Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော် အနာဂါတ်ဆီသို့ (၄)



       ဦးရွှေမန်းတို့ အဖွဲ့ဟာ ပြုံယမ်းမှာ 
2008 ကုန်ပိုင်းကာလ၌ ချုပ်ဆိုခဲ့တဲ့ စစ်ရေးစာချုပ်တွေမှာ ဘယ်အချက်တွေ ပါဝင်နေပါသလဲ ? စိတ်ဝင်စားစရာ ကောင်းတဲ့ ပိုင်းက စလာပါပြီ ။ 

    သာမန် လှိုဏ်ခေါင်းတူးခြင်း ၊ နျူထိပ်ဖူးတပ် ဒုံးများထုတ်လုပ်ရန် စက်ရုံတည်ဆောက်ခြင်းများ အတွက် မဟုတ်ပါဘူး ။ ဒီထက်ကြီးမားတဲ့ ကိစ္စများအတွက် စာချုပ်ချုပ်ဆိုခဲ့ကြတာပါ ။ 

      အထက်က ပြောခဲ့တဲ့ လှိုဏ်ခေါင်းတူးတာ ၊ ဒုံးစက်ရုံတည်ဆောက်တာတွေက
 2003 မှ 2006 အတွင်း ကြံစည်လုပ်ဆောင် အကောင်အထည် ဖော်ပြီးခဲ့ပါပြီ ။ ယခု 2008 မှာ တပ်မတော်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ပြုံယမ်းအထိ သွားပြီး ချုပ်ခဲ့တဲ့ စစ်ရေးစာချုပ်အတွက် ဒီထက်အရေးကြီးတာတွေ ပါမယ်ဆိုတာ ခန့်မှန်းလို့ ရနေပါပြီ ။ 

       ဒီလှိုဏ်ခေါင်းတွေ နဲ့ ဒုံးစက်ရုံတွေအကြောင်းကို ဘာတီးလတ်တနာက RFA ကနေ သတင်းရေးသားထုတ်လွှင့်ခဲ့တာ 
18-6-2009 က ဖြစ်ပါတယ် ။ 

      သူ့ဆောင်းပါးပါ မြောက်ကိုရီးယား နဲ့
 မြန်မာစစ်အစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မှန်ကန်ကြောင်း ထပ်မံအတည်ပြုပေးလိုက်တာက မြောက်ကိုရီးယား သစ္စာဖောက် Kim Kwang Jin ဖြစ်ပါတယ် ။ 

    သူဟာ စင်္ကာပူမှာ ငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူအဖြစ် ဟန်ဆောင်ပြီး မြောက်ကိုရီးယားအတွက် နိုင်ငံခြားငွေ ရှာပေးနေရသူဖြစ်ပြီး အာဏာရှင်မိသားစုနဲ့ ရင်းနှီးကြွမ်းဝင်သူ ဖြစ်ပါတယ် ။

     အာဏာရှင် မိသားစုရဲ့ ငွေကြေးအတွင်းသတင်းတွေ ပေါက်ကြားမှုမှာ သူ့ကို မသင်္ကာဖြစ်နေမှန်း သိချိန်မှာပဲ တောင်ကိုရီးယားကို မိသားစုလိုက်ထွက်ပြေးပြီး ခိုလှုံနေသူဖြစ်ပါတယ် ။ RFA မှာလည်း ကော်လံစားသတင်းထောက်လုပ်ကိုင်ရင်း ယခုလို ဘာတီးလတ်တနာ ရဲ့ ဆောင်းပါးကို ထောက်ခံလိုက်တာပါ ။ 

     မြောက်ကိုရီးယား ထိပ်သီးအာဏာရှင် မိသားစုနဲ့ ရင်းနှီးသူဖြစ်လို့ သူလည်း
 မြန်မာ နဲ့ ပြုံယမ်းရဲ့ ဆက်ဆံရေးလမ်းကြောင်းကို သိနိုင်ပါတယ် ။ 

        ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြုံယမ်း နဲ့ ပူးပေါင်းဆက်ဆံ ဆောင်ရွက်ရာမှာ 
အပိုင်းကဏ္ဍ ၂ ခု ခွဲထားပါတယ်

၁ ။ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းများတူးခြင်း

၂ ။ တာလတ်ပစ်ဒုံးများ နဲ့ နျူကလီးယား ဒြပ်ပေါင်းဖို တည်ဆောက်ခြင်း 

   ဆိုပြီး လုပ်ဆောင်ထားခဲ့ပါတယ် ။ 

      မြောက်ကိုရီးယားတွေဟာမြေအောက် လှိုဏ်ခေါင်းတူးဖော်ခြင်း နည်းပညာမှာ
ထိပ်ဆုံးက နိုင်ငံဖြစ်ပါတယ် ။ ပါလက်စတိုင်းတွေက အစ္စရေးနိုင်ငံထဲ အထိ မြေအောက်လှိုဏ်ခေါင်းများတူးပြီး ဝင်ရောက်ဖောက်ခွဲခြင်းတွေ လက်နက်အသွင်းအထုတ် မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ် ။ 

     အင်းမတန်လည်လှပါသော အစ္စရေး နဲ့ အမေရိကန်တွေ လုံးဝမသိခဲ့ရပဲ 
နှစ်များစွာကြာမှ လှိုဏ်ခေါင်းတွေကို တွေ့ရှိကြပါတယ် ။ အဲဒီလှိုဏ်ခေါင်းတွေကို အီရန်က ငှါးပေးလို့ မြောက်ကိုရီးယားတွေက တိတ်တဆိတ် တူးပေးခဲ့ကြတာပါ ။ 

     မြောက်ကိုရီယားဟာ အီရန်နိုင်ငံကို 
တာတိုပစ်ဒုံးလက်နက် နည်းပညာတွေ ရောင်းပေးခဲ့ပါတယ် ။  

    ဒါ့အပြင် ဆီးရီးယားနိုင်ငံရှိ ယူဖရေးတီးဖြစ်ဘေးမှာ နျူကလီးယား ဒြပ်ပေါင်းဖိုတခုတည်ဆောက်ပေးခဲ့တာလည်း မြောက်ကိုရီးယားပါပဲ ။ တည်ဆောက်ပြီးဆီးခါနီး 2007 စက်တင်ဘာလ မှာ အစ္စရေးက ဗုံးကြဲဖျက်ဆီးလိုက်လို့ မြောက်ကိုရီးယား နျူပညာရှင် 10 ယောက် သေဆုံးခဲ့ရဖူးပါတယ် ။ 

    ပြောချင်တာက မြောက်ကိုရီးယားရဲ့ ပြည်ပပို့ကုန်ဟာ လှိုဏ်ခေါင်းတူးပေးခြင်း ၊ နျူကလီယား ထုတ်လုပ်ခြင်း နဲ့ တာတို တာလတ် တာဝေး ပစ် ဒုံးလက်နက် နဲ့ နည်းပညာရောင်းစားခြင်း ဆိုတာ သိစေချင်လို့ ဖြစ်ပါတယ် ။ 

     ဒီလိုနည်းပညာတွေ ပိုင်ဆိုင်ထားပြီး
 နျူလက်နက်တွေ လက်ဝယ်ကိုင်ထားတဲ့ မြောက်ကိုးရီးယားဟာ နိုင်ငံပေါက်စ ခေါင်းဆောင်ပေါက်စ ( အသက်ငယ်) လေးက ကမ္ဘာ့ငပွကြီး အမေရိကန် ထရမ့်ရဲ့ နားရွက်ကို အကြိမ်ကြိမ်တံတွေးစွပ်ပြနေရဲ့နဲ့ ထရမ့်ကြီး မလှုပ်ရဲတာကို သဘောပေါက်ကြမှာပါ ။ 

     သူတချက် တချက် ထဖောက်လိုက်ရင်
အင်အားကြီး အနောက်နိုင်ငံခေါင်းဆောင်ကြီးတွေ ခေါင်းခဲနေရတာဟာ နည်းပညာ နဲ့ လက်နက်တွေကြောင့်ဆိုတာ ဦးသန်းရွှေကောင်းစွာ သဘောပေါက်လို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တာပါပဲ ။

      2004 ကုန်ခါနီးမှာ မြောက်ကိုရီးယား မှ ပညာရှင် ၁၀၀ လောက် နေပြည်တော်ကို စတင်ရောက်ရှိလာပါတယ် ။ သူတို့ထဲမှာ ဥမင်လှိုက်ခေါင်းတူးပညာရှင်များ ၊ 
နျူကလီးယားပညာရှင်များ ၊ နျူကုန်ကြမ်း ယူရေနီယံရှာဖွေရေးပညာရှင်များ အထိ ပါဝင်နေပါတယ် ။ 

      အဲဒီ ပညာရှင်တွေကို ပြင်ဦးလွင်ရှိ 
တပ်မတော် နည်းပည အကယ်ဒမီ(DSTA) မှာ နေရာချထားပေးပြီး ဌာနချုပ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ် ။ သူတို့နဲ့ အတူ ကာကွယ်ရေးဝန်ကြီးဌာန သိပ္ပံနဲ့နည်းပညာသုတေသန မှာ ထူးချွန်သူ အရာရှိများနဲ့ စစ်သည်များအား တွဲဖက်တာဝန်ချထားပေးခဲ့ပြီး နည်းပညာများ သင်ယူစေခဲ့ပါတယ် ။ 

           2004 နဲ့ 2005 ခုနှစ်တွေမှာနေပြည်တော်ကို အကြီးအကျယ် တည်ဆောက်နေချိန်ဖြစ်လို့ တရုတ်တွေနဲ့ တူတဲ့ မြောက်ကိုရီးယားတွေကို ဒေသခံတွေကတော့ မြင်ဖူးနေကျ တရုတ်တွေလို့ပဲ ထင်မှတ်နေကြပါတယ် ။ 

 { 2009 - မှာ အမေရိကန်ကို ထွက်ပြေးပြီးဖော်ကောင်လုပ်ခဲ့တဲ့ သစ္စာဖောက်လောက်ကောင် စိုင်းသန်းဝင်းဟာ 
2001 မှ 2005 အထိ ရုရှားမှာ နျူပညာ သင်ယူနေရလို့ ယခုအကြောင်းတွေကို သူမသိပါဘူး ။ ရွံရှာဖွယ် သစ္စာဖောက်အကြောင်း နောက်မှရေးပါ့မယ်}

     2004 က စပြီးရောက်လာတဲ့ မြောက်ကိုရီးယားပညာရှင်တွေဟာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ၊ ဖြစ်နိုင်ခြေဆန်းစစ်ခြင်း ၊ မြေသားဓာတ်ခွဲခြင်း ၊ ဘူမိရူပအကြိုလုပ်ငန်း (မြေသား ကျောက်သား ဥမင်လှိုဏ်ခေါင်းများဟာ သာမန် သိုလှောင်ရုံ သွားလာရုံမဟုတ်ပဲ ဆက်သွယ်ရေးစက်များနဲ့ပါ အလုပ်လုပ်နိုင်ရန်အတွက်သံလိုက်စက်ကွင်း တိုင်းတာရခြင်း ကဲ့သို့သောအချက်များနဲ့ ထောင့်စေ့အောင် တွက်ချက်ပြီးမှ တိကျစွာ ဆောင်ရွက်ရပါတယ် ) လုပ်ကိုင်ကြပါတယ် ။

      နောက်ပြီး တဆက်တည်းမှာပဲ 
ပေါင်းလောင်းတောင်ကျောရှိ ပမာဏကြီးမားသော မူလရွှေသိုက် (primary) တွေပါ ရှာဖွေကြပါတယ် ။ မြစ် ချောင်း များမှာ တွေ့ရတဲ့ အမှုံအမွှားတွေဟာ မူလရွှေသိုက်မှ တိုက်စားပြီး ပါလာရတဲ့ ရွှေသာဖြစ်ပြီး မူလရွှေသိုက်များမှာတော့ ကျောက်ချပ်များ ကြားညှပ်နေသော ရွှေချပ်များ အစိုင်အခဲများ တွေ့ရတတ်ပါတယ် ။

     ဒီလိုတလက်စတည်း ရှာဖွေတာ ကျွဲကူးရေပါ လုပ်နည်းပါပဲ ။ မြောက်ကိုရီးယား နဲ့ မြန်မာတို့ရဲ့ အဆိုပါလုပ်ငန်းများအတွက် အခကြေးငွေ သတ်မှတ်ရာမှာ ဒေါ်လာနဲ့ မပေးချေပဲ ဆန် သီးနှံ ရာဘာ သစ် ရွှေ တို့နဲ့ ပေးချေဖို့ ( barter စနစ်) သဘောတူထားလို့ ဖြစ်ပါတယ် ။  

    ဘာတီးလတ်တနာ ပြောခဲ့ဖူးပါတယ် ။ 
မြောက်ကိုရီးယားကို လေယာဉ်နဲ့ ပျံဝဲပြီး အပေါ်စီးကလိုက်ကြည့်ပါတဲ့ ။ 
တောင်ကြိုတောင်ကြား တနေရာမှာ မီးခိုးထွက်နေရင် သေချာပြီး မြေအောက်မှာ မြောက်ကိုရီးယားတွေ အလုပ်တခုခု လုပ်နေကြပြီ တဲ့ ။

     ဟုတ်ပါတယ် မြောက်ကိုရီးယားတွေဟာ အလုပ်လုပ်ရင် လျှို့ဝှက်လုပ်လေ့ရှိကြပြီး မြေအောက်လှုဏ်ခေါင်းတွေမှာ 
သူတို့ရဲ့ နျူလက်နက်တွေ သိုဝှက်ထားတာ ကြည့်ပါ ။ 

       မြန်မာပြည်အတွက် လှို့ဝှက်နေရာ ၇ နေရာ သတ်မှတ်ပြီး လုပ်ငန်းစတင်ဖို့ Lay out plan ဆွဲပြီးပါပြီ ။ ထိုနေရာများသို့ လုပ်ကိုင်ရန် မြောက်ကိုရီးယားပညာရှင် 1000 ဟာ 2005 နှစ်စမှာ ရောက်လာပါပြီ ။ နေပြည်တော် နဲ့ ပြင်ဦးလွင်မှာ နေရာခွဲထားလိုက်ပါတယ် ။ 

       နေပြည်တော် ၊ တောင်ကြီး ၊ မင်းဘူး ၊ ရခိုင်ရိုးမ အန်း ၊ ပြင်ဦးလွင် ၊ ရွာထောင် စက်ခေါင်းပြင်ရုံ ၊ အင်းစိန်စက်ခေါင်းရုံ ၊ စသည့် နေရာတွေမှာ မြေအောက် လှိုဏ်ခေါင်းတွေ ဖောက်ကြပါတယ် ။ 

    ရခိုင်ပြည်နယ် မအီတောင်ခြေက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး ဖောက်လုပ်ခဲ့တဲ့ မြေအောက်လှိုဏ်ခေါင်းထဲမှာ တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်များ နဲ့ ဘင်္ဂလားဒေ့ရ် အား အချိန်တိုအတွင်း ချေမှုံးဖျက်ဆီးနိုင်တဲ့ တာတိုပစ် ဒုံးကျည် အမြောက်အများကို ဖြန့်ဝေ ချထားပြီး ဖြစ်ပါတယ် ။ 

     ဂြိုလ်တု ဓာတ်ပုံများအား လှည့်စားနိုင်ရန် လျှပ်စစ်စီမံကိန်းများနဲ့ ပုံဖျက်တည်ဆောက်ထားပါတယ် ။ 

   အချို့သော ဥမင်လှိုဏ်များသည် ရှစ်မိုင်အထိ ရှည်လျှားပြီး အကျယ် ပေ ၂၀ အမြင့် ၁၅ ပေ အထိ  ရှိကြပါတယ် ။လျှပ်စစ် ၊ ရေ  နဲ့ မီးငြိမ်းသတ်ရေး စနစ်အထိ ပြည့်စုံစွာ တည်ဆောက်ထားကြပါတယ် ။ 

    ကားတစီး ချောင်ချိစွာ မောင်းနှင်နိုင်ပြီး 
အချို့နေရာများမှာ ပြီးပြည့်စုံတဲ့ အစည်းအဝေးခမ်းမတွေအထိ ထည့်သွင်း ဖောက်လုပ်ထားပါတယ် ။ 

    ဒီလိုတွေ စနစ်တကျ လျို့ဝှက်စွာ တည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ် သူ့ရဲ့ ပြောစကားတွေ ဟန်ပန် အမူအရာတွေ အပေါ်ကြည့်ပြီး သူ့ရဲ့ ပင်ကိုယ်စိတ် နဲ့ အရည်အချင်းကို မခန့်နိုင်ပါဘူး ။ 

     ပြည်ပက ဝေဖန်သူတွေကတော့ ဦးသန်းရွှေဟာ ခန့်မှန်းရခက်ခဲတဲ့ ကြောင်လက်သည်းဝှက်လို လူစားလို့ ပြောဆိုကြပါတယ် ။ 

    သူ့အာဏာသက်တမ်း ၂၃ နှစ်လောက်မှာ တပ်မတော်နေ့အခမ်းအနားများမှာ မိန့်ခွန်းပြောခြင်း နဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲများမှာ တိုတိုတိတိ မိန့်ခွန်းပြောခြင်းမှ အပ
 အခြားအခမ်းအနားတွေမှာ ပြောလေ့မရှိပါဘူး ။ 

    အဲဒီလို ပိပိရိရိ နေထိုင်တတ်ပြီး 
ထူထူထိုင်းထိုင်း အောင့်သိုးသိုးမျက်နှာကြီး နဲ့ မရီမပြုံး နေတတ်တဲ့ အညာသားကြီးကို
 ပြည်ပကလူတွေ မပြောနဲ့ သူနဲ့ အနီးကပ်နေရတဲ့ တပ်မှူးကြီးတွေတောင် မခန့်မှန်းနိုင်ကြပါဘူး ။ ဘယ်လက်က လုပ်တာ ညာလက်က မသိစေနဲ့ ဆိုတဲ့ လူစားကိုး ဗျ ။

     သူရဲ့ ပိရိသေသပ်တဲ့ အနေအထိုင်နဲ့ နျူစီမံချက်တွေဘယ်လိုပါတ်သပ်နေသလဲဆိုတာ နိဂုံးချုပ်မှာ တွေ့လာပါမယ် ။ 

     ဇာတ်ကြောင်းပြန်စရမယ်ဆိုရင်
 ဒီလို လျှို့ဝှက်လှိုဏ်ဂူတွေ ဖောက်လုပ်နေတဲ့ လုပ်ငန်းတွေဟာ 2006 မှာ အားလုံးနီးပါး ပြီးသွားပါပြီ ။ 

- ကုန်ကျငွေ ဘယ်လောက်လဲ ? 

- ဘယ်ကရှာကြမလဲ ?

    ဆိုတာကတော့ ,,,,,,,,,,,,,

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...