Thursday, July 14, 2022

နစက ဗန်းပြ လုပ်စားနေကြခြင်း



          ကျနော့်ဆီကို ဒီလိုမျိုး ပြဿနာတွေ လာပြောနေကြတာ အတော်များပါတယ် ။ အကူညီတောင်းသူတွေက အမျိုးသားရေး သမားတွေပဲဖြစ်ပါတယ် ။ 

        ကျနော့်မိတ်ဆွေသားလေပါ ရိုးသားပါတယ် ၊ ကျမတူလေးပါ ဘာမှ မလုပ်ပါဘူး အစရှိသည်ဖြင့် ပြောလာကြတာများပါပြီ ။ သို့သော် အဖမ်းခံထားရတဲ့ လူငယ်တွေကို ကျနော်စိတ်မချပါဘူး ။ 

          လူကြီးတွေမသိအောင် PDF နဲ့ ဆက်နွယ်နေရင် ကြားထဲက ဆောင်ရွက်ပေးသူ ဒုက္ခရောက်နိုင်လို့ စိတ်မချတဲ့အတွက် ကျနော် ဥပေက္ခာပြုထားလိုက်ပါတယ်  ။ 

        အဲလို ပြဿနာတွေများလာတော့ သံသယတွေများလာရတဲ့အချိန်မှာ ဟဲဟိုးက တိုင်စာတစောင် တွေ့လိုက်ရတော့ ကျနော်ရေးသင့်ပြီလို့ ယူဆမိပါတယ် ။ 

         ဖြစ်စဥ်အကျဥ်းက ဟဲဟိုးမှာ သီးနှံရောင်းချနေတဲ့ ပွဲရုံပိုင်ရှင် ဦးကျော်လင်းက အသက် ၅၃ နှစ်ရှိပါပြီ ။ တနေ့သူ့ကို ရဲစခန်းကနေ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး လာဖမ်းတယ် ။ 

       ဟဲဟိုးစခန်းမှူးက ဦးသိန်းဇော်ဦးတဲ့ ။ အကြောင်းပြချက်က ဖမ်းမိထားတဲ့ PDF ဆီက ဖုန်းထဲမှာ ဦးကျော်လင်းဖုန်းနံပတ်ပါနေလို့ ဆိုပြီး အကြောင်းပြပါတယ် ။ 
ဖမ်းမိတဲ့ PDF က ဖိုးခွားတဲ့ ။ 

        ဦးကျော်လင်းအတွက် ရဲများမှ အခြေအနေကောင်းကြောင်းပြောပါတယ် ။ 5-3-2022 မှာ မူးယစ်ရဲ ဗိုလ်လေးအောင်မျိုးမြင့်မှ သူ့အိမ်ကိုလာတွေ့ဖို့ပြောတယ် ။ 

      တွေ့တော့ တပတ်အတွင်းလွှတ်ပေးမယ် သိန်း ၃၀ကို ကလောမြို့မစခန်းက သူ့ တပည့်မဆီ သွားပေးပါလို့ တောင်းပါတယ် ။

        6-3-2022 မှာ ဟဲဟိုးစခန်းမှူးက ဘာသက်သေမှ မရှိဘူး လွတ်မှာပါ မူးယစ်ရဲတောင်းတဲ့ သိန်း ၃၀ လည်း မပေးနဲ့လို့ ပြောပါတယ် ။ 

      နယ်ထိန်းအောင်သူရက ခရိုင်ရဲမှူးလာလို့ ဧည့်ခံဖို့ဆိုပြီး ၃ သိန်းလာတောင်းပါတယ် ။ စားသောက်တာ ၁ သိန်း နဲ့ ပျောက်ကြားအင်္ကျီ တထည် ၉၅၀၀၀ တန် နှစ်ထည်ကို စခန်းမှုးနဲ့ ဗိုလ်လေးကိုကိုဦးအတွက် လက်ဆောင်ပေးလို့ကုန်ပြီလို ပြောတယ် ။ ( ဟုတ်မဟုတ်ရှင်းကြပေတော့)

      10-3-2022 မှာ ကလောမြို့မစခန်းရှိ ဦးကျော်လင်းအားသွားတွေ့ရာ စခန်းမှူးက အိမ်သာအတွက် ၃ သိန်းလှူမှ ပေးတွေ့မည်ဆိုသဖြင့် ပါခဲ့သည့် ငွေ ၁၅၀၀၀၀ိ ပေးမှ တွေ့ခွင့်ရခဲ့ ။ 

       23-3-2022 မှာ နယ်ထိန်းအောင်သူရက လွိုင်ခမ်းစားသောက်ဆိုင်မှာ စခန်းမှူးနဲ့ ဦးကျော်လင်းကိစ္စဆွေးနွေးရင်း စားသောက်ထားတာလာရှင်းဖို့ခေါ်ပါတယ် ။ မနက်လင်းမှ ပေးလိုက်ပါ့မယ်ဆိုပြီး နောက်နေ့ 45000 ဖိုး သွားရှင်းပေးရပါတယ် ။ ( ပြည်သူ့ရဲတွေကို အဲလိုလုပ်ခွင့်ပေးထားပါသလား အနုစားဒါးပြတိုက်ခွင့်ပေါ့)    

       6-4-2022 မှာ ဟဲဟိုးစခန်းမှူးက သိန်း ၆၀ ခန့်တန်တဲ့ ဝပ်သောက်တစီး ဝယ်ပေးဖို့ တောင်းဆိုပါတယ် ။ 8-4-2022 မှာ ထပ်မံပြီးကားဝယ်ပေးဖို့ တောင်းဆိုပါတယ် ။ မပေးခဲ့သလို လွတ်လဲမလွတ်ပါဘူး ။ 

         နောက်ဆုံးတရားရုံးထွက်ဆိုချက်မှာ ဖိုးခွားဆိုတဲ့ PDF ထွက်ဆိုချက်အရ သူ့အနေနဲ့ ဒီဖုန်းနံပါတ်နဲ့ သူ့မိတ်ဆွေ စည်သူဆိုသူအထင်ဖြင့် ဆက်သွယ်ခဲ့ရာ စည်သူမဟုတ်ကြောင်း ပြန်ပြောတယ်လို့ ထွက်ဆိုပြီး ဦးကျော်လင်းကိုလည်း မသိကြောင်း သက်သေထွက်ဆိုခဲ့ပါတယ် ။ 

          ဒီလိုဖြစ်စဥ်တွေ အများကြီးကြားနေရပါတယ် ။ နစက ကို ဗန်းပြပြီး ငွေတောင်းကြမ်းနေတဲ့ ရဲတွေကိုလည်း ( အားလုံးဟု မဆိုလိုပါဘူး)  မြင်တွေ့ကြားသိနေရပါတယ် ။ 

         မန္တလေးတိုင်းကတော့ ဒီလိုမျိုး မသေချာပဲ မတော်မတရားဖမ်းဆီးတရားစွဲခံရသူတွေကို ဖြေလျော့ပေးတာတွေ့ရပါပြီ ။ 

        https://www.facebook.com/100061188572258/posts/431629842219965/

        ဒါတွေက ပေါ်လစီတွေမို့ထားပါဗျာ ။ အဓိက ပြောချင်တာက ဥပဒေကို အကြောင်းပြုပြီး ငွေတောင်းခဲ့တယ်ဆိုပြီး အမည်တပ်အတိုင်ခံထားတဲ့ မူးယစ်ရဲ ဗိုလ်လေးအောင်မျိုးမြင့် ၊ နယ်ထိမ်းအောင်သူရ နဲ့ ဟဲဟိုးစခန်းမှူး သိန်းဇော်ဦး တို့ကို ဘယ်လိုစစ်ဆေးမလဲ... ?
ဟုတ်မှန်ခဲ့ရင် ထုံးစံအတိုင်း နယ်ပြောင်းစားစေနဲ့ ပြီးသွားမလားဆိုတာကတော့ စောင့်ကြည့်ဝေဖန်ကြရအုံးမှာပါပဲ ။ 

        နစက အနေနဲ့ ပြည်သူတွေ ယုံကြည်လေးစားမှု ရဖို့ဆိုရင် ဝန်ထမ်းဆိုးတွေကို အရေးယူဖို့ ထုတ်ပယ်ဖို့ လိုအပ်သလို အပြသ်ရှိသူမလွတ်အောင် အရေးယူဖို့နဲ့ အပြစ်မရှိသူတွေ ပြစ်ဒဏ်မခံရအောင် စီစစ်ဖို့ လိုပါပြီ ။ 

        ယခုပြောပြထားတဲ့ ဟဲဟိုးက ဦးကျော်လင်း ပြဿနာမျိုး နိုင်ငံအနှံ့ဖြစ်နေပါတယ် ။ သက်သေခိုင်မာနေတဲ့ တိုင်စာအရ ဒီတယောက်ထဲပဲ နမူနာသဘော တင်ပြခြင်းဖြစ်ပါတယ် ။ အမှန်တရားများ ထွန်းကားပါစေ ။

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...