မနေ့က ကျနော့်ရဲ့ နိုင်ငံကျော်မိတ်ဆွေကြီးတယောက်ဆီက ဖုန်းဝင်လာပါတယ် ။ တွေ့ချင်တယ်တဲ့ ။ ဒီတော့ မာနကြီးတဲ့ ကျနော်ကလည်း ခပ်ရှင်းရှင်းပဲပြောလိုက်တယ် ထမင်းကျွေးရင် တွေ့ကြမယ်လို့ ပေါ့ ။
ဒီလိုနဲ့ ချိန်းတဲ့နေရာ ကျနော်အရင်ရောက်ပါတယ် ။ ချိန်းတာကတော့ ခပ်တည်တည်နဲ့ ဟိုတယ်တလုံးမှာ ချိန်းတာပါပဲ ။ ခက်ပါ့ဗျာ အဲဒီဟိုတယ်မှာ တည်းတာမဟုတ်ဖူးဗျို့ လူရှိန်အောင် လုပ်ပြရတဲ့ အကွက်ဗျ ။ ဟိုတယ်ရှေ့က အရိပ်အောက်မှာကနေ စောင့်နေတာလေ ။
ဖုန်းဝင်လာပြီး နိုင်ငံကျော်ကြီးဆီက ကျနော်တို့ ×××× ကား ခဲရောင်နဲ့ ရောက်ပြီတဲ့ ။ လှမ်းကြည့်တော့ သူပြောတဲ့အမျိုးအစားနဲ့ ကား ခဲရောင်လေးကို ဟိုတယ်နဲ့မျက်စောင်းထိုး လမ်းတဖက်ခြမ်းမှာတွေ့ပါရော ။
ဒါနဲ့ ကျီးကန်းတောင်းမှောက် ကားအသွားအလာကြည့်ပြီး ဖျက်ကနဲပြေးကူးလိုက်တယ် ။ ဘာမှပြောမနေဘူး နောက်ခန်း ကားတံခါး ဆွဲဖွင့်လိုက်တယ် ။ လော့ချထားလေရဲ့ ။ ဒီလောက်ညံ့ရမလားဆိုပြီး ရှေ့ခန်းကို မှန်ခေါက် ကြည့်လိုက်တော့ ကောင်မလေး နှစ်ယောက် ကြုံ့ကြုံ့လေးထိုင်ပြီး မျက်လုံးပြူးလေးတွေနဲ့ မော့ကြည့်နေလေရဲ့ ။
နောက်ခန်းထဲမှာလည်း မိန်းကလေးတွေ ။ အားလုံးက ကျနော့်ကို ပြူးကြောင်ကြောင်လေးတွေကြည့်ပြီး ကြောက်နေကြလေရဲ့ ။ ဥပတိရုပ်က ခန့်ညားလို့တော်သေးတယ် ။ မဟုတ်ရင် ထအော်မယ့်သဘောရှိတယ်ဗျ ။
ဘာလဲဟလို့ တွေးနေတုန်း လမ်းတဖက်ခြမ်းက ခဲရောင်ကားလေးထဲကနေ ဟေး ဟူး နဲ့ လက်ခုပ်သံတွေပေးခေါ်နေလေရဲ့ ။ လှည့်ကြည့်တော့ နိုင်ငံကျော်ကြီးနဲ့ လူနှစ်ယောက် အော်ခေါ်နေလေရဲ့ ။
သြော် သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင် ကားအမျိုးအစားတူ အရောင်တူဖြစ်နေတာကိုးဗျ ။ ဒီတော့မှ စပ်ဖြဲဖြဲနဲ့ ရီပြ လက်ပြပြီး ဟိုဖက်လမ်းပြန်ကူးပြေးခဲ့ရပါတယ် ။
အဲဒီ သုံးယောက်နဲ့ စားသောက်ဆိုင်သွားတယ် ။ ပါးဖြဲနားဖြဲ စားသောက်ဖို့ မှာနေတုန်း သူတို့ဆီကို လူတယောက်ဆီက ဖုန်းဝင်လာလို့ ဆိုင်နေရာလမ်းညွှန်နေလေရဲ့ ။
ကျနော်စိတ်ဝင်စားမယ့်ကိစ္စပြောပြချင်လို့ပါတဲ့ ။ သာမန်အားဖြင့်တော့ ဒါမျိုးဆို ကျနော်ကိုယ်တိုင်သွားမတွေ့ပါဘူး ။ နိုင်ငံကျော်မိတ်ဆွေကြီးပါနေလို့သာ တွေ့ရဲတာပါ ။
စားရင်းသောက်ရင်း သူတို့ပြောပြတဲ့ အကြောင်းအရာတွေ ၊ ပြပေးတဲ့ သက်သေခံ စာရွက်စာတမ်းတွေ နဲ့ အတူ အသံဖိုင်တွေ ရဲ့ မှတ်တမ်းတွေအရ ကျနော်တုန်လှုပ်ဒေါသထွက်ရတဲ့ ပြစ်မှုကြီးတခုကို ရုပ်လုံးဖော်မိလာပါတယ် ။
စာရွက်စာတမ်းသက်သေတွေ မိတ္တူယူလာပြီး ည တွင်းချင်း ဖြစ်စဥ်အကျဥ်းကို ပြန်ချုပ်ရေးပါတယ် ။ ပြီးတာနဲ့ သက်ဆိုင်ရာ အကြီးအကဲထံသို့ ချက်ခြင်း သတင်းပေးပို့တိုင်ကြားလိုက်ပါတယ် ။
ဒီကိစ္စကြီးသည် ကျနော်တို့လို ပြည်သူတွေပါ သိသင့်သိထိုက်သော ကိစ္စရပ်ကြီးအဖြစ် ရှုမြင်မိပါသဖြင့် ကျနော် မိတ်ဆွေတွေ ဖတ်နိုင်စေရန် ပို့စ် တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
တရက်တော့ စောင့်ပေးကြပါ ။ မနက်ဖြန် အပိုင်း (၂) တင်ပေးပါမယ် ။ ကျနော်ရေးခဲ့တဲ့ ပက်စပို့ရုံးပြဿနာ အပါအဝင် အခြား ချစားမှုတွေဟာ ဒီပြဿနာကြီးနဲ့ နှိုင်းယှဥ်ရင် ကလေးကစားစရာအဆင့် အမျိုးသားသစ္စာဖောက် နိုင်ငံတော် လိမ်လည်မှုကြီးဖြစ်နေပါပြီ ။
မနက်ဖြန် အကြောင်းစုံကို ဇာတ်သိမ်းအဖြစ် တင်ပြပေးပါ့မယ် ။
အလုပ်များနေလို့ မိတ်ဆွေတွေရဲ့ မန့်များအပေါ် like ပြန်မပေးနိုင်သေးပေမယ့် ကျနော်အားလုံးကို လေးလေးစားစားဖတ်ပါတယ် ။ like ပေးရင် ဖုန်းက လေးနေလို့ တယောက်ပေးပြီး ၁၀ စက္ကန့်လောက်ကြာမှ ရွှေ့လို့ရတဲ့အတွက် နားလည်ပေးကြပါခင်ဗျ ။
ကိုရွှေမျိုးဝင်း
(တင်ပြပေးမယ့် ပို့စ်ကိုဖတ်မိတဲ့ လူကြီးမင်းတွေ ဒီလို မမြင်ကြဖို့ပဲ ဆုတောင်းထားကြပေတော့ဗျာ)
No comments:
Post a Comment