Monday, July 18, 2022

အ​ကောက်​ကြံ​​ခံရခြင်နဲ့ စာနာစိတ်


            ကျနော် အလုပ်များနေတာနဲ့ စာကောင်းကောင်းမဖတ်နိုင်တဲ့ ရက်တွေအတွင်း မျိုးချစ်မင်းသားကြီး မင်းအုပ်စိုး သတင်းတွေ တွေ့မိပေမယ် ခြေခြေမြစ်မြစ် မလေ့လာနိုင်တော့ ဘာတခုမှ မရေးနိုင်ခဲ့ပါဘူး ။

         မနေ့ကမှ မင်းသားကြီးရဲ့ သူ့မိတ်ဆွေတွေများထံ အကြံတောင်းတဲ့ ပို့စ် တက်လာတာတွေ့ရပြီး သူ့ရဲ့ live လွှင့်ထားတာတွေကို ကျကျနန နားထောင်ရင်း ဖြစ်စဥ်ကို နားလည်လာပါတော့တယ် ။

       သူက အပိုင်း ၃ ပိုင်း လွှင့်ထားပါတယ် ။ ၈ မိနစ် ၊ ၂၂ မိနစ် ၊ ၂၃ မိနစ် ကျော်တွေဆိုတော့ ဒေတာစျေးနဲ့ လူအများစု နားထောင်နိုင်ဖို့ ခက်ပါလိမ့်မယ် ။ နားထောင်ပြီးသူများသည်းခံပေးပါ ။ ကျနော် နားလည်သလောက်သေးကို နားမထောင်ရသေးသူများအတွက် ဖြစ်စဥ်အကျဥ်းလေး တင်ပြချင်ပါတယ် ။ 

        မင်းသားကြီးတေးနုယဥ်အမှုနဲ့ ပြစ်ဒဏ်ကျခံနေရစဥ်မှာ ယခု အမှုဖွင့်ထားတဲ့ ခင်မင်ရင်းစွဲရှိပြီးသား ထမင်းဆိုင်ရှင် လင်မယားက ထောင်ဝင်စာလာတွေ့လေ့ရှိပါတယ် ။ 

         တကြိမ်မှာ မင်းသားကြီးရဲ့ ခြံထဲက အဆောက်အဦးကို ဟော်တယ်အဖြစ် ပြင်ဆင်ပြီး ဝင်ငွေရအောင် လုပ်ချင်ပါတယ်လို့ တောင်းဆိုလာသတဲ့ ။ မင်းသားကြီးကလည်း လုပ်ကြလေလို့ဆိုပြီး သဘောတူ စာချုပ်မရှိပဲ လွယ်လွယ်နဲ့ ခွင့်ပြုခဲ့ပါတယ် ။ 

        ပြင်ဆင်စရိတ် သိန်း ၃၁၀၀ ကုန်တယ်ဆိုသော ( သူတို့စာရင်းအရပေါ့လေ) ဟိုတယ်တလုံးဟာ မင်းသားကြီးလက်ရှိနေထိုင်ရာ ခြံခြင်းကပ်ရက်မှာ ပေါ်လာပါတယ် ။

        အားလုံးပြင်ဆင်ပြီးတော့ စာချုပ်အကြမ်းပေးလာတယ် ။ ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ အခန်း ၄၀ ပါ ဟော်တယ်အား 
- တလ ၃၀ သိန်း နဲ့ သတ်မှတ်ပါတယ် ။
( ဆယ်နှစ်စာချုပ်ဖြစ်ပြီး ဆယ်နှစ်အတွင်း ငှားရမ်းခတက်လို့မရတော့ဘူး ။)

- ငှားရမ်းခကို တလ တခါပဲ ပေးမယ် ။  

- အကြောင်းအမျိုးမျိုးကြောင့် ဟိုတယ်မဖွင့်နိုင်လျှင် ( ကိုဗစ် ၊ နိုင်ငံရေး) ငှားရမ်းခမပေးချေရန်

- ဆယ်နှစ်ငှားရမ်းပြီးနောက် ဟိုတယ်ပြင်ဆင်စရိတ် နဲ့ ပရိဘောဂအပါ တန်ဖိုး သိန်း ၃၁၀၀ အား ပိုင်ရှင်မှ ရယူနိုင်သည် ။ 

      ဆိုပြီး ရေးထားသတဲ့ ။ မင်းသားကြီးက အဆင်မပြေကြောင်း အကြောင်းပြန်ရာ လောလောဆယ် ပြင်ဆင်ပြီးဖြစ်လို့ ခေတ္တဖွင့်ပြီးမှ ညှိနှိုင်းချုပ်ဆိုပါ့မယ်ဆိုလို့ တလ ၁၅ သိန်း နှုံးနဲ့ ဖွင့်ခိုင်းလိုက်ပါတယ် ။ 

        ပြဿနာဇစ်မြစ်က ရိုးရိုးဟိုတယ်မဟုတ်ပဲ ဖာမွေးထားတဲ့ဖာဘိ ဟိုတယ် ဖြစ်နေတာ အဓိက ပြဿနာပါပဲ ။ ဒီတော့ ခြံခြင်းကပ်နေရတဲ့ မင်းသားကြီးမှာလည်း သမီးရှိနေပြန် ၊ အရပ်ထဲက သမီးပျိုလေးတွေလည်း လမ်းထဲဖြတ်သွားဖို့တောင် ခက်နေရပါပြီ ။ 

        မိန်းကလေး ၁၀ ယောက်လောက်မွေးပြီး ဖောက်သည်ရှာနေတဲ့ ဟိုတယ်နားဆိုတော့ တွေးကြည့်ရင်သိပါလိမ့်မယ် ။ ဒါနဲ့ မင်းသားကြီးက ငှားရမ်းသူ အမျိုးသမီးဆီ ဖုန်းဆက်ပြီး မိန်းကလေးတွေနဲ့ အဲလိုလုပ်မစားပါနဲ့ ရိုးရိုးဟိုတယ်ပဲ လုပ်ပါပြောတော့ အခြေအတင် စကားများကြပါရော ။ 

         နင်ဘယ်မှာလဲမေးတော့ တခြားမှာရှိနေပြီး ဟိုတယ်မှာ မန်နေဂျာပဲ ရှိသတဲ့ ။ မင်းသားကြီးက မူလကတည်းက စိတ်လက်တဆစ်ဆိုတော့ နင်တို့ကို မငှားတော့ဘူး အကုန်နှင်ထုတ်မယ်ဆိုပြီး ရှူးရှူးဒိုင်းဒိုင်းနဲ့ပြောပြီး ဟိုတယ်ဖက် သွားမယ်လုပ်တော့ သူ့ခြံထဲမှာပဲ ရိုက်ကွင်းတည်နေတဲ့ အဖွဲ့သား ၅၀ လောက်နဲ့ သူ့လုံခြုံရေးဖိုက်တာအဖွဲ့က တားမရလို့ အတူလိုက်ဖို့ ကြိုးစားကြတယ် ။ 

       ထောင်ထဲမှာ ဥပဒေကို အရည်ကြိုသောက်လာတဲ့ မင်းသားကြီးလည်း ဖိုက်တာတွေထားခဲ့ပြီး လူယုံ အမျိုးသား ၃ ဦးနဲ့ အတူသွားတယ် ။ တခန်းဝင် တခန်းထွက် ဟိုတယ်ကို မငှားတော့ဘူး ပြန်ထွက်ပေးကြပါလို့ ပြောတယ် ။ 

      အားလုံးလည်း ( ကောင်မလေးတွေရော ပျော်ပါးဖို့လာနေတဲ့ ယောကျာ်းလေးတွေရော) ဘာမှ အထွန့်မတက်ပဲ ပြန်ထွက်ပေးကြပါတယ် ။ ဟိုတယ်အဆောက်အဦး အပြင်ဖက် ( ခြံဝန်းအတွင်း) ရောက်မှ မန်နေဂျာက သူမ ပိုက်ဆံအိတ်ကျန်ခဲ့တယ်ဆိုပြီး ပြန်ဝင်တော့ မဝင်တော့နဲ့ ယူပေးမယ်ဆိုပြီး တားခဲ့တယ် ။ 

       တဖက်ခြံထဲက ရှုတင်ရှိ မိန်းကလေး ၄ ဦးကိုလှမ်းခေါ်ပြီး ကဲ ပိုက်ဆံအိတ်ယူပေးလိုက် အခန်းထဲမှာ မူးရူးပြီးအိပ်နေတဲ့ မိန်းကလေးကျန်အုံးမယ် တခန်းခြင်းဝင်ကြည့်ကြ ယောကျာ်းလေးတွေ ဝင်ရှာရင် မကောင်းကြံခံရနိုင်တယ်ဆိုပြီး မိန်းကလေးတွေကိုပဲ သွားရှာခိုင်းပါတယ် ။ 

      ပိုက်ဆံအိတ်ယူပေးပြီးမှ ဖုန်းတွေကျန်တဲ့သူ ကျန်နေလို့ ထပ်ယူပေးရပါတယ် ။ ကဲ အဖိုးတန်တာဘာကျန်သေးလဲ ဆိုပြီးမေးမြန်း ပြန်လွတ်လိုက်ပါတယ် ။ အဲဒီအချိန်မှာ လူအားလုံးမပြန်ခင်ကို ဗဟန်းရဲစခန်းက ရဲအရာရှိရောက်လာပြီး တွေ့ရှိသွားပါတယ် ။

      နောက်ရဲစခန်းမှာ ဖြေရှင်းကြတယ် ။ အဓိကကျတဲ့ ဟိုတယ်ပြင်ဆင်စရိတ်လျှော်ကြေးဘာညာ ဖြစ်မှာပေါ့လေ ။ ( အသေးစိတ်မပြောထားတော့ မှန်းကြည့်တာပါ) ညှိနှိုင်းကျေနပ်ပြီး ပြန်သွားကြပါတယ် ။ 

      နောက်လေးရက်ကြာတော့မှ        

(၁) ဝင်းမာအေးကို သတ်ပစ်ပါမယ်လို့ခြိမ်းခြောက်ပြီး ဟိုတယ်အတွင်းဝင်သွားခြင်း

(၂) ပိုက်ဆံ ဆယ်သိန်းကို
       ဓားပြတိုက် လုယက်ခဲ့ခြင်း

(၃) ရွှေဆွဲကြိုး သုံးမတ်သားကို
      ဓားပြတိုက် လုယက်ခဲ့ခြင်း

(၄) ဖုန်းလေးလုံးက်ို ဓားပြတ်ိုက် လုယက်ခဲ့ခြင်း

(၅) မိန်းခလေးများကို ကာယံအိန္ဒြေ ပျက်စီးစေအောင် ပြုလုပ်ခဲ့ခြင်း

         ဆိုတဲ့ ပုဒ်မ ၅ မျိုးနဲ့ အမှုဖွင့်တရားစွဲပါတော့တယ် ။ အာမခံပေးမရတဲ့ ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့အတွက် အမှုကို မင်းသားကြီးက အချုပ်ခန်းထဲကနေပဲ ရင်ဆိုင်ရတော့မယ့် အနေအထားမို့ လွတ်လပ်စွာ လှုပ်ရှား​ဖြေရှင်းခွင့်ရနိုင်အတွက် အဖမ်းမခံပဲ ခေတ္တရှောင်တိမ်းပြီး အမှုမှန်အတွက် ကြိုးစားဖြေရှင်းနေရတဲ့ ကာလဖြစ်နေပါတယ် ။ 

      ပုဒ်မများနဲ့ ပတ်သပ်ပြီး ဖြစ်နိုင်ခြေ ရှိမရှိ လော့ဂျစ်ကျကျ အဖြေထုတ်ကြည့်ကြပါစို့ဗျာ ။ 

(၁) ဝင်းမာအေးကို သတ်ပစ်ပါမယ်လို့ခြိမ်းခြောက်ပြီး ဟိုတယ်အတွင်းဝင်သွားခြင်း

(သူနဲ့ဖုန်းပြောပြီး ဟိုတယ်မှာ မရှိမှန်းသိနေသူကို သတ်မယ်လို့ အော်ကြီးဟစ်ကျယ်ပြောပြီး ဝင်သွားရအောင် မင်းသားကြီးက သွပ်သွပ်ခါရူးနေပြီလားလို့ မေးခွန်းထုတ်ရင် NO ဆိုတဲ့ အဖြေပဲ ရပြီး လိမ်ညာထားတာ သိနိုင်ပါတယ်) 

(၂) ပိုက်ဆံ ဆယ်သိန်းကို
       ဓားပြတိုက် လုယက်ခဲ့ခြင်း

(၃) ရွှေဆွဲကြိုး သုံးမတ်သားကို
      ဓားပြတိုက် လုယက်ခဲ့ခြင်း

(၄) ဖုန်းလေးလုံးက်ို
      ဓားပြတ်ိုက် လုယက်ခဲ့ခြင်း

( ဒီ ပုဒ်မ ၃ ခုကို လေ့လာကြည့်ပါ ၊ ငွေ ၁၀ သိန်း ၊ ရွှေဆွဲကြိုး သုံးမတ်သား ၊ ဖုန်းလေးလုံး အားလုံးပေါင်း တန်ကြေး သိန်း ၃၀ ဝန်းကျင်ထားပါ ။ အခု မင်းသားကြီးကိုင်နေတာ IP ဖုန်း ၈ လုံး (fb အတွက်သုံးနေတာပါ) ၊ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့ငှားထားနိုင်သူ ၊ အနုပညာသည်တွေ စျေးရောင်းစားနေရတဲ့ အချိန်မှာ ရှုတင်ကို လူ ၅၀ နဲ့ ဇတ်လမ်းရိုက်နေတဲ့ ငွေရှင် ၊ ရတနာဆိုင်ဖွင့်ထားတဲ့သူဌေး ကိုင်း သိန်း ၃၀ လောက် ဒါးမြတိုက်မယ်ထင်နေသေးလား ။ အဖြစ်ကတော့ ဦးတေဇကို သူတောင်းစားက သူ့ခွက်ထဲကပိုက်ဆံလုသွားပါတယ် တိုင်ချက်မျိုးဗျာ ၊ အမှုတည်ဆောက်တဲ့ ရဲ လက်ခံတဲ့ရဲ နဲ့ ဥပဒေအရာရှိများ ဘယ်လိုဥာဏ်ရည်နဲ့ လက်ခံခဲ့သလဲ တွေးမရဘူး ၊၊ ငါတို့တော့ ဂွင်တွေ့ပြီဟတို့ ၊ တပ်မတော်ထောက်ခံတဲ့ မင်းသားဒုက္ခပေးမဟဲ့ ဆိုတဲ့ သန္ဓေယုတ်နဲ့ လက်ခံခဲ့ဟန်ပါပဲ) 

(၅) မိန်းခလေးများကို ကာယံအိန္ဒြေ ပျက်စီးစေအောင် ပြုလုပ်ခဲ့ခြင်း

(အင်း ခက်တော့နေပြီ ဟိုတယ်က စုတ်ပြတ်နေတဲ့ ဖာအဆင့်ကို ထုတ်လုပ်သူ ဒါရိုက်တာ မင်းသားသူဌေးက စိတ်ဝင်စားပါ့မလားဗျာ ဒီလိုခေတ်မှာ မင်းသမီးဖြစ်ချင်လွန်းလို့ ဘာပေးရ ပေးရဆိုတဲ့ အလှပလေး အလန်းစားတွေ သူ့လက်တကမ်းမှာ ရိုက်သတ်လို့ မကုန်ပါဘူးဗျာ)

       ဖြစ်စဥ်အရပဲ ကြည့်ကြည့် ၊ စွဲဆိုထားတဲ့ ပုဒ်မအရပဲကြည့်ကြည့် သဘာဝယုတ္တိကင်းမဲ့လွန်းတဲ့ လုပ်ကြံမှုကို သာမန်လူတွေတောင် သိနိုင်ပါတယ်ဗျာ ။ 

      ကျနော်မင်းသားကြီးနဲ့ fb fri မျှသာဖြစ်ပါတယ် ။ ရင်ဘတ်ခြင်းတူလို့ ( NLD ကို ချီးထက်ရွံပြီး တပ်မတော်ကို အသက်တမျှ လေးစားခြင်း) မိတ်ဆွေဖြစ်နေခြင်းမှ အပ ပြင်ပမှာသိရှိခြင်းမရှိပါဘူး ။ ယုတ်ဆွအဆုံး messenger ကနေတောင် တကြိမ်မျှ မပြောဘူးပါဘူး ။ ကျနော် ဒီ ပို့စ် ကို

- သူမလိမ်တတ်တာကြိုက်တယ်

- သူ့လုပ်ရပ်ကိုသူ ဝန်ခံရဲတာကြိုက်တယ်

- သူ့ကိုယ်သူ အကောင်းချည်းပြောပြီး လူအထင်ကြီးပြီးရောဆိုကာ သူတော်ကောင်းယောင်မဆောင်တာကြိုက်တယ် 

- အရေးကြီးဆုံးက လုပ်ကြံမှုကို ရွံတယ် ၊ ကျနော်ကိုယ်တိုင် မူးယစ်ဆေးနဲ့ လုပ်ကြံခံရ ဖြေရှင်းခဲ့ရဖူးလို့ သူ့ကို ကိုယ်ခြင်းစာတယ် ။ 

- နီပိတ်တွေ ခွေးဆွဲသလို ဆွဲနေတာကို မကြည့်ရက်ဖူး 

- ဒီကိစ္စကို နိုင်ငံတော်အဆင့်ကနေ တရားမျှတမှုရှိအောင် သိက္ခာရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုးနဲ့ ဖြေရှင်းပေးစေချင်တယ် 

- ဒီပြဿနာဟာ လူပုဂ္ဂိုလ် တဦးခြင်းရဲ့ ပြဿနာထက် ရှားပါးလှတဲ့ တပ်မတော်ထောက်ခံသူ အနုပညာရှင်ကို သိက္ခာကျစေရန် အကောက်ကြံနေခြင်းဟာ တပ်မတော်ကို ပုံရိပ်ကျအောင် သွယ်ဝှိက်ဆောင်ရွက်နေခြင်းလို့ လူကြီးမင်းတွေလည်း သိစေခြင်ပါတယ် ။ 

      ဒါတွေကြောင့် ကျနော်တတ်နိုင်သရွှေ့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။ မင်းသားကြီးအတွက် အခြားအမျိုးသားရေး မိတ်တွေများ အားပါးတရ ရေးသားပြီးမှ ကျနော်က နှမ်းဖြူးတဲ့အဆင့်မို့ ရှေ့က မျိုးချစ်ညီအကိုအားလုံးကို လေးစားလျှက်...

         ကိုရွှေမျိုးဝင်း

(ဒီလိုပုံစံမျိုးနဲ့ ထိုင်နေရင်း ဒီလို ပြုံးနေနိုင်ဖို့ ဆိုတာ တော်ရုံယောကျာ်းမဟုတ်ဖူးဆိုတာကို ကျောင်းတော်ကြီးဆီ ရောက်ဖူးသူတွေမှ သိနိုင်မှာပါ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...