Wednesday, May 26, 2021

မီဒီယာတိုက်စစ်



         ဆံပင်တိုတို ဂျင်းဘောင်းဘီ နဲ့ ခပ်ပွပွ ယောကျာ်းရှပ် ဝတ်ဆင်ထားပြီး ရှင်းသန့်နေတဲ့ ရုပ်သံတင်ဆက်သူ အမျိုးသမီးငယ်ရဲ့ တက်ကြွနေတဲ့ ဟန်ပန်ရယ် လွတ်လပ်ပေါ့ပါးနေတဲ့ ဝတ်စားဆင်ရင်မှုရယ်က ပရိတ်သတ်ကို ဆွဲဆောင်နေပါတယ် ။ 

      မြင်ကွင်းက လတ်တလော စစ်တလင်းဖြစ်ပြီးစ နယ်မြေတခုရဲ့ မီးခိုးငွေ့ မတိတ်သေးတဲ့ အနေအထားပါပဲ ။ ရုပ်သံမှ တိုက်ရိုက်အစီအစဥ် အတွက် အမျိုးသမီးလေးဟာ မြေပြင်ရှိ ဒေသခံများ ၊ တပ်မတော်တပ်ဖွဲ့ဝင်များ နဲ့ တွေ့ဆုံမေးမြန်းပြီး ၊ ဖြစ်စဥ် တခုလုံးရဲ့ နိဒါန်း ၊ ဖြစ်ပျက်ဆဲကာလ နဲ့ နိဂုံးပိုင်းတွေ ကို ပုံဖော်နိုင်စွမ်းရှိတဲ့ အကွက်ကျကျ မေးမြန်းမှုတွေ ပြုလုပ်လျှက် သတင်းမှန်များ တင်ဆက်နေမှု အပေါ် ကြည့်ရှုသူတွေ အသက်မျှ မရှူနိုင်ပဲ စိတ်ဝင်တစား ကြည့်ရှုအားပေးနေကြပါတယ် ။ 

     နောက်တနေ့ အစီအစဥ်တခုမှာတော့ အဆိုပါ အမျိုးသမီးငယ်လေးဟာ တမင်ပြက်ဆင်ထားတဲ့ ဝတ်စားဆင်ရင်မှုနဲ့ မဟုတ်ပဲ သာမန် သွားလာလှုပ်ရှားနေသကဲ့သို့ တီရှပ်ပွပွ ဘောင်းဘီပွပွ လေးနဲ့ ရှင်းသန့်နေတဲ့ မျက်နှာလေးနဲ့ သွက်လက်စွာ မေးမြန်းနေပါတယ် ။ 

"ဗိုလ်ကြီးရှင့် ယခု မြင်နေရတဲ့ အမြှောက်တွေက ဘာအ​​မြှောက်လို့ ခေါ်ပါသလဲ ''

"ဒါက ၁၅၅ ဟောင်ဝစ်ဇာလို့ ခေါ်ပါတယ် ''

"အမြှောက်ဆန်ကြီးတွေက အကြီးကြီးတွေ ပဲ နော် ဘယ်လောက်အကွာအဝေးအထိ ပစ်နိုင်ပါသလဲ နောက် အမြှောက်ဆန်က နှစ်မျိုးတွေ့နေရပါတယ် ဘာကွာပါသလဲ အမြှောက်ကျည်ံဆံ တခုကို ကမ္ဘာ့ပေါက်စျေး ဘယ်လောက် ရှိပါသလဲ ရှင့် ''

"အမြှောက်က ၃၃ မိုင်အထိ ပစ်နိုင်ပါတယ် ၊ ကျည်ဆံက ဝယ်မယ်ဆိုရင် ရိုးရိုးကျည်ဆံက ကမ္ဘာ့ ပေါက်စျေး ကျပ် ၆ သိန်းပါ ၊ ဟိုဖက်က ကျည်ဆံကတော့ GPS စနစ်နဲ့ တွက်ချက်ပြီး ပစ်မှတ်ကို လုံးဝတိကျစွာ ပစ်နိုင်တဲ့ ကျည်ဆံပါ သူကတော့ ကမ္ဘာ့ပေါက်စျေး ကျပ်သိန်း ရာဂဏန်း အထိ ရှိပါတယ် ''

"ဟုတ်ကဲ့ မြန်မာ့တပ်မတော်က ကိုယ်ပိုင်အမြှောက်တွေ ထုတ်နေပါပြီလား ရှင့် ''

"ဟုတ်ကဲ့ ထုတ်နေပါပြီ ပြည်ပက ဝယ်ယူထားတဲ့ အမြှောက်တွေလည်း အများအပြားရှိပါတယ် ''

"အရေးကြီးတဲ့ ကျည်ဆံကရော ထုတ်ပါသလား ''

"ဟုတ်ကဲ့ တပ်မတော်လက်နက်ခဲယမ်း စက်ရုံတွေက အမြှောက်ကျည်တွေလည်း ထုတ်နေပါတယ် ဒါတွေက ပြည်တွင်းထုတ်တွေပါတန်ဖိုးကတော့ ဝယ်တာထက် အများကြီး သက်သာပါတယ် ''

"ဒါဆိုရင် သိန်းရာချီတန်တဲ့ အမြှောက်ကျည်ဆံကော ကိုယ်တိုင် ထုတ်နေပြီလား ရှင့် ''

"ကျနော် ဖြေနိုငိတာထက် ကျော်လွန်နေတဲ့ မေးခွန်းဖြစ်သွားပါပြီ စစ်ရေးလှို့ဝှက်ချက် အဆင့်ဖြစ်နေလို့ မဖြေပါရစေနဲ့ ''

"ဟုတ် ကျေးဇူးပါရှင့် ''

        သွက်လက်ချက်ခြာတဲ့ ဟန်မူယာ ၊ အရေးကြီးတဲ့ မေးခွန်းတွေကြောင့် ကြည့်ရှုသူတွေ သဘောကျပါတယ် ။ 

      နောက်သတင်းမှာတော့ အကြမ်းဖက် ဗုံးခွဲသူတွေကို အင်တာဗျူးတာပါပဲ ။ သူတို့ဗုံးခွဲလိုက်လို့ နစ်နာသူတွေကို သူမအင်တာဗျူးထားတဲ့ ငိုကြွေးသံတွေကို ဦးစွာ တရားခံများကို ပြသပြီးမှ မေးခွန်းတွေ မေးနေချိန်မှာ နောင်တတရားတွေနဲ့ ဇစ်မြစ်တွေ ဖော်ထုတ်နိုင်ခဲ့ပြန်ပါတယ် ။ 

       ဒါတွေကတော့ ပြည်သူတွေ စိတ်ဝင်စားကြမယ့် မီဒီယာ တင်ဆက်မှု အနုပညာဖြစ်ပါတယ် ။ ဒီလိုများ ဆောင်ရွက်နိုင်ပြီ ဆိုရင် နိုင်ငံပိုင် မီဒီယာတွေ အပေါ် ကမ္ဘာကပါ စိတ်ဝင်စားလာနိုင်ပါတယ် ။

     ယခု မြဝတီ နဲ့ MRTV က သတင်းတင်ဆက်သူတွေဟာ ရုပ်ရည် ခန့်ညားထယ်ဝါ ကြပါတယ် ။ အသံသြဇာ ကောင်းလှပါတယ် ။ ဒါပေမယ့် အိဒ္ဒြေအပြည့်နဲ့ ပြုံးတာတောင် 50 % လောက်နဲ့ ​ပြည်သူသိ​ပြီးသား သတင်းဟောင်း​တွေ စုပြီး ည ၈ နာရီကျမှသတင်းရရှိပါတယ် ရှင် ဆိုတာလောက်နဲ့ စိတ်မဝင်စားကြတော့ပါဘူး ။ 

         သတင်းကို ပြည်သူတွေ စိတ်ဝင်စားဖို့ မြေပြင်ဆင်းယူကြပါ ၊ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်ကြပါ (အဝတ်စားဖိုး မိတ်ကပ်ဖိုး သက်သာအောင်😁) ၊ သွက်လက်ချက်ချာသော မိန်းမပျိုချောချောသန့်သန့်လေးများအား သတင်းတင်ဆက်ခိုင်းပါ (ကျားထုကြီးသည် ငယ်ရွယ်သူအလန်းဇယားများကို စိတ်ဝင်စားသကဲ့သို့ မ အုပ်စုသည်လည်း မ ခြင်းစိတ်ဝင်စားကြပါတယ် ဘာတွေဝတ်တယ် ဖိနပ်ကဘယ်လို နားကပ်က ဘယ်လို အစရှိသည်)
၊ တိုတိထိရောက်စွာ မေးခွန်းထုတ်ပါ ၊ အဂ်လိပ်လို စာတန်းထိုးပါ (ကမ္ဘာသိရန်) ၊ 

      အဲသလို ပြင်ဆင်နိုင်မယ် ဆိုရင်ဖြင့် နစကရဲ့ မီဒီယာတိုက်ပွဲ အောင်မြင်နိုင်ပါလိမ့်မယ် ။ 

    အဲလိုမဟုတ်ပဲ ရွှေဘိုမင်းကြိုက် မမကြီးတွေကို မိတ်ကပ် ၁၀ သားလောက် လူးခိုင်းပြီး ဝါတော် ၆၀ ရ ဆရာတော်ကြီးတွေရဲ့ အိဒ္ဒြေမျိုးနဲ့  သတင်းဟောင်းတွေကို ည ၈ နာရီက ပြောခိုင်းနေရင်ဖြင့် အလုပ်အကိုင် မရှိတဲ့ ပင်စင်စားတွေတောင် နေ့စဥ်ကြည့်မယ် မထင်........ 

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...