Saturday, July 2, 2022

အဆင်အကွက် မြင်တတ်ကြပါစေ



        ဒီနေ့ လိုင်းပေါ်မှာ နယ်ဒါးမြရဲ့ လေယာဥ်မှူး ကိစ္စပြောနေသံတွေ များနေတယ် ။ မနေ့က လေယာဥ်ဗုံးကြဲတာ ဓာတုဗုံး သုံးနေသလိုလို ဖွနေတယ် ။

        တပ်ထောက်ခံသူတွေကတော့ ဒီအပြောတွေကို ဟာသလုပ် တင်နေကြတာပေါ့ ။ တကယ်တမ်းတွေးကြည့်ရင် ဒီပြောဆိုချက်တွေဟာ သွေးပျက်နေတဲ့ KNU တို့ရဲ့ ဂယောင်ချောက်ခြား အကွက်တွေဗျ ။ 

        ပထွေးမျှော် အကွက်ဖော်နေကြတာပါ ။ ဓာတုဗုံးကြဲရင် ဂျီနီဗာကွန်းဗေးရှင်းအရ ဘာညာကွိကွတွေ အော်လာကြမယ်လေ ။ 

       နောက်တခု နယ်ဒါးမြပြောလိုက်တဲ့ ရုရှားလေယာဥ်မှူးမောင်းတယ်ဆိုသော ပြောဆိုချက်ကလည်း နည်းတဲ့အကွက်မဟုတ်ဖူးဗျ ။ ယူကရိန်းမှာ ရုရှားကို တုန့်ပြန်ဖို့ အနောက်အုပ်စုက ငွေကြေးလက်နက်ခဲယမ်းတွေ အများကြီးထောက်ပံ့နေတာ တွေ့တယ်မဟုတ်လား ။ 

       ဒီတော့ အနောက်အုပ်စုရဲ့ အဓိကရန်သူတော် ရုရှားကြီးပါ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းတိုက်နေပါပြီလို့ ဝါဒဖြန့်ပြီး ပထွေးတွေဆီက ငွေကြေးလက်နက် အများအပြား ထောက်ပံ့ချင်လာအောင် ကလေးကလားကြံစည် ပြောဆိုခဲ့တာဗျ ။ 

         လေယာဥ်မောင်းသူက နယ်နမိတ်မျဥ်းကျော်တာ မသိလို့ ဆိုတဲ့ ကောက်ချက်နဲ့ အနောက်အုပ်စုကို လိမ်မလို့လုပ်နေတာ ရီစရာပါပဲ ။ လေယာဥ်တွေကို မျက်လုံးအကြည့်ပဲ ထိမ်းချုပ်မောင်းနေတယ်ထင်နေသလားမသိပါဘူး ။ 

        ကွန်ပြူတာတွေမှာ မြေပြင်နယ်နမိတ် ၊ ရေပြင်နယ်နမိတ် အားလုံးပါပြီးသားဟ ။ သူ့ဘာသာ စောက်တုန်းမှန်းသိအောင် ထပြောနေတယ် ။ 

        ကလေးကွက်မို့ ရီစရာပေမယ့် ဒါမျိုးကလိမ်ကကျစ်တွေ ထပ်လာအုံးမှာပါပဲ ။ ယုတ်မာမယ့် အဆင်အကွက်တွေကို မြင်တတ်ဖို့တော့ လိုအပ်ပါတယ် ။ လျှော့မတွက်ကြပါနဲ့ ။ 

        KNU နဲ့ PDF တွေက အင်မတန် အောက်တန်းကျ ယုတ်မာကြပါတယ် ။ မြန်မာ့တပ်မတော် သတိကြီးစွာနဲ့ အောင်ပွဲရယူနိုင်ကြပါစေ ။ 

         ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...