Wednesday, July 13, 2022

မိမ္မလာ မှ လိမ္မာရင် အိမ်ပါမည် (၃)



'' ကိုအောင် မိမ္မလာတောင်ကို ကြားဖူးလားဗျ ''

'' မကြားဖူးဘူး ''

'' သံဖြူဇရပ်ကော ကြားဖူးလား''

'' သံဖြူဇရပ်တော့ သိတယ် ''

'' မိမ္မလာတောင်မှာ ဂျပန်ရတနာသိုက်ကြီးရှိတာ သိလားဗျ ''

'' မသိဘူး ''

'' ရွှေမော်ဓောဘုရား ငလျှင်ဒဏ်ကြောင့် ပြိုကျဖူးတာ ကြားဖူးလား ''

'' အဲဒါတော့ ကြားဖူးတယ် ''

'' အခု ဂျပန်သိုက်ထဲမှာ ရွှေမော်ဓော ဘုရားရဲ့ ဌာပနာတွေပါ သိမ်းသွားတယ် ဒါကြောင့် သွားကြစို့ဗျာ ''

'' ဘယ်သွားရမှာလဲ ဗျ ''

'' အဲဒီသိုက်ကြီး တူးကြရအောင်လေ ''

'' ဟာ..၇ ရက်သား သမီး ပစ္စည်းတွေဗျာ မတူးချင်ပါဘူး ဝါသနာလည်း မပါဘူးဗျ ''

'' ခင်ဗျား တိုင်းပြည်ချမ်းသာမှာကို မလိုချင်ဘူးလား ဗျ ''

'' ချမ်းသာစေချင်တာပေါ့ ဗျာ ခင်ဗျားတို့က ကိုယ့်ဘာသာတူးပြီးယူကြမှာ မဟုတ်ဖူးလား ''

'' မဟုတ်ဖူးဗျ နိုင်ငံတော်ကိုပဲ ပြန်လှူမှာပါ နောက်ပြီး ကိုအောင့်လက်နဲ့ ဘုရားထီးမတင်ချင်ဘူးလား ''

'' အင်း ဗုဒ္ဓဘာသာပဲလေ တင်ချင်တာပေါ့ ''

'' ဒါဆိုလိုက်ခဲ့ပါ ကျနော်တို့ ကုန်ကျစရိတ်ခံပါ့မယ် ''

'' ဟာ မလိုပါဘူး ဗျာ ရတယ် တိုင်းပြည်အတွက်နဲ့ ဘုရားဌာပနာ အတွက် ဆိုလိုက်ခဲ့မယ် ဗျာ ''

        အဲလိုပြောပြီး ကိုအောင်တယောက် သူလုံးဝနားမလည်တဲ့ ရတနာသိုက်ကိစ္စထဲကို ဝင်ပါမိပါတော့တယ် ။ ဂျပန်စစ်စခန်းဟောင်းဆိုတော့ သူ့မိတ်ဆွေ ဗိုလ်မှူးကြီးမျိုးအောင် (ငြိမ်း) OTS (၆၃) ကြည်း (၁၇၁၅၄) { ယခု ဒုချုပ်ကြီး၏ မိတ်ဆွေ} နဲ့အတူ သွားကြပါတယ် ။ 

         မိမ္မလာတောင်ခြေမှာ ဦးတင်လှသား ကိုကျော်ဟိန်း နဲ့ တူ ကိုဝင်းလှိုင်တို့နဲ့တွေ့ကြပါတယ် ။ တောင်ပေါ်က စစ်စခန်းဟောင်းကို တက်ကြည့်ကြရာမှာ စနစ်တကျ အခိုင်အမာတည်ဆောက်ထားတဲ့ ခံတပ်ဟောင်းကြီးကို တွေ့ကြရပါတယ် ။

        ထူးခြားချက်အဖြစ် တောင်ပေါ်က ပြန်ဆင်းလာတော့ ရာဘာတောကြီးထဲမှာ မင်းဂွတ်သီးအစိမ်းတလုံးက ကိုအောင့်ခြေထောက်ပေါ် ကျလာပါတယ် ။ မင်းဂွတ်လည်းမရှိပဲ ကျလာတော့ ငှက်များချီလာသလား မော်ကြည့်မိတော့လည်း ဘာမှမတွေ့ရပါဘူး ။ 

        တပည့်တယောက်ကို ရော့ယူထားဆိုပြီး ပေးလိုက်ပြီး ဆက်လျှောက်လာရာ ငါးမိနစ်ခန့်အကြာ ကိုအောင့် နားထဲကို '' မင်းအတွက် အတိတ်ကောင်း နမိတ်ကောင်းပေးတာ ဘာလို့သူများပေးလိုက်တာလဲ '' ဆိုတဲ့အသံကြားလိုက်ရလို့ မင်းဂွတ်သီးကို ပြန်တောင်းယူလိုက်ပါတယ် ။ 

          ကိုအောင်ကလည်း စိတ်မြန်လက်မြန်သမား တိုင်းပြည်အတွက်မို့ နေ့ည မဆိုင်းပဲ 15-11-2019 မှာပဲ တူးဖော်ခွင့် လျှောက်ထားပါတော့တယ် ။ 

         အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းများအား ကျော်လွန်ပြီးနောက် ဦးဝင်းမြင့်ရဲ့ သဘောထားမှတ်ချက် ကျလာကာ နောက်ဆုံး ဒေါ်စုကြည်ထံ တင်ပြလိုက်ကြပါတယ် ။ ဒီမှာပဲ ကိုအောင်တို့ရဲ့ ကျိုးစားမှုရလာဒ်ဟာ လမ်းဆုံးသွားရပါတော့တယ် ။ မည်သည့် သဘောထားမျှ အကြောင်းမပြန်တော့ပါဘူး ။ 

         ရိုးသားစွာ လုပ်ကိုင်ခွင့်ချမပေးရင် ပြောစရာမလိုပါဘူး ။ မရိုးသားတာကတော့  2020 မတ်လ ထဲမှာ ဒေါက်တာအေးဇံတို့က တော်ဝင်လင်းယုန် ဆိုတဲ့ ကုမ္ပဏီအမည်နဲ့ တူးပါတော့တယ် ။ 

         ကိုအောင့်ထံကို ကိုကျော်ဟိန်းတို့ ဖုန်းဆက်မေးပါတယ် ။ တူးနေတာ ကိုအောင့်အဖွဲ့လားပေါ့ ။ မဟုတ်ကြောင်း တခြားလူတူးလည်း ခင်ဗျားတို့လိုက်ပြကူညီလိုက်ပါ တိုင်းပြည်အတွက်တူးကြတာပဲလို့ ရိုးသားစွာအကြံပေးလိုက်ပါသေးတယ် ။

       ကိုကျော်ဟိန်းတို့က အခုတူးတဲ့ ကုမ္ပဏီက နိုင်ငံတော်ကို အားလုံး အပ်မှာမဟုတ်ဖူး တဝက်စီယူမှာလို့ ပြောပြမှ ကိုအောင်လည်း အံ့သြရသတဲ့ ။ 
( အမှန်က စစ်ကြွင်းစစ်ကျန် ပစ္စည်းရှာဖွေရေးဆိုရင် နိုင်ငံတော်က 40 % ရှာဖွေသူက 60 % အချိုးနဲ့ ဥပဒေအရ ခံစားရပါတယ်) 

         ဘယ်လောက်ထိ လုပ်ခဲ့ကြသလဲဆိုရင် အပြင်လူလုံးဝ အဝင်ခံပဲ ကျူးကျော်ရင် ပစ်သတ်ဖို့အထိ အမိန့်ပေးထားပါတယ် ။ ပေ ၂၀၀ / ၃၀၀ ကျင်းတွေတူးပြီး ရှာဖွေကြပေမယ့် အစအနတောင်မတွေ့ကြရပဲ အဲဒီကျင်းတွေထဲမှာ ရေများလာကာ လူလေးယောက် ရေနစ် သေဆုံးခဲ့ရပါတယ် ။ 

        အခြောက်အလှန့်များခြင်း ၊ ငွေကုန်ကြေးကျများလွန်းခြင်းတို့ကလည်း ရှိနေချိန်မှာ အစအနမျှ မျှော်လင့်ချက် မရှိလေတော့ လူသေတာ အကြောင်းပြပြီး နောက်ဆုတ်သွားကြပါတယ် ။ ဒီလိုနဲ့ မိမ္မလာရတနာသိုက်ကြီးဟာ သူရဲ့ သဲလွန်စတွေကို သိုဝှက်ထားနိုင်ဆဲ ဖြစ်နေပါသေးတယ် ။ 

        2020 ရွေးကောက်ပွဲ မဲခိုးမှုအပြီးမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဖြစ်လာရပါပြီ ။ 

        NLD လက်ထက်မှာ တူးဖော်ခွင့် ချမပေးပဲ သူတို့ဘာသာတူးခဲ့တဲ့ ဒေါက်တာအေးဇံတို့လည်း ထောင်ထဲရောက်နေပေပြီ ။ ကိုအောင်လည်း ဒီလို အစိုးရအပြောင်းအလဲမှာ ရတနာသိုက်ကြီးကို တူးဖော်ဖို့ ကျိုးစားပြန်ပါတယ် ။ 

        ကိုအောင်က သူ့မိတ်ဆွေ ကိုဟိန်းထက်စိုး နဲ့ အတူ မော်လမြိုင်ကို ဆက်သွားကြပါတယ် ။ ကိုဟိန်းထက်စိုးက ဒီပွဲမှာ အင်မတန်အရေးကြီးတဲ့သူဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူက ဗိုလ်ချုပ်နေဝင်း (ငြိမ်း) ရဲ့ တူဖြစ်နေလို့ပါပဲ ။ ဗိုလ်ချုပ်နေဝင်းဆိုတာ ဘရွှေကြီးရဲ့ လူယုံတော် စစ်ဖက်လက်ထောက် ဖြစ်ပါတယ် ။

       သူတို့နှစ်ယောက်က ဝန်ကြီးချုပ်ရုံးထဲ ဝင်သွားကြပါတယ် ။ နေ့စွဲက 13-7-2021 ဖြစ်ပါတယ် ။ အပွှိုင်မင် မယူပဲ ဝင်တွေ့တော့ ရုံးအုပ်က လက်မခံဘူး ။ ဒါနဲ့ ပြန်အထွက် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နဲ့ တဲ့တဲ့တိုးပြီး ဝန်ကြီးချုပ်က ကျနော် ဝန်ကြီးချုပ်ပါလို့ ပြောလို့ ငါးမိနစ်မျှ တင်ပြခွင့်ပြုပါဆိုတော့ လက်ခံပါတယ် ။ 

          စလည်းပြောရော ဝန်ကြီးချုပ်က ဒါတွေက fb မှာ မွနေပြီ ပုံပြင်တွေပါဗျာလို့ ပြောပါတယ် ။ ဒီတော့ ကိုအောင်ကပြန်ပြောတယ် ကျနော်က ဝန်ကြီးချုပ်သားအရွယ်ပါ ကျနော်တောင် တိုင်းပြည်အတွက် ကိုယ့်အသက်စွန့်  ကိုယ့်ငွေကို အကုန်ခံပြီး တိုင်းပြည်အတွက် လုပ်ပေးချင်တာကို ဝန်ကြီးချုပ်တို့လို ဖအေအရွယ်လူကြီးတွေက ဘာလို့ ကန့်ကွက်နေကြသလဲဆိုတာ ကျနော်ဖြင့် စဥ်းစားလို့တောင် မရပါဘူးဗျာ ရတယ်ဒါလည်း နိုင်ငံရဲ့ ကံပဲဗျာ လို့ ပြောလိုက်ပါတယ် ။ 

          ဒီစကားကြားသွားတော့ ဝန်ကြီးချုပ်က အစည်းအဝေးချက်ခြင်းခေါ်ပြီး ဒီကိစ္စကို ပြည်နယ်အစိုးရကနေ သဘောတူပေးလိုက်မယ် ၊ နိုင်ငံတော်အဆင့်တော့ ကိုယ့်ဘာသာရအောင် ဆောင်ရွက်ကြပါဆိုပြီး တခါတည်း ခွင့်ပြုပေးခဲ့ပါတယ် ။ 

         ဒီနေရာမှာ အဆက်အသွယ်ကောင်းတဲ့ ကိုဟိန်းထက်စိုးက ရပါတယ်ဆိုပြီး သမ္မတရုံးက တိုင်းပြည်ကို အမှန်ချစ်တဲ့ ပုဂ္ဂိုလ်ကြီးနဲ့ ဆက်သွယ်ဆောင်ရွက်မယ်လို့ ပြောလိုက်ပါတယ် ။ 

        ကိုဟိန်းထက်စိုး ဘယ်လမ်းကြောင်းကနေ သွားတယ်ဆိုတာ ချိတ်ဆက်ပြီးတွေးနိုင်ဖို့ သဲလွန်စပေးရရင်တော့ အဆိုပါ 13-7-2021 နေ့က တင်ပြလိုက်တဲ့ တူးဖော်ခွင့်တောင်းခံလွှာဟာ မယုံကြည်နိုင်လောက်အောင်ပဲ 15-7-2021 နေ့မှာ ​တူးဖော်စေ ဆိုတဲ့ နိုင်ငံတော်အဆင့်က ခွင့်ပြုမိန့်ကျလာပါတော့တယ် ။ 

        သတင်းပလင်း ထွက်လာတာကတော့ ဗိုလ်ချုပ်နေဝင်းက တဆင့် ရွှေမော်ဓောဘုရား ဌာပမာတွေ ပြန်ရဖို့အတွက် လမ်းစတွေ့ပြီဖြစ်လို့ ဘရွှေကြီးကို တင်ပြအကူညီတောင်းခဲ့လို့သာ နှစ်ရက်နဲ့ ခွင့်ပြုမိန့်ကျလာတာလို့ ဆိုကြပါတယ် ။ 

         ဖြစ်နိုင် မဖြစ်နိုင်ကတော့ အဲဒီလို တူးဖော်ခွင့်တင်ထားသူတွေ ရာနဲ့ချီရှိတဲ့အထဲ အချို့ဆို နှစ်ပေါင်း ၂၀ ကျော်တာတောင် မရကြသေးပါဘူး ။ ဒီတော့ ၂ ရက်နဲ့ တူးဖော်ခွင့်ကြအောင် လုပ်နိုင်ခဲ့တဲ့ ကိုဟိန်းထက်စိုးရဲ့ ဆောင်ရွက်မှုဟာ အင်မတန်ကြီးမားလှပါတယ် ။ 

        နစကရဲ့ ခွင်ပြုမိန့်ကျလာတာနဲ့ ကိုအောင်တိူ့လည်း လုပ်ငန်းစကြပါပြီ ။ ဘာတွေကြုံရမလဲ ဆိုတော့ကား.....

      ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...