Sunday, June 6, 2021

တပ်မတော် ဒရုန်းမှာကျန်ခဲ့ပြီလား ?



        ဒီကနေ့ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန်တို့ရဲ့ စစ်ပွဲအခြေအနေတွေကို ကျွမ်းကြင်သူတွေ လေ့လာပြီး သုံးသပ်နေကြတွေ ဖတ်မိပြီး အနာဂါတ်ကာလမှာ အရေးပါလာမယ့် ဒရုန်း တွေ ရဲ့ ကဏ္ဍ ကို တွေ့လာရပါတယ် ။ 

      မြန်မာ့တပ်မတော်ဟာ တာတို တာလတ် ကနေ တာဝေးပစ် အထိ ဆင့်ဆင့်ရယူပိုင်ဆိုင်ဖို့ ကြိုးပမ်းအားထုတ်နေမှာ သေချာပါတယ် ။

      ကြည်း ရေ  လေ ဟန်ချက်ညီ တိုးတက်ဖို့ အပြိုင်အားထုတ်နေကြတာလည်း တနှစ်တခါ တပ်တော်ဝင်နေကြတဲ့ သိသင့်သိထိုက်သော စာရင်းများအရ တိုးတက်နေတာ ငြင်းစရာ မရှိပါဘူး ။ 

       ဒီကနေ့ အာမေးနီးယား စစ်ပွဲကနေ အလန့်တကြား သတိပေးလားတဲ့ ဖိုက်တာဒရုန်းတွေ အကြောင်း ဖတ်မိတော့ စိုးရိမ်လာရပါတယ် ။

      ဒီကဏ္ဍအတွက် မြန်မာ့တပ်မတော် ပြင်ဆင်မထားရင်တော့ အခုကစပြီး လုပ်သင့်ပြီဆိုတဲ့ အတွေးနဲ့ အချက်အလက်တွေ ရှာဖွေမိတော့ မှ အံ့သြစရာကောင်းလှတဲ့ တပ်မတော်ရဲ့ ပြင်ဆင်ထားမှုကို တွေ့မြင်ရပါတော့တယ် ။ 

        ဆရာ Than Lwin U ရဲ့ ACC မှာ တွေ့ရတဲ့ အချက်အလက်တွေဖြစ်ပါတယ် ။ 

      ရခိုင်ပြဿနာနောက်ပိုင်းမှာ အစ္စရေးတွေက မြန်မာတွေကို လက်နက်မရောင်းတော့သလို ဒရုန်းတွေလည်း မရောင်းပါဘူးလို့ ဆိုထားပါတယ် ။  

       ဒါပေမယ့် AR 1 laser guided air to surface missile နဲ့ YC 200 guided bombs စတဲ့ လေဆာလမ်းညွှန်ပဲ့ထိမ်း ဒုံးတွေ   ဗုံးတွေ  တပ်ဆင်ထားတဲ့  CH 3 A ( တရုတ် ဒရုန်း) တွေ ပိုင်ဆိုင်ထားတယ် ဆိုပြီး သတင်းထွက်နေခဲ့ပါတယ် ။ မြန်မာ့တပ်မတော်ကတော့ နှုတ်ဆိတ်နေတာ သူ့ထုံးစံပါပဲ ။

       2017 ခုနှစ်ရောက်တော့ ဆော်ဒီမှာ CH4 ဒရုန်းစက်ရုံတည်ဆောက်ခဲ့ပါတယ် ။
CH 4 ဒရုန်းဟာ အမေရိကန် တို့ရဲ့ နာမည်ကျော် MQ 1 Predator ဒရုန်းလို အဆင့်အတန်းနဲ့ ထောက်လှမ်းရေးကော တိုက်ခိုက်ရေးကော ထည့်သွင်းတည်ဆောက်ထားတဲ့ 2013 ထုတ် အဆင့်မြင့် ဒရုန်း အမျိုးအစား ဖြစ်ပါတယ် ။

      AR - 1 / HJ - 10 မစ်ဇိုင်း (တင့်ဖျက်) ၊ Lan Jim 7 (Blue Arrow 7) လေဆာလမ်းညွှန် ဝေဟင်မှမြေပြင်ပစ် မစ်ဇိုင်း ၊ TG 100 Laiser / ING / GPS guided ပဲ့ထိမ်းဗုံး တပ်ဆင်ထားပါတယ် ။ 
(israeldefense ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်) 

       CH 4 ဒရုန်း တစ်င်္စးကို US$ 4 သန်း တန်ကြေးရှိပါတယ် ။ 

      ဆော်ဒီမှာ CH 4 ဒရုန်းစက်ရုံ ဖွင့်ပွဲလုပ်တော့ တရုတ်စစ်ရေး ဝေဖန်ဆန်းစစ်သာ Zhou Chenming ကနေ တရုတ်သတင်းစာဖြစ်တဲ့ South China Moring Post ( S C M P ) ကို ဒီလို ပြောခဲ့ပါတယ် ။ 

      ယခု ဆော်ဒီမှာ တည်ဆောက်မယ့် CH 4 ဒရုန်းစက်ရုံဟာ တရုတ်ပြည်ရဲ့ ပြင်ပမှာ တတိယမြောက် တည်ဆောက်တဲ့ စက်ရုံပါတဲ့ ။ သူ့ရှေ့က ၂ ရုံကတော့ ပါကစ္စတန် နဲ့ မြန်မာ မှာ တည်ဆောက်ပြီးပါပြီ လို့ ဖွင့်ပြောလိုက်မှ အားလုံး သိခဲ့ရပါတယ် ။ မြန်မာတပ်မတော်ကတော့ ထုံးစံအတိုင်း နှုတ်ဆိတ်လျှက်ပါပဲ ။

      ကျနော်တို့ချစ်တဲ့ လေးစားတဲ့ အားကိုးတဲ့ မြန်မာ့တပ်မတော်ဟာ ယနေ့ စိုးရိမ်တကြီး ဖြစ်စရာ ဖိုက်တာဒရုန်း ကဏ္ဍမှာလည်း ကာလများစွာကတည်းက ပြင်ဆင်ထားနိုင်ခဲ့တာ တွေ့ရလို့  အင်မတန် ဝမ်းသာမိပါတယ် ။ 

       သိသာထင်ရှားတဲ့ နှိုင်းယှဉ်မှုတခု ပြပါရစေ ။ 2017 မှာ ထိုင်နိုင်ငံဟာ အစ္စရေးလုပ် Hermes 450 ဒရုန်း ၄ စင်းကို US$ 28 သန်း ခန့် ပေးပြီး ဝယ်ယူခဲ့ရပါတယ် ။ 

      Hermes 450 ဒရုန်းတွေကို 1998 မှာ ထုတ်လုပ်ခဲ့ပြီး ထောက်လှမ်းရေးစနစ်တွေကို အဓိကတပ်ဆင်ထားလို့ တိုက်ခိုက်ရေး စစ်စစ်ဒရုန်းလို့ မခေါ်နိုင်ပါဘူး ။ 

     ထိုင်းတွေက အဲဒီလို 1998 မော်ဒယ် ဒရုန်းတွေကို စျေးကြီးပေးဝယ်နေချိန်မှာ မြန်မာကတော့ 2013 ထုတ် တိုက်ခိုက်ရေးဒရုန်း အစစ်တွေကို ကိုယ်ပိုင်စက်ရုံနဲ့ ထုတ်နေတဲ့ အဆင့်ရောက်နေပြီဆိုတော့ တပ်မတော် ချစ်သူများ အာမေးနီးယမ်း စစ်သတင်းကြည့်ပြီး ရင်မောနေသမျှ နည်းငယ်စိတ်သက်သာရာ ရနိုင်မယ် ထင်ပါတယ် ဗျာ ။ 

       နောက်ကျ မကျန်ရစ်အောင် ရှိတာလေးနဲ့ ဖြစ်ညှစ်ကျိုးစား တည်ဆောက်ပြနေသော မြန်မာ့တပ်မတော်အား ချစ်ခင်လေးစားစွာ ဖြင့် 

       မျိုးဝင်း

         (ယခု ပို့စ် အတွက် အချက်အလက်တွေကို Than Lwin U ACC မှ ရရှိပါတယ် ခရက်ဒစ်ပါ ။)

https://www.scmp.com/news/china/diplomacy-defence/article/2081869/chinese-drone-factory-saudi-arabia-first-middle-east

https://www.israeldefense.co.il/en/node/29253

https://www.globalsecurity.org/military/world/china/ch-4.htm#:~:text=The%20Chinese%20UAV%20can%20carry,the%20American%2Dmade%20Hellfire%20missile

https://www.timesofisrael.com/israel-says-it-stopped-selling-weapons-to-myanmar-months-ago/

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...