Wednesday, July 20, 2022

ပက်စပို့ရုံး အက်ရှင်


         လူပြောသူပြောများလှတဲ့ ပက်စပို့ရုံး ကိစ္စ လှုပ်ခတ်အက်ရှင်ယူကြပုံကို သတင်းပေးတင်ပြချင်ပါတယ် ။ 

        ကျနော်တို့ ဆိုရှယ်မီဒီယာတွေကနေ ဝိုင်းအော်ကြတော့ CID က ဆင်းလာပြီး ပွဲစားတွေ အပြုံလိုက်ဖမ်းကြပါတယ် ။ 

       အဲဒီထဲက နာမည်ကြီး မြင့်သန်းကတော့ ထွက်ပြေးသွားပါတယ် ။ အေးဂျင့် ဒေါ်သန္တာနဲ့ ပတ်သက်ပြီး လူသွင်းပေးကာ အကြံအဖန်လုပ်နေတဲ့ ရဲအုပ်သိန်းဖော်ထွန်း နဲ့ အဖွဲ့ကို ဖမ်းထားပြီး ဗဟန်းရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ပါတယ် ။ 

      ဖမ်းဆီးထားတဲ့ ရဲအုပ် ဥာဏ်လင်းထွန်းဟာ ဒေါ်သန္တာရဲ့ ခင်ပွန်း ဖြစ်ပါတယ် ။ ရဲတပ်ရင်းက အရာရှိလည်း ပါဝင်နေပါတယ် ။ 

        အဲဒီလိုဖမ်းဆီးမှုမှာ ရဲမှူးဦးအောင်နိုင်ဦးကပဲ ဦးဆောင်ဖမ်းဆီး အရေးယူခဲ့ခြင်းဖြစ်ပါတယ် ။ ဦးအောင်နိုင်ဦးဟာ လူသွင်းပြီး လာဘ်ယူနေသူလို့ ပြင်ပက သိထားတဲ့ နာမည်ကြီးတယောက်ပါပဲ ။ 

       ဖြစ်စဥ်မှန်ကို လေ့လာကြည့်တော့ ဒေါ်သန္တာနဲ့ လာဘ်စားတဲ့ ရဲတွေဟာ အပေါက်ဝကနေ စီစစ်လူသွင်းပေးတဲ့ ဦးအောင်နိုင်ဦးကို မုန်းတီးကြပါတယ် ။ ဒီလိုစီစစ်နေတဲ့အတွက် စိတ်တိုင်းကျ လူသွင်း လုပ်စားမရတော့ နာမည်ဖျက်ပြီး ဦးအောင်နိုင်ဦးအတွက် ပေးနေရဟန် သတင်းလွှင့်ပါတယ် ။ 

       သူ့ကို လက်ညှိုးထိုး​ပြပြီး လုပ်စားနေတာ ပွဲစားတွေသာမက သူ့အောက်က တပည့်တွေပါ ပါနေလေတော့ ပြင်ပက သာမန်အရပ်သားတွေကတော့ အဖြစ်မှန် မသိနိုင်ကြတော့ပါဘူး ။ 

         CID ကနေ စုံခုံနဲ့ အကြိမ်ကြိမ်စစ်ဆေးပေမယ့် လူမှန်ဖြစ်တဲ့ အတွက် ပြဿနာမတက်ခဲ့ပါဘူး ။ 

       20-6-2022 မှာ လူတယောက်က ပက်စပို့လုပ်ခ တဦး ၂၅၀၀၀၀ိ / နှုံးနဲ့ လူပေါင်း ၂၅ ဦးအားလိမ်သွားပါတယ် ။ နောက် 26-6-2022 နေ့မှာပဲ အဆိုပါလူလိမ်က လူပေါင်း ၁၆ ဦးကို တဦး ၂၅၀၀၀၀ိ/ နှုံးနဲ့ ထပ်လိမ်ပြန်ပါတယ် ။ ဆရာစံပန်းခြံမှာ အဲဒီလူလိမ် ဟိန်းဇေယျာကျော်၊ ၂၂ နှစ်(ဘ)ဦးကျော်မြင့်စိုးကိုဖမ်းဆီးရမိအောင် ဦးအောင်နိုင်ဦးတို့ ဆောင်ရွက်နိုင်ခဲ့ပါတယ် ။ 

        ယခုရက်ပိုင်းမှာတော့ မိတ္တူဆိုင်တွေကို လိုက်လံစစ်ဆေးနေပါတယ် ။ လူလိမ်တွေကို ဆက်လက်ဖမ်းဆီးနေပါတယ် ။ 18-7-2022 မှာ တရားဝင်အေးဂျင့်နဲ့ ချိတ်ဆက်ပြီး လူတဦး ၃၄၀၀၀၀ိ / နဲ့ လိမ်လည်ဖို့ ဆောင်ရွက်နေတာ ဖမ်းမိပြီး ငွေကြေးတွေ မဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့ကြပါတယ် ။ 

       ပက်စပို့ရုံးမှာ လုပ်စားနေတဲ့ ဒလ လူမိုက်အဖွဲ့ကိုလည်း ရှင်းလင်းရေးဆောင်ရွက်နေ​ကြပါတယ် ။ 

       ဒီလိုဆောင်ရွက်နေမှုများကြောင့် ဦးအောင်နိုင်ဦးအပေါ် လူလိမ်ပွဲစားများ ၊ မသမာသူဝန်ထမ်းများက အလွန်မုန်းတီးကြပါတယ် ။ ဒါကြောင့် သူ့အပေါ်အမျိုးမျိုး လုပ်ကြံတိုင်တောနေကြတယ်လို့ ကြားသိရပါတယ် ။ 

       ဒီလို လုပ်ကြံတိုင်ကြရာမှာ ကျနော်ရေးဖူးတဲ့ ပက်စပို့ရုံးရဲ့ လာဘ်စားမှုပို့စ်ကို ကိုးကားနေကြတယ်လို့လည်း သိရပါတယ် ။
ကျနော်ရေးသားစဥ်က သူ့လက်ထောက်ရဲအုပ်ကိုယ်တိုင် သူ့ဆရာရဲမှူးဦးအောင်နိုင်ဦးကို လက်ညှိုးထိုး လုပ်စားနေခြင်း မသိပဲ ရေးခဲ့ခြင်းဖြစ်ပါတယ် ။ 

( ငွေပေးရခြင်းဟာ ​ဖြစ်စဥ်မှန်နေပြီး အတွင်းသစ္စာဖောက် လက်အောက်ငယ်သားကိုယ်တိုင် နာမည်ဖျက်နေတာတော့ မသိနိုင်ပါဘူး ။ ဒါကြောင့်လည်း စုံစမ်းစစ်မေးကြဖို့ တင်ပြခဲ့ရတဲ့ ပို့စ်အတွက် အပြစ်မရှိတဲ့ ရဲမှူးဦးအောင်ဦးကြားညှပ်နေရတာ စိတ်မကောင်းပါဘူး)

      ရဲမှူးဦးအောင်နိုင်ဦးသည် လူမှန်တဦးပါလို့ ဆက်နွယ်ပြောကြားလာသော မိတ်ဆွေများကြောင့် စုံစမ်းကြည့်ရာ ပြောသကဲ့သို့ မှန်နေတာတွေ့ရပါတယ် ။ 

      ဒါတွေကလည်း ဒီလိုမျိုး လိုင်းပေါ် တက်အော်လို့သာ အဖြစ်မှန်များပေါ်ပေါက်လာရခြင်းဖြစ်ပါတယ် ။ ယခုဆိုရင် ပက်စပို့ကိစ္စကို မိမိဘာသာဆောင်ရွက်ဖို့ ကောင်းပါပြီ ။ ပွဲစားအားကိုးပြီး ဆက်လုပ်နေကြရင်ဖြင့် ငွေကုန်ကြေးကျများပြားနေအုံးမှာပါပဲ ။ 

        ပွဲစားများဆက်သွယ်လာပါကလည်း ရဲမှူးအောင်နိုင်ဦးထံ တိုင်ကြားဖမ်းဆီးခိုင်းကြပါ က ပက်စပို့ရုံးရဲ့ မတော်မတရားမှုများ ပပျောက်သွားပါလိမ့်မယ် ။

          ဒီ ပက်စပို့ရုံးဖြစ်စဥ်ကနေ ကျနော်တို့ သိရတာကတော့ နစက အနေနဲ့ ပြည်သူ့အော်သံကို နားစွင့်ပြီး ဆောင်ရွက်နိုင်စွမ်းရှိသော ကိစ္စရပ်များအပေါ် ဆောင်ရွက်နေကြောင်း သိရှိရသကဲ့သို့ အပြစ်ရှိသူကို အရေးယူပြီး အပြစ်ကင်းသူကိုလည်း အရေးမယူကြောင်း သိရှိခွင့်ရလိုက်ပါတယ် ။ 

        ကိုရွှေမျိုးဝင်း

(တချို့ပြဿနာတွေက လှေနံဒါးထစ်မှတ်ထာ
းပြီး လမ်းပြရုံနဲ့ အမြဲမမှန်နိုင်ပါဘူး)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...