Thursday, June 16, 2022

ပုံပြင်ဟောင်း



         PDF အလင်းဝင်တွေကို တပ်မတော်က ငွေကြေးထောက်ပံ့ပြန်လွှတ်တယ်ဆိုတဲ့ သတင်းတွေ တက်လာတော့ ဆဲသံတွေ ပလူပျံလာပြန်ရောဗျ ။ 

        တကယ်တော့ ဒါလုပ်ထုံးလုပ်နည်းတွေက နဝတ ၊ နအဖ ခေတ်က နည်းတွေပါပဲ ။ ဒါဆိုဒီလို ပေးတာ မှန်သလားမေးရင် ဖြစ်ပျက်နေရတဲ့ အနေအထားအရ ပေးတာကို မှားတယ်လို့ ပြောလို့မရပါဘူး ။ နစက အနေနဲ့ မှားနေတာက မပေးသေးတဲ့ အချက်ကြောင့်သာ မှားနေတာပါ ။ 

        PDF အကြမ်းဖက် လက်ချက်နဲ့ သေဆုံး ဒဏ်ရာရသူတွေ အတွက် စာနာဖေးမ ထောက်ပံ့မှု မပြုပဲ တရားခံများကို အပူတပြင်းရှာဖွေဖော်ထုတ်နေကြောင်း ဆိုတာလောက်နဲ့ တာဝန်ကျေပြနေတာ ပြဿနာအစစ်ပါပဲ ။

        သူတပါးရဲ့ မဖြစ်သလောက် ( 100000 ဆိုတာတွက်ကြည့်ပါ) ရရှိမှုအပေါ် မနာလိုစိတ်နဲ့ ဆဲနေကြတာမျိုး မဟုတ်ပါဘူး ။ မိမိကို ထောက်ခံလို့ အသတ်ခံရသူတွေအပေါ် စာနာမှု တစက်မှ မပြပဲ ၊ လူသတ်အကြမ်းဖက်တွေအပေါ် စာနာခွင့်လွှတ်ပြနေတာကို ပြည်သူတွေ မခံရပ်နိုင်ဖြစ်နေကြခြင်းသာ ဖြစ်ပါတယ် ။ 

       ဒီမူ ဒီပေါ်လစီကို ဝေဖန်ထောက်ပြခဲ့တာလည်း အကြိမ်ကြိမ်ရှိပါပြီ ။ အခုဆိုရင် ထောက်ခံသူအချို့တောင် နစက ရဲ့ လူရာသွင်းအသိအမှတ်ပြုမှု ခံကြရအောင် လက်နက်ကိုင်တော်လှန်ရမလို ဖြစ်နေပြီ ဆိုတဲ့ ပြောဆိုသံတွေ ကျယ်လောင်လာတာကို အိပ်ချင်ယောင်မဆောင်ရင် ကြားရပါလိမ့်မယ် ။ 

         ကျနော့်ကို ဒီကိစ္စအတွက် ဝေဖန်ပေးပါအုံးဆိုတဲ့ မိတ်ဆွေတွေအတွက် NLD လက်ထက်တုန်းက ရခိုင်အရေးအတွက် လူမျိုးခြားအပေါ် အခွင့်ထူးတွေ ပေးနေသော ဒေါ်စုကြည်ကို ရည်စူးပြီး ရေးခဲ့တဲ့ ပုံပြင်လေးကို ပြန်ပြောပြချင်ပါတယ် ။ 

        တခါတုန်းက သူငယ်ချင်း နှစ်ယောက် လမ်းလျှောက်ထွက်ရင်း စကားပြောလာကြပါတယ် ။

'' ဟေ့ကောင် သဲကန္တရထဲမှာ မင်းတယောက်ထဲ လမ်းလျှောက်ထွက်ရင်း ခြင်္သေ့နဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲကွ ''

'' သေနတ်နဲ့ပစ်မှာပေါ့ကွ ''

'' လမ်းလျှောက်ထွက်တာ သေနတ်မပါဘူးလေ ''

'' ဒါဆို ထွက်ပြေးမယ် ကွာ ''

'' ခြင်္သေ့က မင်းက အပြေးမြန်တယ်ဆရာ ''

'' ဒါဆို သစ်ပင်ပေါ် တက်ပြေးမယ် ကွာ ''

'' သဲကန္တရပါဆို ခြုံပုတ်ပဲ ရှိတာဟ အပင်ကြီးမရှိဘူး လေ ''

'' ဒါဆို အိုအေစစ်ရေကန်ထဲ ရေကုးပြေးမယ် ကွာ ''

'' အိုအေစစ်က အဝေးကြီး လေ ''

'' ဟေ့ကောင် နေပါအုံး မင်းက ငါ့ သူငယ်ချင်းလား ခြင်္သေ့သူငယ်ချင်းလား ကွ ''

        အခုလည်း အဲဒီ ပုံပြင်လေးကို ဖတ်ပြီး နစက ကို မေးကြည့်ကြပါအုံး ။ လူသတ်အကြမ်းဖက်ကို ညှာတာဖေးမနေတာ ပြောစရာမလိုပေမယ့် ကိုယ့်ထောက်ခံသူကြတော့မှ ဥပေက္ခာပြုပြီး လူရာမသွင်းပဲနေနိုင်တာ ခင်ဗျားတို့က ကျနော်တို့ သူငယ်လား ခြင်္သေ့သူငယ်ချင်းလား လို့......

       ကိုရွှေမျိုးဝင်း

(နွေးထွေးမယ်ထင်လို့ ခိုလှုံမိတဲ့ ရင်ခွင်က စာနာမှုဆိုတဲ့ နှလုံးသားမပါတဲ့ ကျောက်ဆစ်ရုပ်ဆိုတော့ အအေးပတ်တာပဲ အဖတ်တင်နေပါ့မယ်)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...