Friday, July 29, 2022

ဖြစ်သွားမှာပါ



          အမှန်တိုင်းပြောရရင်တော့ကျနော်အိပ်ပျော်နေပါပြီ ။ တနေကုန်သွားလာနေရတဲ့အတွက် ကားမူးတတ်တဲ့ကျနော် ကားတောက်ပြီး အစောကြီးအိပ်နေတာခင်ဗျ ။ 

        ဖုန်းကို ၂၄ နာရီ ဖွင့်ထားတတ်တော့ တယောက်ပြီး တယောက် မင်းသားကြီးကို ချစ်ခင်သူများ ဖုန်းဆက်မေးနေကြလို့အိပ်မရတော့ပါဘူး ။ မဖြေမချင်း ပြီးမှာ မဟုတ်တော့ဘူးလို့ သဘောပေါက်လိုက်တဲ့အတွက် အိပ်ချင်မူးတူး ထပြောလိုက်ရပါပြီ ။ 

        မင်းသားကြီးရဲ့ မိသားစုမေးထားလေးတွေကို ကျနော်ဖြေပေးပါ့မယ် ။ ကျနော်တို့ရေးခဲ့သလို.....

- မင်းသားကြီးအပေါ် လုပ်ကြံပုဒ်မတွေနဲ့ တရားစွဲခဲ့တဲ့ လင်မယားကို ဖမ်းဆီးစစ်ဆေးခဲ့တာ မှန်ပါတယ် ။ 

- ဗဟန်း ရဲစခန်းရှိ တာဝန်ရှိသူတွေကိုလည်း စစ်ဆေးခဲ့ကြတာ မှန်ပါတယ် ။ 

         အမှန်တရားကို ရုပ်လုံးပေါ်အောင် စစ်ဆေးပြီးနောက် ကျနော်ရေးသားခဲ့တဲ့ '' ဟန့်စစ် '' ပို့စ် ထဲက ရည်ရွယ်ချက်လို Win - Win ရည်မှန်းချက်သို့ သွားနိုင်စေရန် ညှိနှိုင်းဆောင်ရွက်ကြပါတယ် ။ 

        ကျနော်ဒီပြဿနာနဲ့ ပတ်သက်ပြီး ကြွားဝါဂုဏ်ဖော်လိုခြင်း အလျှင်းမရှိသလို အများပြည်သူကို ယခုလို တင်ပြရန်လည်း ရည်ရွယ်ချက်မရှိပါဘူး ။ သို့သော် မင်းသားကြီးရဲ့ အသိုင်းအဝိုင်းမှ စိတ်ပူနေပြီး အဆက်အသွယ် ပျက်တောက်နေဟန်ရှိတဲ့ အနေအထားအရ ပို့စ် တင်မေးမြန်းလာတာ တွေ့ရလို့ ယခုလို ရှင်းပြလိုက်ရပါပြီ ။ ဒါမှသာ သို့လော သို့လော အတွေးများ ရှင်းလင်းသွားမှာပါ ။ 

        အောက်ခြေအဆင့်မှာပဲ Win - Win ပေါ်လစီကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရာမှာ တဖက်က မတော်မတရား စွတ်စွဲချက်အား ပေါ်လွင်အောင် ဖော်ထုတ်ရရှိပြီးသော်လည်း ယင်းတို့ရဲ့ မပြည့်နိုင်သော ဝိသမလောဘက အထစ်အငေါ့ ဖြစ်စေခဲ့ပါတယ် ။

          မူလတောင်းဆိုစဥ်က အဆောက်အဦးပြင်ဆင်စရိတ်ကုန်ကျငွေ သိန်း ၃၃၀၀ နဲ့ ၅ ရစ်ခွဲပေးရန် သဘောတူညီပြီးဖြစ်သော်လည်း မီးစက်ဖိုး သိန်း ၁၅၀ + ဒေါ်လာ 3400 ထပ်မံပြီး ပေးရမတဲ့ ။ ဒါလည်း မင်းသားကြီးက မတရားမှန်းသိပေမယ့် စေ့စပ်သူလူကြီးမင်းရဲ့ မေတ္တာရပ်ခံချက်အရ အောင့်သက်သက်နဲ့ လက်ခံခဲ့ပါတယ် ။ 

          နောက်ပြီး ပထမရစ်ငွေပေးပြီးမှ အမှုပိတ်ပေးဖို့ နဲ့ အမှုပိတ်ပေးပြီး ဖမ်းဆီးခံရသူလွတ်မြောက်မှ ပထမရစ်ပေးမည်ဆိုတဲ့ ပြဿနာထပ်ပေါ်လာပါတယ် ။

       မင်းသားကြီးအား မေတ္တာရပ်ခံပြီး လိုက်လျှောလိုက်ပါလို့ စေ့စပ်သူလူကြီးမင်းက တောင်းဆိုတဲ့အတွက် အောင့်သက်သက်နဲ့ပဲ ထပ်မံလိုက်လျှောပါတယ် ။ ဒါကိုပဲ တဖက်က ထပ်မံတောင်းဆိုနေတာက ငွေအားလုံး မပေးမချင်း မင်းသားကြီးရဲ့ ပိုင်ဆိုင်မှုခြံဝန်း ဂရမ်ကို သူတို့အားပေးထားရမတဲ့ ။ 

       မင်းသားကြီးက ကျနော့်အတွက် မဟုတ်ပေမယ့် ကျနော့်ရဲ့ ပရိတ်သပ်အတွက် ဒမြမှုနဲ့ မှားယွင်းစွတ်စွဲခဲ့ခြင်းအား ယင်းလင်မယားမှ တရားဝင်တောင်းပန်ပေးပါလို့ တောင်းဆိုမှု တခုတည်းပြုလုပ်ရာမှာတော့ အမှုပိတ်လိုက်ရင် မင်းသားကြီးမနစ်နာတော့ပါဘူးလို့ စေ့စပ်သူမှ ပြောလာမှုအား မင်းသားကြီးလုံးဝ ( လုံးဝ) မကျေနပ်ပါဘူး ။ 

      ဒီတော့ ငွေကြေးရှာဖွေရန် အချိန်တောင်းပြီး ညှိနှိုင်းမှု အဆုံးသတ်ကာ ပြန်လာခဲ့ကြရပါတယ် ။ ဒါနောက်ဆုံးအခြေအနေမှန်ပါပဲ ။ ဒီညှိနှိုင်းမှုမှာ စေ့စပ်သုတွေရဲ့ ဆောင်ရွက်မှုအရ အမှုမှန်ဖော်ထုတ်ခြင်း ၊ တရားမျှတမှု ဖော်ထုတ်ခြင်းထက် တဖက်လူရဲ့လောဘဇောကို ဖြည့်ဆီးပေးစေခြင်းဖြင့် ပြေလည်ဖို့ပဲ ကြိုးစားနေတယ်လို့ မင်းသားကြီးက ယူဆဟန်ရှိပါတယ် ။ 

        တဖက်က စေ့စပ်သူလူကြီးမင်းအနေနဲ့လည်း လမ်းဘေးက သူတောင်းစား ကားလမ်းမပေါ်မှာ ကားပွတ်ခံရတာ သူတောင်းစားမှားမှန်းသိပေမယ့် ကားပိုင်ရှင်ဆီက ဆေးဖိုးလေး အလျှော်တောင်းပေးပြီး အမြန်ဆုံး ပြေလည်အောင်ဆောင်ရွက်ပေးသကဲ့သို့ ကြံစည်လုပ်ဆောင်ပေးတာလို့ပဲ ကျနော်ကတော့ ရှုမြင်ပါတယ် ။

       ကျနော်တို့အတွက် Win Win ကျိုးစားဖို့ လမ်းဆုံးမရောက်သေးပါဘူး ။ ယခုအဆင့်က အထက်တန်းအဆင့်ပဲ ရှိပါသေးတယ် သူ့အထက်မှာ ဘွဲ့ရဖို့ နဲ့ Phd အဆင့်ထိ ကျန်နေပါသေးတယ် ။ ကျနော်ဖြစ်စဥ်မှန်ကို ဘွဲ့ပေးအပ်မယ့် အဆင့်ထိ ဆက်လက်တင်ပြပြီး ဆောင်ရွက်ဖို့ လုပ်နေပါပြီ ။ 

        ယခုအဆင့်ရဲ့ ပြဿနာဇစ်မြစ်က မင်းသားကြီးရဲ့ အနုပညာရှင်ဆိုတဲ့ သာမန်နဲ့မတူတဲ့ စိတ်ခံစားမှုကို နားလည်ပေးနိုင်ဖို့ခဲယဥ်းတဲ့ ဘဝရပ်တည်မှု ခံယူမှုကွဲ​ပြား​သော လူကြီးမင်းရဲ့ ''ဒမြမှုစွတ်စွဲခံရတာ အမှုပိတ်ရင် မနစ်နာပါဘူး'' ဆိုတဲ့ ကောက်ချက်က အဓိကကျနေတယ်လို့ပဲ ကျနော်ကတော့ ရှုမြင်မိပါတယ် ။ 

      မင်းသားကြီးရဲ့ မိသားစုသိချင်နေတဲ့ မေးခွန်းနဲ့ မင်းသားကြီးရဲ့ ချစ်ပရိတ်သပ်များ သိချင်နေတဲ့ အခြေအနေကို အိပ်ချင်မူးတူးနဲ့ ထရှင်းလိုက်ပါပြီဗျာ ။

       ကိုရွှေမျိုးဝင်း

။          ။ ဒီပွဲမှာတော့ သူတို့ခြင်း မျက်နှာခြင်းဆိုင် ဖြေရှင်းကြဖို့ အခြေအနေမပေးလို့ ကြားထဲက ကိုယ်တိုင်ကူညီနေရတဲ့အတွက် အဖြစ်မှန်ကို ရှင်းပြဖို့ ကျနော့်ပခုံးပေါ်ရောက်နေတဲ့အတွက် ခြေခြေမြစ်မြစ် မသိရှာပဲ စိတ်ပူနေကြတဲ့ မင်းသားကြီးမိသားစုများနဲ့ သူ့ရဲ့ချစ်မိတ်ဆွေများအတွက် ရှင်းပြလိုက်ရပါတယ် ။ 

(တချို့ စည်းမျဥ်းဥပဒေတွေက လိုက်နာရင်း ချိုးဖောက်လို့လည်း ရနေတတ်တယ်ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...