Monday, July 11, 2022

ယုံကြည်မှု



         ကျနော်ရေးခဲ့တဲ့ ပြည်ပဘဏ်များမှာ ထုတ်မရတဲ့ ငွေကြေးကိစ္စများ ၊ ပုဏ္ဏတိုက် ၊ ပညာရှာတဲ့ ကိုရွှေအကြောင်း နဲ့ သရဲဖမ်းတဲ့ ဂန္ဘီရ အကြောင်းတွေက အမှန်ဖြစ်ပျက်နေကြတဲ့ ကိစ္စတွေပါပဲ ။ 

           ခက်တာက မိမိယုံကြည်ချက်တခုတည်းပဲ အသေစွဲကိုင်ထားသူအချို့ ၊ ဗဟုသုတအနည်းငယ်ကိုပဲ ပြီးပြည့်စုံနေသူအချို့ တို့ကတော့ ကိုယ့်အတွေ့အကြုံ ကိုယ့်လက်လှမ်းမီသမျှ လေ့လာမှုလောက်နဲ့ မယုံကြည်ဖြစ်နေကြတာလည်း သဘာဝ ကျပါတယ်လေ ။  

         ယခု ပြန်လည်တင်ပြထားတဲ့ ပြည်ပအပ်နှံငွေ ကိစ္စဆိုရင် တယောက်မှ မရကြသေးပါဘူး ။ ဒီတော့ အပ်နှံထားသူတွေရဲ့ အဆက်အနွယ်အုပ်စုတွေဟာ မိမိအစီအစဥ်နဲ့ မိမိ လှုပ်ရှားနေကြဆဲပါပဲ ။ 

           အလိမ်အညာတွေလား အမှန်အကန်တွေလားတော့ မခွဲခြားတတ်ပါဘူး ၊ ကျနော့်ဆီလည်း ဆက်သွယ်လာကြပါတယ် ။ ဦးအေးချို ချိတ်ဆက်တွေကတော့ တပ်မတော်အစိုးရကို ကြောက်နေတယ်လို့ အကြောင်းပြန်လာပါတယ် ။ 

            ဦးကျော်ဝင်း ချိတ်ဆက်ဆိုသူများကတော့ သိပ်မကြာသေးတဲ့ ကာလများတုန်းက သူတို့ကျိုးစားနေတာ အောင်မြင်တော့မယ် ၊ ဥရောပခရီးစရိတ် လိုနေလို့ အကျိုးတူလုပ်ပေးနိုင်မယ့် စပွန်ဆာရှာခိုင်းပါတယ် ။ အစိုးရနဲ့ ချိတ်ဆက်ပေးမယ် ဆိုတော့ အစိုးရနဲ့တော့ မလုပ်ချင်ဘူးတဲ့ ။ 

         အရင်ကလုပ်ဖူးတယ် အဆင်မပြေခဲ့ဖူးတဲ့ ။ ဖြစ်စဥ်တွေအရ အနောက်အုပ်စုက ညစ်ပတ်ယုတ်မာနေတာမို့ လက်ရှိနစက အနေနဲ့ ဝင်လည်း မရနိုင်တာသေချာပါတယ် ။ သူတို့က ဘာတွေအကြောင်းပြနေပါစေ ရည်ရွယ်ချက်က မြန်မာပြည်မွဲနေစေဖို့ပဲ ဖြစ်ပါတယ် ။ 

         ဒီငွေတွေအတွက်ကတော့ တိုင်းပြည်အတွက် မျှော်လင့်ချက်တခုပဲ ရှိပါတယ် ။ အဲဒါကတော့ ပါဝါဝန်ရိုးအပြောင်းအလဲ​ဖြစ်ပြီး ကျနော်တို့မိတ်ဆွေကြီး ရုရှားထံ ပါဝါရလာရင်ဖြင့် ရုရှားရဲ့ ဖိအားပေးကူညီဖြင့် ပြန်လည်ရရှိနိုင်ပါတယ် ။ 

        ကျနော့်ထံဆက်သွယ်ခဲ့ဖူးသူများကိုလည်း အစစ်အမှန်ဖြစ်သည် ဖြစ်စေ ၊ အကြံအဖန်လုပ်သည်ဖြစ်စေ တိုင်းပြည်အတွက် စဥ်းစားစေချင်ပါတယ် ။ 
အတုအယောင်ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး အစစ်အမှန်ဆိုရင်တော့ ယခု နစက ဖြစ်စေ ၊ နောက်လာမယ့် မည်သည့်အစိုးရဖြစ်စေ ယုံကြည်ပွင့်လင်းစွာ ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ် ။ 

       နိုင်ငံတော်မှ ချီးမြှင့်မယ့် ပမာဏကိုက ဆက်ခံသူအုပ်စုများအတွက် ဆယ်သက်စားမကုန်အောင် ရကြမှာသေချာပါတယ် ။ ယခုဆိုရင် တိုင်းသိပြည်သိ ပြဿနာကြီးဖြစ်နေပြီမို့ ပြည်သူတွေကလည်း အမွေဆက်ခံသူတွေအပေါ် အစိုးရက ( မည်သည့်အစိုးရဖြစ်နေပါစေ) မတော်မတရား အနိုင်ကျင့်လို့လည်း လက်ခံမှာ မဟုတ်ပါဘူး ။ 

         ပွင့်လင်းမြင်သာစွာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ တိုက်တွန်းမေတ္တာရပ်ခံချင်ပါတယ် ။ အဆက်အသွယ်မရှိ လမ်းကြောင်းမသိလို့ လိုအပ်လာရင် တတ်စွမ်းသလောက် ကူညီချင်ပါတယ် ။ 

       ယခု တင်ပြပြီးခဲ့သော ကရင်ပြည်နယ် ဒုံဇရစ်ကျေးရွာက သိုက်ရဲ့ တန်ဖိုးတောင် အံ့ချီးဘနန်း များပြားလှတာတွေ့ကြရမှာပါ ။ သူ့ထက် တန်ကြေးကြီးမယ့် သိုက်ကြီးတခု ထပ်မံပေါ်ပေါက်လာဖို့ ရှိနေပြန်ပါပြီ ။ 

        ယခုဆုံးရှုံးသွားရမလို ဖြစ်နေတဲ့ ပြည်ပဘဏ်အပ်ငွေများနဲ့ မတူညီတဲ့ သိုက်ကြီးရဲ့ အခြေအနေတွေကို ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ၊ အံ့သြဖွယ် ပဌာန်းဆက်ကိစ္စများ ၊ လက်ရှိအနေအထား ၊ အခက်အခဲများ ၊ အတ္တသမားတို့ရဲ့ အတားအဆီးများကို ကျနော်ဖော်ထုတ်ပါတော့မယ် ။ 

        နစက အနေနဲ့ ဘာလုပ်ရမယ်ဆိုတာတဲ့ ဆုံးဖြတ်ချက်အတွက် အထောက်အကူဖြစ်စေမယ့် မြေပြင်သတင်းမှန်တွေကို တင်ပြပေးပါ့မယ် ။ ဒါတွေက ကျနော်စုံစမ်းမိသမျှ မြေပြင်ရှိ သတင်းအချက်အလက်အမှန်တွေ ဖြစ်ကြောင်းကျနော်အာမခံရဲပါတယ် ။

        သတင်းဇစ်မြစ်ကတော့ ကျနော်ဖော်ပြမှာမဟုတ်ပါဘူး ၊ ခိုင်လုံတဲ့ သက်သေတွေ တင်ပြနိုင်ဖို့ပဲ အဓိကကျပါတယ် ။ သတင်းယူရင် နှစ်ဖက်နားစွင့်ယူပြီးမှ ကျနော်တင်ပြတတ်ပါတယ် ။ အရေးကြီးတဲ့ ပဏာမသတင်းဦးကတော့....

၁ ။ ရတနာသိုက်အတွက် အနီးဆုံးလမ်းကြောင်းပေါ် ရောက်နေပါပြီ....

၂ ။ ခိုင်လုံတဲ့သမိုင်းကြောင်းအရ နဲ့ တူးဖော်စဥ်တွေ့ရှိချက်များအရ ပစ္စည်းများတွေ့ရန် ရာခိုင်နှုံးများပါတယ် ....

၃ ။ ဆက်လက်ဖော်ထုတ်ရန် အခက်အခဲဆိုတာကလည်း နစက အနေနဲ့ အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ ကိစ္စဖြစ်နေပါပြီ ....

၄ ။ ကျနော့် ပို့စ် ဖတ်ပြီးရင် မြေပြင်အခြေအနေမှန်ကို သိရမယ်လို့ အာမခံပါတယ် ။ 

        မင်းရေးမယ့် ရတနာသိုက်ကြီး ရလာလည်း ပြည်သူတွေ ရမှာမှ မဟုတ်တာဆိုတဲ့ ခပ်ပိန်းပိန်းတွေ အတွက် ကြိုပြောထားချင်တာရှိပါတယ် ။ လူတယောက်ဘယ်လောက်ရမယ်လို့တော့ မှန်းဆတမ်းတမနေပါကြပါနဲ့ ။ 

        အကယ်၍ နိုင်ငံတော်ကနေ အဲဒီသိုက်ကြီးကို အောင်မြင်စွာ ရယူနိုင်ခဲ့ရင်.....

- ယခု တင်နေတဲ့ ပြည်ပကြွေးဆိုတာ သူတောင်းစားကို ပေးသလောက်ပမာဏဖြစ်လိမ့်မယ် ။ 

- ကာကွယ်ရေးအတွက် ခေတ်အမှီဆုံး လက်နက်တွေနဲ့ တိုင်းပြည်ကို လုံခြုံစေလိမ့်မယ်

- ဝန်ထမ်းတွေ အားလုံး နိုင်ငံတကာအဆင့် လစာတွေ ရလာလိမ့်မယ်

- လစာရိက္ခာ လုံလောက်အောင်ပေးပြီးတာနဲ့ ပြည်သူ့အပေါ် ဂုတ်သွေးစုတ် ပါဝါပြနေတဲ့ အကျင့်ပျက် လူယုတ်မာ ဝန်ထမ်းတွေကို ဖယ်ရှားနိုင်လိမ့်မယ်

- ပြည်သူတွေအားလုံးအတွက် အခမဲ့ဆေးကုသခွင့် ၊ ပညာသင်ခွင့် ( ထူးချွန်သူတွေအတွက် ပြည်ပပညာသင်ဆုအပါအဝင်) ရလာလိမ့်မယ်

- စျေးနှုံးချိုသာတဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ဖောခြင်းသောခြင်းဖြစ်လာမယ်

- အလုပ်အကိုင်သစ်တွေ များစွာပေါ်ထွန်းလာမယ် 

- အကြမ်းဖျင်း ပမာဏအရ အီလွန်မက်ကို ညစောင့်လုပ်ခိုင်းပြီး ဘီလ်ဂိတ်ကို တံခါးဖွင့်ပိတ် ခန့်အပ်ပြီး ဇူကာဘတ်ကို အိမ်သာဆေးခိုင်းလို့ ရနိုင်မယ့် ပမာဏကြီးပဲ ဖြစ်ပါတယ် ။ 

       ယုံကြည်တာ မယုံကြည်တာ က​တော့ မိတ်​ဆွေတို့ သဘောပါပဲဗျာ ။

          ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...