Sunday, June 19, 2022

ဝရဇိန် နဲ့ ချက်ကောင်း



          ဟိုတုန်းက အကြမ်းဖက်နှိမ်နင်းမှုတွေကို အားမရလို့ ဝရဇိန် နဲ့ နကန် ဆိုပြီး ပို့စ် တင်ဖူးပါတယ် ။ လမ်းကြိတ်စက်ကြီး ပက်လက်လန်နေတဲ့ ပုံနဲ့ တွဲတင်ထားတာပါ ။

           အကြမ်းဖက်ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဖို့ နဲ့ နစတခေတ်ကလို စီးပွားရေးလုပ်ငန်းတွေပါ ချုပ်ကိုင်ဖို့ ဥပမာပေးရေးခဲ့ဖူးပါတယ် ။

          နစက အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက်ပြုလုပ်ရာမှာ အားပေးအဆင့်ထိ ချိတ်ပိတ်သိမ်းဆည်းပြလိုက်တော့ အကြမ်းဖက်တွေရဲ့ အခြေပြုအသိုက်တွေ အတော်များများ ပျက်ဆီးကုန်ရပါတယ် ။ 

           ဒါဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို နစကအနေနဲ့ ထိရောက်စွာ အသုံးချနိုင်​​​ခြင်းမို့ အသိုက်ပျက်ငှက်တို့ ခိုကိုးရာမဲ့ကုန်ကြရပါတယ် ။ 

           ယနေ့သတင်းများအရ နေပြည်တော်ရှိ ပုဂ္ဂိလိကစာသင်ကျောင်းများအား ပိတ်လိုက်တယ်ဆိုတာ ကြားသိရပါတယ် ။ မနှစ်က မဖွင့်ပဲ ဒီနှစ်မှ ဖွင့်တဲ့အတွက်တမျိုး ၊ အနီရောင်သန်းတဲ့အတွက် တဖုံ သင်ကြားခွင့်လိုင်စင်ပိတ်လိုက်တာလို့ ကြားရပါတယ် ။

          ဒါလည်း တနည်းအားဖြင့် ထိရောက်ပါလိမ့်မယ် ။ အစိုးရကျောင်းမှာ မထားပဲ ပုဂ္ဂိလိကကျောင်းမှာ ထားပြီး အစိုးရကို ထော်လော်ကန့်လန့်လုပ်နေသူတွေ ၊ ပုဂ္ဂိလိကကျောင်းတွေကတွေ သွေးထိုးနေသူတွေ ၊ CDM လုပ်ပြီး အဲဒီကျောင်းတွေမှာ သင်ကြားနေသူတွေအတွက်တော့ နစကလုပ်ရပ်က အရှိုက်လက်သီးနဲ့ထိုးသလိုပါ ။

           အခြား တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း အန္တရာယ်များတဲ့ ပုဂ္ဂိလိကကျောင်းတွေ အများကြီးပါပဲ ။ ပြင်ပဆရာအများစုဟာ နီပိတ်တွေများပါတယ် ။ ဘယ်မြို့ရွာပဲ ဖြစ်ဖြစ်လေ့လာကြည့်ပါ ရဲရဲတောက်ဦးဆောင်သူမှန်သမျှ နီပိတ်ကျောင်းဆရာတွေ များလှပါတယ် ။

           ဒါကြောင့် မိမိတိုင်းနဲ့ပြည်နယ်အတွင်း အစိုးရကျောင်းတက်ဦးရေတိုးလာစေရန်ပြုလုပ်လိုရင်တော့ နာမည်ကြီး အနီ ပုဂ္ဂိလိကကျောင်းတွေကို တမြို့ နှစ်ကျောင်း သုံးကျောင်းသာ ပိတ်လိုက်ပါ ၊ အစိုးရကျောင်းတွေမှာ ဝုန်းကနဲ ကျောင်းသားဦးရေ တိုးလာပါလိမ့်မယ် ။

           အကြောင်းပြချက်ကတော့ မနှစ်က မဖွင့်လို့ဆိုတဲ့ သူပုန်အားပေးကိစ္စနဲ့ ကိုင်တွယ်ရင်လွယ်ပါတယ် ။ 

         သာမန်ပိတ်ခိုင်းရုံမလုပ်ပါနဲ့ ကျောင်းလခ ကြိုတင်သွင်းငွေများပိုပါ ပြန်လည်အမ်းခိုင်းရပါမယ် ။ မဟုတ်ရင် အဲဒီငွေနဲ့ကျောင်းပိုင်ရှင်တွေကို ချီးမြှောက်သလိုဖြစ်နေပါ့မယ် ။ ကျောင်းပိုင်ရှင်အစစ် အများစုက လူမျိုးခြားတွေဖြစ်ပါတယ် ။   

           ဒီလိုလုပ်ပေးမှသာ အစိုးရဘယ်သူလဲဆိုတာ နီပိတ်တွေ သိသွားပြီး အိပ်မက်ကနေ လန့်နိုးလာပါမယ် ။ 

- သွေးထိုးသင်ကြားခြင်း မပြုနိုင်သောကောင်းကျိုး

- သစ္စာမဲ့ CDM ဆရာတွေရဲ့ ဘေးထွက်ပေါက်အား ပိတ်ဆို့နိုင်ခြင်း

- နောက်နောင် အစိုးရအားဆန့်ကျင်ရင် ဒီလိုနစ်နာပါလားဆိုတဲ့ အသိစိတ်အား နမူနာပြနိုင်ခြင်း

- အစိုးရကျောင်းများ၌ ပုံမှန်အင်အားလျှင်မြန်စွာ ပြည့်လာ၍ တိုင်းပြည်တည်ငြိမ်ခြင်းပြယုတ်ကဏ္ဍတခု အားကောင်းလာခြင်း

- ကျောင်းသူ ကျောင်းသားများအား စိတ်တိုင်းကျသွေးထိုးခြင်းမပြုနိုင်တော့ခြင်း  
(အစိုးရကျောင်းတွေမှာ CDM ပြန်ဝင်များ သွေးထိုးခဲ့လျှင် အမြန်ဆုံးသိနိုင်အောင် စီမံထားပါက G LEE များ ထပ်မမွေးနိုင်တော့ခြင်း)

       အစရှိတဲ့ ကောင်းကျိုးတွေ ရလာနိုင်ပါတယ် ။ ဒီတခါ နေပြည်တော်က ပုဂ္ဂိလိကကျောင်းများအား လိုင်စင်ရုတ်သိမ်းပြလိုက်ခြင်းသည် နစကရဲ့ ဝရဇိန်လက်နက်နဲ့ ပညာရေးကဏ္ဍအား တဲ့တဲ့ကြီး ပစ်ချပြလိုက်တာလို့ မှတ်ယူမိပါတယ် ။ တနိုင်ငံလုံး ပစ်ချနိုင်ရင်ဖြင့် နစက နဲ့ NUG အားပေးတို့ရဲ့ ပညာရေးတိုက်ပွဲကြီးမှာ နစကအနေနဲ့ ပွဲသိမ်းထိုးကွက်ဖြစ်သွားမယ်လို့ ယုံကြည်မိပါတယ် ။ ညီညာရင် ပြည်သာပါတော့မယ် ။

           ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...