Monday, July 18, 2022

NUG နဲ့ စက္ကူဆိုင်းဆရာ



        မနက်ခင်းက ကိုစိုးတယောက် စပ်ဖြီးဖြီး နဲ့ ပါဆယ်လေး ဆွဲပြီး ရောက်လာပါတယ် ။ နောက်တော့ လေကန်ရတာပါပဲ ။

"ငမျိုးရေ စိန်မွတ်တားဆောင်းပါးလေး ကောင်းတာကွာ သူက သူညံ့ခဲ့ပါတယ် လို့ ရေးထားပေမယ့် ငါ့စိတ်ထဲမှာ သူတော်တယ်လို့ ရေးတာထက်ပိုပြီး သဘောကျလှသကွာ ''

"ရိုးသားမှုက သူ့ကို အဆင့်မြှင့်ပေးတာ ကိုစိုးရ ''

"အေးကွ ဟုတ်မယ် ဒါနဲ့ တနေ့က မင်းရေးခဲ့တဲ့ ကုလမှာ မဲခွဲတဲ့ ကိစ္စကို ငါ မတင်မကျ ဖြစ်နေတယ်ကွ ဘယ်နှယ့် အဲလို မျိုး တောင်းဆိုတာကို လက်ခံကြရတာလဲ ကွ''

"ဒီလိုမျိုး ပြဿနာက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးကြပါတယ် တကယ်မဲပေးတော့ အာဏာသုံးရပ်ကိုင်ထားတဲ့ လက်ရှိအစိုးရကိုပဲ ပေးကြတာပါပဲ မဟုတ်ရင် သံတမန် ဖြတ်တောက်ပြီး မိတ်ပျက်ကုန်မှာကိုး ''

"ဟုတ်လား ငါနားမလည်တာ အဲဒါပဲကွ ဒါဆိုဘာလို့ အမှုလက်ခံနေသေးလဲ ကွာ ''

"ရလိုရငြား တချက် ကျွန်တပည့်လေးတွေ အတွက် ငါတို့လုပ်ပါတယ်ဆိုတဲ့ အပေါက် ပြချင်တာ တချက်ကြောင့်ပေါ့ ဗျာ ''

"အေးကွ ဘာပဲပြောပြော နားမလည်သူတွေကတော့ စိုးရိမ်နေတုန်း ပဲကွ ''

"အင်း ကိုစိုးက ဆိုင်းဆရာ စိန်မွတ်တားအကြောင်း စခဲ့သလို ကျနော်လည်း ဆိုင်းဆရာ စိန်ဗေဒါ နဲ့ ဥပမာပေးပါ့မယ် ဗျာ ''

"ဘာကိုလည်း အိမ်စောင့်အစိုးရ နဲ့ NUG ကိုလား ''

"ဟုတ်ပါ့ ဒီလို ကိုစိုးရ စိန်ဗေဒါကြီးဆီကို အလှူဆိုင်း လာငှားတော့ အလှူရှင်က ဆရာစိန်ရေ ဆိုင်းပြိုင်ပါတယ် လက်ခံဝံ့လား တဲ့ ''

"သြော် သူတို့ခေတ်တုန်းက ဆိုင်ပြိုင် ဘိသိတ်ပြိုင် ထည့်လေ့ရှိတာကိုး ကွ ဒီတော့..''

"သြော် စိန်ဗေဒါက ငြင်းမလားဗျာ ထိပ်သီးဆရာကြီးပဲ ရပါတယ် ပေါ့ ''

"ဒါဆိုရင်...''

"အလှူနေ့ ဧည့်ခံဆိုင်း တီးခါနီး အထိ အပြိုင်ဆောက်ထားတဲ့ စင်ပေါ် တဖက်က ဆိုင်းဆရာ မလာသေးတဲ့ အပြင် ပြင်ဆင်ထားတာကို မမြင်ရတော့ စိန်ဗေဒါက တွေးသတဲ့ အင်း ငါ့ကို မပြိုင်ဝံ့လို့ လာရဲမယ် မထင်ဖူး တဲ့ဗျာ ''

"အေးလေ မင်းဟာက ဆိုင်းဝိုင်းတောင် မပြင်ဆင်ရသေးပဲကိုး ''

"အဲလိုတွေးတုန်း ဆိုင်းပြိုင် လာပဟေ့ လို့ အော်သံကြားတော့ လှမ်းအကြည့် လူတယောက် စက္ကူဆိုင်းဝိုင်းနဲ့ တက်လာတာ တွေ့ရသတဲ့ ''

"ဟမ် စက္ကူနဲ့ လုပ်ထားတဲ့ ဆိုင်းဝိုင်းလား ဟ ဘယ်နှယ့်လုပ် တီးရမလဲ ကွ ''

"ဟုတ်တယ် အဲဒီ စက္ကူဆိုင်းဆရာက ပါးစပ်တီးလုံး နဲ့ တီးတာဗျာ စက္ကူဆိုင်းက ဟန်ပြပေါ့ ဗျာ''

"ဟေ ထူးထူးဆန်းဆန်းကွာ''

"အပေါ့တော့ တွက်မရဖူး ဗျ ပရိတ်သပ်က သဘောကျပြီး ကြည့်နေလိုက်တာ စိန်ဗေဒါ တီးတာကို လှည့်မကြည့်တော့ပဲ စက္ကူဆိုင်းဆရာကို ရှုံးခဲ့ရသတဲ့ ဗျာ ''

"ဟ တကယ်ဖြစ်ခဲ့တာပေါ့ ''

"တကယ်ဖြစ်ခဲ့တာပေါ့ ဗျာ စိန်ဗေဒါကိုယ်တိုင် ပြန်ရေးပြခဲ့တဲ့ အဖြစ်မှန်ဗျ ''

"နေပါအုံး အဲဒီ စက္ကူဆိုင်းဆရာက ဘယ်သူလဲ ကွ ''

"အဲဒါပြောချင်တာ ဗျ သူ့နာမည်ကို ဘယ်သူမှ မသိကြဖူး အဲဒီ တပွဲပြီးတော့လည်း နောက်ဘယ်သူကမှ အထူးအဆန်းလုပ် မငှားတော့ဖူးလေ ''

"စိန်ဗေဒါကို နိုင်ခဲ့လို့ နာမည်ကြီး ကျော်ကြားပြီး သမိုင်းတွင်မယ် ထင်ခဲ့တာကွ ''

"သူက တကယ် စစ်မှန်တဲ့ ပညာမှ မတတ်ပဲဗျာ လေနဲ့လုပ်ပြတဲ့ လေပညာပဲ ရှိတာကိုး ဗျ အခုကြည့်လေ စိန်ဗေဒါ ရဲ့ တီးလုံးတွေ ၊ သား တပည့်တွေ အခုထိ ဆိုင်းလောကမှာ လူတွင်ကျယ် လုပ်နိုင်နေတာ စစ်မှန်တဲ့ ပညာကြောင့်ပေါ့ ဗျာ ''

"ဟုတ်ပါပြီ စိန်ဗေဒါ ကို ထားပါအုံး အိမ်စောင့်အစိုးရ နဲ့ NUG အနေအထားကိုပဲ ပြောစမ်းပါ ''

"NUG ဆိုတာ စက္ကူဆိုင်းဆရာလို လေပဲတတ်နိုင်တဲ့ အဆင့်ပါ ဗျာ တပွဲပြီးတာနဲ့ စိတ်ဝင်တစား နေရာမယ့်သူ မရှိတော့ပါဘူး ပညာစစ် ပညာမှန်သမား စိန်​ဗေဒါ ရဲ့ သမိုင်းကျန်ခဲ့သလို အိမ်စောင့်အစိုးရ ရဲ့ သမိုင်းသာလျှင် နောင်အရှည်သဖြင့် ကျန်ခဲ့မှာပါ ''

"သြော် တပွဲတိုး စက္ကူဆိုင်း နဲ့ NUG အတူတူပေါ့ နော် ''

"မဆိုးဘူး တည့်တည့်ပြောရင် ရိပ်မိလာပြီ ကဲ နားကြစို့ဗျာ ''

      ကိုရွှေမျိုးဝင်း

။     ။ အချိန်မရလို့ အဟောင်းလေး ပြန်တင်လိုက်ပါတယ် ဗျာ ။

( အတိုင်းအဆမသိ မဖြစ်ညစ်ကျယ် ပညာလေးနဲ့ ဆရာလုပ်ရင်း စည်းကျော်ဘောင်ကျော် အရှက်ကွဲနေရပုံက....)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...