Saturday, May 29, 2021

မြေပြင်သတင်းကွင်းဆက် ဟ နေသလား



        ညနေစောင်းမှ ကိုစိုးရောက်လာလို့ စကားစမြီပြောကြပါတယ် ။ 

"ငမျိုးရေ မင်းရေးတဲ့ မာစီးဒီးကတော့ ရင်ဖွင့်သံမန့်တွေ နဲ့ စည်ကားနေပါ့ ဗျာ''

"ကောင်းတာပေါ့ ကိုကြီးစိုးရာ ပြည်သူ့အသံအစစ် သိရတာပေါ့ ''

"နေအုံးကွ ငါ့မိတ်ဆွေ SB တယောက်ပြောထားတာ ရှိသေးတယ် ''

"ဘာပြောတာလည်း ကိုစိုး ''

"အခုဖြစ်စဥ်တွေနဲ့ ပတ်သက်တဲ့ မြေပြင်သတင်း စီးဆင်းမှု အနေအထားကိုပေါ့ ကွာ ''

"အင်းးးလုပ်စမ်းပါအုံး ဗျ ''

"သူတို့က မြို့နယ်မှူးကနေတဆင့် ပြန်ပြီး တင်ပြရတာကိုးကွ မြို့နယ်မှူး မကြိုက်တဲ့ မြေပြင်သတင်းဆိုရင် ဆင်ဆာဖြတ်ခိုင်းတယ်တဲ့ ငမျိုးရေ ''

"အင်း ကျနော် ကြားထားတဲ့ တပ်နယ်မှူးလို ဖြစ်နေပြီ ဗျ ''

"လုပ်စမ်းပါအုံး ဘာကြားထားတာလည်း ''

"ဒီပုံစံမျိုးပါပဲ စရဖတွေက မြေပြင်သတင်း တင်ပြတဲ့အခါ သူက တည်းဖြတ်ပြီး တိုင်းမှူးကို တဆင့် တင်ပြရတယ်လေ အဲဒါ မြေပြင်မှာ ဆန္ဒပြနေတာ အင်အား ၁၀၀၀ ဆိုရင် သူက ၁၀၀ လုပ်လို လုပ် ပေါ့ ဆိုလိုတာက သူရဲ့တပ်နယ်မှာ ထင်သလောက် ဆူပူမှု မဖြစ်ပါဘူး ဆိုတဲ့ သတင်းမှားတွေပဲ တင်ပြပြီး အထက်က ဖိအားကို ရှောင်တဲ့ ငဘောပဲ ဗျ ''

"ခက်ပြီ ကွာ ဒါတွေက တကယ့် အတားအဆီးတွေပဲ ကွ မြေပြင်ငတင်းမှန် အထက်ကို မရောက်မှတော့ ဆုံးဖြတ်ချက်တွေ ဘယ်မှန်နိုင်မလဲ ကွ ''

"ဒါမျိုးက ခေတ် အဆက်ဆက်က ဖြစ်နေကြတာပါ ဘယ်လူကြီးမှ မပြင်ကြတာလည်း အံ့သြစရာပဲ ဗျ ''

"ဟ လူကြီးက သိမလား ကွ ''

"သိပ် သိတာပေါ့ ဗျာ တပ်နယ်မှူးတို့ တိုက်ခိုက်ရေးကျောင်းအုပ်ကြီးတို့ လို ရာထူးယူပြီးမှ တိုင်းမှူး ​ဖြစ်လာတဲ့ သူတွေချည်းပါပဲ တပ်နယ်မှူးတွေရဲ့ လုပ်ပုံတွေ ကျေညက်ပြီးသားပါ ''

"ဒါဆိုရင် ဘာလို့ အလိမ်ခံနေကြရသလဲ ကွ ''

"အလိမ်ခံရတာ အရသာရှိတယ် ဗျ ခင်ဗျားအဲဒီနေရာရောက်ရင် သိလိမ့်မယ် အဲဒီအရသာက ဘိန်းစွဲသလိုပဲ ဒါကြောင့် သိသိကြီးနဲ့ အလိမ်ခံနေကြတာ 😁''

"မင်းက တမျိုး ကဲ အလိမ်မခံရအောင် သတင်းပို့ စနစ်တခု ပြောင်းလဲရမယ် ကွ လုပ်စမ်းပယအုံး မင်းရဲ့ ပေါက်ကရ အတွေးအခေါ် အကြံဥာဏ်အရ ဘယ်လို လုပ်ရင် ကောင်းမလဲ ကွ ''

"နေအုံး ဟိုတုန်းက တိုင်းမှူးလုပ်ခဲ့တာ နမူနာ ပြောမယ်  စစ်ကိုင်းတိုင်းမှူး သာအေး စာမရေး နဲ့ လို့ နာမည်ကြီး ဗိုလ်ချုပ်သာအေး မှတ်မိတယ် မဟုတ်လား ''

"အေး မှတ်မိတာပေါ့ ကွ ''

"သူ့တိုင်းထဲမှာ မုံရွာထင်တာပဲ ဗျ နှစ်လုံး သုံးလုံး ဖမ်းမယ်ဆိုပြီး သူကိုယ်တိုင် စုံစမ်းသဗျ ၊ ဖမ်းလည်းဖမ်းပြတော့ အပြေးအလွှား ပုန်းလျှိုးကွယ်လျှိုး ရောင်းကြရတာပေါ့ ''

"ဒါဆို ပ​ပျောက်ကုန်ရောလား ''

"ဘယ်ကုန်မခဲ နယ်ထိမ်းတွေက လိုင်းကြေးစားထားတော့ ကြိုပြီး သတင်းပေးနေတာကိုး ''

"ဒီတော့.....''

"တိုင်းမှူးက ရုပ်ဖျက်ပြီး ဆိုက်ကားနင်းတယ်လေ ''

"အမယ် ရုပ်ရှင်ထဲက အကွက် ဟ''

"ဟုတ်ပါ့ အဖွားကြီး တယောက် ကပျာကယာ ဆိုက်ကားငှားစီးပြီး ဗျစ်တောက် ဗျစ်တောက် ပြောနေလို့ အမေကြီး ဘာဖြစ်လို့ လဲ ဗျ လို့ မေးပါရော ''

"အင်း ဘာပြောလဲ ''

"အဖွားကြီးက အမလေး မပြောချင်ပါဘူး  စာမရေးနဲ့ သာအေးဆိုတဲ့ တိုင်းမှူးက ချဲတွေ ဖမ်းနေလို့ ဒိုင်​တွေလည်း အပြေးအလွှား ပုန်းလျှိုးကွယ်လျှိုး ရှာထိုးနေရလို့ ပင်ပန်းပြီး သာအေးကို မေတ္တာပို့နေတာ ဟေ့ သူရောက်မှ ပြည်သူတွေလည်း ပြေးစရာ​မြေကို မရှိတော့ပါဘူး လို့ ပြောသတဲ့''

"ဟိုက် အဖွားကြီးတော့ ပြဿနာ တက်ပြီဟေ့ ''

"ဟုတ်တယ် အဖွားကြီးကို အိမ်ပို့ပြီး နောက်နေ့ကြ စစ်ကားနဲ့ ဘောလုံးကွင်းထဲ ခေါ်ခိုင်းတယ်''

"အင်းးးတွေ့တော့....''

"တိုင်းမှူးဝတ်စုံနဲ့ ဗိုလ်ချုပ်သာအေးကို ပြန်မြင်တော့ အဖွားကြီးက ဆိုက်ကားဆရာမှန်း တန်းသိသတဲ့ ''

"ဘာပြောခဲ တိုင်းမှူးက ''

"ကဲ ခင်ဗျားက သာအေးကြောင်း ပြည်သူတွေ ပြေးစရာမြေမရှိတော့ဖူး ပြောတယ်နော် ကဲ ပြေးဗျာ ဘောလုံးကွင်း တပတ် ''

"ဟိုက် အဖွားကြီး ဘယ်ပြေးနိုင်မလဲ ကွ ''

"ကြောက်ကြောက်နဲ့ ပြေးတာ မီတာ ၁၀၀ လောက်ပြေးပြီးမှ ရပ်ခိုင်းတယ် ''

"တော်သေးတာပေါ့ ဖမ်းမှာတော့ မဟုတ်ပါဖူး ''

"မဖမ်းဖူး အဖွားကြီးကို ဆန် ဆီ ဆား နဲ့ အခြား စားစရာတွေပေးပြီး နောက် ချဲမထိုးဖို့ ပြောတယ် အဖွားကြီးကို ဒိုင်တွေနေရာမေးတယ်  နောက်တခါ ချဲထိုးရင်တော့ ထောင်ချတော့မယ်ဆိုပြီး ပြန်လွှတ်လိုက်တယ် ''

"အေး ဒီတော့မှ ချဲသမားကုန်သွားတာလား ''

"အင်း  ယာယီပါပဲ ဗျာ သူရှိတုန်းတော့ ချဲပျောက်သွားတာပါပဲ ''

"နေပါအုံးဟ အခုတိုင်းမှူးတွေကို အဲသလို မြေပြင်သတင်း ယူဖို့ အကြံပေးနေတာလား ''

"ယူနိုင်ရင် အကောင်းဆုံးပဲ ဒါပေမယ့် ယူမှာ မဟုတ်ပါဖူး အလုပ်ရှုပ်နေ အလုပ်များနေတယ်ပဲ ပြောကြမှာပါ ''

"အေးဒါဆို မြေပြင်သတင်းမှန်ကို ထိပ်ဆုံးထိ အမှန်ဆုံး အမြန်ဆုံး ရောက်အောင် ဘယ်လို လုပ်ကြမလဲ ''

"ကျနော်ကတော့ မလိုအပ်တဲ့ အဆင့်တွေ လျှော့ချဖို့ ရေးဖူးတယ် ဥပမာ ခရိုင်အဆင့် ဆိုပါတော့ သူက မြို့နယ် နဲ့ တိုင်းကြားကနေ ချိတ်ပေးရတာ ဘာအလုပ်မှ မယ်မယ်ရရ ရှိတာ မဟုတ်ဖူး တိုင်းကခိုင်းတာ မြို့နယ်တွေကို ညွှန်ကြား မြို့နယ်တွေက လုပ်ဆောင်တာ တိုင်းပြန်တင် နဲ့ စာပေးစာယူအဆင့်ပဲ ရှိတာ မလိုဖူး ဗျ လာဘ်စားဖို့ အဆင့်တခု ပိုများလာတာပဲ ရှိတယ် ''

"အေးပါ လာဘ်စားတာ ထားလိုက် မြေပြင်သတင်း ဘယ်လို ထိရောက်မြန်ဆန်အောင် ပို့ကြမလဲ ''

"အရိုးရှင်းဆုံး အမြန်ဆုံး နည်းလမ်းကတော့ မြို့နယ်အဆင့် SB နဲ့ စရဖ တွေသည် မိမိအထက်လူကြီးများထံ ထုံးစံအတိုင်း အစီရင်ခံသကဲ့သို့  နိုင်ငံတော်အဆင့်သို့ မြေပြင်သတင်းများအား တိုက်ရိုက်တင်ပြရမည် မြေပြင်သတင်း တိုက်ရိုက်ရယူရေး ဌာနတခု သီးခြားဖွင့်လှစ်ထားရမယ် တိုက်ရိုက်သတင်းအား မြို့နယ် ခရိုင် တိုင်း အဆင့်ဆင့်သို့ တင်ပြရန်မလို ဆိုတဲ့ ပေါ်လစီ ပြောင်းလိုက်ရင်.. ''

"အေးကွ ဒါဆို မြေပြင်ပကတိ အခြေအနေကို မြို့နယ် ခရိုင် တိုင်း အဆင့်တွေကနေ လိုသလို ဆင်ဆာဖြတ်ပြီး တင်ပြလို့ တနည်း လိမ်လို့ မရတော့ဖူး ဟ မဆိုးဖူး ပဲ ''

"ဒီလို စီမံမှုကို အောက်ခြေက SB နဲ့ စရဖ တွေ ကြိုက်ကြလိမ့်မယ် ၊ မကြိုက်တာကတော့ လိမ်ညာမယ့် ကြားအုပ်စုက ကန့်ကွက်လိမ့်မယ် ဗျ ''

"ဟ တိုင်းပြည်အတွက်ပဲ လုပ်သင့်ရင် လုပ်ရမှာပေါ့ ကွ ''

"ခင်ဗျား သမ္မတဖြစ်မှ လုပ်တော့ အခုလောလောဆယ် ပြန်ကြစို့ မိုးချုပ်ပြီ ''

          မျိုးဝင်း

(စားတော့ စားပါဗျာ လူမြင်ကောင်းဖို့တော့ လိုတာပေါ့ 😁😁)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...