Thursday, May 27, 2021

ပြုံယမ်းမှသည် နေပြည်တော်၏အနာဂတ်ဆီသို့ (၃)



        မြန်မာဟာ 1990 ကျော်ကာလများမှာပြုံယမ်းနဲ့ သံအဆက်အသွယ် ဖြတ်ထားလို့တရားဝင် ဆက်သွယ်ဖို့ မလွယ်ပါဘူး ။
 
ပြဿနာက 10-10-1983  မှာ ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်အားမြောက်ကိုရီးယား မှ လာရောက် ဗုံးဖောက်ခွဲ၍ ဖြစ်ပါတယ် ။ 

     အဲဒီမတိုင်ခင်က1977 မှာ ဦးနေဝင်းကို ဖိတ်ခေါ်လို့ မြောက်ကိုးရီးယား၇ကို သွားခဲ့ရသလို 1980 မှာလည်း မြောက်ကိုရီးယား
 အလုပ်သမားပါတီ ရဲ့ ဆဌမအကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးကို ဖိတ်ခေါ်လို့ မဆလ အဖွဲ့ဝင်တွေ သွားခဲ့ရပါတယ် ။ 

     အဲဒီခရီးစဉ်တွေမှာ မြန်မာအဖွဲ့ကို 
တာဝန်ခံယူပြီး ဧည့်ခံခဲ့ရတာ ကင်အီဆွန်း ရဲ့ လူယုံ ကင်ယုံနစ် ဖြစ်ပါတယ် ။ သံအဆက်အသွယ်ဖြတ်ထားပြီး 1990 နောက်ပိုင်းမှာတိတ်တဆိတ် မြန်မာနဲ့မြောက်ကိုရီးယားတို့ ပြန်ဆက်သွယ်ကြရာမှာ1983 အဖြစ်ဆိုးကို ဘယ်သူကမှ အစပြန်ဖော်ကြမှာ မဟုတ်ပါဘူး ။ 

    အဲဒီလို တိတ်တဆိတ် ဆက်သွယ်ဆောင်ရွက်နေစဉ်ကာလမှာပဲ 8-7-1994 မှာ ကင်အီဆွန်း ကွယ်လွန်သွားပါတယ် ။ ဆက်ခံသူအား ရွေးခြယ်မသွားနိုင်ပဲကွယ်လွန်ခဲ့တဲ့ အတွက် ခြေ / ဥ အရ
 နိုင်ငံခြားရေးဝန်ကြီး ကင်ယုံနမ်
(ပေါလစ်ဗျူရို အမှတ်စဉ် ၄ ) က
 ခေတ္တထိမ်းသိမ်းထားခဲ့ရပါတယ် ။ 

      8-7-1994 မှ  5-9-1998 အထိအုပ်ချုပ်ခဲ့တဲ့ ကင်ယုံနမ်အကြောင်း ပြောပြချင်ပါတယ် ။ မြန်မာ့အရေးနဲ့ ပါတ်သက်သူမို့ပါ။

    ကင်ယုံနမ်ဟာ တရုတ်ပိုင်နက်ထဲမှာ မွေးခဲ့တဲ့ ကိုရီးယားလူမျိုးဖြစ်ပါတယ် ။ 
1950 ကိုရီးယားစစ်ပွဲမှာ တရုတ်အပျော်တမ်း တပ်တွေနဲ့ ပြုံယမ်းဖက်ကနေ ဝင်တိုက်ပေးသူဖြစ်ပါတယ် ။ 

      စစ်ပွဲပြီးတော့ ဆိုဗီယက်ကို သွားပြီး 
ဘွဲ့ရအောင် ကျောင်းတက်ခဲ့ပါတယ် ။
ဘွဲ့ယူပြီး မြောက်ကိုရီးယားကို ပြန်လာပါတယ် ။ နိုင်ငံခြားရေး ဌာနမှာ အလုပ်လုပ်ရင်း ရုရှား တရုတ် မြောက်ကိုရီးယား
သုံးပွင့်ဆိုင်ကိစ္စရပ်များမှာ ကောင်းစွာ
 ညှိနှိုင်းပေးသူ ဖြစ်ခဲ့ရပါတယ် ။ 

      ကင်အီဆွန်းအပေါ် ကားမက်စ် နဲ့  လီနင် အတွေးအခေါ်တွေကို သင်ပေးနိုင်သူဖြစ်ပါတယ် ။ သံတမန်ရေးရာ ကိစ္စများကို စီမံရသူဖြစ်ပြီး 1990 နောက်ပိုင်း မြန်မာ နဲ့ ဆက်သွယ်ရေးလုပ်ဖို့ တရုတ် နဲ့ ရုရှားက တဆင့်  စီစဉ်နိုင်သူလည်း ဖြစ်ပါတယ် ။ 

     သို့သော် မြန်မာနဲ့ မြောက်ကိုရီးယား 
တပ်မတော် ၂ ခု အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုများကိုတော့ ခေါင်းဆောင်သစ် ကင်ဂျုံအီး (ကင်အီဆွန်း သား) ကသာ ဆုံးဖြတ်ပါတယ် ။ 

    မြန်မာအစိုးရ အတွက် မြောက်ကိုရီးယားကိုပေါ်ပေါ်ထင်ထင် သွားခဲ့ရတဲ့ ခရီးကတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးသွားခဲ့ရတဲ့ မြောက်ကိုရီးယား ခရီးစဉ်ဖြစ်ပါတယ် ။ 

  29-10-2008မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့  မြောက်ကိုရီးယားကို ထွက်ခွါခဲ့ရတဲ့ ခရီးစဉ်ကတော့ ကင်ယုံနမ်က စတင်ဖိတ်ခေါ်လို့ပါပဲ ။ 

     ဦးဥာဏ်ဝင်းရဲ့ ခရီးစဉ်အပြီးမှာ
 မြန်မာ့တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ခရီးစဉ်တခု ဖြစ်ပေါ်လာခဲ့ရပါတယ် ။  အဲဒီခရီးကိုတော့ ကင်ဂျုံအီရဲ့ ခွင့်ပြုမှု နဲ့ မြောက်ကိုရီးယား စစ်ဦးချုပ် Kim Kyak Sik ၏ ဖိတ်ကြားမှုကြောင့် သွားခဲ့ရတဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်တွေရဲ့ 
ခရီးစဉ် ဖြစ်ပါတယ် ။ 

    ဒီခရီးစဉ်ကိုတော့ ( 21-11-2008 )မှ (12-12-2008) ထိ ကြာမြင့်စွာ သွားရောက်ခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ နံပါတ်စဉ် ၃ ဖြစ်သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းက ဦးဆောင်ခဲ့ရပါတယ် ။ 

    ဒီခရီးစဉ်ကို သွားကြတဲ့အခါ  ဦးရွှေမန်းတို့ အဖွဲ့ဟာ တပ်မတော် ယူနီဖောင်းများနဲ့
 ဘေဂျင်းကို ဦးစွာသွားကြပါတယ် ။
 နောက် အရပ်ဝတ် ( ဥရောပဝတ်စုံ) တွေနဲ့
 ဘေဂျင်း မှ ပြုံယမ်း သို့ 883 မိုင် ခရီးအား 
ရထားဖြင့် ဆက်လက်ထွက်ခွါခဲ့ရာ 
၂၄ နာရီမျှ စီးနင်းခဲ့ရပါတယ် ။ 

      ထူးခြားချက်ကတော့ ဦးရွှေမန်းတို့နဲ့ အတူ ပြုံယမ်းသို့ တရုတ်တပ်မတော် စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde ကိုယ်တိုင် အတူလိုက်ပါလာခြင်းပဲ ဖြစ်ပါတယ် ။ 

    မြောက်ကိုရီးယားကို ရောက်သွားတဲ့
 ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့ အဖွဲ့ဟာ 

- ဒုံးကျည်စက်ရုံများ
- စကာ့ဒ်ဒုံးများအဆင့်မြှင့်မှုများ
- နျူကလီးယားဒြပ်ပေါင်းဖို တည်ဆောက်ခြင်းများ 
- မြေအောက်ဥမင်လှိုဏ်ခေါင်းတူးဖော်ခြင်းများ ကို 
အထူးပြု လေ့လာ မှတ်သားကြပါတယ် ။ 

     အဲဒီနောက် စစ်ဘက်ဆိုင်ရာအကူညီပေးရေးစာချုပ်များ ချုပ်ဆိုခဲ့ပါတယ် ။ 
အရေးကြီးတဲ့ နျူကလီးယား သဘောတူညီချက်များအတွက် မြောက်ကိုရီးယား ရဲ့ တနိုင်ငံထဲ သဘောနဲ့ ဆောင်ရွက်မရတဲ့ အတွက် ရုရှား နဲ့ တရုတ်တို့ကသွယ်ဝှိက် ကူညီနိုင်မှ အဆင်ပြေမှာ ဖြစ်လို့ တရုတ်စစ်ဦးစီးချုပ်ကိုယ်တိုင် ပြုံယမ်းကို လိုက်ပါလာခြင်း ဖြစ်ပါတယ် ။ 

     ဦးသန်းရွှေဟာ သူတပါးအမှားကနေသင်ခန်းစာယူပြီး နိုင်ငံအတွက် အကောင်းဆုံး တည်ဆောက်နေတာ တွေ့ရပါတယ် ။ သူက အီရတ်ပြဿနာကို လေ့လာကြည့်ပါတယ် ။ 

   အီရတ်တပ်မှူးကြီးတွေဟာ အလွန်အမင်း ကြွားဝါပြီး အလုပ်မဖြစ်တဲ့စီမံချက်တွေနဲ့ ဆဒမ်ကို လိမ်ညာခဲ့ကြပါတယ် ။ 
စစ်ဇုံကြီး ၅ ဇုံနဲ့ ခုခံထားပြီး အတွင်းဆုံးက ဇုံအတွက် ဆဒမ်ရဲ့ ယောက်ဖကိုယ်တိုင် ကွပ်ကဲပြီး တိုက်မတဲ့ ။ ဒီလို ရေပက်မဝင်တဲ့ စီမံချက်တွေ တင်ပြခဲ့ပြီး ရွှန်းရွှန်းဝေအောင် ကြွားဝါခဲ့တဲ့ အီရတ်တပ်မှူးတွေဟာ တကယ်တိုက်တော့ ၅၉ ရက်ပဲ ကြာပါတယ် ။ 

    ခေတ်မှီလေယာဉ်တွေဆို ဂိုဒေါင်ထဲကတောင် မထုတ်လိုက်ရပဲ ရှုံးသွားခဲ့ပါတယ် ။ 13-12-2013 မှာ လုံခြုံမှု မရှိတဲ့ ဗုံးခိုကျင်းထဲမှာ ဆဒမ်ကို အထီးကျန်စွာ ဖမ်းမိသွားတာကို သင်ခန်းစာယူပါတယ် ။ 

- ကြိုတင်ပြင်ဆင်မထားတဲ့ ဗုံးကျင်းထဲမှာ
 ခိုအောင်းခြင်း

- သစ္စာဖောက်တဦးဦးက သတင်းပေးခြင်း

- အသံလွှင့်၍ ကျူးကျော်သူယမ်းကီးတွေကို ချေမှုံးကြ ဘာညာ နဲ့ နေ့စဉ်ပြောနေသောကြောင့် ရေဒီယိုလှိုင်းမှ ခြေရာခံသွားခြင်း

     အစရှိတဲ့ ဆဒမ်ရဲ့  ကိုးယို့ကားယား အမှားတွေကို  သုံးသပ်ပြီး ငါသာဆိုဘာလုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ အားထုတ်ပါတော့တယ် ။ 

     မြေအောက်လှိုဏ်ခေါင်း ကွန်ယက်တွေကို စနစ်တကျ ဖြန့်ကျက်ထားပြီး
 ကွပ်ကဲမှုဗဟိုဌာနချုပ် (GHQ) တွေရဲ့ တည်နေရာကို လျှို့ဝှက်နေရာတွေမှာ ထားနိုင်မယ်ဆိုရင် အချိန်ကာလ အတော်ကြာ တောင့်ခံနိုင်မယ်လို့ တွက်ဆပါတယ်။ 

     အဲဒါကြောင့် 2005 မှာအစိုးရရဲ့ အုပ်ချုပ်မှုယန္တယားတခုလုံးကိုနေပြည်တော် သို့ ပြောင်းရွှေ့ဖို့ စီစဉ်နေဆဲမှာပဲ စစ်ဘက်ကွပ်ကွဲမှု ဌာနချုပ်ကိုလည်း
 နေပြည်တော်ရဲ့ အရှေ့ဖက် ၁၂ မိုင်အကွာက ပေါင်းလောင်းတောင်စောင်းနေရာမှာ
 စနစ်တကျ ရွှေ့ပြောင်းထားပါတော့တယ် ။

        ဦးသန်းရွှေဟာ အလွန်စနစ်ကျတဲ့ 
တွက်ချက်မှုတွေနဲ့နိုင်ငံရေး စစ်ရေး အခြေအနေများကို မိမိလိုသလို စေ့စေ့စပ်စပ် ဖော်ဆောင်ခဲ့ပါတယ် ။ 

   နိုင်ငံရေးခွါစစ်အတွက်  2008 ခြေ / ဥ  ကို နောက်ချန်တပ် 25 % နဲ့ ရင်ဆိုင် ထိမ်းချုပ်ထားပြီး သက်တောင့်သက်သာ ဆုတ်ခွါဖို့ စီမံထားသလို စစ်ရေးလုံခြုံမှုအတွက်
 မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးတိုးမြှင့်ပြီး ဘက်စုံကာကွယ်ရေးစနစ် မြှင့်တင်နိုင်ရန် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို မြောက်ကိုရီးယားသို့ စေလွှတ်ခြင်း ဖြစ်ပါတယ် ။ 

     အင်မတန် စကားနည်းလှပြီး 
သူဖြစ်ချင်တာကို ကျိတ်ပြီး ကြံစည်တတ်၍
 အောင်မြင်အောင် လုပ်ဆောင်လေ့ ရှိတဲ့
 အလွန်ပါးနပ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဦးရွှေမန်းကို ယုံကြည်ကိုးစားပြီး
 မြောက်ကိုရီးယားကို လွှတ်လိုက်တဲ့ နေရာမှာ ဦးရွှေမန်း ဘာတွေ ဆောင်ရွက်လာမလဲ ဆိုတာ လေ့လာကြည့်တော့........

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...