက်သယ်ဖို့ဆိုတာ ဒီလောက်အများကြီး ပြန့်နေရင် အုံနဲ့ကျင်းနဲ့ လုပ်နေကြတာ ဗျ ''

"မင်းပြောမှ သိတယ်ကွာ ဦးရှံစား ကြနေတာပဲ လက်သည်ကို ရှာဖို့ ပြောနေတာ ကွ ''

"လက်သည်က အဝေးကြီး မရှာရပါဘူး ဗျာ ဒီဝန်းကျင်မှာ စုံစမ်းရင် သိပါတယ် ''

"ဟေ တို့နားဝန်းကျင်က နယ်စပ်မဟုတ် ဘာမဟုတ် နဲ့ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ ကွ ''

"ကိုစိုးရေ မြန်မာပြည်မှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ရင် တနိုင်ငံလုံး နှံ့နေအောင် သွားလာနေတဲ့ အုပ်စု ၊ မှောင်ခိုပစ္စည်း မှန်သမျှ သူ့လမ်းကြောင်း နဲ့ သူ ငွေခင်း သွားတတ်တဲ့ သယ်ယူပို့ဆောင်ရေး အဓိက အဖွဲ့ ၂ ဖွဲ့ ရှိတယ် ဗျ ''

"အေး ဘယ်သူတွေလဲ ကွ ''

"နွားထိုးကြီးနယ်ထဲက ပြင်စည်ရွာကြီးက ကားအုပ်စု နဲ့ သူ့ထက်တောင့်တင်းတဲ့ ကျောက်ပတောင်း မြို့က ကားအုပ်စုကြီးတွေပဲ ဗျ ''

"ဒီတော့ သူတို့က....... ''

"ငွေရရင် ဘာမဆိုသယ်ပေးတယ် ဗျာ တစီးအဖမ်းခံရရင် လူသာလွတ်အောင်ပြေး နောက်တစီးထပ်ထောင်ပေးလို့ ကူညီကြတဲ့ ထုံးစံ ရှိတဲ့ အဲဒီ အုပ်စုတွေကို စစ်ဆေးကြည့် ခင်ဗျားသိထားတဲ့ လက်နက်တွေ ရဲ့ ၇၀ % ပေါ်ပြီ ''

"ဟကောင် သူတို့က ဘယ်လိုလုပ် တိုင်းပြည်အလယ်ကို သယ်ပြီး ပြန်ဖြန့်မလဲ ကွ ''

"သူတို့ ကားအုပ်စုတွေက တနိုင်ငံလုံးရောက်တယ် ဗျ လက်နက်အများစုကလည်း ဘယ်က လာမယ် ထင်သလဲ ''

"နယ်စပ်တွေကပေါ့ ကွ ''

"မှန်လည်း မှန်တယ် မှားလည်း မှားတယ် အခု ပြည်တွင်းထဲ ရောက်နေတဲ့ အများစုက ဝမ်ပေါင် လမ်းကြောင်းကနေ ကဲ့ယူနေကြတာ ဗျ ''

"ဟမ် ဝမ်ပေါင်ဆိုတော့ ကျောက်ပတောင်း ကားအုပ်စုတွေ ဆွဲနေကြတာပဲ ကွ ''

"သေချာတာပေါ့ ကျောက်ပတောင်း အုပ်စုတွေထဲက ဝမ်ပေါင်နဲ့ ချိတ်ထားတဲ့ ကားသူဌေး ၄ / ၅ ယောက်သာ ဖိဖိစီးစီး စစ်ကြည့် ခင်ဗျား စစ်တပ်တခု ထောင်လို့ ရနိုင်မယ် ''

"ဟိုက် မြန်မာပြည် အလယ်မှာ ဖြစ်နေတာလား ကွာ အံ့သြစရာပဲ ''

"အံ့သြမနေ နဲ့ စျေးနှုံးတွေပါ ပြောပြလို့ရတယ် အဲဒါ အမှန်ပဲ ခင်ဗျား အတိုလိုချင်သလား သိန်း ၅၀ သာပေး ကျုပ်ပွဲခရပြီ ဝယ်ပေးမယ် ''

"မင်းကတော့ ပြန်ခါနီးတိုင်း အမှုတွဲတတ်တယ် သိလား ပြန်ပြီဟေ့ ''

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...