Friday, July 29, 2022

ဖြစ်သွားမှာပါ



          အမှန်တိုင်းပြောရရင်တော့ကျနော်အိပ်ပျော်နေပါပြီ ။ တနေကုန်သွားလာနေရတဲ့အတွက် ကားမူးတတ်တဲ့ကျနော် ကားတောက်ပြီး အစောကြီးအိပ်နေတာခင်ဗျ ။ 

        ဖုန်းကို ၂၄ နာရီ ဖွင့်ထားတတ်တော့ တယောက်ပြီး တယောက် မင်းသားကြီးကို ချစ်ခင်သူများ ဖုန်းဆက်မေးနေကြလို့အိပ်မရတော့ပါဘူး ။ မဖြေမချင်း ပြီးမှာ မဟုတ်တော့ဘူးလို့ သဘောပေါက်လိုက်တဲ့အတွက် အိပ်ချင်မူးတူး ထပြောလိုက်ရပါပြီ ။ 

        မင်းသားကြီးရဲ့ မိသားစုမေးထားလေးတွေကို ကျနော်ဖြေပေးပါ့မယ် ။ ကျနော်တို့ရေးခဲ့သလို.....

- မင်းသားကြီးအပေါ် လုပ်ကြံပုဒ်မတွေနဲ့ တရားစွဲခဲ့တဲ့ လင်မယားကို ဖမ်းဆီးစစ်ဆေးခဲ့တာ မှန်ပါတယ် ။ 

- ဗဟန်း ရဲစခန်းရှိ တာဝန်ရှိသူတွေကိုလည်း စစ်ဆေးခဲ့ကြတာ မှန်ပါတယ် ။ 

         အမှန်တရားကို ရုပ်လုံးပေါ်အောင် စစ်ဆေးပြီးနောက် ကျနော်ရေးသားခဲ့တဲ့ '' ဟန့်စစ် '' ပို့စ် ထဲက ရည်ရွယ်ချက်လို Win - Win ရည်မှန်းချက်သို့ သွားနိုင်စေရန် ညှိနှိုင်းဆောင်ရွက်ကြပါတယ် ။ 

        ကျနော်ဒီပြဿနာနဲ့ ပတ်သက်ပြီး ကြွားဝါဂုဏ်ဖော်လိုခြင်း အလျှင်းမရှိသလို အများပြည်သူကို ယခုလို တင်ပြရန်လည်း ရည်ရွယ်ချက်မရှိပါဘူး ။ သို့သော် မင်းသားကြီးရဲ့ အသိုင်းအဝိုင်းမှ စိတ်ပူနေပြီး အဆက်အသွယ် ပျက်တောက်နေဟန်ရှိတဲ့ အနေအထားအရ ပို့စ် တင်မေးမြန်းလာတာ တွေ့ရလို့ ယခုလို ရှင်းပြလိုက်ရပါပြီ ။ ဒါမှသာ သို့လော သို့လော အတွေးများ ရှင်းလင်းသွားမှာပါ ။ 

        အောက်ခြေအဆင့်မှာပဲ Win - Win ပေါ်လစီကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရာမှာ တဖက်က မတော်မတရား စွတ်စွဲချက်အား ပေါ်လွင်အောင် ဖော်ထုတ်ရရှိပြီးသော်လည်း ယင်းတို့ရဲ့ မပြည့်နိုင်သော ဝိသမလောဘက အထစ်အငေါ့ ဖြစ်စေခဲ့ပါတယ် ။

          မူလတောင်းဆိုစဥ်က အဆောက်အဦးပြင်ဆင်စရိတ်ကုန်ကျငွေ သိန်း ၃၃၀၀ နဲ့ ၅ ရစ်ခွဲပေးရန် သဘောတူညီပြီးဖြစ်သော်လည်း မီးစက်ဖိုး သိန်း ၁၅၀ + ဒေါ်လာ 3400 ထပ်မံပြီး ပေးရမတဲ့ ။ ဒါလည်း မင်းသားကြီးက မတရားမှန်းသိပေမယ့် စေ့စပ်သူလူကြီးမင်းရဲ့ မေတ္တာရပ်ခံချက်အရ အောင့်သက်သက်နဲ့ လက်ခံခဲ့ပါတယ် ။ 

          နောက်ပြီး ပထမရစ်ငွေပေးပြီးမှ အမှုပိတ်ပေးဖို့ နဲ့ အမှုပိတ်ပေးပြီး ဖမ်းဆီးခံရသူလွတ်မြောက်မှ ပထမရစ်ပေးမည်ဆိုတဲ့ ပြဿနာထပ်ပေါ်လာပါတယ် ။

       မင်းသားကြီးအား မေတ္တာရပ်ခံပြီး လိုက်လျှောလိုက်ပါလို့ စေ့စပ်သူလူကြီးမင်းက တောင်းဆိုတဲ့အတွက် အောင့်သက်သက်နဲ့ပဲ ထပ်မံလိုက်လျှောပါတယ် ။ ဒါကိုပဲ တဖက်က ထပ်မံတောင်းဆိုနေတာက ငွေအားလုံး မပေးမချင်း မင်းသားကြီးရဲ့ ပိုင်ဆိုင်မှုခြံဝန်း ဂရမ်ကို သူတို့အားပေးထားရမတဲ့ ။ 

       မင်းသားကြီးက ကျနော့်အတွက် မဟုတ်ပေမယ့် ကျနော့်ရဲ့ ပရိတ်သပ်အတွက် ဒမြမှုနဲ့ မှားယွင်းစွတ်စွဲခဲ့ခြင်းအား ယင်းလင်မယားမှ တရားဝင်တောင်းပန်ပေးပါလို့ တောင်းဆိုမှု တခုတည်းပြုလုပ်ရာမှာတော့ အမှုပိတ်လိုက်ရင် မင်းသားကြီးမနစ်နာတော့ပါဘူးလို့ စေ့စပ်သူမှ ပြောလာမှုအား မင်းသားကြီးလုံးဝ ( လုံးဝ) မကျေနပ်ပါဘူး ။ 

      ဒီတော့ ငွေကြေးရှာဖွေရန် အချိန်တောင်းပြီး ညှိနှိုင်းမှု အဆုံးသတ်ကာ ပြန်လာခဲ့ကြရပါတယ် ။ ဒါနောက်ဆုံးအခြေအနေမှန်ပါပဲ ။ ဒီညှိနှိုင်းမှုမှာ စေ့စပ်သုတွေရဲ့ ဆောင်ရွက်မှုအရ အမှုမှန်ဖော်ထုတ်ခြင်း ၊ တရားမျှတမှု ဖော်ထုတ်ခြင်းထက် တဖက်လူရဲ့လောဘဇောကို ဖြည့်ဆီးပေးစေခြင်းဖြင့် ပြေလည်ဖို့ပဲ ကြိုးစားနေတယ်လို့ မင်းသားကြီးက ယူဆဟန်ရှိပါတယ် ။ 

        တဖက်က စေ့စပ်သူလူကြီးမင်းအနေနဲ့လည်း လမ်းဘေးက သူတောင်းစား ကားလမ်းမပေါ်မှာ ကားပွတ်ခံရတာ သူတောင်းစားမှားမှန်းသိပေမယ့် ကားပိုင်ရှင်ဆီက ဆေးဖိုးလေး အလျှော်တောင်းပေးပြီး အမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးသကဲ့သို့ ကြံစည်လုပ်ဆောင်ပေးတာလို့ပဲ ကျနော်ကတော့ ရှုမြင်ပါတယ် ။

       ကျနော်တို့အတွက် Win Win ကျိုးစားဖို့ လမ်းဆုံးမရောက်သေးပါဘူး ။ ယခုအဆင့်က အထက်တန်းအဆင့်ပဲ ရှိပါသေးတယ် သူ့အထက်မှာ ဘွဲ့ရဖို့ နဲ့ Phd အဆင့်ထိ ကျန်နေပါသေးတယ် ။ ကျနော်ဖြစ်စဥ်မှန်ကို ဘွဲ့ပေးအပ်မယ့် အဆင့်ထိ ဆက်လက်တင်ပြပြီး ဆောင်ရွက်ဖို့ လုပ်နေပါပြီ ။ 

        ယခုအဆင့်ရဲ့ ပြဿနာဇစ်မြစ်က မင်းသားကြီးရဲ့ အနုပညာရှင်ဆိုတဲ့ သာမန်နဲ့မတူတဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်ဖို့ခဲယဥ်းတဲ့ ဘဝရပ်တည်မှု ခံယူမှုကွဲ​ပြား​သော လူကြီးမင်းရဲ့ ''ဒမြမှုစွတ်စွဲခံရတာ အမှုပိတ်ရင် မနစ်နာပါဘူး'' ဆိုတဲ့ ကောက်ချက်က အဓိကကျနေတယ်လို့ပဲ ကျနော်ကတော့ ရှုမြင်မိပါတယ် ။ 

      မင်းသားကြီးရဲ့ မိသားစုသိချင်နေတဲ့ မေးခွန်းနဲ့ မင်းသားကြီးရဲ့ ချစ်ပရိတ်သပ်များ သိချင်နေတဲ့ အခြေအနေကို အိပ်ချင်မူးတူးနဲ့ ထရှင်းလိုက်ပါပြီဗျာ ။

       ကိုရွှေမျိုးဝင်း

။          ။ ဒီပွဲမှာတော့ သူတို့ခြင်း မျက်နှာခြင်းဆိုင် ဖြေရှင်းကြဖို့ အခြေအနေမပေးလို့ ကြားထဲက ကိုယ်တိုင်ကူညီနေရတဲ့အတွက် အဖြစ်မှန်ကို ရှင်းပြဖို့ ကျနော့်ပခုံးပေါ်ရောက်နေတဲ့အတွက် ခြေခြေမြစ်မြစ် မသိရှာပဲ စိတ်ပူနေကြတဲ့ မင်းသားကြီးမိသားစုများနဲ့ သူ့ရဲ့ချစ်မိတ်ဆွေများအတွက် ရှင်းပြလိုက်ရပါတယ် ။ 

(တချို့ စည်းမျဥ်းဥပဒေတွေက လိုက်နာရင်း ချိုးဖောက်လို့လည်း ရနေတတ်တယ်ဗျ)

Thursday, July 28, 2022

သူမြှင့်ရင် ကိုယ်မြှင့်မှ ရေချိန်ညီမယ်



         ယခုအချိန်မှာ နီပိတ်လေးတွေက မသာလေးခု အရင်းပြုပြီး သွေးထိုးလှုံ့ဆော် အရှိန်မြှင့်ဖို့ အားထုတ်နေကြတာ အားလုံးအသိပါပဲ ။ 

          သွေးရူးသွေးတမ်းနဲ့ ခွေးရူးလို မြင်မြင်သမျှ ကိုက်မယ့် အနေအထားတွေ တွေ့မြင်နေရပါပြီ ။ ဆေးသမားလူငယ်တွေဟာ ထောင်ကျပြီးပြန်လွှတ်မှာပဲ ၊ ပြန်လွှတ်လာရင် နိုင်ငံရေးသူကောင်းပြုခံရပြီး မင်းကိုနိုင် ၊ ကိုကိုကြီးတို့လို ဘာအလုပ်မှ လုပ်စရာမလိုပဲ ကျိကျိတက်ချမ်းသာလာမှာပဲ ဆိုတဲ့ အမြင်လောက်နဲ့ မြှောက်ပေးသလောက် လုပ်ကြမှာပါပဲ ။

       ဒီတော့ ထောင်ချရုံလောက်နဲ့ အကြမ်းဖက်တွေကို ကြောက်အောင်လုပ်ပြလို့မရတော့ပါဘူး ။
သူတို့ဘာကြောက်ကြမလဲ လေ့လာကြရပါမယ် ။ အကြမ်းဖက်နဲ့ အကြမ်းဖက်ပေးအားပေးတွေ ဘာကြောက်ကြသလဲဆိုရင် ပိုင်ဆိုင်မှုကို ချိတ်ပိတ်တာကို ကြောက်ကြပါတယ် ။

         မိသားစုအားလုံး လမ်းဘေးရောက်မှာကို ဘယ်သူမှ မခံစားနိုင်ကြပါဘူး ။ ဒီတော့ အကြမ်းဖက်ဥပဒေအရ ချိတ်ပိတ်လုပ်ငန်းစဥ်တွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ ။ 

       လက်နက်သယ်လာလည်း လက်ခံရဲမယ့် အိမ်မရှိရင် သယ်ဖို့ ဝှက်ဖို့ ခက်ပါ့မယ် ။ မိမိအိမ်ချိတ်ပိတ်ခံပြီး ဘယ်သူက ကူညီလက်ခံဝံ့မလဲဗျာ ။ 

         PDF ရှာဖွေရေးဆိုတာကလည်း အစိုးရအဆင့်နဲ့ လုပ်ချင် အလွယ်လေးပါ ။ ကျနော်တို့ အကြိမ်ကြိမ်ရေးဖူးပါတယ် ။ ပုံစံ ၆၆ နဲ့ တိုက်ဆိုင်စစ်ဆေးပြီး လူပို ၊ လူလိုသာ စစ်ကြည့် ပါ အလွယ်တကူပေါ်ပါတယ် ။ 

       လူပိုတွေ့ပြီလား သူလာရာဇာတိကို မေးမယ် ၊ ကွန်ယက်ဖြန့်ပြီး အတည်ပြုမယ် မွေးရပ်မှာ ပြစ်ချက်မှတ်တမ်းမရှိဘူး ၊ လာနေရတဲ့အကြောင်းက ခိုင်လုံတယ်ဆိုရင် OK ။ တခုခုငြိနေရင် ဆွဲစိပေတော့ ။ 

       ဒီလိုပဲ လူလိုနေပြီဆိုရင် ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ပြန်စစ် ။ ရောက်နေတဲ့ဒေသနဲ့ ချိတ်ဆက်အတည်ပြု ။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိရင် ဆွဲစေ့ ။ မိသားစုကပါ ​လိမ်ပြောရင် အိမ်ပါ ချိတ်ပိတ် ။ 

      ဟာ အဲဒါကြီးက လုပ်ဖို့ မလွယ်ဘူးလို့ ပြောချင်ရင်လည်း အဲဒီ အကြမ်းဖက်ရှာဖွေဖော်ထုတ်ရေး ကော်မတီသီးသန့်ဖွဲ့ ၊ ပြည်သူတွေကို သတင်းပေးခိုင်း PDF တယောက်မိတိုင်း သတင်းပေးပြည်သူကို လျှို့ဝှက်စွာနဲ့ PDF တဦး ၅ သိန်းပဲ ဆုချီးမြှင့်လိုက် ။ ဖောချင်းသောချင်း မိလိုက်မယ့်ဖြစ်ခြင်းဗျာ ။ 

      ပြည်သူကြားပုန်းနေတဲ့ PDF ကို သူ့ပတ်ဝန်းကျင်က ပြည်သူသာအသိဆုံးပဲ ။ ဘယ်ကို သတင်းပို့တိုင်ကြားရမှန်းမသိကြလို့ ( ဖရဲသီးတွေ ပေါချင်တိုင်းပေါနေတာကိုး) ကြည့်နေကြရတာဗျ ။ နိုင်ငံတော်အဆင့်ကနေ PDF ကိစ္စသီးသန့် တိုင်ကြားရေးဌာနဖွင့် ဖမ်းဆီပေးပြီး ဆုငွေချီးမြှင့်ရင် ကိစ္စပြတ်ပါတယ် ။

       ဆုငွေကလည်း နစက အနေနဲ့ စိုက်ထုတ်စရာမလိုပါဘူး ။ PDF ခိုအောင်းတဲ့အိမ်ကို ချိတ်ပိတ်လေလံတင်ပြီး ပေးလိုက်ရုံပါပဲ ။ အမြတ်တောင်အများကြီးရပြီး ဖမ်းဆီးရေးအဖွဲ့ကိုလည်း နှုတ်နဲ့ချီးကျူးပါတယ်ဆိုတာထက် လက်တွေ့ဆုငွေပေးနိုင်ပြီး မြေပြင်အဖွဲ့တွေအတွက်အားဖြစ်ပါ့မယ် ။ 

         တိုင်းပြည်တည်ငြိမ်ဖို့ လုပ်သင့်တာကို ပြတ်သားစွာ လုပ်ပြဖို့လိုအပ်နေပါတယ် ။ သက်ညှာချင်ရင်တောင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှ သက်ညှာပေးသင့်ပါတယ် ။ 

         သူတို့ရေချိန်မြှင့်ရင် မိမိဖက်ကလည်း ရေချိန်မြှင့်ပေးမှသာ အသာစီးရနေတဲ့ အခြေအနေကို ထိမ်းသိမ်းနိုင်မယ်လို့ ရှုမြင်မိပါတယ် ။ 

       ကိုရွှေမျိုးဝင်း  

(ဒီလို ကလေးကွက်လောက်နဲ့တော့ တည်ငြိမ်ဖို့ မဖြစ်နိုင်ပါဘူး)

Wednesday, July 27, 2022

အတိတ် နမိတ် နဲ့ နောင်ဗိန်နောင်


         ကိုစိုးတယောက် မနက်အစောရောက်လာပြီး လေကန်ဖို့ လာခေါ်တော့ ဘရိတ်ဖက်ဝါးတီး ခိုင်ပြန်ပြီပေါ့ဗျာ ။ သူမေးသမျှ ပေါက်ကရပြန်ဖြေရင်း လေကန်ရတာတော့ ရှိတာပေါ့လေ....

'' ငမျိုးရေ အခု နာမည်ကြီးနေတဲ့ ဆင်ဖြူတော် အကြောင်း မင်းဘာသိထားလဲ ကွ ''

'' ဆင်ဖြူရဲ့ ကြန်အင်လက္ခဏာတွေက ရှိပြီးသားပါဗျာ ဆိုင်ရာပညာရှင်တွေ သိကြမှာပါ အချို့ လက္ခဏာတွေက အရွယ်ရောက်လာမှ အသိအမှတ်ပြုကြရတာလည်း ရှိတယ်ဗျ ''

'' အခုတွေ့ရသလောက် ညီညွတ်တဲ့ အချက်တွေ ပါတယ်ဆိုပဲကွ ''

'' ပါတော့လည်းကောင်းတာပေါ့ဗျာ ''

'' ပတ္တမြားတွေ့တာရယ် ၊ ဆင်ဖြူတော်မွေးလာတာရယ်ကြောင့် အတိတ်နမိတ်ကောင်းပြီလို့ ဝမ်းသာနေသူတွေ ရှိကြသလို ဘာမှမဆိုင်ပါဘူးကွာ ကုန်စျေးနှုံးကြီးတာပဲ အရင်ဖြေရှင်းပါဆိုပြီး ငေါ့ နေသူတွေလည်း တွေ့ရသကွ ''

'' ဝမ်းသာသူတွေက တိုင်းပြည်အနာဂါတ်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ မုဒိတာဆိုတဲ့စိတ်ကောင်းနဲ့ မျှဝေနေသလို ၊ ဘာမှမဆိုင်ပါဘူးကွာဆိုပြီး ပတ္တမြားတွေ့လည်း တို့ဘာမှမရ ဆင်ဖြူတွေ့လည်း ငါတို့ ကုန်စျေးနှုံးမှ မကျတာပဲ ဆိုတာတွေက စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေပေါ့ဗျာ ၊ ဘာ်ခေတ်ရောက်ရောက် ငါတို့လုပ်မှ ငါတို့စားရမယ်ဆိုတဲ့ အသိထက် အစိုးရအပေါ် အရာရာမှီခိုလွန်းသူတွေ ဖြစ်တတ်တဲ့ရောဂါပါပဲ ''

'' ဒါဆို အစိုးရ နဲ့ မဆိုင်ဘူးပေါ့ ''

'' ယတိပြတ် အဲလိုမဆိုလိုဘူးဗျ အစိုးရရဲ့ မူဝါဒတွေ အရေးကြီးသလို လူတယောက်ခြင်းဆီရဲ့ အလုပ်အကိုင် ၊ အသုံးအဖြုံး ၊ နေထိုင်မှုပုံစံတွေကလည်း အရေးကြီးတာပဲ ဆိုတာ မေ့နေကြလို့လေ ''

'' ထူးထူးခြားခြား တွံ့တေးက ဘုရားစောင်းတန်းလှေကားပေါ်က ရေကျလာတာ ရေတံခွန်အလားအောက်မေ့ရတယ်ကွ ''

'' အင်း...အရင်က ကျဖူးသလား အခုမှ ကျလာတာလားဆိုတာမသိရပေမယ့် အခုမှ ကျလာတာဆိုရင်တော့ဖြင့် မြင့်မြတ်တဲ့နေရာကနေ အမှုက်သရိုက်တွေ အသန့်စင်ခံရတော့မယ့် နမိတ်ပဲဗျ ''

'' ဟေ...ဒါဆိုရင်တော့ အခု အကြမ်းဖက်သမားတွေထဲက သေဒဏ်ကျခံထားရတဲ့သူတွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးနေပြီ ဆိုတော့ကား.....''

'' အကုသိုလ်နိဂုံးချုပ်​တော့မယ့် အနေအထားပေါ့ ဗျာ ''

'' အေးကွ ဒါနဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း ရေးသူသိပ်မတွေ့ပါလားကွ ဘာတွေထူးသေးလဲ ''

'' ကျုပ်ဖြင့် အဲဒီ နောင်ဗိန်နောင် သတင်းစာရှင်းလင်းပွဲ မကြည့်တာ ကြာပေါ့ဗျာ ဘယ်နှယ့်ဗျာ နိုင်ငံတော်အဆင့်သတင်းစာရှင်းလင်းပွဲတဲ့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ လမ်းဘေးမျောက်ပွဲလောက်မှ စိတ်ဝင်စားစရာမရှိတာပဲ ဗျ ''

'' အေးကွ ဒါလည်းဟုတ်တာပဲ ငါမေ့တေ့တေ့ ဖြစ်နေလို့ နောင်ဗိန်နောင်လေး ပြန်ပြောစမ်းပါအုံး ကွ '' 

'' ဒီလိုဗျ..... အင်္ဂလိပ်ခေတ်တုန်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပွဲတော် ကျင်းပတော့ အဂ်လိပ်လူမျိုး အရေးပိုင်က လာပြီး ကြည့်တယ် ။ 

         ရှမ်းရိုးရာ အိုးစည်သံ နဲ့  မောင်းသံမြိုင်မြိုင် နဲ့ နောင် ဗိန် နောင် ၊ နောင် ဗိန် နောင် နဲ့ ကခုန်နေတာကို အလွန်သဘောကျသွားပြီး ဆုငွေ တရာ ချီးမြှင့်သွားပါရော ။ 

       နောက်နှစ်လည်း ထပ်လာတယ် နောင် ဗိန် နောင် နဲ့ ကနေတာကို ကြည့်ပြီး ဆုငွေ ၅၀ ချသွားတယ် ။ 

      နောက် တိတယမြှောက်နှစ် ဘုရားပွဲ ထပ်လာတယ် ။ ရှမ်းတွေကလည်း ထုံးစံအတိုင်း နောင် ဗိန် နောင် နဲ့ ကတာပါပဲ ။ အရေးပိုင်မင်းက ကြည့်နေရင်း ပွဲပြီးရင် သူ့ကို လာတွေ့ပါ ဆိုပြီး ရှမ်းလူကြီးတွေကို ပြောသွားတယ် ။ 

    ကပွဲပြီးတော့ သွားတွေ့ရတာပေါ့ ။ အရေးပိုင်က ပြောတယ်

"မင်းတို့ တူရိယာလည်း သုံးမျိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်တာကို ငါသိပ်သဘောကျတယ် ဒါကြောင့် ပထမနှစ်မှာ ဆုငွေ တရာ ချီးမြှင့်ခဲ့တယ် မှတ်မိကြသလား ''

"မှတ်မိပါတယ် ကျေးဇူးလည်း တင်ပါတယ် ''

"အေး ဒုတိယနှစ်လာတယ် နောင် ဗိန် နောင် နဲ့ ပဲ ကကြတယ် ငါ ဆုငွေ ၅၀ ပဲ ချီးမြှင့်ခဲ့တယ် သိတယ်မဟုတ်လား ''

"သိပါတယ် အရေးပိုင်မင်း ''

"အေး အခု တတိယနှစ် ဆက်လာတယ် မင်းတို့ ရှမ်းတွေက တူရိယာ သုံးမျိုး နဲ့ ဒီ နောင် ဗိန် နောင် ပဲ ကနေကြပြန်တယ် ၊ ဘာတခုမှ တိုးတက်တီထွင်လာတာ မတွေ့ရဖူး ဒါကြောင့် မင်းတို့ကို ဒဏ်ငွေ တထောင် ရိုက်တယ် မနက်ဖြန် ငါ့ရုံးကို ဒဏ်ငွေလာဆောင်ကြ ဆိုပြီး ဒဏ်ရိုက်သွားတယ် ဗျ ''

'' အေးကွ သူပြောသွားတာလည်း ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားရတော့မယ့်အချက်ပဲကွ ဟာသ သဘောနဲ့ ရီပြီး ပြီးသွားရမယ့် ကိစ္စမဟုတ်ဖူးနော ငမျိုး ''

'' သိပ်မှန်တာပေါ့ ရိုးရာအတိုင်းဆိုပြီး ဆင့်ပွားတီထွင်မှုမရှိပဲ မှေးနေလေ့ရှိတဲ့ မြန်မာ့အကျင့်ကို လှုပ်နိုးလိုက်တဲ့ အဖြစ်ပဲဗျ ''

'' ဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူစိတ်မဝင်စားတော့ သတင်းစာရှင်းလင်းပွဲ ပုံစံအစား....''

'' ပြောင်းကို ပြောင်းရတော့မှာဗျာ ရူးကြောင်ကြောင်နဲ့ ကျနော်တို့ရဲ့ သတင်းတင်ဆက်ပုံ မူဝါဒက ဘာညာ ဘာညာ ဆင်ခြေပေးနေရမယ့် အချိန်မဟုတ်တော့ဘူးဗျ ၊ အစိုးရက ပေးချင်တဲ့ မက်ဆေ့ကို ပြည်သူတွေ နားစွင့်ချင်စိတ်ပေါက်လာအောင် ၊ ပြည်သူ့ရင်ထဲ ဟက်ထိ သွားအောင် အလုပ်မဖြစ်တော့တဲ့ ပုံစံတွေ ရဲရဲတင်းတင်းပြောင်းရမှာဗျ ''

'' မင်းကသာ ပြောင်းရမှာ တွင်တွင်ပြောနေတယ် အစိုးရ သတင်းစာရှင်းလင်းပွဲ နဲ့ သတင်းတင်ဆက်ပုံတွေကတော့ နောင်ဗိန် နောင် က ကို တက်မလာသေးဘူးဟေ့ ''

'' ကဲ ဒီတခါ ငပိကျော်နံ့က ခင်ဗျားဆီက ရနေပြီ ပြန်ကြစို့ဗျာ ''

       ကိုရွှေမျိုးဝင်း

(တခါတခါ လောကကြီးမှာ အမှန်တကယ် သုံးစားမရတဲ့ အရာတွေက တန်ဖိုးကြီးနေတတ်တာလည်း တွေးစရာပဲ ဗျ)

လူ့တိရိစ္ဆာန် မျိုးရန်နောင်သိန်း



          အင်မတန် ယုတ်မာတဲ့ NLD အသိုင်းအဝိုင်းကတောင် သူတို့ထက် ယုတ်မာပက်စက်လွန်းလို့ နှင်ထုတ်ခဲ့ရတဲ့ မျိုးရန်နောင်သိန်း ဆိုတဲ့ အယုတ်ထွဋ်ခေါင် လူ့တိရိစ္ဆာန် ရဲ့ သီတဂူဆရာတော်ကြီးအပေါ် စော်ကားမှုတွေကို ကြားရတော့ တုန့်ပြန်ချင်လာပါတယ် ။ 

        ခါတိုင်းလိုဆိုရင်တော့ အဲဒီလူယုတ်မာကို ငါကိုင်တုတ် ဆဲပြီး ပြစ်ပြစ်နှစ်နှစ် ရေးပြီပေါ့ဗျာ ။ ဒါပေမယ့် fri တွေထဲက ဆရာတော်များ ၊ အသက်အရွယ် ဂုဏ်သိက္ခာကြီးသူများ ၊ အမျိုးသမီးများကို လေးစားအာနာလို့ သာမန်ပဲ ရေးလိုက်ပါတယ် ။ 

         ဆရာတော်ကြီးရဲ့ အဓိက သာသနာပြုလုပ်ငန်းကို လေးအုပ်စုခွဲကြည့်ပါ ။ 

1 - ​ရေအလှူတော်၊

2 - ဗုဒ္ဓတက္ကသိုလ် စီမံကိန်းများ၊ 

3 - ဆေးရုံများ၊၊

4 - ပြည်ပသာသနာပြုလုပ်ငန်းကြီးများ 

( 1 ) ရေအလှူတော်

     စစ်ကိုင်းတောင်ရိုးရှိ ရဟန်း သာမဏေသီလရှင် စုစုပေါင်း (၁၆၀၀၀)ကျော်ကို တနေ့
ရေဂါလံပေါင်း(၅)သိန်းကျော်ခန့်ကို (ထုံးဘို၊ ဝါးချက်၊ သီတဂူချောင် ) ​ရေတင်စက် ဖြင့် ရေဒါနပြုလျှက်ရှိသည်။

       ယခုအခါ မင်းဝံတောင်ကိုပါ 
ရေဒါနပြုလျှက်ရှိသည်။ တလကို မီတာဖိုး သိန်း ၁၅၀ ကုန်ကျတယ် ။ လှူနေတာ ၃၆ နှစ် ရှိပါပြီ ။ စက်ပြင်စရိတ်ထပ်ပေါင်းကြည့်ရင် ကြက်သီးထဖွယ် အလှူကြီးဆိုတာ သူတော်ကောင်းစိတ်ရှိရင် သိနိုင်ပါတယ် ။

( လမ်းဘေးရေအိုးစင်တောင် တည်ဖူးပုံမပေါ် တဲ့ မျိုးရန်နောင်သိန်းလို လူယုတ်မာက ဒီလိုမျိုး နေ့စဥ် တရက် ၅ သိန်းနှုံးလောက် အကုန်ခံပြီး ၃၆ နှစ်ဆက်တိုက် လှူလာတဲ့ ဆရာတော်ကြီးကို အပုပ်ချနေတာ ရီစရာပဲ ။ ဟုတ်ပါ့ မှန့်ပါ့ ဆိုတဲ့ အကုသိုလ်အ​ဖော်တသင်း အသေအချာ မှတ်ထားနော်) 

2 ။ ဗုဒ္ဓတက္ကသိုလ်များ

         မူလက ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း တက္ကသိုလ် ၃ ခုမှသည် သံလျှင် ၊ တောင်ငူ ၊ မော်လမြိုင် တို့ပါ တိုးချဲ့ ဖွင့်လှစ်ပါတယ် ။ တနှစ်ကို ကျောင်းသား ၂၀၀၀ ခန့် သင်ကြားပေးနိုင်ပါတယ် ။

            ကျောင်းသားသံဃာများအား အဓိကသင်ကြားသည်မှာ  သုတ္တံ ဝိနည်း အဘိဓမ္မာကို 
အဆင့်ဆင့်အပိုင်းပိုင်းခွဲပြီးတော့ 
အင်္ဂလိပ်ဘာသာနဲ့သင်ကြားပို့ချခြင်းဟာ အဓိကပါ။

         လူတွေအတွက်ကတော့ ရန်ကုန်တက္ကသိုလ်မှာ စနေ ၊ တနင်္ဂနွေမှာ လူဦးရေ ၃၀၀ ခန့်အား အခြေခံဗုဒ္ဓဘာသာ သဘောတရားများကို သင်ကြားပေးနေပါတယ် ။ တက္ကသိုလ်တခုအတွက် မြေတန်ကြေးမပါ အဆောက်အဦးဖိုး သိန်းပေါင်း 20000 ခန့် ကုန်ကျပါတယ် ။

(မျိုးရန်နောင်သိန်းလို လူမျိုးက မူကြိုကျောင်းအဆင့်တောင် တကျောင်းမျှ မဖွင့်လှစ်နိုင်ပဲ မူကြိုကလေးက အစ သတ်ဖို့ ဖြတ်ဖို့ လူသားမဆန်တဲ့ အရိုင်းအစိုင်း အောက်တန်းစား လူ့တိရိစ္ဆာန်က ဒီလို ဆရာတော်ကြီးကို စော်ကားနေခြင်းအပေါ် ဟုတ်ပါတယ် မှန်ပါတယ် လုပ်ပြနေတဲ့ နီပိတ်လေးတွေအတွက် ငရဲပြည်လမ်းဖောက်နေကြတာ သိဖို့ကောင်းပြီနော်)

3 ။ ဆေးရုံများ

       ဆေးရုံကို နှစ်မျိုးခွဲကြည့်ရင် အထွေထွေကုဆေးရုံနဲ့ မျက်စိကုဆေးရုံဆိုပြီး တွေ့ရပါမယ် ။ 

၁။(၁၀-၃-၁၉၉၀ ဖွင့်လှစ်ပြီး) စစ်ကိုင်းတောင်ရိုး အထွေထွေကု

၂။(၂၅-၁၂-၂၀၀၉ ဖွင့်လှစ်ပြီး) ကလေးမြို့ မျက်စိကု

၃။(၂၆-၂-၂၀၁၀)
ဆားတောင် ၊ ဆောင်းတောင်ဆောမြို့အ​ထွေထွေကု

၄။ (၂၀-၄-၂၀၁၃ )
လဟယ်မြို့ မျက်စိကု

၅။(၇-၁-၂၀၁၄ )
ဟုမ္မလင်းမြို့ မျက်စိကု

၆။(၂၀-၁၂-၂၀၁၄ )
ဟုမ္မလင်းမြို့။

၇။ (၄-၁-၂၀၁၀)
နတ်မောက်မြို့ မျက်စိကု

၈။(၂၇-၂-၂၀၁၁ )
တာမွေ မျက်စိကု

၉။(၁-၉-၂၀၁၂)
မြင်းခြံမြို့ မျက်စိကု

၁၀။(၇-၄-၂၀၁၅ )
အုန်းချောမြို့ မျက်စိကု

၁၁။(၁၂-၂-၂၀၁၁ )
ထားဝယ်မြို့ အထွေထွေကု

၁၂ ။ (၃-၄-၁၉၉၉ )
ပန်းတနော် မျက်စိကု

၁၃။(၇-၄-၂၀၁၃ )
မော်လမြိုင်ကျွန်းမြို့ မျက်စိကု

၁၄ ။ (၂၃-၄-၂၀၁၃ )
ဝါးခယ်မမြို့ မျက်စိကု

၁၅ ။ (၁၉-၂-၂၀၁၄ )
သဲကုန်းမြို့ မျက်စိကု

၁၆(၂၅-၁၁-၂၀၁၄ )
အုတ်ဖိုမြို့ မျက်စိကု

၁၇ ။ (၁-၁၁-၂၀၁၁ )
မြစ်ကြီးနားမြို့ မျက်စိကု

၁၈ ။ (၂၀-၁၂-၂၀၁၁ )
လွှိုင်ကော်မြို့ မျက်စိကု

၁၉ ။ (၁၃-၁၁-၂၀၁၁ )
 မြိုင်ကြီးငူ အထွေထွေကု

၂၀ ။ (၂၇-၁၂-၂၀၁၀ )
မင်းတပ်မြို့ မျက်စိကု

၂၁ ။ (၁၄-၁၁-၂၀၁၂ )
သီပေါမြို့ မျက်စိကု

၂၂ ။ (၂၁-၁၂-၂၀၁၄ )
နမ်းခမ်းမြို့ မျက်စိကု

၂၃ ။ (၂၃-၄-၂၀၁၁ )
အင်းလေးကန် ဟဲယာရွာမ အထွေထွေကု

၂၄ ။ (၃၁-၃-၂၀၁၃ )
ရပ်စောက်မြို့ အထွေထွေကု

၂၅ ။ (၃-၁၁-၂၀၀၉ ) ယင်းငြိမ်မြို့ အထွေထွေကု

၂၆ ။ (၂၀-၅-၂၀၁၃)
ကျိုက်ထိုမြို့ အထွေထွေကု

၂၇ ။ (၂၂-၁၂-၂၀၁၃)
သံတွဲမြို့ မျက်စိကု

၂၈။သီတဂူ-ပြွန်တန်ဆာ စက္ခုဒါနဆေးရုံ၊ ပြွန်တန်ဆာမြို့။
ပဲခူးတိုင်း(ပြင်ဆင်ဆဲ)

၂၉။သီတဂူ-မြင့်မိုရ်စက္ခုဒါနဆေးရုံ၊မကွေးမြို့။
မကွေးတိုင်းဒေသကြီး။(ပြင်ဆင်ဆဲ)

၃၀။သီတဂူ-ဖားကန့် စက္ခုဒါနဆေးရုံ၊ဖားကန့်မြို့။
ကချင်ပြည်နယ်။(ပြင်ဆင်ဆဲ)။

     ဆေးရုံတခုကို အနည်းဆုံး သိန်း ၅၀၀၀ အထက် (မြေဖိုးမပါ) မတည်ရတယ် ။ တလ မျက်စိဝေဒနာသည် 200 ကနေ 300 ထိ ကုသပေးနေပါတယ် ။ 

 ( ကဲ မျိုးရန်နောင်သိန်းက ဆရာဝန်တဲ့ ၊ လူတယောက်အခမဲ့ကုပေးဖူးဟန်တောင်မတူပါဘူး ။ သတ်ဟ ဖြတ်ဟ နဲ့ လူမဆန်တဲ့ သွေးထိုးမှုတွေနဲ့ ကလေးသူငယ်ကနေ သံဃာတွေထိ သတ်ခိုင်းနေတဲ့ အဓိပတိလူယုတ်မာကို ကိုးကွယ်နေတဲ့ နီပိတ်တွေကြည့်ထားနော် သီတဂူရဲ့ အလှူတော်စာရင်းများလာလေ မင်းတို့လို အကုသိုလ်ဝန်းရံသူတွေ တန်ဖိုးကြီးကြီးပေးဆပ်ရမှုကို သံသရာတလျှောက် ပေးဆပ်လို့မကုန် ဖြစ်ရလေဆိုတာ သတိပြုကြပါ)

4 ။ ပြည်ပသာသနာပြု

       ဆရာတော်ကြီးက အမေရိကန်မှာ ကျောင်းတိုက်ကြီး ၃ ခုတည်ထောင်ခဲ့ပြီးပြီး ။ ဓမ္မာရုံ ၊ တရားရိပ်သာ ( လူ သံဃာ) အတွက် တည်ဆောက်ပြီးပြီ ။ စေတီတွေတည်ပြီးပြီ ။ 

      ရုရှားမှာလည်း စေတီတည်ပြီးပြီ ။ ဘွဲ့ရတပည့် ရဟန်းတွေကို တာဝန်ပေးစေလွှတ် သာသနာပြုနေပါပြီ ။ 

( မျိုးရန်နောင်သိန်း ဘာတွေလုပ်နေလဲ.. ? ပြည်ပထွက်ပြေးတယ် လိမ်ညာအလှူခံစားတယ် ၊ ပြည်တွင်းက နမူနထူ ဆေးကြောင်လူငယ်တွေကို သွေးထိုးမြှောက်ပင့်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့စေခိုင်းတယ် ။ ဆရာတော်ကြီးလုပ်ရပ်တွေနဲ့ ပြောင်းပြန် ။ ဒါကိုပဲ အသိမဲ့စိတ်ခံစားမှု ဦးစားပေးပြီး လူယုတ်မာ မျိုးရန်နောင်သိန်းပြောသမျှ ဟုတ်ပါ့ မှန်ပါ့ လုပ်နေတဲ့ နလပိန်းတုန်း နီပိတ်လေးတွေရဲ့ လားရာလမ်းကတော့ အကုသိုလ်ဌာနချုပ် အဝီစိငရဲအပ အခြားလားရာမရှိတော့ပါဘူး)

       ကိုရွှေမျိုးဝင်း

(ပန်းကန်ထဲရောက်မှ တောင်းပန်မရသလို ငရဲပြည်ရောက်မှ နောင်တရလည်း ပြင်မရတော့ဘူး နီပိတ်အပေါင်းတို့ ဒါ မင်းတို့ကို သနားလို့ရေးတဲ့ ပို့စ်)

Tuesday, July 26, 2022

မျှစ်ကွေး


       မတွေ့တာကြာပြီဖြစ်တဲ့ ကိုစိုးတယောက် လေကန်ဖို့ ရောက်လာတော့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် သွားကြတာပေါ့ ။ ဆိုင်ရှင်ကတော့ ပျင်းလို့ထင်ပါရဲ့ အနားလာထိုင်ပြီး မျှစ်တွေ အပ်ချိတ်နဲ့ ဆွဲပြီးမွှာနေလေရဲ့ ။

'' ငမျိုးရေ ဟိုနှစ်ကောင် ရဲ့ ကြင်စိုး ကိစ္စ အတော် ဆူနေပါလားကွ''

'' ဟုတ်တယ် နိုင်ငံရေး စစ်ရေးကို ကမ္ဘာ့အခင်းအကျင်းနဲ့ အညီ ကစားကွက် ပြောင်းကစားနေတာဗျ ''

'' နေပါအုံး ဟ အလောင်းပြန်မပေးတာ ဥပဒေနဲ့ မညီဘူးဆို ''

'' ခင်ဗျား ဘယ်သူကပြောလဲ ''

''ဟ နီပိတ်ရပ်ကွက်ကပေါ့ ကွ ''

'' ကဲ ဒါလေးဖတ်ကြည့်ဗျာ .....
သေဆုံးသူ ရုပ်ကလာပ်အား မိတ်ဆွေ (သို့) ဆွေမျိုးများကို ပေးအပ်ခြင်း (အပိုဒ် - ၁၀၁၉)
 အကျဉ်းထောင်တွင် သေဆုံးသွားသော (သို့) သေဒဏ် အပေးခံရသော အကျဉ်းသား၏ ရုပ်ကလာပ်ကို ထိုအကျဉ်းသား၏ မိတ်ဆွေများမှ တောင်းဆိုလာလျှင် ပေးအပ်နိုင်သည်။ အထူးဆန့်ကျင်ဘက်အကြောင်း တစ်စုံတစ်ရာနှင့်အကျိုးယုတ်နိုင်သော အကြောင်းများရှိလျှင် မပေးအပ်ရ။
ဥပမာ ။  ။ အကျဉ်းသားသည် ကူးစက်ရောဂါကြောင့် သေဆုံးခြင်း (သို့) အကျဉ်းထောင်တွင်း သေဒဏ်ပေး၍ သေဆုံးသော အကျဉ်းသားဖြစ်လျှင်၊
၎င်း၏ ရုပ်အလောင်းကို သင်္ဂြိုလ်သည့်အခါ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ယူနိုင်ရန် အကြောင်းရှိသည်ဟု ထင်မြင်လျှင် မပေးအပ်ရ....တဲ့ တွေ့လား''

'' သြော် ဆန္ဒပြမှုဖြစ်လာနိုင်လို့ မပေးအပ်တာပေါ့ ''

''yes နီပိတ် ဆိုတာ သိတဲ့အတိုင်းပဲ မသာလောင်းနဲ့ လုပ်စားနေတာ အံခွနေပြီလေ ဘယ်ပေးမလဲဗျ အဲဒါ အကျဥ်းထောင်လက်စွဲဥပဒေအရ မပေးတာပဲ ရှင်းပြီနော် ''

'' အေးပါဗျာ ရှင်းပါပြီ သူတို့ဖက်ကတော့ ကလေးတွေကအစ ပြန်သတ်ဖို့ ဆော်သြနေကြလေရဲ့ကွာ''

'' ယုတ်မာတဲ့ အဖွဲ့အစည်း ၊ လူ့အောက်တန်းစားတွေ ဦးဆောင်နေတဲ့ တော်လှန်ရေး ၊ နလပိန်းတုန်း ချီဦးဏှောက်တွေ ဝန်းရံနေတဲ့ လှုပ်ရှားမှုပဲဗျာ လူမဆန်တာ ဆန်းသလားဗျ ''

'' အေးကွာ ဒီကောင်တွေ တသက်လုံးက လုပ်ခဲ့တဲ့နိုင်ငံရေးတဲ့ ပြည်သူလူထုအတွက် အကျိုးရှိရာ ရှိကြောင်း ဘာတခုမှ မပြောခဲ့ မလုပ်ခဲ့ကြဘူး တပ်မတော်မကောင်းကြောင်းပြော ၊ အရပ်ဖက် တပ်ဖက်ဆက်ဆံရေး ပျက်ပြားအောင်လုပ်နဲ့ပဲ အချိန်ကုန်နေလေရဲ့ကွာ ''

'' အမှန်ပဲ တိုင်းကျိုးပြည်ပြုဆိုလို့ အဲဒီမအေပေးတွေ လိုင်းပေါ်က ဆေးမီးတို ရေးနေတဲ့သူလောက်တောင် လုပ်မပြနိုင်ပါဘူးဗျာ ''

'' နောင်လာ နောင်သားတွေကို အဲလို လူယုတ်မာမျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ကွ ''

       ကျနော်လည်း မျှစ်မွှာနေတဲ့ထဲက ခပ်ကောက်ကောက်မျှစ်တချောင်းယူပြီး....

'' ဒီမျှစ်ကိုကြည့် ကိုကြီးစိုး ဝါးပင်ဖြစ်သွားရင် ကောက်မလား ဖြောင့်မလားဗျ ''

'' ကောက်မှာပေါ့ ကွ ''

''အင်း အဲလိုပဲဗျ ကလေးတွေကို နိုင်ငံရေးအောက်တန်းစားစိတ် မမွေးမြူနိုင်အောင် ပညာရေးကဏ္ဍကနေပဲ ပြုပြင်လေ့ကျင့်မှ အဆင်ပြေမယ်ဗျ ''

'' ဒါဆို အခု ကျောင်းသားသမဂ္ဂတွေကရောကွာ...''

'' သုံးစားမရတဲ့ မျစ်ကွေးတွေပါဗျာ ဝါးလုံးဖြစ်လည်း ကောက်ကွေးရှုပ်ထွေးပြီး တန်ဖိုးရှိလာမှ မဟုတ်တာ မျှစ်ဘဝနဲ့ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ ''

'' ဟိုက် မင်းသာ အာဏာရှိရင်တော့ ကျောင်းသားသမဂ္ဂဆိုတာ..? ''

'' ဖျက်ပစ်မယ်ဗျာ နိုင်ငံရေးလုပ်တဲ့ကျောင်းသား ထုတ်ပစ်မယ် ၊ လုပ်ချင်ဘွဲ့ရမှ လုပ်ပေတော့ ''

'' ဗိုလ်ချုပ်တို့.ခေတ်.....ခေတ် ''

'' တော်စမ်းပါဗျာ အဲဒီခေတ်က ပညာတတ်ဆိုတာ တက္ကသိုလ်ဝန်းကျင်မှာပဲ ရှိတဲ့ခေတ်ဗျ အခုခေတ်က ပညာတတ်တွေ အပြင်မှာ ပေါ မှ ပေါ ကျောင်းတက်ဆဲကလေးတွေထက် အသိပညာ ဗဟုသုတ အများကြီးသာလွန်တဲ့သူတွေ ရိုက်သတ်မကုန်ဘူး ''

'' အေးပါကွာ ဒါဆို ကွေးနေတဲ့ မျှစ်ကို....''

'' လူယုတ်မာ မင်းကိုနိုင် ဂျင်မီ ဇေယျာသော် တို့လို လူမျိုးတွေ မဖြစ်ရအောင် ပြုတ်စား သုတ်စား ချက်စားပစ်ဗျာ တိုင်းပြည်သန့်သွားလိမ့်မယ် ''

'' အင်း ပြောရင်း ဒေါပါလာပြီ ပြန်ကြစို့ဟေ့ ''

      ကိုရွှေမျိုးဝင်း

(စားကောင်း သောက်ကောင်း အလှူခံကောင်းအောင် ကြွေးကြော်နေရပေမယ့် နီပိတ်လေးတွေရဲ့ လက်တွေ့အခြေအနေက........)

Monday, July 25, 2022

လွယ်ပါ့မလား



       မနေ့က ပို့စ် ကို page ကနေ တင်လိုက်တာ တလ ပိတ်သတဲ့ ။ ကဲ သူတို့ ဘယ်လောက်လက်တံရှည်တယ် ၊ အဲဒီ အဖြစ်မှန်ကို ပြန်စစ်ဆေးမှာ ဘယ်လောက်ကြောက်နေတယ်ဆိုတာ အဲဒါ အဖြေပဲ ။

(like 4.4.k လောက်ရပြီးဖြစ်လို့ ပိတ်လည်း အလကားပါပဲလေ)

        မျိုးဝင်းဆိုတာကလည်း NLD ၅ နှစ်လုံးကနေ ဒီနေ့ထိ အကောင့်တွေ ရာချီ အပိတ်ခံခဲ့ရတာ ရိုးနေပေါ့ ။ တကောင့်ပိတ်ရင် နှစ်ကောင့်ဖွင့်တယ် ။ ဖွင့်မရတဲ့ကာလမှာ messenger ကနေ ပို့ပေးပြီး လိုင်းပေါ် ကော်ပီတွေရောက်အောင်တင်တယ် ။ 

       အကောင့်ပိတ်လို့သာ လွယ်လွယ်နဲ့ နောက်ဆုတ်ကြေးဆို ခက်ဖူးလားကွာ ။ 

     ကဲ မင်းတို့ကြောက်တဲ့ ကိစ္စ အမြည်းထပ်ပေးအုံးမယ် ။ ဒါမျိုးတွေအားလုံး လူကြီးတွေဆီ ရောက်နေလောက်ပြီ ။ အခုဟာက အမြည်းလေးပေါ့ ကွာ ။ 

       ကိုရွှေမျိုးဝင်း

ဇော်ဝင်း အသံဖိုင် (1.44) မိနစ်စာဇော်ဝင်း အသံဖိုင် (1.44) မိနစ်စာ

ယိုင်ရုံမက ပြိုနေလား (၂)



        2015-16 က  လေးထောင့်ကန် လမ်းပေါ်မှာ စည်ပင်နဲ့ အကျိုးတူ စပယ်ဖြူအိမ်ရာကို လူမျိုးခြားကန်ထရိုက်တွေ တည်ဆောက်ခဲ့ကြပါတယ် ။ အဲဒီလူမျိုးခြားတွေဆီကပဲ စပယ်ဖြူအိမ်ရာအနီးက မြေကွက်ကို KLO က ဝယ်ခဲ့ပါတယ် ။ 

         စပယ်ဖြူအိမ်ရာမှ စည်ပင်ဝေစုအတွက် တိုက်ခန်းတွေကို ပြန်ဝယ်ချင်လို့ ငွေချေးပါဆိုပြီး KLO ဆီကနေ လူမျိုးခြားတွေက သိန်း ၅၀၀၀ ချေးပါတယ် ။ ၂ ပတ်ပဲ ကြာမယ်ဆိုပြီး ချေးယူသွားပါတယ် ။ 

       ပြန်မပေးနိုင်တာ ၃ လ အကြာမှာတော့ ဆောက်လုပ်လက်စ စပယ်ဖြူအိမ်ရာတိုက်ခန်း ခေတ္တပေးထားပါတယ် ။ အိမ်ရာဟာ လူနေထိုင်ခွင့်ကျမလာသလို အပြီးသတ်လည်း မဆောက်နိုင်ပဲ ၃ နှစ်ကြာသွားတော့ မပြီးသေးတဲ့ တိုက်ခန်း ၄ ခန်း ( စုစုပေါင်း ၇ ခန်း) ပေးပြန်ပါတယ် ။ 

        အပြီးမသတ်လို့ ရောင်းမရ ပေါင်မရဖြစ်နေတဲ့အတွက် ပူညံပူညံလုပ်တော့ ငွေကြေးယူထားသူ Hight Top ကမ္ပဏီ မှ ဦးအေးသိန်း ၊ ဦးဇော်လင်း (ခ) ဦးဂျဘားနှင့် ဦးအေးနိုင်တို့၏ မိတ်ဆွေ လူမျိုးခြား ဘာစစ် (ခေါ်) သန်းနိုင် က သူပိုင် တိုက်ခန်း ၂ ခန်း နဲ့ ငွေသား သိန်း ၅၀၀ ပေးအပ်မယ် ။ စပယ်ဖြူကတိုက်ခန်း ၇ ခန်း သူ့ပေးပါဆိုပြီး ညှိနှိုင်းလာတယ် ။ 

        KLO လည်း သဘောတူပြီး ဘာစစ် ခေါ် သန်းလှိုင် ရဲ့ ဇနီးအမည်ပေါက် ကာလပေါက်စျေး သိန်း ၁၅၀၀ တန် တခန်း ၊ သိန်း ၃၀၀၀ တန် တခန်း ၊ ငွေသား သိန်း ၅၀၀ ရယူလိုက်ပါတယ် ။ 

         သိန်း ၁၅၀၀ တန် တိုက်ခန်း ရောင်းအပြီး သိန်း ၃၀၀၀ တန် တိုက်ခန်းကို ဝယ်မယ်ဆိုတဲ့ အီဒရစ် ခေါ် ဇော်ဝင်း ချိတ်ဆက်လာပါတယ် ။ ဇော်ဝင်းကလည်း ဘာစစ် (ခေါ်) သန်းလှိုင် နဲ့ တအုပ်စုထဲဆိုတာ နောက်မှ သိရပါတယ် ။

         သူက ကုလားပယောဂစိတ်ကုဆရာလို့ သိရပါတယ် ။ တိုက်ခန်း ဝယ်မယ်ဆိုပြီး အမျိုးမျိုးယုံကြည်အောင် လှည့်ပတ်ပြောရင်း တိုက်ခန်းဝယ်မှာသေချာလို့ ပြင်ထားချင်တယ် သော့ပေးထားပါဆိုလို့ KLO က ပေးလိုက်သတဲ့ (ပထမ အမှား) ။ 

        စရံသပ်ပါ ဆိုတော့ ငွေကို မနက်ဖြန် ရောက်မယ် သဖက်ခါရောက်မယ် နဲ့ အကြိမ်ကြိမ်လိမ်ပြောပါတယ် ။ နောက်ဆုံး ပူလွန်းမက ပူတော့ သူ့တို့ဆီက OIC က ငွေတွေ လွှဲထားပြီ ရောက်တာနဲ့ ချေပေးမယ်လို့ ပြောပြီး 15-5-2020 နေ့စွဲဖြင့် ယူရိုငွေ သန်း ၃၀ လွှဲပြောင်းပေးသော စာအားပြသပေးအပ်ခဲ့ရာ KLO မှ ဘာသာပြန် ရယူခဲ့ပါတယ် ။ 

         နောက်ရက်ငွေရောက်မှာမို့ အိမ်ရာလူကြီးတွေအား ပြသရန်အတွက် ဘာစစ် ခေါ် သန်းနိုင်၏ ဇနီးထံမှ အရောင်းအဝယ်စာချုပ်အား ခေတ္တပေးပါဟု တောင်းပြန်ရာ KLO က ပေးလိုက်ပြန်ပါတယ် ။ 

       ငွေကြေးပေးအပ်ရန် အကြိမ်ကြိမ်တောင်းဆိုရာတွင် ဇော်ဝင်းက သူ့တိုက်ခန်းသို့ KLO အား သူ့တိုက်ခန်းသို့ ခေါ်၍ ကိုကင်း နှင့် ICE မူးယစ်ဆေးများအား ပြသကာ အဝယ်ရှာခဲ့ ရောင်းရလျှင် တိုက်ခန်းဖိုးပေးမည်ဟု ပြောပါတယ် ။ 

        သာမန် အိမ်ခြံမြေအရောင်းအဝယ်သမားမို့ မရောင်းနိုင်ဟု ပြောပြီး ပြန်လာခဲ့ပါတယ် ။ ငွေပဲ ထပ်တလဲလဲတောင်းနေရာ ဇော်ဝင်းက သူနဲ့ ခရိုနီ မောင်ဝိတ် မူးယစ်ဆေးအရောင်းအဝယ် တည့်နေပြီ မကြာခင်ရလိမ့်မယ်လို့ ဖုန်းနဲ့ပြန်ဖြေပါတယ် ။ ရွေးကောက်ပွဲ ကိစ္စများကြောင့် အမြန်ပေးပါရန်တောင်ဆိုရာ ရခိုင်မှာ ရွေးကောက်ပွဲမဖြစ်ဟု ဇော်ဝင်းက ဆက်လက်ပြောပါတယ် ။ messenger မှ မူးယစ်ဆေးကိစ္စအား ထပ်မံပြောကြားပါတယ် ။

      ဒီလိုနဲ့ ဘယ်လိုမှ တောင်းမရချိန်မှာပဲ ဇော်ဝင်းဟာ အဆိုပါတိုက်ခန်းကို တခြားလူအားရောင်းစားပါတော့တယ် ။ ဒါကြောင့် KLO သည် နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးထံ လိပ်မူပြီး ဇော်ဝင်းနဲ့မူးယစ်ဆေးကိစ္စအား (22-4-2021) မှာ တိုင်ကြားပါတယ် ။ 

          7-5-2021 မှာ (စစစ) မှ အရာရှိ စုံစမ်းရေးမှူး ဦးမျိုးသန့်မှ KLO အား ခေါ်ယူပြီး တိုင်ကြားချက်ကို အတည်ပြုစစ်ဆေးပါတယ် ။ 

       8-5-2021 မှာ ဦးအောင်ကြီး ဦးမျိုးသန့်  နှင့် အားလုံး ၆ ဦးက ထပ်မံစစ်ဆေးရာ ဖုန်းထဲမှ ဇော်ဝင်းပြောကြားထားသော အသံဖိုင်များ ၊ ဇော်ဝင်းပေးပို့ထားသော OIC နှင့်ပက်သက်သောစာရွက်စာတမ်းများ ၊ ငွေကြေးခဝါချမှုနှင့် ပက်သက်သော အထောက်အထားများ ၊ မူးယစ်ဆေးရောင်းဝယ်သော အထောက်အထားအသံဖိုင်များ ကို တင်ပြပါတယ် ။  ၆ ကြိမ်ခန့် စစ်ဆေးခဲ့ပါတယ် ။

           1-6-2021 မှာ KLO အား ရန်ကုန်တိုင်း စစစ ရုံးသို့ ခေါ်ပါတယ် ။ ရန်ကုန်တိုင်း မူးယစ်တပ်ဖွဲ့စု (၄၁) မှ ရဲအုပ်အောင်မျိုးထွဋ် အဖွဲ့ နဲ့ စစစ အဖွဲ့ပူးပေါင်းပြီး ရှာဖွေဖမ်းဆီးပါတယ် ။ KLO ကိုမူ AD ရုံးခန်းမှာပဲ ထားခဲ့ကြပါတယ် ။ 

       ခရီးဆောင်အိတ် ၄ လုံးအတွင်းမှ အဆင့်မြင့်မူးယစ်ဆေးဝါး 74.4 Kg ဖမ်းဆီးရမိပြီး ထူးခြားချက်အဖြစ် ငွေကြေးဖမ်းဆီးရမိခြင်း မဖော်ပြထားကြပါဘူး ။ 

       2-6-2021 မှာ ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် လ/ထ ညွှန်ကြားရေးမှူးမှ ဖမ်းဆီးရမိမှုမှာ တရားခံဇော်ဝင်း ဝန်ခံသည့်အတိုင်း အဆင့်မြင့် ကိုကင်းနဲ့ ICE များဖြစ်ကြောင်း ၊ ကာလတန်ကြေး သိန်း ၅၀၀၀၀ ခန့်ရှိကြောင်း ၊ ထိုဖမ်းဆီးမှုအတွက် စစစ ညွှန်ချုပ် ၊ ပြည်ထဲရေးဝန်ကြီး ၊ နစက ထံသို့ အသီးသီး တင်ပြခဲ့ကြောင်း ပြောပါတယ် ။ 

         တရားခံနဲ့ဆက်စပ်နေတဲ့ စပယ်ဖြူအိမ်ယာအဖွဲ့ ၊ Business Alliance Hup မှ ဘာစစ် ခေါ် သန်းနိုင်နဲ့ အဖွဲ့တိူ့အား သာမန်မေးမြန်းပြန်လွှတ်ပေးလိုက်ပါတယ် ။ 

        ဘာစစ်(ခေါ်) သန်းနိုင်ဟာ သူ့ရဲ့ မရွှေ့ပြောင်းနိုင်သော ခြံမြေတိုက်တာများအား အရပ်စာချုပ်များနဲ့ အရောင်းအဝယ်အတူပြုလုပ် လွှဲပြောင်းပေးကာ မိသားစုအားလုံး မလေးရှားသို့ တိမ်းရှောင်သွားပါတယ် ။ ပိုင်ဆိုင်မှုများမှာ သိရတဲ့ ပမာဏအရ သိန်းကြီး ၃ သိန်း ခန့်ရှိပါတယ် ။ 

          ဆက်စပ်တရားခံဖြစ်တဲ့ တရားခံပြေး ခင်မောင်ဝင်းဆိုသူအားလည်း ခြေရာခံမိပေမယ့် ယင်းပိုင်ဆိုင်သော များပြားသည့် ပိုင်ဆိုင်မှုများအား မတို့ထိသေးပါဘူး ။ (ပူးတွဲတင်ပြထားပါတယ်)

         21-10-2021 မှာ တာမွေမြို့နယ်မှာ တရားစွဲထားတဲ့ ပုဒ်မ ၁၉ (က) {မူးယစ်ရောင်းဝယ်ပုဒ်မ} သည် ပုဒ်မ ၁၆ (ခ) ၊ ၁၆ (ဂ) အဖြစ်ပြောင်းလဲသွားပါပြီ ။

         ယင်းပုဒ်မအတွက် တာမွေတရားရုံးမှ 27-4-2022 မှာ နှစ်မှုပေါင်း ၅ နှစ် စီရင်ချက် ချခဲ့ပါတယ် ။ ဓာတုဗေဒဝန်ရုံးမှ မီသိုင်းလမင်းဟိုက်ဒရိုကလိုရိုက် ၊အမိုနီယံကလိုရိုက် နှင့် ဒိုင်ယာစီပမ်သာပါဝင်ကြောင်း စာထွက်ခဲ့ပါတယ်။ ဇော်ဝင်းကတော့ မူးယစ်ဆေးသုံးကြောင်း ဆေးအဖြေပေးပါတယ် ။ 

       ဇော်ဝင်းတို့က အယူခံဝင်ရာ ခရိုင်တရားရုံးက 27-4-2022 မြို့နယ်တရားရုံးစီရင်ချက် ၅ နှစ်ပြစ်ဒဏ်အား 31-5-2022 မှာပဲ အပြီးသပ်လွှတ်စေဆိုပြီး လွှတ်ပေးလိုက်ပါတယ် ။ 

       ဖြစ်စဥ်ကြီးတခုလုံးကို လေ့လာကြည့်ပါက စိုးရိမ်ဖွယ်အနေအထားသို့ ရောက်နေကြောင်းတွေ့ရပါ့မယ် ။ 

- တရားခံကိုယ်တိုင် မူးယစ်ဆေးရောင်းပေးရန် တောင်းဆိုခြင်းခံရတဲ့ KLO ရဲ့ သက်​သေထွက်ချက်

- တရားခံကိုယ်တိုင် မူးယစ်ဆေး ရောင်းချဖို့ မောင်ဝိတ်နဲ့..သဘောတူညှိပြီးကြောင်း အသံဖိုင်

- တရားခံကိုယ်တိုင် messenger ကနေ မူးယစ်ကိစ္စပြောထားတဲ့ သက်သေ 

- ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အဆင့်မြှင့် ကိုကင်းနဲ့ICE ဖြစ်ကြောင်း ပြောကြားချက် စစ်မေးစဥ် တရားခံရဲ့ဖြောင့်ချက် 

       ဒါတွေအားလုံးဟာ သဲထဲရေသွန်ဖြစ်ခဲ့ရတာ ဓာတုဗေဒစစ်ချက်ဆိုတဲ့ အချက်တခုတည်းအပေါ် ဗဟိုပြုအမှုတည်ဆောက်နေရတဲ့ အားနည်းချက်ကြောင့်ပါပဲ ။ 

        ယခုအမှုသည်ကား တိုင်းပြည်တည်ငြိမ်ရေးနဲ့ အများကြီးသက်ဆိုင်နေပါတယ် ။ ပြည်ပ ထောက်ပံ့ငွေများ ၊ ငွေကြေးခဝါချမှုများ ၊ NLD နဲ့ ရင်းနှီးစွာရိုက်ယူထားသော ဓာတ်ပုံများ PDF ထောက်ပံ့ငွေလမ်းကြောင်းများ ၊ မူးယစ်ဖြန့်ချီရေးပင်မလမ်းကြောင်း အစရှိသည်ဖြင့် အင်မတန်အရေးကြီးတဲ့ အမှုဖြစ်ပါတယ် ။ 

       ဒီဖြစ်စဥ်တွေ မှန်သလား မှားသလားဆိုတာကို ပူးတွဲပါတိုင်စာအရ ခန့်မှန်းနိုင်ပါတယ် ။ 

       ယခုဖြစ်စဥ်ကြီးရဲ့ ထူးခြားမှုတခုကတော့ အရေးကြီးအဖွဲ့အစည်းဖြစ်တဲ့ နယ်မြေခံ စရဖ တပ်ဖွဲ့ကြီးအား လုံးဝ အသိမပေး ၊ သတင်းမျှ မမျှဝေပဲ ကြိတ်လုပ်သွားတဲ့ အချက်ကလည်း အံ့သြစရာပါပဲ ။ 

        ယခုဆိုလျှင် မသမာသူ တိုင်းတပါးသား လူမျိုးခြားတို့ရင်ကော့လက်မထောင်နေကြပါပြီ ။ ကျနော်တို့ ၁၃၅ မျိုး စစ်စစ်တွေဟာ မျိုးချစ်စိတ်ပျောက်ကွယ်ပြီး တရားမျှတမှုသည် ယိုင်နေမက ပြိုကျနေပြီလားလို့ မေးခွန်းထုတ်ရပါတော့မယ် ။

         အဆိုပါ တရားခံ ဇော်ဝင်း (ခေါ်) အီဒရစ်သည် တာမွေတရားရုံးတွင် ပုဒ်မ ၄၂၀ လိမ်လည်မှုဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ် ။ ပြန်လည်ဖမ်းဆီးပြီး တိုင်းပြည်အတွက် အန္တရာယ်ရှိသော ပြည်ပငွေစီးကြောင်း ၊ ရခိုင်ရွေးကောက်ပွဲမဖြစ်ဟု အပိုင်ပြောဆိုသောကိစ္စ ၊ မောင်ဝိတ်နဲ့မူးယစ်ဆေးကိစ္စ များအား တင်းကျပ်စွာ စစ်ဆေးဖော်ထုတ်သင့်ပါတယ် ။

       အဆိုပါဖြစ်စဥ်တခုလုံးအား ပါဝင်ပတ်သက်ခြင်း မရှိခဲ့သည့် စရဖ အဖွဲ့ထံသို့ အာဏာကုန်လုပ်ပိုင်ခွင့်ပေးအပ်ဖော်ထုတ်စေလျှင် အလျှင်အမြန် အမှုမှန်ပေါ်နိုင်မယ်လို့ ယူဆမိပါတယ် ။ 

        ယခု အချိန်မှီလှုပ်ရှားလျှင် အဓိကသက်သေ KLO နဲ့ သက်သေခံ စာရွက်များ အသံဖိုင်များ ရှိနေပါသေးတယ် ။ ထို့အတူ အဓိက အမြစ်ဆွဲထုတ်နိုင်မည့် အဓိပတိပွန်း ဇော်ဝင်းလည်း ဖမ်းဆီးရင် ရနိုင်ပါသေးတယ် ။

       အကယ်၍ ယခုပို့စ်ကြောင့် ဇော်ဝင်းထွက်ပြေးလျှင်ကား သက်ဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူများအပေါ် သက်သေဖျောက်ဖျက်မှု လာဘ်စားမှုများနဲ့စစ်ဆေးနိုင်ခွင့် ရရှိနိုင်ပါသဖြင့် ဌာနတွင်း ဖရဲသီးများလည်း ငုပ်ကောင်မှ ဖော်ထုတ်နိုင်ပါလိမ့်မယ် ။ 

      ယခုဖြစ်စဥ်တခုလုံးအရ

- အလိမ်ခံထားရတာ မှန်ကန်နေခြင်း

- လိမ်ညာသူများဟာ ဘာသာခြား လူမျိုးခြားများဖြစ်နေပြီး အုပ်စုဖွဲ့စနစ်တကျလိမ်ညာနေကြခြင်း

- လူငယ်များအတွက် အန္တရာယ်အများဆုံး မူးယစ်ဖြန်ချီမှုနဲ့ တိုက်ရိုက်ပတ်သက်နေခြင်း

- ပြည်ဖျက်မယ့် OIC အထောက်အပံ့များနဲ့ ဆက်နွယ်နေခြင်း

- တိုင်စာပါကိစ္စရပ်များအတွက် ခိုင်မာသော သက်သေများစွာရှိနေခြင်း

- ပြန်လည်စီစစ် စစ်ဆေးမေးမြန်းစုံစမ်းခြင်းဖြင့် ဆိုးကျိုးမရှိပဲ တိုင်းပြည်အတွက် အကျိုးရှိနိုင်မည့် အနေအထားရှိခြင်း 

       စသည်တို့ကြောင့် နစက အနေဖြင့် အစဆွဲထုတ် စစ်ဆေးသင့်သည်ဟု တာဝန်သိပြည်သူတဦးအနေဖြင့် တင်ပြလိုက်ရပါတယ် ။ 

       ကိုရွှေမျိုးဝင်း

Sunday, July 24, 2022

ပြောချင်တဲ့အကြောင်းများ



၁ ။ ပထမဆုံး ပြောချင်တာက ကျနော့်ပို့စ်နဲ့ပတ်သက်တဲ့ ကိစ္စပါ ။ ဟို...ယခင်ကတည်းက ရေးခဲ့သမျှ ကျနော် အောက်ကနေ မည်သည့်အမည်မျှ မရေးသည့်အပြင် ရှယ်ခြင်း ကော်ပီကူးခြင်း အတွက် လွတ်လပ်စွာလုပ်ဆောင်နိုင်ကြောင်း နဲ့ ယုတ်ဆွအဆုံး ကော်ပီသမား ခရက်ဒစ်ပင် မလိုကြောင်း မကြာခဏ ပြောဖူးပါတယ် ။ 

      နောက်တော့ NLD လက်ထက် တရားစွဲမှုတွေ များလာချိန်မှာ ကျနော့် ပို့စ် အတွက် သူတပါးဒုက္ခရောက်မှာ စိုးရိမ်လို့ ပို့စ် အောက်မှာ တာဝန်ခံတဲ့အနေနဲ့ မျိုးဝင်း လို့ ရေးပေးခဲ့ပါတယ် ။

        အဲဒီမှာပဲ မျိုးဝင်းဆိုတဲ့ ကျနော်မဟုတ်သော ပရိုဖိုင်မတူသည့် အခြားတကောင့်ကနေ ကျနော့် ပို့စ် တွေ ပြန်တင်နေပါတယ် ။ မူလတုန်းက ကျနော့် ပို့စ်ချည်း ပြန်တင်ရာမှ သူကိုယ်တိုင် ရေးသားလာသည့် ပို့စ် များမှာလည်း အောက်ကနေ မျိုးဝင်းလို့ပဲ ရေးပါတယ် ။ ဒီတော့ ကျနော်မရေးတဲ့ ပို့စ် အတွက် ကျနော်ပြဿနာအဖြစ်မခံနိုင်ပါဘူး ။ ထိုလူကိုလည်း ကျနော်ကန့်ကွက်ရန်အကြောင်းမရှိပါဘူး ။ ဒါနဲ့ သူနဲ့ကွဲလွဲစေရန် ကိုရွှေမျိုးဝင်းလို့ ကျနော်ကပဲ ပြောင်းရေးခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ် ။ 

        ကိုရွှေမျိုးဝင်းဆိုပြီးတင်ရာမှာ ကျနော့် page နဲ့ ကျနော့် ACC မှ မတင်ပဲ တွေ့ရာ ရှယ်နေရင်လည်း ခင်ဗျားတို့အတွက် အန္တရာယ်များပါ့မယ် ။ မနေ့က တွေ့ရတဲ့ ပို့စ် ဆိုရင် သက်သေမရှိပဲ ပြဿနာဖြစ်နိုင်တဲ့ကိစ္စတွေ မြင်နေလို့ ကျနော် ပို့စ်တင်တားမြစ်လိုက်တာပါ ။ ချစ်မိတ်ဆွေများ သတိထားနိုင်ဖို့ပါခင်ဗျာ ၊ ဟာသ ပို့စ် ဗဟုသုတပို့စ် များဟာ ပြဿနာမရှိပေမယ့် အဲလို ပို့စ်ဆိုရင် ပြဿနာရှိနိုင်လို့ သတိထားကြပါဗျာ အတုနဲ့ညားပြီး မလိုအပ်ပဲဖြေရှင်းကြရပါ့မယ် ။

၂ ။ တနေ့က ကျနော် သရော်စာ တင်လိုက်တယ် ။ တဖက်တည်းသားခြင်းမို့ သိသူတွေသိပြီး မသိသူတွေ နေပါစေဆိုတဲ့သဘောနဲ့ တင်လိုက်ခြင်းပါ ။ နောက်မှ နောက်တပုဒ်နဲ့ ထပ်ရှင်းရတာ အကြောင်းရှိပါတယ် ။ 

        သရော်စာအကြောင်းပြုပြီး သူက တောရေးတောင်ရေး ဇဝေဇဝါဖြစ်အောင် ထပ်ရေးတော့ ပထမ ဟန်ငြိမ်းဦးက ထချဲတယ် ။ ညနေပိုင်းမှ ကျနော့်ဆီကို ကိုမျိုးဝင်းရေ ခင်ဗျားသရော်စာကို တကယ်မသိတဲ့ ပြည်သူတွေက ဒီလူ့ကို တကယ့်သားအရင်းလို့ ထင်မြင်ကုန်ပြီ ။ ဒီတော့ သူ့အတွက်လည်း မကောင်းဘူး အန္တရာယ်များတယ် ပြန်​ဖြီ​ပေးတဲ့ ပို့စ် တင်ပြီး ပြည်သူတွေကို ပြောပေးပါလို့ တာဝန်ရှိသူတွေက တောင်းဆိုလာတဲ့အတွက် ကျနော် ထပ်ရေးလိုက်ရပါတယ် ။ 

       ဒါနဲ့ကျနော်ထပ်ရေးလိုက်ရပါတယ် ။ တဖက်တည်းသားခြင်း အရှက်ခွဲတာ မဟုတ်ဘူး ။ သူ့အန္တရာယ်ကို ကာကွယ်ပေးခဲ့တာပါ ။ ကျနော့်မှာ သက်သေတွေရှိတယ်နော် ။ ကျနော်တကယ်ဆော်ခြင်ရင် ပို့စ် နှစ်ခု မလိုဘူးဗျ ။ 

      ဒါတွေပြောပြနေတာ အခုမနက် တက်လာတဲ့သတင်းအရ သူ ပြဿနာတက်နေပြီလို့ ဖတ်မိလို့ပါ ( ဟုတ်မဟုတ် ကျနော်မသိရသေးပါဘူး ) ။ ပြဿနာတက်နေရင်လည်း တပ်ထောက်ခံသူမို့ အကျယ်မချဲ့ပဲ ပြောဆိုဆုံးမပြီးတဲ့အဆင့်နဲ့ပဲ အမြန်ဆုံးပြေလည်စေချင်ပါတယ် ။ အမှားကင်းသူမရှိပါဘူး ကျနော်တို့လည်း စင်းလုံးချောမဟုတ်ပါဘူး ။ အကြမ်းဖက်တွေတောင် ခွင့်လွှတ်နေသေးတာမို့ အမှန်တကယ် ပြဿနာတက်နေရင်လည်း ခွင့်လွတ်ပေးရပါမယ် ။ 

၃ ။ ကျနော့်မှာ အကောင့်တွေ မရေနိုင်အောင် ရှိခဲ့တာ အားလုံးအသိပါပဲ ။ ယခု သုံးနေတဲ့ messenger သည် ဘယ်အကောင့်က messenger မှန်း ကျနော်ကိုယ်တိုင်မသိတော့ပါဘူး ။ page က messenger ကလည်း သုံးရတာ အဆင်မပြေပါဘူး ဇော်ဂျီ နဲ့ ယူနီကုတ် လွဲနေရင် စာဖတ်မရပါဘူး ။

      ကော်ပီ ပို့စ်တခုမှာ လူတယောက် မန့်ထားတာတွေရပါတယ် ၊ ကျနော့်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုပြီးမေးပါတယ် တယောက်က ဖြေတယ် မေးမနေနဲ့ မာနကြီးတယ် ဆိုလားပဲ ။

        ပြောခဲ့ဖူးသလို ကျနော်မသုံးတဲ့ messenger ကနေ ဆက်သွယ်နေလဲ ကျနော်မသိပါဘူး ။ နောက်ပြီး ကျနော်က အားလုံးသိနေတဲ့ superman လည်း မဟုတ်ပါဘူး ။ အကူညီတောင်းလာတိုင်းလည်း မိမိနားလည်ကူညီနိုင်တာကလွဲရင် ကူညီနိုင်စွမ်းမရှိပါဘူး ။ 

       နောက်ပြီး ပုဂ္ဂိလိက ပြဿနာတွေကိုလည်း ကူညီဖို့ခက်ပါတယ် ။ အစိုးရမူဝါဒနဲ့ ပတ်သက်နေရင်တမျိုးပေါ့ဗျာ ။ အရပ်ထဲအကြွေးတောင်းမရတာမျိုးကို ကျနော်ဘယ်လိုကူညီရမလဲ ။ ရာထူးတိုးမပါတာ ဘယ်လိုကူညီရမလဲ ။ ခက်လှပါတယ်ခင်ဗျ ။ 

       မီးစိမ်းနေတယ် ပြန်မပြောဘူး မလုပ်နဲ့ဗျ စာရေး စာဖတ်နေရင်လည်း ကျနော် မပြောနိုင်ဘူးဗျ ။ လာသမျှ ပြောနေရင်လည်း အခြားအလုပ် လုပ်ချိန်မရှိတော့ဘူးဗျ ။ ဒါကြောင့် အခြေအနေအရ အားလုံးကို တုန့်ပြန်မှု မပေးနိုင်တာဖြစ်ပါတယ် ။ 

၄ ။ အခုဆို ကျနော်ရေးမယ့် အပိုင်း ၂ ကို စောင့်နေကြတာ သိပါတယ် ။ ကျနော်တို့က ဒါမျိုးရေးမယ်ဆိုရင် ပထမဆုံး လူကြီးတွေဆီ သတင်းပေးလေ့ရှိပါတယ် ။ စိတ်ဝင်စားတယ် မှန်ကန်တယ်ဆိုရင် အက်ရှင်ယူဖို့ အချိန်ပေးရပါတယ် ။ မဟုတ်ရင် ပြေးကုန်မှာပေါ့ဗျာ ။ 

         သတိပေးသလို ဖြစ်မှာစိုးရိမ်ရလို့ အချိန်ဆွဲနေတာပါ ကျနော် ညနေပိုင်း တင်ပါ့မယ် ။ ပြေးတာ မပြေးတာ ကျနော့်အလုပ်မဟုတ်တော့ပါဘူး ။ 

      ကျနော်ရှင်းပြချင်လေးတွေကို ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ။ ကျနော့် ပို့စ် တွေကို အားလုံးဖြစ်စေ ၊ တစိတ်တပိုင်းဖြစ်စေ ခရက်ဒစ်မလိုပဲ (စာအုပ်ထုတ်ခြင်းမှအပ) လွတ်လပ်စွာ အသုံးနိုင်ပါတယ် ။ 

      ကိုရွှေမျိုးဝင်း

Saturday, July 23, 2022

ယိုင်ရုံမက ပြိုနေပြီလား (1)



         မနေ့က ကျနော့်ရဲ့ နိုင်ငံကျော်မိတ်ဆွေကြီးတယောက်ဆီက ဖုန်းဝင်လာပါတယ် ။ တွေ့ချင်တယ်တဲ့ ။ ဒီတော့ မာနကြီးတဲ့ ကျနော်ကလည်း ခပ်ရှင်းရှင်းပဲပြောလိုက်တယ် ထမင်းကျွေးရင် တွေ့ကြမယ်လို့ ပေါ့ ။

        ဒီလိုနဲ့ ချိန်းတဲ့နေရာ ကျနော်အရင်ရောက်ပါတယ် ။ ချိန်းတာကတော့ ခပ်တည်တည်နဲ့ ဟိုတယ်တလုံးမှာ ချိန်းတာပါပဲ ။ ခက်ပါ့ဗျာ အဲဒီဟိုတယ်မှာ တည်းတာမဟုတ်ဖူးဗျို့ လူရှိန်အောင် လုပ်ပြရတဲ့ အကွက်ဗျ ။ ဟိုတယ်ရှေ့က အရိပ်အောက်မှာကနေ စောင့်နေတာလေ ။

        ဖုန်းဝင်လာပြီး နိုင်ငံကျော်ကြီးဆီက ကျနော်တို့ ×××× ကား ခဲရောင်နဲ့ ရောက်ပြီတဲ့ ။ လှမ်းကြည့်တော့ သူပြောတဲ့အမျိုးအစားနဲ့ ကား ခဲရောင်လေးကို ဟိုတယ်နဲ့မျက်စောင်းထိုး လမ်းတဖက်ခြမ်းမှာတွေ့ပါရော ။ 

      ဒါနဲ့ ကျီးကန်းတောင်းမှောက် ကားအသွားအလာကြည့်ပြီး ဖျက်ကနဲပြေးကူးလိုက်တယ် ။ ဘာမှပြောမနေဘူး နောက်ခန်း ကားတံခါး ဆွဲဖွင့်လိုက်တယ် ။ လော့ချထားလေရဲ့ ။ ဒီလောက်ညံ့ရမလားဆိုပြီး ရှေ့ခန်းကို မှန်ခေါက် ကြည့်လိုက်တော့ ကောင်မလေး နှစ်ယောက် ကြုံ့ကြုံ့လေးထိုင်ပြီး မျက်လုံးပြူးလေးတွေနဲ့ မော့ကြည့်နေလေရဲ့ ။

      နောက်ခန်းထဲမှာလည်း မိန်းကလေးတွေ ။ အားလုံးက ကျနော့်ကို ပြူးကြောင်ကြောင်လေးတွေကြည့်ပြီး ကြောက်နေကြလေရဲ့ ။ ဥပတိရုပ်က ခန့်ညားလို့တော်သေးတယ် ။ မဟုတ်ရင် ထအော်မယ့်သဘောရှိတယ်ဗျ ။

       ဘာလဲဟလို့ တွေးနေတုန်း လမ်းတဖက်ခြမ်းက ခဲရောင်ကားလေးထဲကနေ ဟေး ဟူး နဲ့ လက်ခုပ်သံတွေပေးခေါ်နေလေရဲ့ ။ လှည့်ကြည့်တော့ နိုင်ငံကျော်ကြီးနဲ့ လူနှစ်ယောက် အော်ခေါ်နေလေရဲ့ ။ 

      သြော် သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင် ကားအမျိုးအစားတူ အရောင်တူဖြစ်နေတာကိုးဗျ ။ ဒီတော့မှ စပ်ဖြဲဖြဲနဲ့ ရီပြ လက်ပြပြီး ဟိုဖက်လမ်းပြန်ကူးပြေးခဲ့ရပါတယ် ။ 

       အဲဒီ သုံးယောက်နဲ့ စားသောက်ဆိုင်သွားတယ် ။ ပါးဖြဲနားဖြဲ စားသောက်ဖို့ မှာနေတုန်း သူတို့ဆီကို လူတယောက်ဆီက ဖုန်းဝင်လာလို့ ဆိုင်နေရာလမ်းညွှန်နေလေရဲ့ ။ 

        ကျနော်စိတ်ဝင်စားမယ့်ကိစ္စပြောပြချင်လို့ပါတဲ့ ။ သာမန်အားဖြင့်တော့ ဒါမျိုးဆို ကျနော်ကိုယ်တိုင်သွားမတွေ့ပါဘူး ။ နိုင်ငံကျော်မိတ်ဆွေကြီးပါနေလို့သာ တွေ့ရဲတာပါ ။ 

      စားရင်းသောက်ရင်း သူတို့ပြောပြတဲ့ အကြောင်းအရာတွေ ၊ ပြပေးတဲ့ သက်သေခံ စာရွက်စာတမ်းတွေ နဲ့ အတူ အသံဖိုင်တွေ ရဲ့ မှတ်တမ်းတွေအရ ကျနော်တုန်လှုပ်ဒေါသထွက်ရတဲ့ ပြစ်မှုကြီးတခုကို ရုပ်လုံးဖော်မိလာပါတယ် ။ 

       စာရွက်စာတမ်းသက်သေတွေ မိတ္တူယူလာပြီး ည တွင်းချင်း ဖြစ်စဥ်အကျဥ်းကို ပြန်ချုပ်ရေးပါတယ် ။ ပြီးတာနဲ့ သက်ဆိုင်ရာ အကြီးအကဲထံသို့ ချက်ခြင်း သတင်းပေးပို့တိုင်ကြားလိုက်ပါတယ် ။ 

       ဒီကိစ္စကြီးသည် ကျနော်တို့လို ပြည်သူတွေပါ သိသင့်သိထိုက်သော ကိစ္စရပ်ကြီးအဖြစ် ရှုမြင်မိပါသဖြင့် ကျနော် မိတ်ဆွေတွေ ဖတ်နိုင်စေရန် ပို့စ် တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 

        တရက်တော့ စောင့်ပေးကြပါ ။ မနက်ဖြန် အပိုင်း (၂) တင်ပေးပါမယ် ။ ကျနော်ရေးခဲ့တဲ့ ပက်စပို့ရုံးပြဿနာ အပါအဝင် အခြား ချစားမှုတွေဟာ ဒီပြဿနာကြီးနဲ့ နှိုင်းယှဥ်ရင် ကလေးကစားစရာအဆင့် အမျိုးသားသစ္စာဖောက် နိုင်ငံတော် လိမ်လည်မှုကြီးဖြစ်နေပါပြီ ။ 

       မနက်ဖြန် အကြောင်းစုံကို ဇာတ်သိမ်းအဖြစ် တင်ပြပေးပါ့မယ် ။ 

      အလုပ်များနေလို့ မိတ်ဆွေတွေရဲ့ မန့်များအပေါ် like ပြန်မပေးနိုင်သေးပေမယ့် ကျနော်အားလုံးကို လေးလေးစားစားဖတ်ပါတယ် ။ like ပေးရင် ဖုန်းက လေးနေလို့ တယောက်ပေးပြီး ၁၀ စက္ကန့်လောက်ကြာမှ ရွှေ့လို့ရတဲ့အတွက် နားလည်ပေးကြပါခင်ဗျ ။ 

      ကိုရွှေမျိုးဝင်း

(တင်ပြပေးမယ့် ပို့စ်ကိုဖတ်မိတဲ့ လူကြီးမင်းတွေ ဒီလို မမြင်ကြဖို့ပဲ ဆုတောင်းထားကြပေတော့ဗျာ)

Friday, July 22, 2022

ရိုးသားမှု ၊ ယုံကြည်မှု နဲ့ ချော်လဲရောထိုင်



          မနက်က ကျနော် သရော်စာတပုဒ်တင်လိုက်မိပါတယ် ။ တင်ပြီးတော့ အလုပ်များနေတာနဲ့ ပြန်မကြည့်မိတော့ဘူး ။ ကြည့်မိတဲ့အချိန်မှာ မန့်တွေအရ ကိုယ့် fri တွေရဲ့ ဗဟုသုတ ရေချိန်ကို သိလိုက်ရပါတယ် 😁😁😁

        တပ်ချုပ်ကြီးမှာ သားတဦးပဲ ရှိတာပါ ။ အကြီးတွေ အငယ်တွေမရှိပါဘူး OK ။ ပြည်သူတွေက ကိုယံစားဝတ်နေရေးနဲ့ကို လုံးပမ်းအချိန်ကုန်နေကြရတာတချက် ၊ ရိုးသားတဲ့ ဘဝဖြတ်သန်းမှုအရ သိရှိရန်မလိုအပ်တဲ့ ဗဟုသုတကို မလေ့လာမိတာတချက်ကြောင့် မသိကြတာလည်း အပြစ်ဆိုဖွယ်မရှိပါဘူး ။

         နောက်ပြီး ကျနော့်အပေါ် အံ့သြစရာကောင်းအောင် ယုံကြည်မှုထားနေတဲ့ အချက် ။  မျက်ရည်လည်းဝိုင်းမိအောင် ဝမ်းသာကြည်နူးမိပါတယ် ။ ဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ။ 

        ကျနော်ရေးခဲ့တဲ့ သရော်စာ ပို့စ် အပေါ်အမှီပြုပြီး ဟုတ်သယောင်ယောင်နဲ့ မဏ္ဍပ်တိုင်တက်ပြနေတဲ့ ပို့စ် ကို အခုမှ တွေ့မိပြီး အံ့သြသွားရပါတယ် ။ ချော်လဲရောထိုင် ဆိုတဲ့ စကားပုံကို မျက်ဝါးထင်ထင်တွေ့လိုက်ပါတယ် ။

       သူဘာလဲဆိုတာ  ပြောပြဖို့ သရော်စာတင်မိတဲ့ ကျနော့်မှာ တာဝန်ရှိလာပြီ ။ သူဘာလဲဆိုတာကို ဆယ်လီ ဟန်ငြိမ်းဦးကတော့ ဒီလို ပြောထားပါတယ် ။ စရဖလဲ မမေးပါနဲ့ ၊ စစ်ရုံးလည်းမမေးပါနဲ့ စရိတ်ကုန် ဇလုံပွန်းပြီး ကျနော့်ကို မေတ္တာပို့နေမှာစိုးလို့ပါ ။ 

         ကိုရွှေမျိုးဝင်း

(မျိုးဝင်းကြောက်ပြနေရင် သရော်စာလို့သာ မှတ်ထားဗျ ကျုပ်ဘယ်သူ့မှ မကြောက်တတ်ဘူး )

မင်းသားကြီး များသို့😂😂



          ကျနော် မင်းသားကြီးလို့ ရည်ညွှန်းပြီး ခေါ်ခဲ့တဲ့ နိုင်ငံသိ မင်းသားအစစ် ။

           မင်းသားကြီးလို့ မိမိကိုယ့်ကိုရည်ညွှန်းပြီး fb ACC ပရိုဖိုင်ဖွင့်ထားတဲ့ တပ်ချုပ်ကြီးရဲ့သားကြီး (သူ့ကိုယ်သူ ပြောနေသူ) ။

         တချိန်က အကောင့်တွေကုန်ကောင် အပိတ်ခံရချိန်မှာ မင်းသားကြီးဆိုတဲ့ ACC ကို ကျနော့်အားပေးပြီး ရေးစေခဲ့တဲ့ အတွက် ဘာမှ မဟုတ်တဲ့ မျိုးဝင်းလည်း မင်းသားကြီး ဖြစ်ခဲ့ဖူးပါတယ် ဗျ ။ အပေါ့မတွက်နဲ့နော်😁😁😁   

         သို့သော် နိုင်ငံကျော်မင်းသားအစစ် မင်းသားကြီး နဲ့ တပ်ချုပ်ကြီးရဲ့သားကြီး မင်းသားကြီးတို့ နဲ့ ယှဥ်ကြည့်တော့ မျက်နှာငယ်ရတဲ့ မင်းသားကြီးအတုပေါ့ဗျာ ။ ဒါပေမယ့် fb မှာ နာမည်လေးကြီးချင်တော့ ဒီလိုပဲ ကပ်ရပ် ကြံဖန် ဘေးတွဲရတာပေါ့လေ ဒါလေးကိုတော့ မင်းသားကြီးအစစ်နှစ်ယောက် နားလည်ပေးကြပါခင်ဗျ ။ 

         ဒီလို စကားပလ္လင်ခံရတာက fb စာမျက်နှာမှာ အဆိုပါ မင်းသားကြီးနှစ်လက် တိုက်ပွဲဖြစ်နေကြတာတွေ့ရလို့ပါပဲ ။ ဒီတိုက်ပဲဲကြားထဲမှာ ကျနော်အမည်ကို ရည်ညွှန်းပြီး တပ်ချုပ်ကြီးရဲ့သားကြီးက ( ဟုတ်မဟုတ် တော့ မသိ) လမ်းညွှန်ဆုံးမထားတာ တွေ့ရလို့ ဒီ ပို့စ် လေး ရေးမိတာပါ ။ 

        မင်းသားကြီးအစစ် ပြဿနာတက်နေတယ် ကြားပေမယ့် ဘေလ်မရှိလို့ သူ live လွှင့်တာ မကြည့်နိုင်ပါဘူးဗျာ ။ နောက်မှ အကြံပေါက်ပြီး မဖြစ်ဖြစ်အောင် ကြံဖန်ဘေလ်ဖိုးရှာ နားထောင်ရသပေါ့လေ ။ 

        ထင်တဲ့အတိုင်းအကွက်တွေ့ရလေပါပြီ ။ ဒီတော့ လူထုအနေနဲ့ မင်းသားကြီးရဲ့ live ကို ငါကဲ့သို့ ဘေလ်ဖိုးကုန်မှာစိုးပြီး မကြည့်ရသူတွေ များနေမှာပဲလို့ တွေးမိပြီး မိမိသဘောပေါက်သလောက်လေး ဆရာကြီးလုပ်ပြီး ပို့စ် တင်မိပါရောဗျ ။

      နောက်ပြီးစဥ်းစားမိတယ် အင်း...မင်းသားကြီးလို သူဌေးတယောက် အပေါင်းအသင်းစုံသူတယောက် ဖြေရှင်းရခက်နေတာ ပြဿနာရှာသူရဲ့ နောက်ကွယ်က အကောင်ကြီးကြီး ရှိနေလို့ပဲ နေမှာဆိုပြီး ရမ်းတုတ်ကာ ပို့စ် တပုဒ် ထပ်တင်လိုက်ပါတယ် ။ 

( ကျနော့်ကို တပ်ချုပ်ကြီးရဲ့သားကြီးက မင်းသတ္တိရှိရင် အမည်တပ်ရေးလို့ ဝေဖန်ထောက်ပြတာ အဲလို ရမ်းတုတ်လို့ခင်ဗျ ။ ကျေးဇူးတင်တယ်ဗျာ တပ်ချုပ်ကြီးရဲ့ သားကြီးဖြစ်နေပြီး ပမွှား ငမျိုးဝင်းကို ဆွဲစေ့မသွားပဲ အခုလို သတိပေးရုံ ပေးခဲ့တာကိုပါ)

      အမှန်က မင်းသားအစစ်ကြီးရဲ့ အမှုက တလကျော်နေပြီဗျ ။ ညီလေး ကျော်စွာ ညီလေးဟန်ငြိမ်းဦး ကိုဝင်းမော် (ရွှေသံစဥ်)  တို့ အပါအဝင် မျိုးချစ် ညီအကိုမောင်နှမတွေ ကြိုးစားနေတာ ကြာခဲ့ပါပြီကောခင်ဗျာ ။ 

       သို့သော် မြန်မာပြည်ရဲ့ တည်ဆဲဥပဒေများအရ အချိန်ယူဆောင်ရွက်နေလို့ ကြာမြင့်ချိန်မှာ ကျနော်က နှမ်းဖြူးခဲ့တာပါခင်ဗျာ ။ 

        ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို 

- ရှေ့က အားထုတ်ဝန်းရံပေးခဲ့ကြတဲ့ မျိုးချစ်တွေရဲ့ စုပေါင်းအားထုတ်ဝန်းရံမှု   

- မင်းသား​ကြီး (အစစ်) ရဲ့ ရိုးသားမှန်ကန်တဲ့ ဖြေရှင်းမှု

- နစက ရဲ့ ဥပဒေနဲ့ အညီ ဖော်ထုတ်အရေးယူဆောင်ရွက်မှု

       တွေကြောင့် အဖြစ်မှန်ကို ပြန်လည်စစ်ဆေးချိန်နဲ့ တိုက်ဆိုင်သွားခဲ့ရပါတယ်ခင်ဗျ ။ 

       ဒါကိုပဲ တချိူ့ကလည်း ကျနော်ရေးမှပဲ အဖြစ်မှန်ပေါ်သလိုလို ဘာလိုလိုနဲ့ ပြောကြတာပေါ့လေ ။ ကျနော်လည်း ငါတော့ အချောင်နာမည်ကြီးပြီကွဆိုပြီး မှိန်းနေတာပေါ့ ။ 

       ဒါပေမယ့် အခုချိန်ကျတော့မှ တကယ့်မင်းသားကြီးနှစ်ယောက်ကြား ညှပ်သလိုဖြစ်နေပြီဆိုတာ သိလိုက်ရလို့ မင်းသားကြီးအတုကျနော် အိပ်မပျော်တော့ဘူးခင်ဗျ ။ 

       ကျနော်က နိုင်ငံကျော် မင်းသားအစစ်ကို မကြောက်ဖူးဗျ ။ သူက လူမိုက်လို့ဆိုနိုင်ပေမယ့် ကျနော့်ကို ဒုက္ခပေးမှာမဟုတ်ဖူးဆိုတာ သေချာတယ်ဗျ ။ ဘာကြောင့်လဲဆိုတော့ သူတောင် ယောင်တောင်တောင်နဲ့ ကျေးဇူးပါကိုမျိုးဝင်းရယ် ဘာညာနဲ့ ခေါင်းစဥ်တပ်ပြီး ကျနော့်ပို့စ် ရှယ်ထားတာ တွေ့ရတာကိုးဗျ ။

       ကျနော်တကယ်ကြောက်တာ တပ်ချုပ်ကြီးရဲ့သားကြီးကို ကြောက်တာပါခင်ဗျ ။ သူ့ဆီမှာ တိုင်းပြည်အတွက် အသက်ပေးရဲတဲ့ မျိုးချစ်လူငယ်တွေ စုစည်းပြီး တနိုင်ငံလုံး ပတ်သွား စောင့်ရှောက်နေသတဲ့ ။ 
(စစ်ကိုင်းတိုင်းက ပြည်သူတွေ စိတ်ချမ်းသာပေတော့ တပ်ချုပ်ကြီးရဲ့ သားကြီးကိုယ်တိုင် သူ့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ကြီးနဲ့ ချီတက်လာပါလိမ့်မယ်)

      နောက်ပြီး သူက လက်ရှိတပ်ချုပ်ကြီးရဲ့ အချစ်ဆုံးသားကြီးဆိုတော့ကား တပ်မတော် ဗိုလ်ချုပ်ကြီးတွေက သူ့မျက်နှာသာပေးတာ ခံချင်လို့ ကျနော်လို ကျောထောက်နောက်ခံမရှိတဲ့ အညတရလေးကို အမှုံ့ချေလိုက်ရင် မချိမဆန့် ခံရမှာကိုးဗျ ။ 

( တပ်ချုပ်ကြီးရဲ့ အချစ်ဆုံးသားကြီးကတော့ အဲသလို မလုပ်လောက်ပါဘူးလေ သူက နိုင်ငံသိ ဆယ်တစ်လီကိုး ဗျ)  

       ကျနော်ပြောချင်တာက မင်းသားကြီး အစစ်တွေဖြစ်တဲ့ လူကြီးမင်းတို့ နှစ်ယောက်အနေနဲ့ တချိန်က မင်းသားကြီးအတုလေး မျိုးဝင်းကို သက်ညှာပေးဖို့ပါပဲ ခင်ဗျ ။ 

       ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးတောင် မာန်နတ်က ဒုက္ခပေးလို့ ဘဝတသိန်းက တူဝရီး တော်ခဲ့ဖူးတာ သတိပေးပြီး ဆွေမျိုးစပ်ပြေငြိမ်းခဲ့ရသလို တချိန်က မင်းသားကြီးအတု မျိုးဝင်းကိုလည်း ပြေငြိမ်းပေးပါခင်ဗျ ။ 

         ကိုရွှေမျိုးဝင်း

( တခါတလေ ဒီလိုမျိုးလေး အတွေးဝင်မိတာကို နားလည်နိုင်ပါစေဗျာ)

Thursday, July 21, 2022

မိုးကြိုးပစ်သံ



        မနေ့က ဗဟန်းရဲစခန်းထဲ မိုးကြိုးပစ်သွားတာ အတော်အသံကျယ်တယ်ဗျ ၊ အနားကလူတွေ သိကောသိလိုက်ကြရလား...? 

         သိကြားမင်းကြီး ဒီတခါတော့ လက်တည့်သားဗျ ။

        ကိုရွှေမျိုးဝင်း               

(စားတာ သောက်တာလည်း ကြည့်စား ကြည့်သောက်စမ်းပါ ၊ လူမြင်မကောင်း အငမ်းမရ မချိမဆန့် ဖြစ်နေတာ အမြင်ကပ်စရာကြီး)

Wednesday, July 20, 2022

ပက်စပို့ရုံး အက်ရှင်


         လူပြောသူပြောများလှတဲ့ ပက်စပို့ရုံး ကိစ္စ လှုပ်ခတ်အက်ရှင်ယူကြပုံကို သတင်းပေးတင်ပြချင်ပါတယ် ။ 

        ကျနော်တို့ ဆိုရှယ်မီဒီယာတွေကနေ ဝိုင်းအော်ကြတော့ CID က ဆင်းလာပြီး ပွဲစားတွေ အပြုံလိုက်ဖမ်းကြပါတယ် ။ 

       အဲဒီထဲက နာမည်ကြီး မြင့်သန်းကတော့ ထွက်ပြေးသွားပါတယ် ။ အေးဂျင့် ဒေါ်သန္တာနဲ့ ပတ်သက်ပြီး လူသွင်းပေးကာ အကြံအဖန်လုပ်နေတဲ့ ရဲအုပ်သိန်းဖော်ထွန်း နဲ့ အဖွဲ့ကို ဖမ်းထားပြီး ဗဟန်းရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ပါတယ် ။ 

      ဖမ်းဆီးထားတဲ့ ရဲအုပ် ဥာဏ်လင်းထွန်းဟာ ဒေါ်သန္တာရဲ့ ခင်ပွန်း ဖြစ်ပါတယ် ။ ရဲတပ်ရင်းက အရာရှိလည်း ပါဝင်နေပါတယ် ။ 

        အဲဒီလိုဖမ်းဆီးမှုမှာ ရဲမှူးဦးအောင်နိုင်ဦးကပဲ ဦးဆောင်ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်ပါတယ် ။ ဦးအောင်နိုင်ဦးဟာ လူသွင်းပြီး လာဘ်ယူနေသူလို့ ပြင်ပက သိထားတဲ့ နာမည်ကြီးတယောက်ပါပဲ ။ 

       ဖြစ်စဥ်မှန်ကို လေ့လာကြည့်တော့ ဒေါ်သန္တာနဲ့ လာဘ်စားတဲ့ ရဲတွေဟာ အပေါက်ဝကနေ စီစစ်လူသွင်းပေးတဲ့ ဦးအောင်နိုင်ဦးကို မုန်းတီးကြပါတယ် ။ ဒီလိုစီစစ်နေတဲ့အတွက် စိတ်တိုင်းကျ လူသွင်း လုပ်စားမရတော့ နာမည်ဖျက်ပြီး ဦးအောင်နိုင်ဦးအတွက် ပေးနေရဟန် သတင်းလွှင့်ပါတယ် ။ 

       သူ့ကို လက်ညှိုးထိုး​ပြပြီး လုပ်စားနေတာ ပွဲစားတွေသာမက သူ့အောက်က တပည့်တွေပါ ပါနေလေတော့ ပြင်ပက သာမန်အရပ်သားတွေကတော့ အဖြစ်မှန် မသိနိုင်ကြတော့ပါဘူး ။ 

         CID ကနေ စုံခုံနဲ့ အကြိမ်ကြိမ်စစ်ဆေးပေမယ့် လူမှန်ဖြစ်တဲ့ အတွက် ပြဿနာမတက်ခဲ့ပါဘူး ။ 

       20-6-2022 မှာ လူတယောက်က ပက်စပို့လုပ်ခ တဦး ၂၅၀၀၀၀ိ / နှုံးနဲ့ လူပေါင်း ၂၅ ဦးအားလိမ်သွားပါတယ် ။ နောက် 26-6-2022 နေ့မှာပဲ အဆိုပါလူလိမ်က လူပေါင်း ၁၆ ဦးကို တဦး ၂၅၀၀၀၀ိ/ နှုံးနဲ့ ထပ်လိမ်ပြန်ပါတယ် ။ ဆရာစံပန်းခြံမှာ အဲဒီလူလိမ် ဟိန်းဇေယျာကျော်၊ ၂၂ နှစ်(ဘ)ဦးကျော်မြင့်စိုးကိုဖမ်းဆီးရမိအောင် ဦးအောင်နိုင်ဦးတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ် ။ 

        ယခုရက်ပိုင်းမှာတော့ မိတ္တူဆိုင်တွေကို လိုက်လံစစ်ဆေးနေပါတယ် ။ လူလိမ်တွေကို ဆက်လက်ဖမ်းဆီးနေပါတယ် ။ 18-7-2022 မှာ တရားဝင်အေးဂျင့်နဲ့ ချိတ်ဆက်ပြီး လူတဦး ၃၄၀၀၀၀ိ / နဲ့ လိမ်လည်ဖို့ ဆောင်ရွက်နေတာ ဖမ်းမိပြီး ငွေကြေးတွေ မဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြပါတယ် ။ 

       ပက်စပို့ရုံးမှာ လုပ်စားနေတဲ့ ဒလ လူမိုက်အဖွဲ့ကိုလည်း ရှင်းလင်းရေးဆောင်ရွက်နေ​ကြပါတယ် ။ 

       ဒီလိုဆောင်ရွက်နေမှုများကြောင့် ဦးအောင်နိုင်ဦးအပေါ် လူလိမ်ပွဲစားများ ၊ မသမာသူဝန်ထမ်းများက အလွန်မုန်းတီးကြပါတယ် ။ ဒါကြောင့် သူ့အပေါ်အမျိုးမျိုး လုပ်ကြံတိုင်တောနေကြတယ်လို့ ကြားသိရပါတယ် ။ 

       ဒီလို လုပ်ကြံတိုင်ကြရာမှာ ကျနော်ရေးဖူးတဲ့ ပက်စပို့ရုံးရဲ့ လာဘ်စားမှုပို့စ်ကို ကိုးကားနေကြတယ်လို့လည်း သိရပါတယ် ။
ကျနော်ရေးသားစဥ်က သူ့လက်ထောက်ရဲအုပ်ကိုယ်တိုင် သူ့ဆရာရဲမှူးဦးအောင်နိုင်ဦးကို လက်ညှိုးထိုး လုပ်စားနေခြင်း မသိပဲ ရေးခဲ့ခြင်းဖြစ်ပါတယ် ။ 

( ငွေပေးရခြင်းဟာ ​ဖြစ်စဥ်မှန်နေပြီး အတွင်းသစ္စာဖောက် လက်အောက်ငယ်သားကိုယ်တိုင် နာမည်ဖျက်နေတာတော့ မသိနိုင်ပါဘူး ။ ဒါကြောင့်လည်း စုံစမ်းစစ်မေးကြဖို့ တင်ပြခဲ့ရတဲ့ ပို့စ်အတွက် အပြစ်မရှိတဲ့ ရဲမှူးဦးအောင်ဦးကြားညှပ်နေရတာ စိတ်မကောင်းပါဘူး)

      ရဲမှူးဦးအောင်နိုင်ဦးသည် လူမှန်တဦးပါလို့ ဆက်နွယ်ပြောကြားလာသော မိတ်ဆွေများကြောင့် စုံစမ်းကြည့်ရာ ပြောသကဲ့သို့ မှန်နေတာတွေ့ရပါတယ် ။ 

      ဒါတွေကလည်း ဒီလိုမျိုး လိုင်းပေါ် တက်အော်လို့သာ အဖြစ်မှန်များပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ။ ယခုဆိုရင် ပက်စပို့ကိစ္စကို မိမိဘာသာဆောင်ရွက်ဖို့ ကောင်းပါပြီ ။ ပွဲစားအားကိုးပြီး ဆက်လုပ်နေကြရင်ဖြင့် ငွေကုန်ကြေးကျများပြားနေအုံးမှာပါပဲ ။ 

        ပွဲစားများဆက်သွယ်လာပါကလည်း ရဲမှူးအောင်နိုင်ဦးထံ တိုင်ကြားဖမ်းဆီးခိုင်းကြပါ က ပက်စပို့ရုံးရဲ့ မတော်မတရားမှုများ ပပျောက်သွားပါလိမ့်မယ် ။

          ဒီ ပက်စပို့ရုံးဖြစ်စဥ်ကနေ ကျနော်တို့ သိရတာကတော့ နစက အနေနဲ့ ပြည်သူ့အော်သံကို နားစွင့်ပြီး ဆောင်ရွက်နိုင်စွမ်းရှိသော ကိစ္စရပ်များအပေါ် ဆောင်ရွက်နေကြောင်း သိရှိရသကဲ့သို့ အပြစ်ရှိသူကို အရေးယူပြီး အပြစ်ကင်းသူကိုလည်း အရေးမယူကြောင်း သိရှိခွင့်ရလိုက်ပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(တချို့ပြဿနာတွေက လှေနံဒါးထစ်မှတ်ထာ
းပြီး လမ်းပြရုံနဲ့ အမြဲမမှန်နိုင်ပါဘူး)

Monday, July 18, 2022

ဟန့် စစ်



        ယခု ယာယီသမ္မ ဦးမြင့်ဆွေတိုင်းမှူးဘဝတုန်းက ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိလစာက ၁၅၀၀၀၀ိ ဝန်းကျင်ပေါ့ ။ အဲဒီ အချိန်က ကားတစီး သိန်းတထောင် ဝန်းကျင် ဖုန်းတလုံး သိန်း ၅၀ လောက်တန်တဲ့အချိန် ။ 

         စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေး ဘာတခုမှ ဆက်နွယ်ပတ်သက်ခြင်းမရှိတဲ့ လူရွယ်လူချမ်းသာတဦးက တိုင်းမှူးအဆင့်ကို ဖားယားပြီး ဘာလက်ဆောင်မှ မပေးခဲ့ပေမယ့် အဆိုပါ လစာနည်း လုပ်ပိုင်ခွင့်နည်းပါးလှတဲ့ ဗိုလ်ကြီးအဆင့်တွေကို ကားတစီးစီ နဲ့ ဖုန်းတလုံးစီ ပေးထားတယ် ။ 

        ဖုန်းက တာဝန်ချိန်မှာ သတင်းစီးဆင်းမှု မြန်ဆန်ဖို့ အထောက်အကူပြုစေဖို့ နဲ့ ကားကတော့ သွားရေးလာရေးအတွက် လွယ်ကူစေဖို့ ကူညီပေးခဲ့တာပါ ။ ဒီလိုလုပ်ပေးတာ စီးပွားရေးနဲ့လုံးဝမပတ်သပ်ပဲ တမင်ကို တပ်မတော်အပေါ် ချစ်ခင်လေးစားစိတ်နဲ့ အရာရှိငယ်တွေကို ကူညီတာပါ ။   

        သူ့တပည့် အရာရှိငယ်တွေ ကားတွေ ဖုန်းတွေနဲ့မို့ မေးကြည့်တော့ အကြောင်းစုံသိသွားပြီး လူရွယ်သူဌေးကို တိုင်းမှူးကခေါ်ပြောတယ် ။ မင်းပေးမထားနဲ့နော် ငါ့တပည့်တွေက ဆိုးတယ် မင်းကားတွေကို တိုက်မိလိုက်မယ် တဲ့ ။ 

      သူပြောသလိုပါပဲ တိုက်မိကြတာပေါ့ ။ အကိုရေ ဘယ်နားမှာ ကားတိုက်မိလို့ ထားခဲ့တယ် ပြင်ပေးပါအုံး ဆိုလည်း အပြုံးမပျက် သွားယူပြီး ပြင်ပေးခဲ့တာပါပဲ ။ 

       အဲဒီထဲမှာ လူရွယ်သူ​ဌေး မပေးခဲ့တဲ့ အရာရှိတယောက်ရှိပါတယ် ။ သူ့ငယ်သူငယ်ချင်း အကြောင်းသိ အရာရှိတယောက်ကိုပေါ့ ။ အဲဒီအရာရှိက လူရွယ်သူဌေးရဲ့ အသိ သူဌေးတယောက်ရဲ့ သမက်ဆိုတော့ ပြည့်စုံသူအဖြစ် သတ်မှတ်ပြီး မပေးခဲ့တာပါပဲ ။ 

          အဲဒီလိုနဲ့ လူရွယ်သူဌေးလည်း မေ့မေ့ပျောက်ပျောက်နေခဲ့ပေမယ့် အစောက သူဌေးသမက် အရာရှိကတော့ တပ်မတော်ရဲ့ အရေးကြီးတဲ့ ထိပ်ပိုင်းရာထူးရလာချိန်ထိ မေ့နိုင်ဟန်မတူပါဘူး ။ 

        အဲဒီ လူရွယ်သူဌေးကတော့ မင်းသားကြီး မင်းအုပ်စိုးပါပဲ ။ ယနေ့ ဖြစ်ပေါ်နေတဲ့ လုပ်ကြံဇတ်ခင်းပြီး မင်းသားကြီးအပေါ် အကောက်ကြံအမှုဆင် တရားစွဲခြင်း ကိစ္စအတွက် နောက်ကွယ်က လက်မည်းကြီးကတော့ အထက်က သူဌေးသမက် တပ်မတော်အရာရှိပဲ ဖြစ်ပါတယ် ။

      ရဲစခန်းမှာ အမှုလာဖွင့်တော့ အဆိုပါ အရာရှိကြီးရဲ့ PSO ကိုယ်တိုင် ပါလာခဲ့တာ သက်သေတချက် ဖြစ်ပါတယ် ။ နောက်ထပ်သက်သေကတော့ လိူအပ်မှ ထုတ်ဖော်ပါတော့မယ် ။ 

       အထက်ပါဖြစ်စဥ်ကို ပြောပြရတာက သမိုင်းနောက်ကြောင်းအရ ကျနော်တို့ ဘယ်လောက်ထိ စုံစမ်းရမိထားသလဲဆိုတာ ကာယကံရှင် အရာရှိကြီး ရိပ်စားမိအောင် ရေးပြထားတာပါ ။ 

        ယခုကိစ္စအပေါ်မှာလည်း ဖရဲသီးလုပ်ရပ်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးလုပ်ရပ်အဖြစ်သာ ရှုမြင်နေသေး၍ အမည်နဲ့ ရာထူးကို ချန်လှပ်ထားပါတယ် ။ ဒါမှသာ နှစ်ဖင်လုံးအတွက် ဆုတ်သာတက်သာ ဖြစ်ကြရမှာပါ ။ 

        တပ်မတော်ထောက်ခံသူ အမာခံ ကိုကျော်စွာအား အမှုဖွင့်စဥ်က ညှိနှိုင်းပြေလည်ဖူးပါတယ် ။ ယခုလည်း ညှိနှ်ိုင်းပြေလည်စေချင်ပါတယ် ။ ဘယ်သူမှ မနစ်နာစေချင်ပါဘူး ။ 

       ဒီဖြစ်စဥ်ကိုလည်း လူကြီးအသိုင်းအဝိုင်း သိသွားကြပါပြီ ။ အချိန်တန်လို့ ကိုယ့်ဆူးကို မထွင်ခဲ့ရင်တော့ မိမိထိုက်နဲ့ မိမိကံပါပဲ ။ 

        ကျနော် မင်းသားကြီးကို ကတိပေးထားသလို စုံစမ်းမေးမြန်း အသိပေး တင်ပြလိုက်ပါပြီ ။ အမှန်တရားဆိုတာ ရေရှည်ဖုံးကွယ်လို့ မရနိုင်ပါဘူး ။ 

      ယခု ပို့စ် သည် တဖက်ရန်သူအား အိ​ဒ္နြေမပျက် သိက္ခာရှိရှိ ခွယစစ်ဆင်နိုင်ရန် '' ဟန့်စစ်'' သဘော တင်ပြလိုက်တာပါ ။ ကျနော်တို့ တိုက်စစ်အဖြစ် မထိုးနှက်ချင်ပါဘူး ။ အချင်းချင်း အမြန်ဆုံး အချိန်မှီ ပြေလည်ကြပါစေ ။

        ကိုရွှေမျိုးဝင်း

အ​ကောက်​ကြံ​​ခံရခြင်နဲ့ စာနာစိတ်


            ကျနော် အလုပ်များနေတာနဲ့ စာကောင်းကောင်းမဖတ်နိုင်တဲ့ ရက်တွေအတွင်း မျိုးချစ်မင်းသားကြီး မင်းအုပ်စိုး သတင်းတွေ တွေ့မိပေမယ် ခြေခြေမြစ်မြစ် မလေ့လာနိုင်တော့ ဘာတခုမှ မရေးနိုင်ခဲ့ပါဘူး ။

         မနေ့ကမှ မင်းသားကြီးရဲ့ သူ့မိတ်ဆွေတွေများထံ အကြံတောင်းတဲ့ ပို့စ် တက်လာတာတွေ့ရပြီး သူ့ရဲ့ live လွှင့်ထားတာတွေကို ကျကျနန နားထောင်ရင်း ဖြစ်စဥ်ကို နားလည်လာပါတော့တယ် ။

       သူက အပိုင်း ၃ ပိုင်း လွှင့်ထားပါတယ် ။ ၈ မိနစ် ၊ ၂၂ မိနစ် ၊ ၂၃ မိနစ် ကျော်တွေဆိုတော့ ဒေတာစျေးနဲ့ လူအများစု နားထောင်နိုင်ဖို့ ခက်ပါလိမ့်မယ် ။ နားထောင်ပြီးသူများသည်းခံပေးပါ ။ ကျနော် နားလည်သလောက်သေးကို နားမထောင်ရသေးသူများအတွက် ဖြစ်စဥ်အကျဥ်းလေး တင်ပြချင်ပါတယ် ။ 

        မင်းသားကြီးတေးနုယဥ်အမှုနဲ့ ပြစ်ဒဏ်ကျခံနေရစဥ်မှာ ယခု အမှုဖွင့်ထားတဲ့ ခင်မင်ရင်းစွဲရှိပြီးသား ထမင်းဆိုင်ရှင် လင်မယားက ထောင်ဝင်စာလာတွေ့လေ့ရှိပါတယ် ။ 

         တကြိမ်မှာ မင်းသားကြီးရဲ့ ခြံထဲက အဆောက်အဦးကို ဟော်တယ်အဖြစ် ပြင်ဆင်ပြီး ဝင်ငွေရအောင် လုပ်ချင်ပါတယ်လို့ တောင်းဆိုလာသတဲ့ ။ မင်းသားကြီးကလည်း လုပ်ကြလေလို့ဆိုပြီး သဘောတူ စာချုပ်မရှိပဲ လွယ်လွယ်နဲ့ ခွင့်ပြုခဲ့ပါတယ် ။ 

        ပြင်ဆင်စရိတ် သိန်း ၃၁၀၀ ကုန်တယ်ဆိုသော ( သူတို့စာရင်းအရပေါ့လေ) ဟိုတယ်တလုံးဟာ မင်းသားကြီးလက်ရှိနေထိုင်ရာ ခြံခြင်းကပ်ရက်မှာ ပေါ်လာပါတယ် ။

        အားလုံးပြင်ဆင်ပြီးတော့ စာချုပ်အကြမ်းပေးလာတယ် ။ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ အခန်း ၄၀ ပါ ဟော်တယ်အား 
- တလ ၃၀ သိန်း နဲ့ သတ်မှတ်ပါတယ် ။
( ဆယ်နှစ်စာချုပ်ဖြစ်ပြီး ဆယ်နှစ်အတွင်း ငှားရမ်းခတက်လို့မရတော့ဘူး ။)

- ငှားရမ်းခကို တလ တခါပဲ ပေးမယ် ။  

- အကြောင်းအမျိုးမျိုးကြောင့် ဟိုတယ်မဖွင့်နိုင်လျှင် ( ကိုဗစ် ၊ နိုင်ငံရေး) ငှားရမ်းခမပေးချေရန်

- ဆယ်နှစ်ငှားရမ်းပြီးနောက် ဟိုတယ်ပြင်ဆင်စရိတ် နဲ့ ပရိဘောဂအပါ တန်ဖိုး သိန်း ၃၁၀၀ အား ပိုင်ရှင်မှ ရယူနိုင်သည် ။ 

      ဆိုပြီး ရေးထားသတဲ့ ။ မင်းသားကြီးက အဆင်မပြေကြောင်း အကြောင်းပြန်ရာ လောလောဆယ် ပြင်ဆင်ပြီးဖြစ်လို့ ခေတ္တဖွင့်ပြီးမှ ညှိနှိုင်းချုပ်ဆိုပါ့မယ်ဆိုလို့ တလ ၁၅ သိန်း နှုံးနဲ့ ဖွင့်ခိုင်းလိုက်ပါတယ် ။ 

        ပြဿနာဇစ်မြစ်က ရိုးရိုးဟိုတယ်မဟုတ်ပဲ ဖာမွေးထားတဲ့ဖာဘိ ဟိုတယ် ဖြစ်နေတာ အဓိက ပြဿနာပါပဲ ။ ဒီတော့ ခြံခြင်းကပ်နေရတဲ့ မင်းသားကြီးမှာလည်း သမီးရှိနေပြန် ၊ အရပ်ထဲက သမီးပျိုလေးတွေလည်း လမ်းထဲဖြတ်သွားဖို့တောင် ခက်နေရပါပြီ ။ 

        မိန်းကလေး ၁၀ ယောက်လောက်မွေးပြီး ဖောက်သည်ရှာနေတဲ့ ဟိုတယ်နားဆိုတော့ တွေးကြည့်ရင်သိပါလိမ့်မယ် ။ ဒါနဲ့ မင်းသားကြီးက ငှားရမ်းသူ အမျိုးသမီးဆီ ဖုန်းဆက်ပြီး မိန်းကလေးတွေနဲ့ အဲလိုလုပ်မစားပါနဲ့ ရိုးရိုးဟိုတယ်ပဲ လုပ်ပါပြောတော့ အခြေအတင် စကားများကြပါရော ။ 

         နင်ဘယ်မှာလဲမေးတော့ တခြားမှာရှိနေပြီး ဟိုတယ်မှာ မန်နေဂျာပဲ ရှိသတဲ့ ။ မင်းသားကြီးက မူလကတည်းက စိတ်လက်တဆစ်ဆိုတော့ နင်တို့ကို မငှားတော့ဘူး အကုန်နှင်ထုတ်မယ်ဆိုပြီး ရှူးရှူးဒိုင်းဒိုင်းနဲ့ပြောပြီး ဟိုတယ်ဖက် သွားမယ်လုပ်တော့ သူ့ခြံထဲမှာပဲ ရိုက်ကွင်းတည်နေတဲ့ အဖွဲ့သား ၅၀ လောက်နဲ့ သူ့လုံခြုံရေးဖိုက်တာအဖွဲ့က တားမရလို့ အတူလိုက်ဖို့ ကြိုးစားကြတယ် ။ 

       ထောင်ထဲမှာ ဥပဒေကို အရည်ကြိုသောက်လာတဲ့ မင်းသားကြီးလည်း ဖိုက်တာတွေထားခဲ့ပြီး လူယုံ အမျိုးသား ၃ ဦးနဲ့ အတူသွားတယ် ။ တခန်းဝင် တခန်းထွက် ဟိုတယ်ကို မငှားတော့ဘူး ပြန်ထွက်ပေးကြပါလို့ ပြောတယ် ။ 

      အားလုံးလည်း ( ကောင်မလေးတွေရော ပျော်ပါးဖို့လာနေတဲ့ ယောကျာ်းလေးတွေရော) ဘာမှ အထွန့်မတက်ပဲ ပြန်ထွက်ပေးကြပါတယ် ။ ဟိုတယ်အဆောက်အဦး အပြင်ဖက် ( ခြံဝန်းအတွင်း) ရောက်မှ မန်နေဂျာက သူမ ပိုက်ဆံအိတ်ကျန်ခဲ့တယ်ဆိုပြီး ပြန်ဝင်တော့ မဝင်တော့နဲ့ ယူပေးမယ်ဆိုပြီး တားခဲ့တယ် ။ 

       တဖက်ခြံထဲက ရှုတင်ရှိ မိန်းကလေး ၄ ဦးကိုလှမ်းခေါ်ပြီး ကဲ ပိုက်ဆံအိတ်ယူပေးလိုက် အခန်းထဲမှာ မူးရူးပြီးအိပ်နေတဲ့ မိန်းကလေးကျန်အုံးမယ် တခန်းခြင်းဝင်ကြည့်ကြ ယောကျာ်းလေးတွေ ဝင်ရှာရင် မကောင်းကြံခံရနိုင်တယ်ဆိုပြီး မိန်းကလေးတွေကိုပဲ သွားရှာခိုင်းပါတယ် ။ 

      ပိုက်ဆံအိတ်ယူပေးပြီးမှ ဖုန်းတွေကျန်တဲ့သူ ကျန်နေလို့ ထပ်ယူပေးရပါတယ် ။ ကဲ အဖိုးတန်တာဘာကျန်သေးလဲ ဆိုပြီးမေးမြန်း ပြန်လွတ်လိုက်ပါတယ် ။ အဲဒီအချိန်မှာ လူအားလုံးမပြန်ခင်ကို ဗဟန်းရဲစခန်းက ရဲအရာရှိရောက်လာပြီး တွေ့ရှိသွားပါတယ် ။

      နောက်ရဲစခန်းမှာ ဖြေရှင်းကြတယ် ။ အဓိကကျတဲ့ ဟိုတယ်ပြင်ဆင်စရိတ်လျှော်ကြေးဘာညာ ဖြစ်မှာပေါ့လေ ။ ( အသေးစိတ်မပြောထားတော့ မှန်းကြည့်တာပါ) ညှိနှိုင်းကျေနပ်ပြီး ပြန်သွားကြပါတယ် ။ 

      နောက်လေးရက်ကြာတော့မှ        

(၁) ဝင်းမာအေးကို သတ်ပစ်ပါမယ်လို့ခြိမ်းခြောက်ပြီး ဟိုတယ်အတွင်းဝင်သွားခြင်း

(၂) ပိုက်ဆံ ဆယ်သိန်းကို
       ဓားပြတိုက် လုယက်ခဲ့ခြင်း

(၃) ရွှေဆွဲကြိုး သုံးမတ်သားကို
      ဓားပြတိုက် လုယက်ခဲ့ခြင်း

(၄) ဖုန်းလေးလုံးက်ို ဓားပြတ်ိုက် လုယက်ခဲ့ခြင်း

(၅) မိန်းခလေးများကို ကာယံအိန္ဒြေ ပျက်စီးစေအောင် ပြုလုပ်ခဲ့ခြင်း

         ဆိုတဲ့ ပုဒ်မ ၅ မျိုးနဲ့ အမှုဖွင့်တရားစွဲပါတော့တယ် ။ အာမခံပေးမရတဲ့ ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့အတွက် အမှုကို မင်းသားကြီးက အချုပ်ခန်းထဲကနေပဲ ရင်ဆိုင်ရတော့မယ့် အနေအထားမို့ လွတ်လပ်စွာ လှုပ်ရှား​ဖြေရှင်းခွင့်ရနိုင်အတွက် အဖမ်းမခံပဲ ခေတ္တရှောင်တိမ်းပြီး အမှုမှန်အတွက် ကြိုးစားဖြေရှင်းနေရတဲ့ ကာလဖြစ်နေပါတယ် ။ 

      ပုဒ်မများနဲ့ ပတ်သပ်ပြီး ဖြစ်နိုင်ခြေ ရှိမရှိ လော့ဂျစ်ကျကျ အဖြေထုတ်ကြည့်ကြပါစို့ဗျာ ။ 

(၁) ဝင်းမာအေးကို သတ်ပစ်ပါမယ်လို့ခြိမ်းခြောက်ပြီး ဟိုတယ်အတွင်းဝင်သွားခြင်း

(သူနဲ့ဖုန်းပြောပြီး ဟိုတယ်မှာ မရှိမှန်းသိနေသူကို သတ်မယ်လို့ အော်ကြီးဟစ်ကျယ်ပြောပြီး ဝင်သွားရအောင် မင်းသားကြီးက သွပ်သွပ်ခါရူးနေပြီလားလို့ မေးခွန်းထုတ်ရင် NO ဆိုတဲ့ အဖြေပဲ ရပြီး လိမ်ညာထားတာ သိနိုင်ပါတယ်) 

(၂) ပိုက်ဆံ ဆယ်သိန်းကို
       ဓားပြတိုက် လုယက်ခဲ့ခြင်း

(၃) ရွှေဆွဲကြိုး သုံးမတ်သားကို
      ဓားပြတိုက် လုယက်ခဲ့ခြင်း

(၄) ဖုန်းလေးလုံးက်ို
      ဓားပြတ်ိုက် လုယက်ခဲ့ခြင်း

( ဒီ ပုဒ်မ ၃ ခုကို လေ့လာကြည့်ပါ ၊ ငွေ ၁၀ သိန်း ၊ ရွှေဆွဲကြိုး သုံးမတ်သား ၊ ဖုန်းလေးလုံး အားလုံးပေါင်း တန်ကြေး သိန်း ၃၀ ဝန်းကျင်ထားပါ ။ အခု မင်းသားကြီးကိုင်နေတာ IP ဖုန်း ၈ လုံး (fb အတွက်သုံးနေတာပါ) ၊ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ငှားထားနိုင်သူ ၊ အနုပညာသည်တွေ စျေးရောင်းစားနေရတဲ့ အချိန်မှာ ရှုတင်ကို လူ ၅၀ နဲ့ ဇတ်လမ်းရိုက်နေတဲ့ ငွေရှင် ၊ ရတနာဆိုင်ဖွင့်ထားတဲ့သူဌေး ကိုင်း သိန်း ၃၀ လောက် ဒါးမြတိုက်မယ်ထင်နေသေးလား ။ အဖြစ်ကတော့ ဦးတေဇကို သူတောင်းစားက သူ့ခွက်ထဲကပိုက်ဆံလုသွားပါတယ် တိုင်ချက်မျိုးဗျာ ၊ အမှုတည်ဆောက်တဲ့ ရဲ လက်ခံတဲ့ရဲ နဲ့ ဥပဒေအရာရှိများ ဘယ်လိုဥာဏ်ရည်နဲ့ လက်ခံခဲ့သလဲ တွေးမရဘူး ၊၊ ငါတို့တော့ ဂွင်တွေ့ပြီဟတို့ ၊ တပ်မတော်ထောက်ခံတဲ့ မင်းသားဒုက္ခပေးမဟဲ့ ဆိုတဲ့ သန္ဓေယုတ်နဲ့ လက်ခံခဲ့ဟန်ပါပဲ) 

(၅) မိန်းခလေးများကို ကာယံအိန္ဒြေ ပျက်စီးစေအောင် ပြုလုပ်ခဲ့ခြင်း

(အင်း ခက်တော့နေပြီ ဟိုတယ်က စုတ်ပြတ်နေတဲ့ ဖာအဆင့်ကို ထုတ်လုပ်သူ ဒါရိုက်တာ မင်းသားသူဌေးက စိတ်ဝင်စားပါ့မလားဗျာ ဒီလိုခေတ်မှာ မင်းသမီးဖြစ်ချင်လွန်းလို့ ဘာပေးရ ပေးရဆိုတဲ့ အလှပလေး အလန်းစားတွေ သူ့လက်တကမ်းမှာ ရိုက်သတ်လို့ မကုန်ပါဘူးဗျာ)

       ဖြစ်စဥ်အရပဲ ကြည့်ကြည့် ၊ စွဲဆိုထားတဲ့ ပုဒ်မအရပဲကြည့်ကြည့် သဘာဝယုတ္တိကင်းမဲ့လွန်းတဲ့ လုပ်ကြံမှုကို သာမန်လူတွေတောင် သိနိုင်ပါတယ်ဗျာ ။ 

      ကျနော်မင်းသားကြီးနဲ့ fb fri မျှသာဖြစ်ပါတယ် ။ ရင်ဘတ်ခြင်းတူလို့ ( NLD ကို ချီးထက်ရွံပြီး တပ်မတော်ကို အသက်တမျှ လေးစားခြင်း) မိတ်ဆွေဖြစ်နေခြင်းမှ အပ ပြင်ပမှာသိရှိခြင်းမရှိပါဘူး ။ ယုတ်ဆွအဆုံး messenger ကနေတောင် တကြိမ်မျှ မပြောဘူးပါဘူး ။ ကျနော် ဒီ ပို့စ် ကို

- သူမလိမ်တတ်တာကြိုက်တယ်

- သူ့လုပ်ရပ်ကိုသူ ဝန်ခံရဲတာကြိုက်တယ်

- သူ့ကိုယ်သူ အကောင်းချည်းပြောပြီး လူအထင်ကြီးပြီးရောဆိုကာ သူတော်ကောင်းယောင်မဆောင်တာကြိုက်တယ် 

- အရေးကြီးဆုံးက လုပ်ကြံမှုကို ရွံတယ် ၊ ကျနော်ကိုယ်တိုင် မူးယစ်ဆေးနဲ့ လုပ်ကြံခံရ ဖြေရှင်းခဲ့ရဖူးလို့ သူ့ကို ကိုယ်ခြင်းစာတယ် ။ 

- နီပိတ်တွေ ခွေးဆွဲသလို ဆွဲနေတာကို မကြည့်ရက်ဖူး 

- ဒီကိစ္စကို နိုင်ငံတော်အဆင့်ကနေ တရားမျှတမှုရှိအောင် သိက္ခာရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုးနဲ့ ဖြေရှင်းပေးစေချင်တယ် 

- ဒီပြဿနာဟာ လူပုဂ္ဂိုလ် တဦးခြင်းရဲ့ ပြဿနာထက် ရှားပါးလှတဲ့ တပ်မတော်ထောက်ခံသူ အနုပညာရှင်ကို သိက္ခာကျစေရန် အကောက်ကြံနေခြင်းဟာ တပ်မတော်ကို ပုံရိပ်ကျအောင် သွယ်ဝှိက်ဆောင်ရွက်နေခြင်းလို့ လူကြီးမင်းတွေလည်း သိစေခြင်ပါတယ် ။ 

      ဒါတွေကြောင့် ကျနော်တတ်နိုင်သရွှေ့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။ မင်းသားကြီးအတွက် အခြားအမျိုးသားရေး မိတ်တွေများ အားပါးတရ ရေးသားပြီးမှ ကျနော်က နှမ်းဖြူးတဲ့အဆင့်မို့ ရှေ့က မျိုးချစ်ညီအကိုအားလုံးကို လေးစားလျှက်...

         ကိုရွှေမျိုးဝင်း

(ဒီလိုပုံစံမျိုးနဲ့ ထိုင်နေရင်း ဒီလို ပြုံးနေနိုင်ဖို့ ဆိုတာ တော်ရုံယောကျာ်းမဟုတ်ဖူးဆိုတာကို ကျောင်းတော်ကြီးဆီ ရောက်ဖူးသူတွေမှ သိနိုင်မှာပါ)

NUG နဲ့ စက္ကူဆိုင်းဆရာ



        မနက်ခင်းက ကိုစိုးတယောက် စပ်ဖြီးဖြီး နဲ့ ပါဆယ်လေး ဆွဲပြီး ရောက်လာပါတယ် ။ နောက်တော့ လေကန်ရတာပါပဲ ။

"ငမျိုးရေ စိန်မွတ်တားဆောင်းပါးလေး ကောင်းတာကွာ သူက သူညံ့ခဲ့ပါတယ် လို့ ရေးထားပေမယ့် ငါ့စိတ်ထဲမှာ သူတော်တယ်လို့ ရေးတာထက်ပိုပြီး သဘောကျလှသကွာ ''

"ရိုးသားမှုက သူ့ကို အဆင့်မြှင့်ပေးတာ ကိုစိုးရ ''

"အေးကွ ဟုတ်မယ် ဒါနဲ့ တနေ့က မင်းရေးခဲ့တဲ့ ကုလမှာ မဲခွဲတဲ့ ကိစ္စကို ငါ မတင်မကျ ဖြစ်နေတယ်ကွ ဘယ်နှယ့် အဲလို မျိုး တောင်းဆိုတာကို လက်ခံကြရတာလဲ ကွ''

"ဒီလိုမျိုး ပြဿနာက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးကြပါတယ် တကယ်မဲပေးတော့ အာဏာသုံးရပ်ကိုင်ထားတဲ့ လက်ရှိအစိုးရကိုပဲ ပေးကြတာပါပဲ မဟုတ်ရင် သံတမန် ဖြတ်တောက်ပြီး မိတ်ပျက်ကုန်မှာကိုး ''

"ဟုတ်လား ငါနားမလည်တာ အဲဒါပဲကွ ဒါဆိုဘာလို့ အမှုလက်ခံနေသေးလဲ ကွာ ''

"ရလိုရငြား တချက် ကျွန်တပည့်လေးတွေ အတွက် ငါတို့လုပ်ပါတယ်ဆိုတဲ့ အပေါက် ပြချင်တာ တချက်ကြောင့်ပေါ့ ဗျာ ''

"အေးကွ ဘာပဲပြောပြော နားမလည်သူတွေကတော့ စိုးရိမ်နေတုန်း ပဲကွ ''

"အင်း ကိုစိုးက ဆိုင်းဆရာ စိန်မွတ်တားအကြောင်း စခဲ့သလို ကျနော်လည်း ဆိုင်းဆရာ စိန်ဗေဒါ နဲ့ ဥပမာပေးပါ့မယ် ဗျာ ''

"ဘာကိုလည်း အိမ်စောင့်အစိုးရ နဲ့ NUG ကိုလား ''

"ဟုတ်ပါ့ ဒီလို ကိုစိုးရ စိန်ဗေဒါကြီးဆီကို အလှူဆိုင်း လာငှားတော့ အလှူရှင်က ဆရာစိန်ရေ ဆိုင်းပြိုင်ပါတယ် လက်ခံဝံ့လား တဲ့ ''

"သြော် သူတို့ခေတ်တုန်းက ဆိုင်ပြိုင် ဘိသိတ်ပြိုင် ထည့်လေ့ရှိတာကိုး ကွ ဒီတော့..''

"သြော် စိန်ဗေဒါက ငြင်းမလားဗျာ ထိပ်သီးဆရာကြီးပဲ ရပါတယ် ပေါ့ ''

"ဒါဆိုရင်...''

"အလှူနေ့ ဧည့်ခံဆိုင်း တီးခါနီး အထိ အပြိုင်ဆောက်ထားတဲ့ စင်ပေါ် တဖက်က ဆိုင်းဆရာ မလာသေးတဲ့ အပြင် ပြင်ဆင်ထားတာကို မမြင်ရတော့ စိန်ဗေဒါက တွေးသတဲ့ အင်း ငါ့ကို မပြိုင်ဝံ့လို့ လာရဲမယ် မထင်ဖူး တဲ့ဗျာ ''

"အေးလေ မင်းဟာက ဆိုင်းဝိုင်းတောင် မပြင်ဆင်ရသေးပဲကိုး ''

"အဲလိုတွေးတုန်း ဆိုင်းပြိုင် လာပဟေ့ လို့ အော်သံကြားတော့ လှမ်းအကြည့် လူတယောက် စက္ကူဆိုင်းဝိုင်းနဲ့ တက်လာတာ တွေ့ရသတဲ့ ''

"ဟမ် စက္ကူနဲ့ လုပ်ထားတဲ့ ဆိုင်းဝိုင်းလား ဟ ဘယ်နှယ့်လုပ် တီးရမလဲ ကွ ''

"ဟုတ်တယ် အဲဒီ စက္ကူဆိုင်းဆရာက ပါးစပ်တီးလုံး နဲ့ တီးတာဗျာ စက္ကူဆိုင်းက ဟန်ပြပေါ့ ဗျာ''

"ဟေ ထူးထူးဆန်းဆန်းကွာ''

"အပေါ့တော့ တွက်မရဖူး ဗျ ပရိတ်သပ်က သဘောကျပြီး ကြည့်နေလိုက်တာ စိန်ဗေဒါ တီးတာကို လှည့်မကြည့်တော့ပဲ စက္ကူဆိုင်းဆရာကို ရှုံးခဲ့ရသတဲ့ ဗျာ ''

"ဟ တကယ်ဖြစ်ခဲ့တာပေါ့ ''

"တကယ်ဖြစ်ခဲ့တာပေါ့ ဗျာ စိန်ဗေဒါကိုယ်တိုင် ပြန်ရေးပြခဲ့တဲ့ အဖြစ်မှန်ဗျ ''

"နေပါအုံး အဲဒီ စက္ကူဆိုင်းဆရာက ဘယ်သူလဲ ကွ ''

"အဲဒါပြောချင်တာ ဗျ သူ့နာမည်ကို ဘယ်သူမှ မသိကြဖူး အဲဒီ တပွဲပြီးတော့လည်း နောက်ဘယ်သူကမှ အထူးအဆန်းလုပ် မငှားတော့ဖူးလေ ''

"စိန်ဗေဒါကို နိုင်ခဲ့လို့ နာမည်ကြီး ကျော်ကြားပြီး သမိုင်းတွင်မယ် ထင်ခဲ့တာကွ ''

"သူက တကယ် စစ်မှန်တဲ့ ပညာမှ မတတ်ပဲဗျာ လေနဲ့လုပ်ပြတဲ့ လေပညာပဲ ရှိတာကိုး ဗျ အခုကြည့်လေ စိန်ဗေဒါ ရဲ့ တီးလုံးတွေ ၊ သား တပည့်တွေ အခုထိ ဆိုင်းလောကမှာ လူတွင်ကျယ် လုပ်နိုင်နေတာ စစ်မှန်တဲ့ ပညာကြောင့်ပေါ့ ဗျာ ''

"ဟုတ်ပါပြီ စိန်ဗေဒါ ကို ထားပါအုံး အိမ်စောင့်အစိုးရ နဲ့ NUG အနေအထားကိုပဲ ပြောစမ်းပါ ''

"NUG ဆိုတာ စက္ကူဆိုင်းဆရာလို လေပဲတတ်နိုင်တဲ့ အဆင့်ပါ ဗျာ တပွဲပြီးတာနဲ့ စိတ်ဝင်တစား နေရာမယ့်သူ မရှိတော့ပါဘူး ပညာစစ် ပညာမှန်သမား စိန်​ဗေဒါ ရဲ့ သမိုင်းကျန်ခဲ့သလို အိမ်စောင့်အစိုးရ ရဲ့ သမိုင်းသာလျှင် နောင်အရှည်သဖြင့် ကျန်ခဲ့မှာပါ ''

"သြော် တပွဲတိုး စက္ကူဆိုင်း နဲ့ NUG အတူတူပေါ့ နော် ''

"မဆိုးဘူး တည့်တည့်ပြောရင် ရိပ်မိလာပြီ ကဲ နားကြစို့ဗျာ ''

      ကိုရွှေမျိုးဝင်း

။     ။ အချိန်မရလို့ အဟောင်းလေး ပြန်တင်လိုက်ပါတယ် ဗျာ ။

( အတိုင်းအဆမသိ မဖြစ်ညစ်ကျယ် ပညာလေးနဲ့ ဆရာလုပ်ရင်း စည်းကျော်ဘောင်ကျော် အရှက်ကွဲနေရပုံက....)

Saturday, July 16, 2022

အိပ်မက် လမ်းဆုံး



          မြန်မာပြည်မှာ တပ်မတော်ကို ဆန့်ကျင်ပြီး ပါတီတခုအတွက် အာဏာလုဖို့ စိတ်ကူးယဥ်ဖဲရိုက် အိပ်မက်မက်နေတဲ့ သူတွေအတွက် ဒါတွေသိဖို့လိုပါတယ် ။ 

       သူတို့အတွက် ခိုးသွင်းထားတဲ့ မောင်းပြန်ခေတ်မှီသေနတ် ၊ ပိုက်တို ပိုက်စနဲ့ လုပ်ထားကြတဲ့ ဘုရင့်နောင်လက်ထက်သုံး တူမီးအစုတ်လေးတွေ နဲ့ အဝေးပစ်ပါဆိုရင်း ကိုယ့်နားကျကွဲနေတဲ့ ပေမမှီ စံမမှီ လက်နက် ၊ ကိုယ့်လက်ထဲကိုယ်ကွဲ သေပွဲဝင်နေရတဲ့ လက်လုပ်ဗုံးလေးတွေနဲ့  ဆေးသမား လူမိုက် ကလေကချေတွေ ကျောရိုးထားတဲ့ လူ့စွမ်းအင် ပေါင်းစည်းထားတဲ့ ပျော့ပြဲပြဲ ဒမြသာသာ အဖွဲ့ကြီးရှိသပေါ့လေ ။ 

         ကျည်ဆံဖို့မရှိလို့ အလှူခံ ဂျွမ်းပြန်အောင်ခိုးပြီးမှ အကြွင်းအကျန်လေးနဲ့ စားသောက်တိုက်ခိုက်နေရတဲ့ သူတလူငါတမင်း ထောက်ပံံ့အုက်ချုပ်မှု သောက်ဆင့်နဲ့ မြန်မာ့တပ်မတော်ကို နိုင်အောင်တိုက်ဖို့ဆို ဘယ်လိုမှ မဖြစ်နိုင်မှန်း အားလုံးသိထားပြီးသားပါ ။ 

        ဒီတော့ သူတို့ပထွေး အမေရိကန် နဲ့ အနောက်အုပ်စုအားကိုးပြီး လေတိုက်စစ်ဆင်နေတုန်း မြန်မာရဲ့ မဟာမိတ် ရုရှားက အမေရိကန်နဲ့ ဥရောပကို ဗြောင်သိန်ခေါ်ပြီး ယူကရိန်းကို ဆော်ပစ်တယ် ။ 

         အမေရိကန်နဲ့ဥရောပလည်း ကျားမြင်တဲ့ ခွေးတွေလို အဝေးကပဲ ဟောင်ရဲတယ် ရုရှားကို တေ့တေ့ဆိုင်ဆိုင် မတိုက်ရဲဘူး ။ အဲသလိုသာ ယောကျာ်းပီသတဲ့ သတ္တိမရှိတာ လက်နက်ပေးပြီး မြှောက်ပေးလေရဲ့ ။ 

      အမြဲတမ်း စစ်အင်အား ၇ သိန်း နဲ့ ကမ္ဘာ့အဆင့် ၂၂ ရှိတဲ့ ယူကရိန်းတပ်မတော်ကို ရုရှားက အင်အား တသိန်းခွဲနဲ့ထိုးစစ်ဆင်တယ် ။ ဒုတိယကမ္ဘာစစ်လက်ကျန် ဒိတ်လွန်လက်နက်ဟောင်းတွေနဲ့ တိုက်တယ် ။ အနောက်အုပ်စုရဲ့ ခေတ်မှီလက်နက်တွေအစွမ်းကို သွေးတိုးစမ်းတဲ့ အခြေအနေပဲ ။ 

        ထုံးစံအတိုင်း မီဒီယာတွေမှာ ရုရှားရှုံးနေပြီး မြေပြင်မှာ ယူကရိန်းဘဝပျက်နေတယ် ။ ရုရှားက အမေရိကန် နဲ့ ဥရောပရဲ့ နိုင်ငံပေါင်း ၃၀ ကျော်ကို ကြားခံစစ်မလိုဘူး ဒဲ့ တိုက်ကြစို့ ဆိုပြီး စိန်ခေါ်လ်ုက်တယ် ။ သတ္တိခဲ အနောက်အုပ်စုကြီး ချက်ခြင်း နားလေးပြီး မကြားချင်ဟန်ဆောင်ကြရတော့တာပဲ ။ 

        ရုရှာရဲ့ Satan-2 နဲ့ 
Hypersonic missile နည်းပညာ ၂ ခုနဲ့တင် သွေးပျက်နေတဲ့ လေကျယ် အနောက်အုပ်စုအတွက် အသံမထွက်နိုင်တော့တာလဲမပြောနဲ့လေ ။ 

          Satan-2 ဆိုတဲ့ ရေအောက်ပစ် ICBM ကြီးကို ကမ္ဘာဖျက်လက်နက်လို့ တင်စားထားကြပါတယ် ။ သူက ရေအောက်မှာ ဖောက်ခွဲလိုက်ရင် တလုံးထဲနဲ့ အင်္ဂလန်လို တိုင်းပြည်ကို ပင်လယ်အောက် မြှပ်ပေးနိုင်တာကိုး ။ 

    နောက်ပြီး  Hypersonic missile နည်းပညာကလည်း 27 မက် အထိ မြန်ဆန်လွန်းတော့ ဖင်ခေါင်းကျယ်အမေရိကန်လည်း ဘယ်နေရာကနေ ဘယ်သူက ဘယ်အချိန် ပစ်လိုက်မှန်းမသိရပဲ သေချင်းဆိုး ဖြစ်သွားနိုင်တာကြောင့် ကြောက်နေတာ မဆန်းကျယ်ပါဘူး ။ 

       အခုဆို ရုရှာက ကြောက်နေတဲ့သူတွေကို ထပ်ဖြဲခြောက်ပြလိုက်ပြန်ပြီ ။ ကြည့်လေ 8-7-2022 မှာ K-329 Belgorod နျူကလီယား ရေငုတ်
သင်္ဘောကြီးတပ်တော်ဝင်လိုက်တယ် ။ 

        ထူးခြားချက်က ရေငုပ်သဘော်မဟုတ်ဖူး နျူကလီယားထိပ်ဖူးတပ် Poseidon တော်ပီဒို ၆ လုံးပဲဖြစ်ပါတယ် ။ တိုပီဒိုက ကိုယ်ပိုင် နျူကလီယားပါဝါနဲ့မောင်းနှင်ပြီး ကီလိုမီတာ တစ်သောင်း (မိုင် ၆၀၀၀)ကျော် အကွာအဝေးက ပစ်မှတ်
ကို ဦးတည်ကာရေအနက် မီတာတစ်ထောင်မှ 100 knots မြန်နှုန်းနဲ့ တိတ်တဆိတ် တိုက်ခိုက်နိုင်စွမ်း ရှိတာကြောင့် သွေးပျက်လောက်တဲ့ ခြောက်ခြားဖွယ်လက်နက်ဖြစ်ပါတယ် ။ 

       အနောက်အုပ်စု ဖင်တုန်အောင်ကြောက်နေတဲ့ Satan-2 ဆိုတဲ့ ရေအောက်ပစ် ICBM ကြီးထက်တောင် အများကြီးကြောက်စရာကောင်းလှတော့ တွေးကြည့်နိုင်လောက်ပါပြီ ။ 

         K-329 Belgorod တပ်တော်ဝင်လို့ ထနေတဲ့ ကြက်သီးမွှေးညှင်း အရှိန်မပြေပဲ အကြောက်မပြေခင် ရုရှားက နောက်တကွက် ထပ်ပြလိုက်ပြန်ပါရောလား ။ 

       Russia Kalina Project ကို 2011 က စတင်သုတေသနပြုလုပ်ခဲ့ရာမှ ယခု 2022 မှာ အောင်မြင်စွာ အသုံးပြုနိုင်ပြီလို့ ထကြေညာလိုက်တာဟာ အနောက်အုပ်စုအတွက်တော့ 
အရှိုက်အထိုးခံရလို့ အသက်ရှူမှားနေချိန်မှာ ဇတ်ပေါ်ဒါးတင်ခံလိုက်ရတာပါပဲ ။    

         Kalina Project ဆိုတာ လေဆာလက်နက်ပါပဲ ။ သူ့တာဝန်က ရန်သူရဲ့ ဒရုန်းတွေ ၊ လေယာဥ်တွေ ၊ တိုက်ချင်းပစ် ဒုံးတွေကို လေဆာနဲ့ ပစ်ချဖို့တင် မကပါဘူး ရန်သူ့ရဲ့ ဂြိုလ်တုတွေကိုပါ ထာဝရ ကန်းသွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ် ။ 

      လှုပ်ရှားနိုင်တဲ့ ယဥ်တင်လေဆာလက်နက်အဆင့်ထိ ထုတ်မယ်လို့ ပြောချိန်မှာ စစ်ရေးလေ့လာသူတွေ သဘောပေါက်ကြတာက ထုတ်ပြီးနေပြီဆိုတဲ့ အချက်ပါပဲ ။ 

        ယူကရိန်းက ဒရုန်းတွေ ပစ်ချခံရတာ နဲ့ အစ္စရေးရဲ့ F 35 လေယာဥ်က ဗုံးတွေဖြုတ်ချမရဖြစ်ခဲ့တာ Kalina ကြောင့်ဆိုတာ တွက်ဆမိတော့ လက်ဦးမှုယူပြီး တိုက်ရကောင်းမလားဆိုတဲ့ စိတ်ကူးတို့လည်း ပျက်ပြယ်သွားရပြန်ပါပြီ ။ 

       Hypersonic missile နဲ့ ရွာလည်နေတဲ့ အနောက်အုပ်အတွက်တော့ တိုက်ခိုက်ရေး ဒုံးတွေအပြင် ဂြိုလ်တုကိုပါ ဂျမ်ဘာလုပ် ဆင်ဆာဖြတ်တောက် အသက်မဲ့စေမယ့် Kalina လေဆာလက်နက်ကြောင့် ဝက်ဝံကြီးကို ရန်စဖို့ နေနေသာသာ ကိုယ့်တာကို လုံအောင်ကာဖို့ဆိုတာတောင် မဖြစ်နိုင်တော့မှန်း သိသွားကြပါပြီ ။ 

       ပြည်တွင်းက အကြမ်းဖက် စိတ်ကူးယဥ်သမားတွေရဲ့ ရွှေတောင်ကြီး ပြိုနေတာ ပြင်ပကမ္ဘာမှာ တကယ့်ဖြစ်ရပ်ပါပဲ ။ ဒါပေမယ့် fb ကမ္ဘာမှာတော့ ငါတို့နိုင်ပြီ အော်ရင်း ဆေးသမားအကြမ်းဖက်လေးတွေ အားတင်းအိပ်မက်ဆက်မက်နေကြလေရဲ့ ။

       တကယ်တန်းကြတော့ လူယုတ်မာတို့အိပ်မက်က လမ်းဆုံးနေပြီဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...